Latest Highlight

၁၊၊သမ္မတကြီးဦးသိန်းစိန်                                                                      
၂၊၊ ပြည်သူ့လွှတ်တော်ဥကက္ကဌကြီးနှင့်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊                                       
၃၊၊ပြည်နယ်လွှတ်တော်ဥကက္ကဌကြီးများနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အကြောင်းအရာ၊၊ ၊၊ရခိုင်ပြည်အတွင်းဖြစ်ပွါးနေသော လူမျိုးရေးဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက် မှု များ၊၊ 
လူကြီးမင်းများခင်ဗျား၊
အကြောင်းအရာပါ ကိစစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်အတွင်း ယခုနှစ်မေလ ကုန် ပိုင်း မှ စ၍၊ အိစစ္စလာမ် ဘာသာဝင်များအား၊ လူမျိုးရေးဘာသာရေး အရ ခွဲခြားအကြမ်း ဖက် တိုက်ခိုက်မှုများတွင်၊ ရာပေါင်း များစွာသော အပြစ်မဲ့မွတ်()လင်များ သတ်ဖြတ် ခြင်းခံခဲ့ ရပါသည်၊၊မြို့နယ်အသီးသီးတွင် ယခုတိုင် ဆက်လက်ဖြစ်ပွါးနေသော ယင်းရက်စက်မှုများ ကို တားဆီး ပေးပါ ရန်လေး စားစွာ တင်ပြ အပ်ပါသည်၊၊
၁၊၊ ၂ဝ၁၂-ခုမေလ(၈)ရက်နေ့တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ မသီတာထွေးအား လူတခိျု့က မုဒိန်းကျင့် သတ်ဖြတ်သည့် ကိစ္စတွင် လူ ငယ်သုံးဦးကို ဖမ်းဆီးထားရာ ကျောက်ဖြူ ထောင်ထဲ၌ သတ်သေသွား သူမှာရခိုင် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ကြောင်း သိရပါသည်၊၊ ကျန် မွတ်()လင်လူငယ်နှစ်ဦးကို သေဒဏ် အပြစ်ပေး ထား ကြောင်း သိရသည်။




DOWNLOAD HERE





အာက်ဖော်ပြပါ ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေးကော်မတီ၏ မေတ္တာရပ်ခံချက်သည် Facebook ပေါ်တွင် မျှဝေ ထားသော မေတ္တာရပ်ခံချက် ဖြစ်ပြီး အများပြည်သူများ သိရှိစေရန်အလို့ငှာ ပြန်လည်ဝေငှလိုက်ရခြင်းဖြစ်ပါသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဆောင်မှုပြုလုပ်၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ပံ့ပိုးကူ ညီမှုများ ပြုလုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေးကော်မတီကို (၁၉-၆-၂၀၁၂)ရက်နေ့တွင် တာဝန်ပေးဖွဲ့ စည်းထားပြီး ဖြစ်ပါသည်။

အထက်ပါကော်မတီ၏ ရည်မှန်းချက်မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးတစ်ယောက် (သို့မဟုတ်) အစ္စလာမ်အဖွဲ့အစည်း အတွက်သာဖွဲ့ စည်းခြင်းမဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခရောက်လျက်ရှိသော လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လူသားချင်း စာနာထောက် ထားသော စိတ်ဓာတ်အပြည့်အဝဖြင့် တတ်စွမ်းသမျှ ကူညီစောင့်ရှောက် ပြန်လည်ထူထောင်ပေးမည် ဖြစ်ပါသောကြောင့် ၎င်းကော်မ တီသို့ ဆက်သွယ်၍ (ဇကာသ်၊ လိလ္လာဟ်၊ ခိုင်ရာသ်) များကို မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၎င်းကော်မတီ၏ Bank Account No. 0451220009504, A/C Name- U Aung Naing + 3, KBZ Bank Bo Aung Kyaw သို့ လည်းကောင်း၊ မိမိလှူဒါန်းလိုသည့် အလှူငွေနှင့် အဝတ်အထည်အစရှိသော အလှူပစ္စည်းများကို အောက်ဖော်ပြပါ ဖုန်းနံ ပါတ်များသို့ ဆက်သွယ်၍ အမြန်ဆုံး ပေးပို့လှူဒါန်းကြပါရန် ထပ်မံ မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ် -

