Latest Highlight



မူရင်း သတင်း Link

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ရာ သတင်းထောက်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုကြရန် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက ပြောကြားခဲ့သည်။ 

ယခင်အပတ်ထုတ် ဂျာနယ်တစ်စောင်တွင် ဂျီတီစီကျောင်းသားများ တိုက်ခိုက်ခံရ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းမှာ ဖြစ်ရပ်မှန်နှင့် လုံးဝကွဲလွဲပြီး မသိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း အထင်မှားစရာဖြစ်သလို တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းတီးမှုများ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ ဖြစ်ရပ်မှန်မှာ ဂျီတီစီကျောင်းတွင် တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအကြား အထင်လွဲမှား ဖြစ်ပွားမှုသာ ဖြစ်ကြောင်း၊ ကျောင်းသားများနှင့် အရပ်သားများ မည်သူမျှ သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် ဂျီတီစီကျောင်းမှာလည်း ပုံမှန်ဖွင့်လှစ်သင်ကြားကာ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေကြကြောင်း ပြောကြားခဲ့သည်။

ထို့အတူ စစ်တွေတက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲရှိပါက ၄င်းတို့အား အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲသင်ကြားပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးအခင်းများ ဖြစ်ပွားခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်များရှိ အခြေခံပညာသင် ကျောင်းများအားလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ သတင်းမှားများ ထုတ်ပြန်ခြင်းအတွက် ဒေသတည်ငြိမ်ရေးကို ထိခိုက်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုခံရနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးရှင်းလင်း ပြောကြားခဲ့ပြီး ယခုအချိန်အထိ အရေးယူခြင်း မရှိသေးသော်လည်း သတင်းမှား ဖော်ပြခြင်းအတွက် အမှားပြင်ဆင်ချက်နှင့် မှားယွင်းကြောင်း တောင်းပန်စာများကိုသာ ထည့်ရန် သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ သတင်းထောက်တစ်ဦးက “ဂျာနယ်အချို့မှာ ဒေသခံ သတင်းထောက်တွေ ထားရှိပါတယ်။ တချို့လည်း အလွတ်တန်း သတင်း ရေးနေသူတွေ ရှိပါတယ်။

ဒေသသတင်းများကို ရေးသားမယ်ဆိုရင် ဒေသခံ သတင်းထောက်တွေဆီက ပြန်လည်စုံစမ်းသင့်ပါတယ်။ အရပ်သတင်း၊ အရပ်စကားကြားရုံနှင့် ရန်ကုန်တိုက်ကနေပြီး တိုက်ပိုင်သတင်းထောက်တွေက အမှားရေးတော့ ဒေသခံသတင်းထောက်တွေအပေါ် အထင်သေးမှုတွေ ဖြစ်ပေါ်ပြီး ဌာနတွေနှင့် ဆက်ဆံရာမှာ အဖုအထစ်များ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

source here
Photo: AP


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရအနေနှင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ က တောင်းဆိုလိုက်သည်။

အခင်းဖြစ်ပွားခဲ့သည့် အခြေခံ အကြောင်းတရားများကို စုံစမ်းဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ က ယမန်နေ့တွင် ပြောဆိုကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာသည် ရခိုင် ဒေသသို့ ပြီးခဲ့သည့် ဇွန်လ လယ်ပိုင်းက သွားရောက် ခဲ့သေးသည်။

Source :ဧရာဝတီ


Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် (ဓါတ်ပုံ :: Facebook) 

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်သည့်အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရိုဟင်ဂျာ အရပ်သားများကို အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းနှင့် အရမ်းကာရော သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း
လွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်ဟု BC (UK) က ပြောသည်။

ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်ဆေးဝါးကုသပေးမှုများ မရှိကြောင်းလည်း သတင်းများ ရရှိထားသည်ဟု သူတို့က ဆိုသည်။

“အရေအတွက် မသိရသည့် ထောင်ပေါင်းများစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည် အကာအကွယ်ပေးမှု သော်လည်းကောင်း၊ အကူအညီ အထောက်အပံ့
သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာသေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်းကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊ အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည် ဒေသအတွင်း ရိုဟင်ဂျာလူမျိုးသန့်စင်ရေးရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။

သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်းမူဝါဒအရ ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ရှင်းလင်းဖယ်ရှားပြီး တတိယနိုင်ငံသို့ ပို့ဆောင်ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။

“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု BC (UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။

“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံတကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ရပ်တန့်နိုင်ရေး၊ လူများကို သူတို့နေအိမ်များသို့ လုံခြုံစွာ ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူ
ဆောင်ရွက်မှုများကို ပြုလုပ်ရန်လို အပ်ပါသည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေးတယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားချက်အားပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတယူရှိလာရေး လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူကပြောသည်။ သို့သော် အစိုးရသည် အပြုသဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ ပိုမိုအာရုံစိုက်နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ ရှိသည်ဟု သူက ဆိုသည်။

“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ပိုအားရှိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အခြေအနေသည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။
ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။) 


ကိုရဲကျော်အောင်
20.07.2012

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့တုန်းက မဲခွဲဆုံးဖြတ်ခဲ့ပေမဲ့ လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီးတော့ အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းဖယ်ရှားပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ် ဒဲရစ်မစ်ချယ်က ပြောလိုက်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါ တယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမေရိကန်သံအမတ်သစ် ဒဲရက်ခ်၊ မစ်ချယ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်းပို့ထားပါတယ်။

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်အပြီး မြန်မာနိုင် ငံမှာ ဒီနေ့လုပ်တဲ့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲ့ ဒီမို ကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီး အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့အရေးယူ မှုတွေကို ချက်ခြင်းဖွင့်ဖို့ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သွင်းကုန်များ တားမြစ်မှုတွေကို ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ အမရိကန် အုပ်ချုပ်ရေးပိုင်းက သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီး ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေကို မြန်မာအစိုးရရဲ့ ဒီမိုကရေစီ တိုးတက်မှုတွေပေါ်မူတည်ပြီး ဖြေလျော့ရုပ်သိမ်းပေးနိုင်တယ်လို့ သူက အခုလို ပြောပြခဲ့ ပါတယ်။

“ကျနော်တို့အစိုးရပိုင်းအနေနဲ့လည်း လွှတ်တော်ကို တင်ပြလာတဲ့ Sanction ကို ရုပ်သိမ်းဖို့ လုပ်ပေးနိုင်ပါတယ်။ ကျနော် မြန်မာနိုင်ငံကိုလာတဲ့ကာလက တိုးတက်မှုတွေကို အစိုးရအဖွဲ့ကို တင်ပြခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာသလို သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိခဲ့ တာတွေလည်း ဖြစ်လာတာပါ။”

ကုန်သွယ်ရေးတားမြစ်မှု ဥပဒေကို ၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တာဖြစ်ပြီး ဇူလိုင်လကုန်အတွင်း သက်တမ်းကုန်ဆုံးတော့မှာမို့ သက်တမ်းတိုးဖို့ အမေရိကန်အထက်လွှတ်တော်က လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ကုန်သွယ်ရေးတားမြစ်မှုကို အိမ်ဖြူတော်က သက်ညှာလျှော့ပေါ့ခွင့်နဲ့ ရပ်ဆိုင်းခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့အပေါ် သူက အခုလို ပြောပြသွားခဲ့တာပါ။ မကြာသေးခင်က အမေရိကန် သမ္မတ ဘာရက်ခ်၊ အိုဘားမားက အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန် မာနိုင်ငံမှာ ရင်းးနှီး မြှုပ်နှံနိင်ကြပြီလို့ ပြောကြားခဲတာကြောင့် အမေရိကန် ကော်ပိုရိတ် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာမီ လာရောက်ရင်းနှီးတော့မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စီးပွားရေးအရ ပွင့်လင်းမှုတွေဟာ သယံဇာတလုပ်ငန်းတွေမှာ အလွန်အရေးကြီးတယ် လို့လည်း အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထောက်ပြခဲ့ပါတယ်။

“တိုင်းပြည်ထဲစီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆီ ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရေးအတွက် ဒီသတင်း အချက်အလက်တွေက အထောက် အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ စီးပွားရေးပွင့်လင်းမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော် ရဲ့ အမွေအနှစ်ဖြစ်တဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲကြရ တာဖြစ်လို့ပါ။ ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေအတွက် အထူး လိုအပ်ချက်တွေကို ကျနော်တို့ဘက်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေမှာသာမက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်တွေမှာလည်း လေးလေးနက်နက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။ USAID အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့နေရာတွေအတွက်လည်း အမေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

“ဒီကနေ့မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည် သူတွေအတွက် ဒေါ်လာ သုံးသန်းဖိုး စားနပ်ရိက္ခာ အကူအညီပေးမယ့် အကြောင်းကို ကြေညာလို ပါတယ်။ USAID ရဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကနေတဆင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကို ကျနော်တို့ ဒေါ်လာ သုံးသန်း လှူဒါန်းလိုက်တာပါ။ ဒီလှူဒါန်းငွေနဲ့ WFP က ဆန် မက်ထရစ် တန်ချိန် ၃,၄၀၀ ဖိုးလောက် ဝယ်ယူမှာဖြစ်ပြီး ဒါဟာ လူ ၅,၅၀၀ အတွက် ၆ လစာ အကူအညီဖြစ်ပါ လိမ့်မယ်။ ဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထား ရာ ဒေသတွေမှာရော အစိုးရထိန်းချုပ်မှု မရှိတဲ့ ဒေသတွေမှာပါရှိနေကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေး လာရတဲ့သူတွေကို WFP က ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ ဒဲရက်မစ်ချယ် ရဲ့ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာ ပထမဆုံးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီတိုးတက်ရေးတွေမှာ
US-AID က ကူညီဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်၊ မစ်ချယ်က ကတိပြုသွားခဲ့ပါတယ်ခင်ဗျား။

Source : VOA Burmese



၅၈ ခုသောအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍အင်္ဂါနေ့တွင် မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးများအပေါ်မတရားဖိနှိပ်ရန်အစိုးရအဖွဲ့ အစည်းများစတင်၍အစပျိုးပေးခဲ့ကြောင်းကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေကိုဆန့်ကျင်၍ရိုဟင်ဂျာများထွက်ပြေး
တိမ်းရှောင်လာသည်ကိုခိုလှုံခွင့် မပေးခဲ့ကြောင်းရေးသားထားသည်။ အဖွဲ့အစည်းများပူးပေါင်းထားသည့်အဆိုပါအဖွဲ့ကို Refugees International, The Arakan Project, The Equal Rights Trust တို့မှဦးဆောင်ပြီး မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရများထံလိုအပ်သည့်ဆောင်ရွက်ရမည့်အချက်အလက် များကိုအဖွဲ့မှပေးပို့ခဲ့ပြီးဖြစ်သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံတွင်နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည်မတရားဖိနှိပ်မှုနှင့်ခွဲခြားဆက်ဆံမှုများကိုဆယ်စုနှစ်များစွာခံနေရ ကြောင်း၊ ယခုလည်းအခြားသောအကျပ်အတည်းရင်ဆိုင်နေရကြောင်း၊ ရိုဟင်ဂျာများအတွက်ကာကွယ်ပေးရန်အမြန်ဆုံးစဉ်းစားပေးရန်လို အပ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခ၏နောက်ကွယ်တွင်နိုင်ငံတော်အစိုးရမှပါဝင်ပတ်သက်နေကြောင်းတို့ပါဝင်သည်။

