ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွားရင်ဘာတွေအပြောင်းအလဲဖြစ်လာနိုင်မလဲ။ ငြိမ်းချမ်းရေး လုပ်ငန်းတွေဘယ် လောက်အကောင်အထည်ဖော်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည် ရွေးကောက်ပွဲကာလတွေမှာဦးတည်ပြီးပြောသွားတဲ့အချက်(၃)ချက်ကိုပဲ ပြန်ကောက်ပြီးထောက်ြ ပရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ရဲ့ ရွေးကောက်ပွဲကာလရဲ့ ကတိက၀တ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒဖြစ်သလို ပြည်သူတွေရဲ့ဆန္ဒလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်သွားရင်တော့ ဆန္ဒရယ်၊ လုပ်နိုင်စွမ်းတို့အပြင် လုပ်နိုင်တဲ့အခွင့်အလမ်း ဘယ်လောက် ရှိသလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုနဲ့ NLD က ဒါတွေကို ဦးတည်ပြီး လုပ်ကိုင်ဆောင်ရွက်သွားလိမ့်မယ်ဆိုတာကို ယုံကြည်ပါတယ်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဆန္ဒနဲ့ လုပ်နိုင်စွမ်းတွေကို လုံးဝယုံကြည်တာက တစ်ပိုင်း သံသယဖြစ်တာတစ်ခုက လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့အခွင့်အလမ်း ဘယ်လောက်ရှိမလဲ ဆိုတာပါဘဲ။ ဆန္ဒနဲ့ လုပ်နိုင်စွမ်းရှိပေမဲ့ လုပ်ဆောင်ခွင့်ရမယ့်အခင်းအကျင်း အခွင့်အလမ်း မရှိဘူးဆိုရင် အခက်အခဲရှိပါလိမ့်မယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ယောက်အနေနဲ့ ပါဝင်လုပ်ဆောင် မယ်ဆိုရင် နိုင်ငံတကာကလည်း ယုံကြည်လက်ခံကြမယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအင်အားစုတွေအပါအ၀င် ဒီမိုကရေစီရေးအင်အားစုတွေ ကလည်း အများကြီးပွင့်ပွင့်လင်း ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးနိုင်ပါလိမ့်မယ်။ လက်နက်ကိုင်ထားသည်ဖြစ်စေ မကိုင်ထားတဲ့ အင်အားစုတွေ ဖြစ်စေပေါ့။
သက်ဆိုင်တဲ့ အင်အားစုအားလုံးပါဝင်နိုင်ပြီး တစုံတရာ အဖြေရရှိနိုင်တဲ့ လွတ်လပ်ပွင့်လင်းတဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှု အခင်းအကျင်းမျိုးတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေါ်စုက ဘယ်လောက်ပါဝင်ဆောင်ရွက်ခွင့်ရ မလဲဆိုတာ လက်ရှိအာဏာရအစိုးရအပေါ်မှာပဲ တည်နေပါတယ်။ ဒါက လုပ်ဆောင်ခွင့်ရ မရ ဆိုတဲ့ အပိုင်းပေါ့။
ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ပြန်ပြောရရင် လက်ရှိအစိုးရက ဒေါ်အောင်စုကြည်ဦးဆောင်တဲ့ NLD ကို အနိုင်ရပြီး လွတ်တော်တွင်း ရောက်လာစေချင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် လွှတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအသွင်ကို ပြုလုပ်ထားပါသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့ (road map) နိုင်ငံရေးလမ်းပြမြေပုံအရ ပေါ်ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီး အသက်ဝင်လာအောင် တရားဝင်မှုပိုပြီးရှိလာအောင် ဒေါ်စုနဲ့ NLD က ဒီလမ်းကြောင်းအောက်ကနေ ပါဝင်ဆောင်ရွက်လာ စေချင်နေတာပါ။ဘာမဆို၂၀၀၈ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေအောက်ကနေပဲ ဖြစ်နေအောင်ပါ။ အဲဒီလိုဖော်ဆောင်ဖို့ဆိုတာ ဒေါ်စုနဲ့ NLD ပါမှ ပြည့်စုံနိုင်မှာ ဖြစ်နေတာကြောင့်ပါဘဲ။
ဒီတော့ လွတ်တော်မှာ ဒေါ်စုက ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးနိုင်ရင်တောင် ကန့်ကွက်မဲတွေနဲ့ ပယ်ချလိုက်မဲ့ အခြေအနေတစ်ရပ်ကို အခိုင်အမာစိုက်ထူထားတာ တွေ့ရပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံကို အခိုင်အမာကာကွယ်နိုင်အောင် စစ်တပ်နေရာ ၂၅ ရာခိုင်နှုန်းရယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစုနေရာယူထားတာရယ်ကြောင့် အခုလိုပြောရတာပါ။
ဒါပေမဲ့ တစ်ကယ်ဘဲ အပြောင်းအလဲကို လုပ်ချင်တဲ့ဆန္ဒရှိတဲ့ အစိုးရ၊ လူထုရဲ့အကျိုးကို ကြည့်တဲ့အစိုးရဆိုရင်တော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အဆိုပြုမှုတွေကို အသေအချာစဉ်းစားပြီး လူထုဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့သဘောထားတွေဖြစ်လာမယ်။ ဒါဆိုရင် ဒီမိုကရေစီလမ်းကြောင်းကို တည့်တည့်လျှောက်လှမ်းနေတယ်လို့ ယုံကြည်လက်ခံနိုင်ပြီပေါ့။
ဒီလိုဆို တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်ခြေရှိတဲ့ ၂၁ ရာစုပင်လုံညီလာခံမျိုးလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ဆန္ဒ၊ လူထုရဲ့ဆန္ဒတွေ တဖြည်းဖြည်း အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခြေရှိ တဲ့ အခင်းအကျင်း အခွင့်အလမ်း ဖြစ်လာနိုင်တယ်လို့ဘဲမြင်ပါတယ်။
ချုပ်ပြီးပြောရရင် ယနေ့ကာလ တိုင်းပြည်ရဲ့ပြဿနာဟာ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဒီမိုကရေစီရေး ဆိတ်သုဉ်းနေတဲ့ပြဿနာပါ။ ဒါတွေကို ဖော်ဆောင်နိုင်ဖို့က အဓိကသွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာမခံ ပေးထားမှ ရမယ်။ ယုံကြည်နိုင်တဲ့အခင်းအကျင်းပြင်ဆင်မှုတွေရှိနေရမယ်။ အားလုံးပါဝင်နိုင်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒ ပြည်သူလူထုရဲ့ဆန္ဒနဲ့စစ်တပ်ရဲ့အမှန်တစ်ကယ်စေတနာဆိုတာတွေကို မြင်နိုင်မှာဖြစ်လို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ်ကို တဖြည်းဖြည်းဖော်ဆောင်သွားနိုင်တဲ့ တည်ငြိမ်ပြီး သာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမှာ ဧကန်မလွဲပါဘဲ။
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
MP U Shwe Maung Explained on Amendment 1982 Citizenship Law on 25 July 2012. MP U Shwe Maung explained on amendment of 1982 Citizenship Law...
-
ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂ သို့  အယ်ဒီတာ၊ နိရဉ္စရာ သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့် ရမ်းဗြဲတွင် အသက် ၁၆ နှ...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
More than 40% of people living in Burma belong to one of the military-ruled nation's different minority groups. The government recognis...
-
12/07/2012 Joint press release HUMANITY GONE ...
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
By Dr. Maung Zarni Since the first wave of Rohingya genocide in Feb 1978 which expelled nearly 200,000 refugees from all across Wester...
-
လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖို...