အိုလမာ-အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ် - ဖုန်း - ၂၅၃၆၈၃၊ ၃၇၀၅၃၅၊ ၃၈၅၀၇၆

အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် - ဖုန်း - ၂၅၂၆၀၈၊ ၃၈၉၇၈၆

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ် - ဖုန်း - ၂၄၁၇၁၇၊ ၀၉ ၅၀၈၄၅၈၇၊ ၀၉ ၇၃၁၅၆၈၄၆

မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ဌာနချုပ် - ဖုန်း - ၂၄၁၂၁၂၊ ၂၅၂၇၉၉

မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ် - ဖုန်း - ၂၉၆၁၃၄၊ ၉၀၁၀၀၃၃၊ ၀၉ ၅၁၆၂၆၀၃၊ ဟာဂျီ ဦးအောင်နိုင် (၀၉ ၄၅၀၀၃၁၉၄၈)၊ ဟာဂျီ ဦးချစ်စိန် (၀၉ ၅၁၃၀၂၁၁)၊ ဦးစိန်ဝင်း (၀၉ ၄၃၁၇၆၁၃၆)၊ ဟာဂျီဦးလှအောင် (၀၉ ၅၁၆၄၈၂၉





အမေရိကန်ပြည်ထောင်စု၌နေထိုင်လျက်ရှိသောမြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်၂၀၀ကျော်စည်းလုံးညီ ညွတ်စွာဖြင့်လက်ရှိမြန်မာနိုင်ငံတွင်ဥပဒေမဲ့ဖြစ်ပွားလျက်ရှိသောဘာသာရေးအဓိကရုန်းတွင်သေဆုံး၊ ဒဏ်ရာရရှိသူများနစ်နာဆုံးရှုံးသူများအတွက်ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ရပ်ကိုနယူးယောက်မြို့ကုလသမဂ္ဂရုံး ချုပ်နှင့်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့တွင်ဇွန်လ (၁၉) ရက်နေ့တွင်ကျင်းပခဲ့ပါသည်။


အမေရိကန်ပြည်ထောင်စုတွင်နေထိုင်ကြသောမြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်များသည် မိမိတို့၏မွေးရာပါလူမျိုး၊နေထိုင်ခဲ့ရာဒေသများကိုခွဲခြားခြင်းမရှိဘဲစည်းလုံးညီညွတ်မှု့ကိုအခြေခံ၍လက်ရှိဖြစ်ပေါ်နေသောရခိုင် ပြည်နယ်အဓိကရုန်း၏ဖြစ်ရပ်မှန်များကိုကမ္ဘာမှသိစေရန်ရည်ရွယ်ရုံမကတရားမျှတသောဥပဒေဖြင့်ဆုံးဖြတ်မှုပေးရန်တောင်းဆိုခြင်းဖြစ်သည်။ CNN သတင်းဌာနမှလာရောက်၍ ဆန္ဒပြပွဲကိုမှတ်တမ်းတင်သည့် အပြင် ဆန္ဒပြပွဲတွင်ပါဝင်သူအချို့ကို ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောအခြေအနေအမှန်ကိုမေးမြန်းသွားသည်။

ဆန္ဒပြသူများမှာနိုင်ငံတကာမီဒီယာများမှပြည်တွင်းမီဒီယာများ၏တဖက်သတ်လုပ်ကြံထားသောသတင်းများကိုသာရရှိနေသည်ကိုအထူးပြု၍ပြောကြားခဲ့သည်။