အကြမ်းဖက်မှုကြီးသည်ဇွန်လ (၃) ရက်နေ့မှစတင်ခဲ့ပြီး၊ စစ်တွေနှင့်မောင်းတောမြို့များတွင်ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာအများအပြားသည် အကြမ်းဖက်မှုကြီး၏ဒုက္ခသည်များဖြစ်နေလျက်ရှိပြီး၊ မတရားဖိနှိပ်ခံရမည်ကိုကြောက်ရွှံ့၍နေအိမ်မှထွက်၍မရကြောင်း၊ နေရာထိုင်ရေး အတွက်အခြေခံလိုအပ်ချက်များရရှိရန်ပိတ်ပင်ခံထားရကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများနှင့်ဒုက္ခသည်စခန်းများတွင်မနေထိုင်သူများမှာ အမြန်ဆုံးလူမှုရေးအထောက်အကူများရရှိရန်လိုအပ်နေကြောင်း၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင်လည်းအိုးမဲ့အိမ်မဲ့ဖြစ်သွားသူများကို မိမိတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ခွင့်ပေးမည့်အစီအစဉ်ကိုမတွေ့မြင်ရကြောင်း၊ အခြေအနေမှာထိုသူများကိုအိုးမဲ့အိမ်မဲ့ဘ၀သို့ တွန်းပို့နေသည်ဟုထင်မြင်ရကြောင်း - အဆိုပါကြေညာချက်တွင်ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေများကိုဆန့်ကျင်၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအကြမ်းဖက်မှုကြီးနှင့်မတရားဖိနှိပ်မှုများကို ရှောင်ရှားရန်ထွက်ပြေးလာသူများကို နယ်စပ်ဂိတ်များကိုပိတ်၍လက်မခံသည့်အပြင်ပြန်လည်၍တွန်းပို့ခဲ့ကြောင်း၊ ထိုကဲ့သို့ပြန်လည်တွန်းပို့ ခဲ့ရသောရိုဟင်ဂျာများသည်မိမိတို့၏လွတ်လပ်ခွင့်နှင့်အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံနေရသောမြန်မာနိုင်ငံသို့ပြန်လည်တွန်းပို့ခံရခြင်း ဖြစ်သည့်အပြင်အသက်အန္တရာယ်စိုးရိမ်ရသောရေနက်ပိုင်သို့လုံခြုံမှုမရှိသောစက်လှေများဖြင့်တွန်းပို့ခံရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံတို့သည် နိုင်ငံသား၊ နိုင်ငံမဲ့၊ ဒုက္ခသည်ခွဲခြားခြင်းမရှိပဲ ဥပဒေအရအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ ထည့်သွင်း ရေးသားထားသည်။

ထိုအဖွဲ့မှ မြန်မာအစိုးနှင့်ရခိုင်ပြည်နယ်အစိုးရသို့ ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှမတရားဖိနှိပ်ရက်စက် နေခြင်းများရပ်တန့်ရန်၊ ဒုက္ခသည်များကိုလူမှုရေးအကူအညီပေးနေသည်များကိုမတားဆီးပဲခွင့်ပြုပေးရန်၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင် ဒုက္ခသည်များကိုမိမိတို့၏နေရပ်သို့ပြန်လည်နေထိုင်ခွင့်ပြုရန်၊ အိုးမဲ့အိမ်မဲ့အခြေအနေများဆက်လက်ဖြစ်ပွားနေရန်တွန်းပို့သည်အခြေအနေ များကိုရှောင်ရှားရန်တို့ကိုတောင်းဆိုလိုက်သည်။ နိုင်ငံတကာမှစုံစမ်းရေးကော်မရှင်များမှလည်းဖြစ်ပွားခဲ့သည့်ပဋိပက္ခနှင့်အကြမ်းဖက်မှုကြီးကို စုံစမ်းလေ့လာရန်တောင်းဆိုသည်။

ယခုဖြစ်ပေါ်နေသောအကျပ်အတည်းကိုအသုံးပြု၍ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောအသိုင်းအ၀ိုင်းများအတွင်းပြဿနာများကိုဖြေရှင်း ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကိုဦးတည်၍ဆွေးနွေးမှုများစတင်ရန်လိုအပ်ကြောင်းနှင့်ရိုဟင်ဂျာများနှင့်ပတ်သက်၍ လက်ရှိချမှတ်ထားသောမူဝါဒများကိုဖော်ပြရန်လိုအပ်ကြောင်းတို့ကိုမြန်မာအစိုးရအားတိုက်တွန်းလိုက်ကြောင်းသိရှိရပါသည်။

ကြေညာချက်ကိုအောက်ပါအဖွဲ့အစည်းများမှလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။


1. Act for Peace (Australia)
2. Actions Birmanie Belgium
3. Altsean-Burma
4. Asia Pacific Refugee Rights Network
5. Burma Campaign UK
6. Burmese Rohingya Association in Japan
7. Burmese Rohingya Community in Denmark
8. Burmese Rohingya Organisation UK
9. Catholic Tokyo International Center
10. Christian Coalition for Refugee and Migrant Workers, Japan
11. Christian Solidarity Worldwide
12. Church World Service - Immigration and Refugee Program
13. Civil Development Organization, Iraq
14. Dalit NGO Federation (DNF)
15. Equal Rights Trust
16. ESCR-Asia Pakistan
17. Euro-Burma Office
18. Fahamu Refugee Programme
19. Health Equity Initiatives, Kuala Lumpur
20. Human Rights and Genocide Clinic, Cardozo School of Law
21. Imparsial (Indonesia)
22. Info Birmanie
23. INFORM Documentation Centre, Sri Lanka
24. International Detention Coalition
25. International Observatory on Statelessness
26. Japan Association for Refugees
27. Japan Evangelical Lutheran Association
28. Jesuit Refugee Service
29. Jesuit Refugee Service Asia Pacific
30. Jesuit Social Center, Japan
31. Lawyers for Human Rights (South Africa)
32. Migrant Forum in Asia
33. Minority Rights Group International
34. Organization for Defending Victims of Violence
35. Partnership for Pastoralists Development Association(PAPDA)
36. People's Forum on Burma(Japan)
37. Philippine Alliance of Human Rights Advocates
38. Physicians for Human Rights
39. Praxis
40. Project Maje
41. Rafiq Japan
42. Rebirth Society
43. Refugee Council USA
44. Refugees International
45. RefugePoint
46. Restless Beings
47. Rohingya Society in Malaysia (RSM)
48. Society for Threatened Peoples / Germany
49. South East Asian Committee for Advocacy (SEACA)
50. Stateless Network
51. Sudan Peace Humanitarian Organisation
52. Swedish Burma Committee
53. Tenaganita
54. The Arakan Project
55. The May 18 Memorial Foundation
56. The Refuge Pnan
57. United to End Genocide
58. WOREC Nepal

ယနေ့ထုတ် Mizzima သတင်းဌာနမှ 58 civil groups issue statement on Arakan State violence သတင်းကိုကိုးကား၍ရေးသားတင်ပြ ပါသည်။

RB News Desk


အမေရိကန်စီးပွာရေးကုမ္ပဏီများကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ကြောင်း အမေရိကန်သမ္မတခွင့်ပြုချက်ကိုဗုဒ္ဓဟူးနေ့ကထုတ်ပြန်ပြီးနောက်အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလန်တန်သည် မြန်မာ့သမ္မတနှင့် ဖနွမ်းပင်မြို့၌ မနက်ဖြန်တွင်တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောဆိုလိုက်သည်။

အမေရိကန်စီးပွားရေးကုမ္မဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်အခြားစီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်တော့မှာဖြစ်ပေမယ့် မြန်မာ့နိုင်ငံရဲ့ရင်နှင်းမြုပ်နှံမှုဆိုင်ရာဥပဒေဟာရှင်းလင်းပြတ်သားမှုမရှိသေးသည့်အပြင် စစ်တပ်ကျောထောက်နောက်ခံပြုခရိုနီစီးပွားရေးသမားများရဲ့အကျိုးကိုပိုမိုဖြစ်ထွန်းနိုင်မှုများကြောင့် မြန်မာပြည်သူတွေလက်တွေ့မခံစားနိုင်ရကြောင်းကိုထောက်ပြပြောဆိုမှုများလည်းရှိနေသည်။

Source: AP

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လမှာဆိုရင် ရှမ်းပြည်နယ်မှာ အခြေအနေ ဆိုးခဲ့ပြီး ဇွန်လမှာဆို ကချင်ပြည်နယ်မှာ အခြေ အနေ ဆိုးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီထဲမှာ အရပ်သားတွေ နှိပ်စက်ခံရတာ၊ မုဒိန်းကျင့်ခံရတာ၊ သတ်ဖြတ်ခံရတာတွေလည်း ကြားသိရတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ကြိုဆိုတယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က RFA ကို ပြော ပါတယ်။

ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ အဲဒီ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး အခြေအနေ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာ ထင်ရှားပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုတာ အစီရင်ခံစာက ထောက်ပြထားပါတယ်လို့ Mark Farmaner ပြောသွားပါတယ်။

Sources Here :
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိက ရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော လွှတ်တော်ကော်မရှင် အခန်းအနား တရပ် တွင် ဦးရွှေမန်း စကားပြောနေစဉ်။

ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့ လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။

"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး တဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ှSources Here:




လူသားချင်းစာနာစိတ် ကင်းမဲ့စွာ မြန်မာနိုင်ငံရှိ မွတ်စလင်များအပေါ် ကျင့်သုံးနေမူများအား ကူဝိတ်နိုင်ငံ အနေဖြင့် ရှုတ်ချကြောင်း ကူဝိတ်နိုင်ငံခြားရေး ၀န်ကြီှးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါသည်။

OIC အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ကူဝိတ်နိုင်ငံအနေဖြင့် တကမ္ဘာလုံးရှိ မွတ်စလင်မ်များအား ပိုမှိုကောင်းမွန်သော အခြေအနေများ ဖြင့်နေထိုင် သွားခြင်းကိုသာ မြင်တွေ့လိုကြောင်း အဆိုပါ ကူဝိတ်ပြောရေးဆိုခွင့် ရှိသူမှပြောကြား သွားခဲ့ပါသည်။

မကြာခင်က ချမှတ်ခဲ့သော OIC ဆုံးဖြတ်ချက်အရ ......



မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်များအား နေရာပြောင်းရွေ့နေခြင်းများနှင့် အတင်းအကျပ်နှင်ထုတ်နေခြင်းတို့အား အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

ကူဝိတ်နိုင်ငံ က အခြားသော OIC အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ပြီး လူအခွင့်အရေး ကျင့်သုံးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ချမှတ်ထားသော တရားဝင် ဥပဒေများကို လေးစားရန် မွတ်စလင်မ် အဖွဲ့အစည်းကြီး၏ ဆုံးဖြတ်ချက်အားဖြင့် မြန်မာအစိုးရအား တောင်းဆိုသွား မည်ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့ထုတ် Arabtimeonline သတင်းများအရ သိရှိရပါသည်။

အဆိုပါ အတော အတွင်း ကူဝိတ်လွှတ်တော်အမတ်များက မြန်မာအစိုးရမှ တာဝန်ရှိသော မွတ်စလင်များအပေါ် ယုတ်မာစွာ စွပ်စွဲခဲ့မှုများပြုလုပ်ရုံမျှမက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့ခြင်းများကြောင့် ကူဝိတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်အား ထုတ်ပြစ်ရန် စနေနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများတွင် တောင်းဆိုခဲ့သည်ဟု Al-Seyassah daily
သတင်းများတွင် ပါရှိပါသည်။


အဆိုပါ ဆန္ဒပြပွဲများတွင် လွှတ်တော်အမတ်များဖြစ်သော Dr Waleed Al-Tabtabaei နှင့် Mohammad Hayef အပြင် ယခင် လွှတ်တော်အမတ်များဖြစ်သော Bader Al-Dahoum နှင့် Khaled Shukhair တို့ပါဝင်ခဲ့ကြပါသည်။

အဆိုပါဆန္ဒပြပွဲများ အတွင်း ၎င်းတို့အနေဖြင့် လက်မှတ်များ စုစည်း ကောက်ခံခဲ့ပြီး မြန်မာသံအမတ်အား ၎င်းအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချသည့် စာကို အဆိုပါလက်မှတ်နှင့် အတူပေးခဲ့ကြောင်းသိရှိ ရပါသည်။

အပြစ်ရှိသူများအား ပြည်တွင်း ပြည်ပရှိ တရားရုံးများတွင် တရားစီရင်ပေးရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ပါသည်။

အဆိုပါ ဆန္ဒပြသူများ မြန်မာနိုင်ငံရှိမွတ်စလင်မ်များအား ကာကွယ်သွားရန် အစွန်းကုန် ကြိုးပမ်းကြရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်း ပါရှိခဲပါသည်။

Zaid (MMM)

Credit : MM.Net


မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟ င်   


မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။ 

“ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစား ဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။

“လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။

နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ၀န်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။

အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။

“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။

ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။

UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။

မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်န၀ါ အီဗရာဟင်က ပြောဆိုသည်။

Source here



၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။

ရေးသားသူ – Thomas Fuller
ဆောင်းပါးအမည် – Online, Burmese Attack a Minority
ရည်ညွှန်: - here


                           ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
                                                         Photo-AFP



မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။

ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။

အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။


ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။

ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။

ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Credit : MMSY



ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဆိုတော် ဒေါ်မာမာအေး ၊လူရွှင်တော်ဦးဇာဂနာတို့ကိုယနေ့(ဇွန် ၂၂) ရက်တွင်လန်ဒန်မြို့
အလယ်ပိုင
်းရှိတော်ဝင်ပွဲတော်ခန်းမတွင်ကျင်းပသော လန်ဒန်ရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင်အတူတကွတွေ့ရစဉ်။ ဓာတ်ပုံ- Reuters
2012-06-22

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လန်ဒန်မြို့  Royal Festival Hall ခန်းမကြီးမှာ မြန်မာအသိုင်း အ၀ိုင်း မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။



အဲသလို တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ နေထိုင်ရာ အိမ်ရှင်နိုင်ငံ့အပေါ် ကျေးဇူးတရား သိတတ်ကြဖို့၊ စည်းလုံးညီညွတ်မှုကို ဦးတည်ကြဖို့ လိုသလို ပြည်တွင်းက တိုင်းရင်းသားပြည်သူ အားလုံးလည်း ညီညွတ်မှုကို တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ အခွင့်အရေးတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံမှာ အခု လောလောဆယ် ပေါ်ထွက်နေတဲ့ အခြေအနေ အခွင့်အလမ်းတွေကို အလဟသ မဖြစ်အောင် ကြိုးပမ်းကြဖို့ အလေးထား ပြောကြားသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အင်အားစုတွေ အရေးပါ အားထားရပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ RFA ဦးခင်မောင်စိုးကို ရုံးချုပ်က ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Daniel Shane

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပျက်နေခဲ့တာတွေထဲက အကြောင်းတစ်ခုကတော့ တော်တော်လေး မသင့်မြတ်ဘူး ထင်လို့ ဒီစာရေးတယ်ပေါ့ဗျာ။

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၃)ဆိုပြီးတော့ ပြီးခဲ့တဲ့တပတ်က weekly eleven စာ ၂၆ မှာပါလာပါတယ်။ “ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ၊ အမှန်နဲ့အမှားကြားမှာ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားမှာ ဂျာနယ်လစ်ဇင်ဟာ ကြားနေမှာ မဟုတ်ဘူး။ ကြားနေမှုက အမှန်တရားလောက်အရေးမပါဘူးဆိုတာကို ထင်သာမြင်သာအောင် ထုတ်နုတ်ပြထားပါတယ်။” တဲ့ဗျာ။ အဲ-ရည်ညွှန်းမှာတော့ Ethnics for Journalists (2nd Edition) by Richard Keeble ကို ပေးထားပါတယ်။

Out of Contextလိုသလောက်ဖြတ်ယူပြီးကိုယ့်သဘောနဲ့ထပ်တူဖြစ်အောင်လုပ်ယူဖော်ပြထားတာမျိုးတွေပါ။ ခုဆောင်းပါးမှာတော့ အဲဒီကိစ္စအကျယ်မပြောတော့ပါဘူး။ လိုရင်းကိုပဲ သွားကြတာပေါ့ဗျာ။ အဲ- ကြားနေမှုက အမှန်တရားလောက်အရေးမပါဆိုတာလေးတော့ မှတ်ထားပေးပါလို့ မေတ္တာရပ်ပါရစေ။

လိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားပြုခွင့်ရှိမရှိနဲ့စပ်လျဉ်းပြီး ဖြေကြားချက်ကို ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကြီးက စာဖတ်ပရိသတ်ကို ဖြစ်သလို သဘောထား၊ လိုသလို ၀ိသေသပြုပြီး အလိုကျအသုံးတော်ခံခိုင်းခဲ့ပုံပါ။

ဒီနေရာမှာ လုံးဝကို ရှင်းရှင်းလင်းလင်းသိထားစေလိုတာက ကျွန်တော်တို့ အနေနဲ့ရိုဟင်ဂျာကို ကိုယ်စားမပြု သလို ရိုဟင်ဂျာအရေး ဆောင်ရွက်နေတာလည်းမဟုတ်ဆိုတာပါ။

ဒါက အော်စလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတဲ့ ရိုဟင်ဂျာနိုင်ငံသားပြုခွင့် ရှိနိုင်မရှိနိုင်နဲ့ ပတ်သတ်တဲ့အဖြေ ဗွီဒီယိုဖိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြေကို ၁၆း၁၀ လောက်ကနေ စကြည့်နိုင်ပါတယ်။



မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ဒီရိုဟင်ဂျာပြဿနာရဲ့ အရင်းအမြစ်နဲ့ဆက်စပ်ပြီး မေးခွန်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တာကြောင့် စားထိုးအဖြေအသစ်တစ်ခု ရဖို့ မေးတာပါလို့ လည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက -

I spoke for rule of law. And rule of law covers rules of citizenship as well. This is what I mean by saying the root of the problem is lack of rule of law. We are not certain exactly what the requirements of citizenship laws are. I will mention one particular case of one of our candidates for the last by-election who was disqualified because in accordance with the election regulations, all candidates have to be born of nationals, both parents must be nationals. This candidate of ours, his parents, both of them are Burmese nationals when he was born. But later, his father took another nationality. And on those grounds, he was disqualified as a candidate. ….. Even with regard to citizenship we are not clear what the laws really are. Rule of law, if you have very clear as to who are the citizens of the country under the citizenship laws and who qualified, then there would not be this problem which is always coming up there is an accusation, some people do not belong in Bangladesh and some people do not belong in Burma. Bangladesh says that they are not ours and Burma says that they are not ours and these poor people get shuffled around. So we have to have rule of law, we have to know what the law is. We have to make sure that it is properly implemented.

ဒေါ်အောင်ဆန်းစုကြည်က ကနဦးမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရင်းအမြစ်ပဲဆိုတာကို ထိမိရိုးရှင်းစွာ ဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို မြန်မာမှုပြုရရင် -

“ကျမ တရားဥပဒေစိုးမိုးရေးအကြောင်း ပြောခဲ့တယ်။ ဒီတရားဥပဒေစိုးမိုးရေးထဲမှာပဲ နိုင်ငံသားဖြစ်ခွင့်ဥပဒေကလည်း အကျုံးဝင်နေပါတယ်။ ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ ကျမဆိုလိုတာပါ။ နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ ကျမတို့ တိကျသေချာခြင်း မရှိသေးဘူး။ (တနည်း – နိုင်ငံသားဖြစ်နိုင်ဖို့ ဥပဒေထဲမှာ ဘာတွေလိုအပ်သလဲဆိုတာ ဂဃနဏပြဌာန်းထားခြင်းမရှိသေးဘူး။) ”…. အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အလ်ဒီကိုယ်စားလှယ်တစ်ယောက် အပယ်ခံခဲ့ရတာကို ဥပမာပေးပြောသွားခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်က မွေးတုန်းကတော့ အဖေရော အမေရော မြန်မာနိုင်ငံသားတွေဖြစ်နေခဲ့ပါတယ်။ အဲ- နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူက တခြားနိုင်ငံသားခံယူသွားတယ်ဆိုပြီး သူ့ကို ပယ်ခဲ့တာပါ။ ပါတီကိုယ်စားလှယ်ဖြစ်ခွင့် ဥပဒေမှာကျ ဖခင်ရော မိခင်ပါ နိုင်ငံသားဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။ …………

ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဖြေကြားတာက “နိုင်ငံသားဖြစ်ခွင့်ရှိခြင်းကိစ္စမှာတောင် ကျမတို့ဟာ ဥပဒေဘယ်လိုရှိလဲဆိုတာ မရှင်းလင်းသေးပါဘူး။တရားဥပဒေစိုးမိုးရေးမှာ ခင်ဗျားအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိရေးဥပဒေအောက်မှာ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားတွေ၊ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီသူတွေဆိုတာ အလွန်ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ ဒါမှသာ ဒီလိုပြဿနာမျိုးတွေ ရှိမလာမှာပါ။ (ပြဿနာဆိုတာမှာ) ဒီစွပ်စွဲမှုက အမြဲတမ်းဘယ်လို တက်လာသလဲဆိုတော့ တချို့ကိုတော့ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ပိုင်တာမဟုတ်ဘူး၊ တချို့ကိုတော့ဖြင့် မြန်မာနိုင်ငံက ပိုင်တာမဟုတ်ဘူး (တနည်း တချို့ကတော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်ဘူး၊ တချို့ကတော့ မြန်မာနိုင်ငံသားမဟုတ်ဘူး) ဆိုပြီးတော့ပါ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက ကျွန်တော်တို့ နိုင်ငံသားမဟုတ်ဘူး၊ မြန်မာဘက်ကလည်း ဒီလူတွေက ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူး ဆိုပြီးပြောနေကြတော့ ဒီသနားစရာကောင်းတဲ့လူစုက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဖြစ်နေရပါတယ်။ ဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးရှိရမယ်၊ တရားဥပဒေဆိုတာ ဘာလဲဆိုပြီးသိရမယ်။ ဒီဥပဒေကို စနစ်ကျစွာ အကောင်အထည်ဖော်ဖြစ်အောင် အသေအချာဆောင်ရွက်ရမယ်။”

အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတဲ့အခါ မေးခွန်းမေးသူ အမေရိကန် ရုပ်သံဌာနတစ်ခုရဲ့ ရီပိုတာဖြစ်သူက ဆက်ပြီး အထွန့်တက်ပါတယ်။

သူအထွန့်တက်ပုံက -

What should it be with regarding to the citizenship? Are they or they are not?