ပြည်တွင်းသို့နိုင်ငံတကာမီဒီယာများဝင်ရောက်ခွင့်မရသောကြောင့် ယခုအခါ တမင်ရည်ရွယ်၍လုပ်နေသော ဤအဓိကရုန်းသည်လွန်ခဲ့သောရာစုနှစ်များစွာမှနေထိုင်လျက်ရှိသောရိုဟင်ဂျာလူမျိုးများကိုလူမျိုးတုန်း သတ်ဖြတ်၍နိုင်ငံတွင်းမှကုန်သည်အထိပြုလုပ်သွားမည်ကိုအထူးစိုးရိမ်နေကြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်းကီမွန်းနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့စာများကိုပေးအပ်ခဲ့သည်။ထိုစာများတွင်

  • တရားဥပဒေစိုးမိုးရေး၊ 
  • တရားမျှတသောဥပေဒေဖြင့် လက်ရှိဖြစ် ပေါ်နေသောအကြမ်းဖက်မှုများကိုကာကွယ်ရေး၊ 
  • နစ်နာဆုံးရှုံးသူများကိုတရားဥပဒေဖြင့်တရားမျှတသောအဆုံးအဖြတ်များ ရရှိရေး၊ 
  • ရိုဟင်ဂျာလူမျိုးများ၏ဆုံးရှုံးသွားသောနိုင်ငံသားအခွင့်အရေးများပြန်လည်ရရှိရေး၊ 
  • လက်ရှိဖြစ်ပေါ်နေသော လူမျိုး ရေးမုန်းတီးမှုများ ဘာသာရေးမုန်းတီးမှုများကိုတားဆီးပေးရေး၊ 




နိုင်ငံရေးလှည့်ကွက်အဖြစ်ပြုလုပ်နေသောအဓိကရုန်းများရပ်တန့်ပေးရေးနှင့်အဓိကရုန်းဒဏ်ကြောင့်နစ်နာဆုံးရှုံးသူများကိုအစားအစာ၊ဆေးဝါးနှင့်နေထိုင်ရန်အစီအစဉ်များအမြန်ဆုံးဖော်ဆောင်ပေးရေးတို့ကိုအဓိကတောင်းဆိုရေးသားခဲ့သည်။ ထို့အပြင် နိုင်ငံပြင်ပသို့ရောက်ရှိသွားသော ဒုက္ခသည်များကိုအမြန်ဆုံးပြန်လည်ခေါ်ဆောင်ရန်၊ ဘာသာရေးတားမြစ်မှုများကိုရပ်တန့်ရန်၊

ဖျက်ဆီးသွားသောဗလီများပြန်ဆောက်လုပ်ခွင့်ပေးရန်၊ရွာများပြန်လည်တည်ဆောက်ခွင့်ပေးရန်တို့ကိုလည်းထည့်သွင်းတောင်းဆိုခဲ့ပါသည်။


ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၂း၁၅ အချိန်တွင် ကုက္ကိုင်းလမ်းဆုံ အနီး ပုလဲကွန်ဒိုမျက်စောင်းထိုး ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် ကားတစ်စီး ဖြင့် တိုက်ခိုက်ရေးတွင် အထူးလေ့ကျင့်ထား သည်ဟုယူဆရသော

အရွယ်တူသန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါ သည်။ အဆိုပါ အကြမ်းဖက် သမားများ သည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံ အချို့ အားဖျက်စီးခဲ့ကြောင်း

ပလီပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းရောင်းသော ဆိုင်တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အား ၀င်ရောက် ဖျက် စီးခဲ့ကြောင်း သတင်းရရှိပါသည်။
 