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောခဲ့တဲ့အဖြေက -
I do not know.

ဒီနေရာမှာ ကျွန်တော်တို့ စာဖတ်သူကို လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့ အမေးအဖြေကို ဒုတိယမ္ပိ ဖော်ပြပေးပါ့မယ်။

အမေး – What should it be with regard to the citizenship? Are they or they are not?

သူတို့က နိုင်ငံသားဖြစ်သင့် မဖြစ်သင့်နဲ့ စပ်လျဥ်းပြီး ဘယ်လိုမျိုးပါသလဲ။ သူတို့က (နိုင်ငံသား)လား (နိုင်ငံသား)မဟုတ်ဘူးလား။

အဖြေ – I do not know.

ကျမမသိဘူး။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတာက -
I do not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma. But who are just come over recently from Bangladesh. But, on the other hand, Bangladesh says No. They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out without “RULE OF LAW”, without proper Immigration Processes, without proper policy, without properly implementation of laws. This is why I said the root of all is “The RULE OF LAW” going back to many decades, not going back just to the crime that is just committed a couple of months ago.

မြန်မာပြန် – ကျမ မသိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ရိုဟင်ဂျာအကြောင်းပြောတဲ့အခါ ကျမတို့ ဘယ်သူတွေအကြောင်း ခင်ဗျားပြောနေသလဲဆိုတာ တော်တော်ကလေး မသေမချာဖြစ်နေပါတယ်။ ကျမပြောခဲ့သလိုပါပဲ၊ ကျမတို့ ဘယ်သူတွေကို ရည်ညွှန်းနေသလဲဆိုတဲ့နေရာမှာ ပြဿနာရှိနေပါတယ်။ တချို့က ရိုဟင်ဂျာလို့ကိုယ့်ကိုကိုယ်ပြောနေကြသူတွေဟာတော့ဖြင့် မြန်မာနိုင်ငံသားတွေမဟုတ်လို့ ဆိုကြတယ်၊ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မကြာသေးမီကမှ ရောက်လာကြသူတွေလို့ ဆိုကြတယ်။ ဒါပေမယ့် နောက်တဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ သူတို့ကို ဒုက္ခသည်အနေနဲ့ (ကျနော်တို့) လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ (ရိုဟင်ဂျာ)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမဟုတ်ဘူး၊ သူတို့က မြန်မာဘက်က လာကြသူတွေလို့ ဆိုတယ်။ ဒီတော့ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ ၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ၊ စနစ်ကျတဲ့ ပေါ်လစီမရှိဘဲ၊ ဥပဒေကို စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိဘဲ ဒီကိစ္စကို ဘယ်လို ရှင်းထုတ်မလဲ။ ဒါကြောင့် ကျမက ဒီကိစ္စအားလုံးရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးရေးလို့ ပြောခဲ့တာပါ။ ဒါကလည်း ဆယ်စုနှစ်များစွာကတည်းက (ဖြစ်နေခဲ့တာပါ။) လွန်ခဲ့တဲ့ နှစ်လလောက်က ရာဇ၀တ်မှုကျူးလွန်တဲ့ (ပြဿနာ) ကနေ စလာခဲ့တာမဟုတ်ဘူး။

ကဲအခု ပထမအဖြေနဲ့ တဆက်တည်းလာတဲ့ ဒုတိယအဖြေ။ ပထမအဖြေကို သဘောမကျတဲ့ မေးခွန်းထုတ်သူက ဆက်မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ ဒုတိယအဖြေကို Out of context လုပ်ပြီး သဘောကျဘာသာပြန်မယ်ဆိုရင်တော့ အလွဲကြီးလွဲပါပြီ။

အလဲဗင်းဂရုမြန်မာပြန်တာက ဒုတိယအဖြေတစ်ခုတည်းကို ကွက်ပြီးပြန်ထားတာပါ။ ပြန်ထားတော့လည်းဗျာ။ ဒီိလိုဖြစ်နေပါတယ်။

“ရှင်ပြောတဲ့ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။”

“who you are talking about” ဆိုတာနဲ့ “we don’t know who they are” ဆိုတာ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်ပါ။


အလဲဗင်းမီဒီယာဂရုခင်ဗျား။ ခင်ဗျားတို့ဘာသာပြန်လိုက်တဲ့ စကားလုံးများရဲ့ မူရင်းက ဒီလိုပါ။

Ido not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma.But who are just come over recently from Bangladesh.


အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းကြီးပါပဲ။ “ပထမ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဘာကြောင့်လဲဆိုရင် ဥပဒေကသာ ဘယ်သူကတော့ဖြင့်နိုင်ငံသား၊ ဘယ်သူကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီတယ်စသဖြင့်ဆုံးဖြတ်နိုင်မယ်။ အဲသလိုဖြေတယ်၊ ဒါကို မေးခွန်းမေးသူက ရိုဟင်ဂျာက နိုင်ငံသားဟုတ်လားမဟုတ်လားထပ်မေးတယ်။ ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က ကျမမသိဘူး၊ ခင်ဗျားပြောတဲ့ရိုဟင်ဂျာကို ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ပြီးနိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး အဆုံးအဖြတ်ပေးနိုင်မလဲ၊ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး တဖက်တမျိုးစီ ပြောနေကြတာပဲ၊ ဒါကြောင့်ကျမက အဆုံးအဖြတ်ပေးမယ့် ဥပဒေရှိဖို့၊ စိုးမိုးဖို့၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေ စနစ်ကျဖို့က အဓိကပါလို့ ပြောခဲ့တာပေါ့” လို့ ဖြေကြားပါတယ်။

ဒီလိုရှင်းရှင်းကြီးဖြစ်နေတဲ့ အဓိပ္ပါယ်ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လှည့်စားတဲ့ မီဒီယာကြီးခင်ဗျား။ အမှန်တရားဆိုတာ ကြားမနေလဲရပါတယ်လို့ ပြောခဲ့တဲ့မီဒီယာကြီးခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်ချပြခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိတရားဥပဒေကိစ္စတွေကို မီဒီယာကြီးအနေနဲ့ စာဖတ်ပရိသတ်ကို ချပြပေးခဲ့ဖူးပါသလား။ ဘယ်နှစ်ကြိမ်လောက် ချပြပေးဖူးပါသလဲ။
ကဲအခု၊ အထက်မှာ ကျနော်ပြောတဲ့ အဓိပ္ပါယ်မျိုးကိုသာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါဆိုတာကို ပိုမိုခိုင်မာစေဖို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ် (London school of economics and politics) မှာ ဆွေးနွေးခဲ့တဲ့


ဒီဘိတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြောဆိုဆွေးနွေးသွားသလဲဆိုတာက အနည်းငယ်သုံးသပ်ပါမယ်။ တရားဥပဒေစိုးမိုးရေး အတွက် procedure နဲ့ transitions အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။ အဲ – Burma law is obsolete. မြန်မာ့ဥပဒေက ဒိတ်အောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာကတော့ မှတ်သားစရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က Statelessness in Burma ၊ မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်မရှိဘဲ ယောင်ခြောက်ဆယ်ဖြစ်သူများအတွက် We can base in rule of Law ၊ ကျမတို့ တရားဥပဒေစိုးမိုးရေးကို အခြေခံနိုင်တယ်၊ ဒီလိုအခြေခံတဲ့နေရာမှာ Two aspects ၊ ရှုထောင့်နှစ်မျိုးရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

1) The law of citizenship. What are the citizenship laws in Burma like? Are these just? Are these in line with internationally acceptable standard? ဒေါ်အောင်ဆန်းစုကြည်က
မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေက ဘယ်လိုမျိုးပါလဲ။ အဲဒီဥပဒေက တရားမျှတရဲ့လား၊ ဒီဥပဒေက နိုင်ငံတကာက လက်ခံနိုင်မယ့် စံပုံဆန်တွေနဲ့ရော ကိုက်ညီနေလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

အဲ နံပါတ် ၂ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက procedural ပါ။ ဘိုလိုကတော့ အကြမ်းဖျင်း ဒီလိုမျိုးပါ။ How do the immigration authorities work? How do the police work? How do the court work?

လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ၊ ရဲတွေ ဘယ်လို အလုပ်လုပ်နေပါသလဲ၊ တရားရုံးတွေ ဘယ်လိုအလုပ် လုပ်နေပါသလဲ။ (ဒါတွေက procedural တွေပါတဲ့)

These two are essential to find why stateless persons are stateless. Whether there is not something that can be done to assure the position within the rule of law.

ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အချက် ၂ ချက်ကတော့ နိုင်ငံမဲ့နေသူတွေ ဘာကြောင့် နိုင်ငံမဲ့နေသလဲဆိုတာ ရှာဖွေဖို့ အဓိကနည်းလမ်း ၂ သွယ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဒီအချက် ၂ ချက်ကို အခြေခံခြင်းဖြင့် (ဒီနိုင်ငံမဲ့နေသူများ) အတွက် အခြေအနေတစ်ခုကို တရားဥပဒေအတွင်းမှာပဲ တိကျသေချာစွာ အဆုံးအဖြတ်ပေးဖို့ (ဥပဒေ အမျိုးအစားတစ်ခု) ရှိမနေဘူးလားဆိုတာကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီတော့ဗျား။ ကောက်ချက်ကတော့ ဒီလိုချပါတယ်။ အလဲဗင်းမီဒီယာက ဘာသာပြန်ဆောင်းပါးရှင်များအနေနဲ့ ဒီလို out of context လုပ်တာကတော့ အမှန်တရားကနေ သွေဖယ်ပြီး ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမှာပါ။ တခြားနည်းလမ်းမရှိပါ။

ဗွီဒီယိုဖိုင်များကို အသေအချာနားသောတဆင်ကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာမရေးမီ ဗွီဒီယိုဖိုင်တွေကို အနည်းဆုံး ၃ ခေါက်ထပ်မနည်း နားထောင်ခဲ့ပါတယ်။ တခြားတတ်ကျွမ်းသူများဆီကလည်း သဘောထား မေးမြန်းခဲ့ ပါတယ်။

အလဲဗင်းမီဒီယာက ဒီလင့်ခ်  ကို တင်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဒီလို ဖြုတ်ချပြစ်ခဲ့ ပါတယ်။

ဒါနဲ့ မခံမရပ်နိုင်တဲ့ အမှန်တရားလိုလားသူအချို့က ဇဝေဇ၀ါဖြစ်ပြီး ကျနော့်ဆီ ဆက်သွယ်လာပါတယ်။ သူတို့ထဲက တစ်ယောက်က အလဲဗင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး ဘာလို့ အထက်ပါလင့်ခ်ကို ဖျက်ချရသလဲဆိုတာ မေးမြန်းခဲ့ပါတယ်တဲ့။ (ပုံမှ Article #14161 not found ဆိုသည့်စာသားအား သတိပြုကြပါ)

အဲ မိနစ်အနည်းငယ်ကြာလေတော့ အထက်ပါလင့်က ပြန်ပြီး အလုပ်လုပ်လာပါတယ်။ အခုလက်ရှိလည်း အဲဒိလင့်ခ်က အလုပ်လုပ်တုန်းပါ။

Link address ကတော့

ဒီတော့ဗျား။ ကျွန်တော်လေ့လာဖူးတဲ့ The most successful propaganda technique ဆိုတာလေး ကြုံကြိုက်တုန်း တင်ပြပါရစေ။ မူရင်းကတော့ ဒီမှာပါ။ 

နံပါတ် ၃ မှာ ပြောထားတာက

# 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.

သက်ပြင်းရှည်ကြီးပဲ ချမိပါတယ်ဗျား။(အင်္ဂလိပ်လိုပဲ နားလည်တော်မူကြပါကုန်) ဒီတော့ဗျား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက မြန်မာ့လက်ရှိ ဥပဒေသည် နိုင်ငံတကာစံချိန်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံသားဖြစ်ခွင့်၊ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်ဆိုတာတောင် မခွဲခြားပေးနိုင်တဲ့ဥပဒေဖြစ်နေတယ်ဆိုတာကိုသာ conclude လုပ် ယူနိုင်ပါတယ်။ အလဲဗင်းကြီးပြောသလို “ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာသည် နိုင်ငံသားမဟုတ်” ဆိုပြီး ဒဲ့ပြောလိုက်သလိုလို ဘာလိုလိုညာလိုလို conclude လုပ်လို့လုံးဝမရပါ။

ဒါကို မြန်မာစာဖတ်ပရိသတ် (အင်္ဂလိပ်နားမလည်ကြတဲ့) က သဘောမပေါက်နိုင်ပဲ အလဲဗင်းပေ့ခ်ျမှာ ဟာ.. အမေစုက ပြောလိုက်ပီဟေ့ စသဖြင့် ကွန်မန့်တွေရေးကြတာ အဓိက misinform လုပ်ထားတဲ့ အလဲဗင်းမှာ တာဝန်ရှိပါတယ်။
နောက်ဆုံးမေးချင်တာကတော့ – အလဲဗင်းမီဒီယာအုပ်စုခင်ဗျား။ နောင်ကြီးတို့မှာ အမှန်တရားဆိုတာကို ထူးထူးခြားခြားလေးများ Define လုပ်ထားရင် ကျွန်တော်တို့ကိုလည်း ဗဟုသုတအဖြစ် ဝေမျှပေးပါလို့ ရိုးသားစွာတောင်းဆိုလိုက်ပါတယ်ခင်ဗျား။

Source : MMSY







ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/

ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-

ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-

နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။

ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာကာလအတွင်း-

- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊

- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊

- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။

တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆတိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆ တိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြု နေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုကို သုံးသပ်ရင်-

- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊

- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊

- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန်လိုအပ်ခြင်း တို့ကို အဓိက

တွေ့ရှိရမှာ ဖြစ်ပါတယ်။




လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အရ-အသုံးငွေစာရင်းကို ကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၄၃ ကျပ်သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက နိုင်ငံစီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မဲ့ လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွာေးရး တါက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုပြင်ရေးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်အချိုးအစား များနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍများကို ကဏ္ဍ တစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင် အချိုးအစား ပိုင်ဆိုင်မှုအချိုး ကူးပြောင်းပေးရင်း စွမ်းဆောင်ရည် မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ ”ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ ကဏ္ဍနဲ့ဌာနရဲ့ လုပ်ငန်းများ အနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် စီးပွားရေး ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်းတစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များ အကူအညီဖြင့် ပိုမိုသိရှိနားလည် ဆောင်ရွက် လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံး တစ်ပြိုင်နက်တည်း ကိုင်တွယ် အကောင် အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာ သုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနဲ့ သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေး ဦးစားပေးလုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် နှစ်တိုနှစ်ရှည် စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေးအစီအစဉ် (Priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့် စီမံကိန်း (plan) ရေးဆွဲခြင်းဟာ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) ကို-

- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှု လျှော့ချရေးစီမံကိန်း

- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း

- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ဒေသန္တရစီမံကိန်းများ

- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊တစ်အိမ်ထောင်ချင်းရဲ့ဝင်ငွေတိုးတက်ရေးနဲ့လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ ရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (National Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲ့ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့ အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ (Loan) နဲ့ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ကြရပါတယ်။ ဒီလို ရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊ အလှူရှင်များ အနေနဲ့ ၄င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနှင့်နယ်မြေဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီအထောက်အပံ့ (Grant/Aid) ကို ဦးစားပေး သုံးစွဲပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ချေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan) ကိုတော့ အတိုးနှုန်း ပြန်ဆပ်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့ လုပ်ငန်းစီမံကိန်း (Project) ကို စီးပွားရေးတွက်ချေကိုက်မှု၊ အကျိုးအမြတ် ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်းအကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်အကျိုးမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအတွေ့အကြုံတွေပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကောင်မတီ၊ လုပ်ငန်းကော်မတီနဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ကို ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ၀န်ကြီးချုပ်များအနေဖြင့် မိမိတို့ရဲ့ကဏ္ဍ စီမံကိန်း ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံခြားအကူအညီ (Grant/Aid)အသုံးပြုရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍများနှင့် ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများက တိုင်းဒေသကြီး ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိုရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး၊ တာဝန်ယူ၍ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ တာဝန် ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေး တွက်ချေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူဆောင်ရွက်သွားမှသာ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက်မဟုတ်ပဲ အခြေခံလုပ်ခလစာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ် ရေးဆွဲပြီး၊ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။




ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှာသာ လာရောက် ရင်းနှီး မြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့အထူးစီးပွားရေးဇုံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့ သဘောထား အကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့် အလမ်းများနဲ့ လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံ ဂုဏ်သိက္ခာမထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္ထုသယံဇာတစသည့် သဘာဝ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံ တွက်ချက် အသုံးပြုဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနဲ့ မတူပဲ အခက်အခဲတွေ့ရတဲ့ ကိစ္စတစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကိုကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်မှု အခြေအနေ တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်း ရေးဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေထိုင်မှု လိုအပ်ချက် ပြည်သူတို့၏စားသောက်မှု လိုအပ်ချက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ်ယာမြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေနှင့် ပြည်သူတို့၏သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး (Land Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။

သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် လုပ်ကိုင် နေထိုင်ရာမှ ၄င်းတို့လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်သည့် အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တို၊ နှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင် လုပ်ကိုင်ခြင်းအစား မြို့ကွက်၊ ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ ချထားစီမံပေးခြင်းတို့ကို စုစည်း ပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု လူနေမှုအဆင့် အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာ အသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာခွဲဝေ အသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာ ခွဲဝေအသုံးချမှု စီစစ်ဆောင်ရွက်ရေး ကောင်မတီကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္ထု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အဆိုပါကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စီစစ်အတည်ပြု ပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စီစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီနှင့် သက်ဆိုင်ရာ ဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက်စပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မြေယာနှင့်စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မြေဧရိယာခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲ နိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ်နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကိုလည်း တိကျ မှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်ပေးခြင်းကိုလည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးစုများနဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် နယ်စပ်ဒေသတွေမှာ နေရေး၊ ထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊ မိမိဒေသ များသို့ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်

- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့အညီ စနစ်တကျ နေရာချထားပေးခြင်း

- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခြေအနေများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း

- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေးကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံစုကြီးများ စနစ်တကျ ထူထောင်ပေးခြင်း

- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက္ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုံများအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း

- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

သို့မှသာ မိသားစုနှင့်ခွဲခွာပြီး အခက်အခဲကြားက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူများအနေနဲ့ မိမိတို့ဒေသ ဖွံ့ဖြိုးလာတာနဲ့အမျှ ပြန်လည်လာရောက်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အလားတူ နိုင်ငံတကာမှာ ရောက်ရှိနေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍ အလိုက် စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။

စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောလိုအပ်ချက်၊ ရေတို လိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များအတွက် စီမံကိန်း ရေးဆွဲဆောင်ရွက်ရမဲ့ ကိစ္စများနဲ့ စပ်လျဉ်းပြီး ပြောကြားလိုပါတယ်။ ယခင်အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို အာရုံစိုက်ပြီး ဆောင်ရွက်နိုင်ရန် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဆိုပြီး ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှ ၂၀၁၂-၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအပါအ၀င် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေစုစုပေါင်း ကျပ်သန်း ၂၈၀၂၈၉၇ နှင့် နိုင်ငံခြားငွေအဖြစ် ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်း (၄) ခုအတွက် အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၂၂၆ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း ကီလိုဝပ် နာရီသန်းပေါင်း ၉၇၁၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင် တိုးတက်လာသော လူဦးရေနှင့် လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အားမှာ လိုအပ် နေဆဲဖြစ်ပါတယ်။ မကြာမီကလည်း လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း ပြည်ပနဲ့ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမဲ့ လတ်တလောအစီစဉ်များကို အမြန်စီမံဆောင်ရွက် ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်း ကော်မရှင်မှာ နိုင်ငံတော်ရဲ့ စွမ်းအင် ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ (National Energy Management Committee) ကို ဖွဲ့စည်းပြီး ရေတိုရေရှည်အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသားစွမ်းအင် မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်စီမံကိန်းရေးဆွဲပြီးရင် စပ်ဆက်ဆောင်ရွက်သွားရမဲ့ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးးစတဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မိမိနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်ကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချမှုမှာ နိုင်ငံအတွက် လိုအပ်တဲ့လျှပ်စစ်စွမ်းအင်သာမက ဓာတ်မြေသြဇာလိုအပ်ချက်၊ ရေနံဓာတုထုတ်ကုန် လိုအပ်ချက်များအား ရေရှည်မှာ ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးမှု (People-Centered Development) နှင့်အညီ ပြည်သူ့ကုန်စည် (Public Goods) များကို ပြည်တွင်းလိုအပ်ချက် ပြည့်မှီအောင် ဦးစားပေးအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေတိုရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ပြည်တွင်း ပြည်ပပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်လုပ်ဖြန့်ဖြူးမဲ့ အပိုင်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ရှေးယခင်အစိုးရက ရေအားလျှပ်စစ်တစ်ခုတည်းအပေါ် လျှပ်စစ် ထုတ်လုပ်မှုစရိတ်နှင့် ဖြန့်ဖြူးမှုစရိတ်ကို အဓိကအခြေခံ၍ တွက်ချက်ခဲ့ရာမှ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ နေရာဒေသ၊ ရေမြေသဘာဝသယံဇာတ အရင်းအမြစ်အခြေအနေအလိုက် ပြည်သူတို့၏ လက်ခံဝယ်ယူသုံးစွဲနိုင်မည့် အခြေအနေပေါ်မူတည်ပြီး ရေအားလျှပ်စစ်သာမက၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအားနှင့် အခြားဇီဝနှင့် စွန့်ပစ်ပစ္စည်း လောင်စာတို့မှ ထုတ်လုပ်နိုင်သမျှ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရေးကြိုးပမ်းရန် လိုအပ်လာပြီ ဖြစ်ပါတယ်။