''အဲဒီလာဖျက်စီးတဲ့သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တ ကျ လေ့ကျင့်ထားတဲ့သူတွေနဲ့တူတယ် အမိန့်တစ်ခုအောက်မှာ ၀ုန်းကနဲ့ရောက်လာပြီး ဖျက်ကြတယ်ြ   ပီးတော့ ချက်ြ ခင်း အချိန်ကိုက်လာခေါ်တဲ့ကားပေါ်ကိုတက်ပြေးသွားကြတယ်ဟု အရပ်အမောင်းတွေ က ကောင်း တယ် တညီတည်းပဲ တော်တော်စနစ်တကျ လာဖျက်သွားတာ'' ဟု ပလီပတ်ဝန်း ကျင်တွင်နေထိုင်သူ မျက်မြင်သက်သေများမှ ပြောကြားခဲ့ပါသည်။
 
အခင်းဖြစ်ပွားချိန်အပြီး မြို့နယ်ရဲမူးက ဒေသခံပြည်သူ အနည်းငယ်ကို အမူမဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါ နဲ့ဟုပြောသွားကြောင်းသိရှိရပါသည်။
အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင်တော်လှန်ရေး အတွင်းပါဝင်ခဲ့သော ဆရာတော်တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ဟန်တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိ ရပါ သည်။
မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်းအဖွဲ့ အပါ အ၀င် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက်ရှိသော်လည်း အဆိုပါ ဖျက်စီး ခံရမူနှင့်ပတ်သက်ပြီး ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မတွေ့ ရသေးကြောင်း သိရှိရပါသည်။





စောဇင်ညီ(မြစ်မခ)

ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟုအစ္စလာမ်သာသနာရေးကောင်စီကသတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိ ရှိ ရသည်။

ဘာသာဝင်ကောင်းမပာုတ်ပာုသတ်မှတ်ရခြင်းမှာအစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအားအလိုမတူဘဲ ပေါင်း သင်းဆက်ဆံ၍မရကြောင်း၊အလိုတူပါကလည်းမိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်း ဆက်ဆံခွင့်ရှိ သဖြင့်ဘာသာရေးကျင့်ဝတ်နှင့်မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံအစ္စလမ်သာသ နာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

“ကျွန်တော်တို့ဘာသာမှာ မွတ်စလင်လူမျိုးတွေက အဲ့ဒီလို မုဒိန်းကျင့်လို့ရဖို့နေနေသာသာ လက်ထပ် ရင် တောင် လူကြီးတွေ သဘော တူမှရ တာပါ။ဒါကြောင့်သူတို့က ဘာသာဝင်ကောင်းတွေ မပာုတ်ပါ ဘူး။”ပာုဦးဝဏ္ဏရွှေက ပြောသည်။

အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ မွတ်စလင်အမျိုးသားသုံးဦးထဲမှ တစ်ဦးမှာလက်ထပ်ရန် ငွေလိုရာမှ ကျောက်နီမော် ရွာသူ (၁၆)နှစ်အရွယ် အမျိသမီးငယ်အားအတင်းအဓ္ဓမ ရွှေ၊ ငွေလက်ဝတ်လက်စားများယူ၍ တစ်ယောက် တစ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“သူတို့ ဘာသာသနာဝင်ကောင်းတွေ မပာုတ်ပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာနောက်ထပ်လူကောင်း (၁၀) ယောက် အသက်စတေး ရတာတော့ နှမြောစရာပါ၊ လတ်တလောဆိုတော့ ဒေါသ အလျောက်ဖြေရှင်း ကြတာ ဖြစ်မှာပါ။” ပာု ဦးဝဏ္ဏရွှေက ဆက်ပြောသည်။

အထက်ပါ မုဒိန်းမှုနောက်ဆက်တွဲအနေဖြင့် တောင်ကုတ်မြို့တွင်မွတ်စလင်လူမျိုး(၁၀)ဦးအား ရွာသား များက အကြမ်းဖက် သတ်ဖြက်မှုဖြစ်ပွားခဲ့သည်။