စက်မှုနိုင်ငံဖြစ်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းဆောင်ရွက်ရာမှာ အဓိကအလိုအပ်ဆုံး ဖြစ်တဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှီိခိုနေတာကြောင့် (Energy Plan) နဲ့ (Industrial Development Plan) တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှသာလျှင် နိုင်ငံနှင့် ပြည်သူလူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ အသုံးပြုတဲ့ သဘာဝအရင်းအမြစ် လောင်စာတန်ဖိုးနှင့် ထုတ်လုပ်မှုစရိတ် ခရီးအကွာအဝေး အလိုက် ဖြန့်ဖြူးမှုစရိတ်စကအပေါ် မူတည်၍ နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံသူနှင့် လျှပ်စစ်ဝယ်ယူသုံးစွဲသူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်ဈေးနှုန်းများ ညှိနှိုင်းပြီး ဈေးနှုန်းမူဝါဒ (Prizing Policy) ချမှတ်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအပိုင်းမှ နှစ်စဉ်တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေး ကြိုးပမ်းမည့်အစီအစဉ်များနဲ့ ပုဂ္ဂလိကနှင့် ဖက်စပ်ပူးပေါင်းထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပုံစံ အမျိုးမျိုးကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်လာနိုင်မည့် အစီအမံများကိုပြောင်းလဲ ကျင့်သုံးဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်အခန်းကဏ္ဍအချိုးအစားနှင့် ပုဂ္ဂလိကပိုင်အချိုးအစား ပြောင်းလဲလုပ်ဆောင်မဲ့ အစီစဉ်များကို အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ပူးပေါင်းပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါတယ်။

နိဂုံးချုပ်အားဖြင့်-

နိုင်ငံတော်အစိုးရ အနေနဲ့ စတင်တာဝန်ယူတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်ရဲ့ ပကတိ လက်၇ှိ အခြေအနေအပေါ် မူတည်စဉ်းစားပြီး စီးပွားရေးမူဝါဒ(၄)ရပ် ချမှတ်၍ အမျိုးသားစီမံကိန်း ကို ရေးဆွဲ ထားတာဖြစ်ပါတယ်။

ပထမစီးပွားရေးမူဝါဒကတော့ ပြည်သူအများစုပါဝင်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင်ဆောင်ရွက်ရင်း အခြားနိုင်ငံများနဲ့ရင်ပေါင်တန်းပြီး တိုးတက်ဖွံ့ဖြိုးအောင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချ စီမံကိန်းလုပ်ငန်းစဉ်များနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာရေးဟာ အဓိကကျပါတယ်။ အစိုးရအနေနဲ့လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အာရုံစိုက်ပြီးလုပ်နိုင်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းပေးပြီးဖြစ်တဲ့အတွက် အာရုံစိုက်မြှင့်တင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးထူထောင် လုပ်ဆောင် သွားမှာလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားများရဲ့ စိုက်စရိတ်ချေးငွေများ ယခုထက်ပိုမိုအဆင်ပြေအောင် အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ပူးပေါင်းပြီး ငွေစုငွေချေးဘဏ်များ ဖွင့်လှစ်ဆောင်ရွက်ရေးနဲ့ အသေးစား ငွေချေးလုပ်ငန်း (Micro Finance) များကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက တိုးတက်ဆောင်ရွက် သွားရေး၊ သီးနှံများထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ ကုန်သွယ်မှုလုပ်ငန်းအဆင့်ဆင့်ကို ပြန်လည် သုံးသပ်ပြီး တောင်သူလယ်သမားများ တွက်ချေကိုက်၍ ၀င်ငွေတိုးတက်ရရှိရေး (Transational Cost) များ လျော့ချရေး၊ စိုက်ပျိုးနည်းပညာနှင့် စက်မှုလယ်ယာစနစ်ပြောင်းလဲရေးတွေကို ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေနဲ့ အထူးအလေးထားကြိုးပမ်းသွားကြဖို့ ပြောကြားလိုပါတယ်။ ဆန်စပါးဈေး ကျဆင်းမှုအပေါ် အစိုးရက ပုဂ္ဂလိကနဲ့ပူးပေါင်း၍ ၀ယ်ယူပေးသည့်လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီအခြေအနေပေါ်မှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မြို့နယ်အလိုက် ကွင်းဆင်းလေ့လာမှုများ၊ တောင်သူလယ်သမား များရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းတိုးတက်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ပြုပြင် ပြောင်းလဲဆောင်ရွက်ပေးသင့်တဲ့ နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ စီးပွားရေး မူဝါဒရဲ့ ဒုတိယအချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေ အရ-အသုံးနှင့် အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ဆင်းရဲမှု ညွှန်းကိန်း လိုအပ်ချက်များအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား မျှတစွာခွဲဝေရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ တိုးချဲ့ဖိတ်ခေါ် ဆောင်ရွက်ရေး ကိစ္စရပ်များကို ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်အညီ လေ့လာသုံးသပ် စီမံသွားကြဖို့ ပြောကြားလိုပါတယ်။ ဘဏ္ဍာငွေ အရ-အသုံးနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ၊ အကျိုးရှိစွာ အသုံးပြုရေးအတွက် မြို့နယ်အဆင့်အထိ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။

စီးပွားရေးမူဝါဒ တတိယအချက်ဖြစ်တဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဘက်စုံတိုးတက်မှုအတွက် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စီးပွားရေးညွှန်းကိန်းများကို အချိန်ကာလအလိုက် ထိထိရောက်ရောက် တိုးတက်လာအောင် ဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်။ မြို့နယ်အလိုက် (ဂျီဒီပီ) တိုးတက်ရုံသာမက လူတစ်ဦးကျ ၀င်ငွေတိုးတက်ရေး၊ အိမ်ထောင်စုအလိုက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း၊ စားဝတ်နေရေး တိုးတက်မှုရှိရေးစတဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။

စီးပွားရေးမူဝါဒ စတုတ္ထအချက်ဖြစ်တဲ့ ကိန်းဂဏန်းစာရင်းအင်းများ အရေအသွေးပြည့်ဝရေးနဲ့ တိကျ မှန်ကန်ရေးအတွက်ကိုလည်း မြေပြင်ကွင်းဆင်းပြီး တိတိကျကျကောက်ယူခြင်း (Check, Re-check, Counter Check) ဖြင့် ကွက်ကောက်ပြန်လည်စစ်ဆေးခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) တို့ဖြင့် ခိုင်မာ မှန်ကန်သည့်ကိန်းဂဏန်းစာရင်းအင်း၊ သတင်းအချက်အလက်များရရှိမှာသာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision-making, Policy-making) ကိုမှန်ကန်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opnion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန် အလှန်ယုံကြည်လေးစားမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများဟာ အရှိန်အဟုန်နဲ့လျင်မြန်စွာ ပြောင်းလဲတိုးတက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီးတစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှုထိခိုက်တဲ့ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲသွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာကြိုးပမ်းဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာလက်တွဲ ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးပြည်နယ်များအလိုက် ဆွေးနွေးပွဲများကျင်းပရေးနဲ့ စပ်လျဉ်းပြီး အထူးပြောကြားလိုတာ တစ်ခုရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းဟာ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးရော၊ နယ်မြေအလိုက် ဖွံ့ဖြိုးရေးအတွက်ပါ များစွာအရေးပါပါတယ်။ ဒီနေ့စီးပွားရေးပညာရှင်များရဲ့အကြံ၊ ဥာဏ်တွေ စီးပွားရေး လုပ်ငန်းရှင်များက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တာတွေနဲ့ အခက်အခဲတွေ ပြည်သူလူထု တင်ပြလိုတဲ့ အခက်အခဲများကို ဆွေးနွေးပွဲတွေမှာ နီးနီးကပ်ကပ် ရင်းနှီးပွင့်လင်းစွာ နည်းလမ်းရှာဖွေ ဆွေးနွေးအဖြေရှာ ပေးနိုင်မယ်ဆိုရင်

- ဒေသဖွံ့ဖြိုးမှုနဲ့ လမ်းတံတားလိုအပ်ချက်တွေ၊ စီးပွားရေးနဲ့ လူမှုရေးလိုအပ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်အထိ အချိန်ယူတင်ပြမှု အမျိုးအစား ဒေသအစိုးရနဲ့ ဒေသန္တရလွှတ်တော် အတွင်းမှာ ဦးစားပေးကဏ္ဍနဲ့ ဦးစားပေးနယ်မြေတွေကို ညှိနှိုင်းလျာထားပေးနိုင်မှာဖြစ်တဲ့အတွက် များစွာ အကျိုးကျေးဇူး ရှိခြင်း

- မြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နီးနီးကပ်ကပ် ညှိနှိုင်းကြီးကြပ်နိုင်ခြင်း

- အစိုးရဌာနများနဲ့ ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာတာနဲ့အမျှ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရ (Good Governance, Clean Government) ဖြစ်စေနိုင်ခြင်း

- စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုတိုးတက် ပူးပေါင်း ပါဝင်လာနိုင်ခြင်း

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို နည်းပညာပိုမိုဖြည့်ဆည်းပေးနိုင်ခြင်း

- ဒေသန္တရ မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ခြင်း

- ပြည်သူလူထု၏အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့လမ်းမပေါ်ထွက်၍ ဆန္ဒပြရန် မလိုပဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတစ်ဦးချင်းရဲ့ စားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမဲ့တာဝန်ဟာ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက် ခံယူပြီး မည်သည့်လုပ်ငန်းကဏ္ဍကို ဆောင်ရွက်သည်ဖြစ်စေ၊ အောက်ခြေအထိဆင်းပြီး အောင်မြင်သည်အထိ ဆောင်ရွက်သွားကြပါလို့ မှာကြားရင် နိဂုံးချုပ်အပ်ပါတယ်။


ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-

ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-

နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စ တင်ဆောင် ရွက်လျက်ရှိတဲ့ဒုတိယ အဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည် သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက် လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများ ရဲ့ လုပ်ငန်း ကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာ ထားသုံးစွဲမှု များ ပြု လုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ် လာမဲ့ ရေရှည် အစီအမံများ ကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။

ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေး အခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံး အနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေး သွားမှာ ဖြစ် ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာကာလအတွင်း-

- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊

- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊

- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။

တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆတိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆ တိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြု နေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုကို သုံးသပ်ရင်-

- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊

- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊

- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန်လိုအပ်ခြင်း တို့ကို အဓိက

တွေ့ရှိရမှာ ဖြစ်ပါတယ်။




လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အရ-အသုံးငွေစာရင်းကို ကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၄၃ ကျပ်သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက် လိုငွေ နှစ်ရှည် ကြာစွာ ဖြစ်ပေါ်ပါ က နိုင်ငံစီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ဆောင် ရွက်ရ မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ရာမှာ နိုင်ငံတော် နဲ့ ပြည်သူတို့ အတွက် အကျိုး ရှိ ထိရောက်မဲ့ လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွာေးရး တါက်ခြေမ ကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက် ရမှာ ဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုပြင်ရေးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်အချိုးအစား များနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ငွေရေးကြေးရေး ကဏ္ဍများကို ကဏ္ဍ တစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင် အချိုးအစား ပိုင်ဆိုင်မှုအချိုး ကူးပြောင်းပေးရင်း စွမ်းဆောင်ရည် မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင် စု ၀န်ကြီးဌာ နတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစား ပါဝင်မှုကို ပြန်လည် စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ ”ပုဂ္ဂလိက ပိုင်ပြု လုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ ကဏ္ဍနဲ့ဌာနရဲ့ လုပ်ငန်းများ အနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် စီးပွားရေး ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာ တစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်းတစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ေ ထာင်စုဝန်ကြီးဌာန အသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရများ ကလည်း ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေး ဆွဲဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်နေတာ ကို တွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက် များ ရှိနေ မှာ ဖြစ်သော် လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ပညာရှင်များအကူအညီဖြင့်ပိုမိုသိရှိနား လည် ဆောင်ရွက် လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင် စုအစိုးရအနေ နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံး တစ်ပြိုင်နက်တည်း ကိုင်တွယ် အကောင် အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာ သုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနဲ့ သစ်တောသစ် ပင် ပြုစုပျိုးထောင်ရေး ဦးစားပေးလုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အတွက် နှစ်တိုနှစ်ရှည် စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ် များကို နှစ်အလိုက်ဆောင် ရွက်နိုင်အောင် ဦးစားပေးအစီအစဉ် (Priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့် စီမံကိန်း (plan) ရေးဆွဲခြင်းဟာ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) ကို-

- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှု လျှော့ချရေးစီမံကိန်း

- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း

- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

- ဒေသန္တရစီမံကိန်းများ

- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေး ထက် ပြည်သူ တစ်ဦးချင်း၊တစ်အိမ်ထောင်ချင်း ရဲ့ဝင်ငွေတိုးတက်ရေးနဲ့ လူမှုစီးပွားရေး ဘ၀ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People-Centered Development) လုပ် ငန်းတွေ ကို ဦးစားပေးပြီး၊ အစီအ မံရှိရှိနဲ့ မြေပြင် မှာ အမှန်တကယ်တိုး တက်အောင်ကြိုးပမ်းဆောင်ရွက်သွားကြဖို့တိုက်တွန်းပြောကြား လိုပါတယ်။

ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ ရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (National Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲ့ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့ အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ (Loan) နဲ့ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ကြရပါတယ်။ ဒီလို ရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊ အလှူရှင်များ အနေနဲ့ ၄င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနှင့်နယ်မြေဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီအထောက်အပံ့ (Grant/Aid) ကို ဦးစားပေး သုံးစွဲပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ချေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု(Investment)နဲ့ ဆောင်ရွက်ဖို့စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan)ကိုတော့အတိုးနှုန်း ပြန်ဆပ်ရမဲ့ကာလနဲ့ ဆောင်ရွက်မဲ့လုပ်ငန်းစီမံကိန်း(Project)ကိုစီးပွားရေးတွ က်ချေကိုက်မှု၊အကျိုးအမြတ် ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်းအကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်အကျိုးမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအတွေ့အကြုံတွေပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကောင်မတီ၊ လုပ်ငန်းကော်မတီနဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ကို ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ၀န်ကြီးချုပ်များအနေဖြင့် မိမိတို့ရဲ့ကဏ္ဍ စီမံကိန်း ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံခြားအကူအညီ (Grant/Aid)အသုံးပြုရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍများနှင့် ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများက တိုင်းဒေသကြီး ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိုရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး၊ တာဝန်ယူ၍ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ တာဝန် ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေး တွက်ချေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူဆောင်ရွက်သွားမှသာ တိုင်းပြည်တိုး တက် မှာဖြစ် ပါတယ်။ တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံ မှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရာမှာ အလုပ်ရရုံသက်သက်မဟုတ်ပဲ အခြေခံလုပ်ခလစာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေး ထား ဆောင် ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ် ရေးဆွဲပြီး၊ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။




ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ် နည်းများဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှာသာ လာရောက် ရင်းနှီး မြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ် နည်းများ ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက် လက် ပြီး မြန်မာ့ အထူးစီးပွားရေးဇုံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေး အဖွဲ့အစည်း များရဲ့ သဘောထား အကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့် အလမ်းများနဲ့ လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံ ဂုဏ်သိက္ခာမထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္ထုသယံဇာတစသည့် သဘာဝ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံ တွက်ချက် အသုံးပြုဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနဲ့ မတူပဲ အခက်အခဲတွေ့ရတဲ့ ကိစ္စတစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကိုကြည့်ရင် ကိုယ့်နိုင်ငံ ထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှုစီးပွားေ ရးဘ၀ မြင့်မားတိုးတက်မှု အခြေအနေ တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်း ရေးဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေထိုင်မှု လိုအပ် ချက် ပြည် သူတို့၏စားသောက်မှု လိုအပ်ချက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ် ယာမြေ များ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော၊ သဘာဝပတ် ၀န်းကျင် နဲ့ ပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်၊ လမ်းပမ်း ဆက်သွယ်ရေး အခြေအနေနှင့် ပြည်သူ တို့၏ သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး (Land Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။

သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် လုပ် ကိုင် နေ ထိုင်ရာမှ ၄င်းတို့လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်သည့် အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တို၊ နှစ်ရှည် စက်မှု ကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သ စ်တောမြေနှင့် မြေ လွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင် လုပ်ကိုင်ခြင်းအစား မြို့ကွက်၊ ရွာကွက် များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ ချထား စီမံပေးခြင်းတို့ကို စုစည်း ပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး စိုက်ခင်း ကြီးများ ပြောင်းလဲ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ် ၀န်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်မှု လူနေမှုအဆင့် အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေး အတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက် ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာ အသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ မြေယာခွဲဝေ အသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာ ခွဲဝေအသုံးချမှု စီစစ်ဆောင် ရွက်ရေး ကောင် မတီကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေ သကြီး ပြည် နယ်အစိုးရ များအနေနဲ့ မိမိတို့ရဲ့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္ထု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု စိုက်ခင်းကြီးများနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အဆိုပါကော်မတီသို့ မြေယာ ခွဲဝေအသုံးချရေး စီစစ်အတည်ပြု ပေးနိုင် ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စီစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်၊ ပုဂ္ဂလိကပိုင်ပြု လုပ်ရေး ကော် မရှင်၊ မြေလွတ် မြေရိုင်း များ စီမံခန့်ခွဲမှု ကော်မတီနှင့် သက်ဆိုင်ရာ ဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက် စပ် ဆောင် ရွက်သွား ကြရမှာ ဖြစ်ပါတယ်။ မြေယာနှင့်စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မြေဧရိယာခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲ နိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ်နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များ ကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှု ကို ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။

မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကိုလည်း တိကျ မှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံး လုပ်နည်း များနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန် စွာ ဆောင်ရွက်ေ ပးခြင်းကို လည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးစုများ နဲ့ ရွှေ့ပြောင်း အလုပ်သမား များအတွက် နယ်စပ်ဒေသတွေမှာ နေရေး၊ထိုင်ရေး၊လုပ်ကိုင်စားသောက်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေရသူများ၊ မိမိဒေသ များသို့ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်

- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့အညီ စနစ်တကျ နေရာချထားပေးခြင်း

- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခြေအနေများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း

- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေး ကုန်ထုတ်လုပ် ငန်းကြီးများ၊ စက်ရုံစုကြီးများ စနစ်တကျ ထူထောင်ပေးခြင်း

- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက္ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုံများအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း

- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

သို့မှသာ မိသားစုနှင့်ခွဲခွာပြီး အခက်အခဲကြားက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူများအနေနဲ့ မိမိတို့ဒေသ ဖွံ့ဖြိုးလာ တာနဲ့အမျှ ပြန် လည်လာရောက် လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အလားတူ နိုင်ငံတကာမှာ ရောက်ရှိနေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍ အလိုက် စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များကိုလည်း နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။

စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောလိုအပ်ချက်၊ ရေတို လိုအပ်ချက်နှင့် ရေရှည် လိုအပ်ချက်များအတွက် စီမံကိန်း ရေးဆွဲဆောင်ရွက်ရမဲ့ ကိစ္စများနဲ့ စပ်လျဉ်းပြီး ပြောကြား လိုပါတယ်။ ယခင်အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို အာရုံစိုက်ပြီး ဆောင်ရွက်နိုင်ရန် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဆိုပြီး ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှ ၂၀၁၂-၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအပါအ၀င် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေစုစုပေါင်း ကျပ်သန်း ၂၈၀၂၈၉၇ နှင့် နိုင်ငံခြားငွေအဖြစ် ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်း (၄) ခုအတွက် အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၂၂၆ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း ကီလိုဝပ် နာရီသန်းပေါင်း ၉၇၁၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင် တိုးတက်လာသော လူဦးရေနှင့် လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အားမှာ လိုအပ် နေဆဲဖြစ်ပါတယ်။ မကြာမီကလည်း လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း ပြည်ပနဲ့ ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမဲ့ လတ်တလောအစီစဉ်များကို အမြန်စီမံဆောင်ရွက် ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်း ကော်မရှင်မှာ နိုင်ငံတော်ရဲ့ စွမ်းအင် ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ (National Energy Management Committee) ကို ဖွဲ့စည်းပြီး ရေတိုရေရှည်အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသားစွမ်းအင် မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်စီမံကိန်းရေးဆွဲပြီးရင် စပ်ဆက်ဆောင်ရွက်သွားရမဲ့ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးးစတဲ့စွမ်းအင်ဆိုင်ရာစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်သွားရမှာ ဖြစ်ပါ တယ်။

ဘာကြောင့်လဲဆိုတော့ မိမိနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်ကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချမှုမှာ နိုင်ငံအတွက်လိုအပ်တဲ့လျှပ်စစ်စွမ်းအင်သာမကဓာတ်မြေသြဇာလိုအပ်ချက်၊ ရေနံဓာ တုထုတ်ကုန်လိုအပ်ချက်များအား ရေရှည်မှာ ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးမှု(PeopleCenteredDevelopment) နှင့်အညီ ပြည် သူ့ကုန်စည် (PublicGoods)များကို ပြည်တွင်းလိုအပ်ချက် ပြည့်မှီအောင်ဦးစားပေးအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။

အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေတိုရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့် ဖြူးမဲ့ အပိုင်း၊ ပြည်တွင်း ပြည်ပပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်လုပ်ဖြန့်ဖြူးမဲ့ အပိုင်းများ ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်သွား ရမှာဖြစ် ပါတယ်။ ရှေးယခင်အစိုး ရက ရေအားလျှပ်စစ် တစ်ခုတည်းအပေါ် လျှပ်စစ် ထုတ်လုပ်မှု စရိတ်နှင့် ဖြန့်ဖြူး မှုစရိတ်ကို အဓိကအခြေခံ၍ တွက်ချက်ခဲ့ရာမှ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အရ နေရာဒေသ၊ ရေမြေ သဘာဝသယံ ဇာတအရင်းအမြစ်အခြေအနေအလိုက် ပြည်သူတို့၏လက်ခံဝယ်ယူသုံးစွဲနိုင်မည့်အခြေအနေပေါ်မူတည်ပြီး ရေအားလျှပ်စစ်သာမက၊သဘာဝဓာတ်ငွေ့၊ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအားနှင့် အခြားဇီဝနှင့် စွန့်ပစ် ပစ္စည်း လောင်စာတို့မှ ထုတ်လုပ်နိုင် သမျှ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရေးကြိုးပမ်းရန် လိုအပ်လာ ပြီ ဖြစ် ပါတယ်။

စက်မှုနိုင်ငံဖြစ်ရေးနဲ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ရည်မှန်းဆောင်ရွက်ရာမှာအဓိကအလိုအပ်ဆုံး ဖြစ်တဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှီိခိုနေတာကြောင့် (Energy Plan) နဲ့ (Industrial Development Plan) တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှသာလျှင် နိုင်ငံနှင့် ပြည်သူလူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ အသုံးပြုတဲ့ သဘာဝအရင်းအမြစ် လောင်စာတန်ဖိုးနှင့် ထုတ်လုပ်မှုစရိတ် ခရီးအကွာအဝေး အလိုက် ဖြန့်ဖြူးမှုစရိတ်စကအပေါ် မူတည်၍ နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံသူနှင့် လျှပ်စစ်ဝယ်ယူသုံးစွဲသူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်ဈေးနှုန်းများ ညှိနှိုင်းပြီး ဈေးနှုန်းမူဝါဒ (Prizing Policy) ချမှတ်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအပိုင်းမှ နှစ်စဉ်တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေး ကြိုးပမ်းမည့်အစီအစဉ်များနဲ့ ပုဂ္ဂလိကနှင့် ဖက်စပ်ပူးပေါင်းထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပုံစံ အမျိုးမျိုးကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်လာနိုင်မည့် အစီအမံများကိုပြောင်းလဲ ကျင့်သုံးဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်အခန်းကဏ္ဍအချိုးအစားနှင့်ပုဂ္ဂလိကပိုင်အချိုးအစား ပြောင်းလဲလုပ်ဆောင်မဲ့ အစီစဉ်များကို အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ပူးပေါင်းပြီးသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါတယ်။

နိဂုံးချုပ်အားဖြင့်-

နိုင်ငံတော်အစိုးရ အနေနဲ့ စတင်တာဝန်ယူတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်ရဲ့ ပကတိ လက်၇ှိ အခြေအနေအပေါ် မူတည်စဉ်းစားပြီး စီးပွားရေးမူဝါဒ(၄)ရပ် ချမှတ်၍ အမျိုးသားစီမံကိန်း ကို ရေးဆွဲ ထားတာဖြစ်ပါတယ်။

ပထမစီးပွားရေးမူဝါဒကတော့ ပြည်သူအများစုပါဝင်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးတက်အောင်ဆောင်ရွက်ရင်းအခြားနိုင်ငံများနဲ့ရင်ပေါင်တန်းပြီးတိုးတက်ဖွံ့ဖြိုးအောင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချ စီမံကိန်းလုပ်ငန်းစဉ်များနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာရေးဟာ အဓိကကျပါတယ်။ အစိုးရအနေနဲ့လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အာရုံစိုက်ပြီးလုပ်နိုင်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းပေးပြီးဖြစ်တဲ့အတွက် အာရုံစိုက်မြှင့်တင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးထူထောင် လုပ်ဆောင် သွားမှာလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားများရဲ့စိုက်စရိတ်ချေးငွေများယခုထက်ပိုမိုအဆင်ပြေအောင် အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ပူးပေါင်းပြီး ငွေစုငွေချေးဘဏ်များ ဖွင့်လှစ်ဆောင်ရွက်ရေးနဲ့ အသေးစား ငွေချေးလုပ်ငန်း (Micro Finance) များကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက တိုးတက်ဆောင်ရွက် သွားရေး၊ သီးနှံများထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ ကုန်သွယ်မှုလုပ်ငန်းအဆင့်ဆင့်ကို ပြန်လည် သုံးသပ်ပြီး တောင်သူလယ်သမားများ တွက်ချေကိုက်၍ ၀င်ငွေတိုးတက်ရရှိရေး (Transational Cost) များ လျော့ချရေး၊ စိုက်ပျိုးနည်းပညာနှင့် စက်မှုလယ်ယာ စနစ်ပြောင်းလဲရေးတွေကို ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေနဲ့ အထူးအလေး ထားကြိုးပမ်းသွား ကြဖို့ ပြောကြားလိုပါတယ်။ ဆန်စပါးဈေး ကျဆင်းမှုအပေါ် အစိုးရက ပုဂ္ဂလိကနဲ့ပူးပေါင်း ၍၀ယ်ယူပေး သည့်လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီအခြေအနေပေါ်မှာ တိုင်းဒေသ ကြီး ပြည်နယ် အစိုးရများအနေနဲ့မြို့နယ်အလိုက်ကွင်းဆင်းလေ့လာမှုများ၊ တောင်သူလယ်သမား များရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ လုပ်ငန်းတိုးတက်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ပြုပြင် ပြောင်း လဲဆောင် ရွက်ပေးသင့်တဲ့ နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြဖို့ လိုအပ် ပါတယ်။ စီးပွားရေး မူဝါဒရဲ့ ဒုတိယ အချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေအရ-အသုံးနှင့်အခွန်အကောင်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ဆင်းရဲမှု ညွှန်းကိန်း လိုအပ်ချက်များအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား မျှတစွာခွဲဝေရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ တိုးချဲ့ဖိတ်ခေါ် ဆောင်ရွက်ရေး ကိစ္စရပ်များကို ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်အညီ လေ့လာသုံးသပ် စီမံသွားကြဖို့ ပြောကြားလိုပါတယ်။ ဘဏ္ဍာငွေ အရ-အသုံးနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ၊ အကျိုးရှိစွာ အသုံးပြုရေးအတွက် မြို့နယ်အဆင့်အထိ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။

စီးပွားရေးမူဝါဒ တတိယအချက်ဖြစ်တဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဘက်စုံတိုးတက်မှုအတွက် တိုင်းဒေသ ကြီး ပြည်နယ်များအလိုက် စီးပွားရေးညွှန်းကိန်းများကို အချိန်ကာလအလိုက် ထိ ထိရောက်ရောက် တိုး တက်လာအောင် ဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်။ မြို့နယ်အလိုက် (ဂျီဒီပီ) တိုးတက် ရုံသာ မက လူတစ်ဦးကျ ၀င်ငွေတိုးတက်ရေး၊ အိမ်ထောင်စုအလိုက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း၊ စားဝတ်နေရေး တိုးတက်မှုရှိရေးစတဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်တိုး တက်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။

စီးပွားရေးမူဝါဒ စတုတ္ထအချက်ဖြစ်တဲ့ ကိန်းဂဏန်းစာရင်းအင်းများ အရေအသွေးပြည့်ဝရေးနဲ့ တိကျ မှန်ကန်ရေးအတွက်ကိုလည်း မြေပြင်ကွင်းဆင်းပြီး တိတိကျကျကောက်ယူခြင်း (Check, Re-check, Counter Check) ဖြင့် ကွက်ကောက်ပြန်လည်စစ်ဆေးခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) တို့ဖြင့် ခိုင်မာ မှန်ကန်သည့်ကိန်းဂဏန်းစာရင်းအင်း၊ သတင်းအချက်အလက်များရရှိမှာသာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision-making, Policy-making) ကိုမှန်ကန်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည် သူလူထုရဲ့ ဆန္ဒသဘောထား (Public Opnion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန် အလှန်ယုံကြည်လေးစားမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများဟာ အရှိန်အဟုန် နဲ့လျင်မြန်စွာ ပြောင်းလဲ တိုးတက် သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီး တစ်ဆင့် အေး ချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ဒီမိုကရေစီခေတ် မှာ ပြည်သူ့ ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ မဖြစ်သင့်မဖြစ် ထိုက်တဲ့ ပြည်သူ အများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှုထိခိုက်တဲ့ဖြစ် စဉ်အထိ ရုတ်ချဉ်းပြောင်း လဲသွား တတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုး တက်အောင်ညီ ညွတ်စွာ ကြိုး ပမ်းဆောင်ရွက်နိုင်သောကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာလက်တွဲ ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးပြည်နယ်များအလိုက် ဆွေးနွေးပွဲများကျင်းပရေးနဲ့ စပ်လျဉ်းပြီး အထူးပြောကြားလိုတာ တစ်ခုရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းဟာ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးရော၊ နယ်မြေအလိုက် ဖွံ့ဖြိုးရေးအတွက်ပါ များစွာအရေးပါပါတယ်။ ဒီနေ့စီးပွားရေးပညာရှင်များရဲ့အကြံ၊ ဥာဏ်တွေ စီးပွားရေး လုပ်ငန်းရှင်များက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တာတွေနဲ့ အခက်အခဲတွေ ပြည်သူလူထု တင်ပြလိုတဲ့ အခက်အခဲများကို ဆွေးနွေးပွဲတွေမှာ နီးနီးကပ်ကပ် ရင်းနှီးပွင့်လင်းစွာ နည်းလမ်း ရှာဖွေ ဆွေးနွေးအဖြေရှာ ပေးနိုင်မယ်ဆိုရင်

- ဒေသဖွံ့ဖြိုးမှုနဲ့ လမ်းတံတားလိုအပ်ချက်တွေ၊ စီးပွားရေးနဲ့ လူမှုရေးလို အပ်ချက်တွေ ကို ပြည်ထောင် စု လွှတ်တော်အထိအချိန်ယူတင်ပြမှုအမျိုးအစား ဒေသအစိုးရနဲ့ ဒေသန္တရလွှတ်တော်အတွင်း မှာဦးစားပေး ကဏ္ဍနဲ့ဦးစားပေးနယ်မြေတွေကိုညှိနှိုင်းလျာထားပေးနိုင်မှာဖြစ်တဲ့အတွက် များစွာ အကျိုးကျေး ဇူး ရှိခြင်း

- မြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး၊ စီးပွားရေး အသင်း အဖွဲ့များ အနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နီးနီးကပ်ကပ် ညှိနှိုင်းကြီးကြပ်နိုင်ခြင်း

- အစိုးရဌာနများနဲ့ ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာတာနဲ့အမျှ ကောင်းမွန်သော အုပ်ချုပ် မှုနဲ့ သန့်ရှင်းသောအစိုးရ (Good Governance, Clean Government) ဖြစ်စေနိုင်ခြင်း

- စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုတိုးတက် ပူးပေါင်း ပါဝင်လာနိုင်ခြင်း

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို နည်းပညာပိုမိုဖြည့်ဆည်းပေးနိုင်ခြင်း

- ဒေသန္တရ မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ခြင်း

- ပြည်သူလူထု၏အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေ ရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့လမ်းမပေါ်ထွက်၍ ဆန္ဒပြရန် မလိုပဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတစ်ဦးချင်းရဲ့ စားဝတ်နေရေး လိုအပ်ချက် များကို ဖြည့် ဆည်းပေးရမဲ့တာဝန်ဟာ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက် ခံယူပြီး မည်သည့်လုပ်ငန်းကဏ္ဍကို ဆောင်ရွက်သည်ဖြစ်စေ၊ အောက်ခြေအထိဆင်းပြီး အောင်မြင်သည်အထိ ဆောင် ရွက်သွားကြပါလို့ မှာကြားရင် နိဂုံးချုပ်အပ်ပါတယ်။








Rohingya Exodus