ထိုအချက်ကြောင့် မွတ်စလင်လူမျိုးများက တရားဥပဒေအရအမြန်ဆုံးဖြေရှင်းပေးရန် ဇွန်လ ၅ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်အား ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေအညီ အရေးယူနိုင်ရေး အတွက်ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒု-၀န်ကြီး အပါအ၀င် အရာရှိ(၁၆)ဥိးပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့အားဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကဇွန်လ(၆)ရက်နေ့   နေ့စွဲဖြင့် သတင်း ထုတ်သည်။

by Shwe Myitmakha Media Group





By ကိုသားညွန့်ဦး

ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်းရှိတာကြောင့် အခြေအနေတွေအပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက်ခံတွေအပေါ်မှာ နားလည်သည်းခံပြီး ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ မြန်မာလူမျိုးတွေ ကိုယ်တိုင် အားလုံး ပါဝင်ဆောင် ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှ ပစိဖိတ်ရေးရာ ပြောခွင့်ရသူ Darragh Paradiso က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အပြန်အလှန်နားလည်သည်းခံမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေကို လေးစားတဲ့ လူ့အဖွဲ့အစည်း၊ တရားဥပဒေစိုမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့အတူ နောက်ခံပေါင်းစုံ အလွှာပေါင်း စုံက မြန်မာလူမျိုးတွေအားလုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့ အချက်ကို အလေးအနက် ထားရမယ်လို့ ထင်ရပါတယ်။”

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသူတွေအတွက်လည်း ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။

“မူစလင်ဘုရားဖူး ၁၀ ဦးကို လူအုပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဒီသတင်းအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နယ်စပ်ဘက်မှာ ဇွန်လ ၃ ရက်နေ့က ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အဲဒီ မူစလင်တွေကို အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်ဆိုတဲ့ သတင်းကြားရတာ တကယ်တော့ အကြမ်းဖက်မှုပါပဲ။ ဒီ အသက်ဆုံးရှုံးရသူတွေအတွက် ၀မ်းနည်းကြေကွဲရပါတယ်။”

ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိုလည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားပါတယ်။

“ဒီ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေစိုမိုးရေး အတွက် ဒီအဖြစ်အပျက်သတင်းကို စုံစမ်း စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေမလုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။”

ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူများစုက လူနည်းစုကို နားလည်ဂရုဏာထားနိုင်ကြဖို့နဲ့၊ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် ဂရုစိုက်ကြဖို့ တိုက်တွန်းသွားပါတယ်။

“ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာ ထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်း နေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေ ကို အေးအေးချမ်းချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရသတင်းစာပါ အသုံးအနှုန်းကို မကျေနပ်လို့ ရန်ကုန် မူစလင်အချို့ တနေ့က ဆန္ဒပြတာ ရှိခဲ့ပေမဲ့ မနေ့ကတော့ အခြေအနေတွေအားလုံး ငြိမ်ငြိမ်သက်သက်ရှိခဲ့ပါတယ်။

ဒီ အဖြစ်အပျက်တွေကြောင့် လူမျိုးရေးအဓိကရုဏ်းပုံစံ ပြဿနာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာလူထုကို တိုက်တွန်းတာတွေ လုပ်နေပါတယ်။ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့၊ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၁၆ ဦးပါ အဲဒီ စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတို့နဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရပါတယ်။

Source : VOA burmese



သောင်းထိုက်


Photo: Mandalay Gazette

ရခိုင်ပြည်နယ် တောင်ကုတ်မှာဖြစ်သွားတဲ့ စုပြုံလူသတ်မှုရဲ့အစကဘာလဲ?

မြန်မာအစိုးရ မီဒီယာက မွတ်စလင်ကုလားဆိုပြီးကြေညာတာကနောက်မှပါ။ ရခိုင်လူ သတ်မှုဖြစ်အောင် အဓိက မှိုင်းတိုက်ပေးခဲ့တာကတော့ ရခိုင်သတင်းဌာန နိရဉ္စရာပါပဲ။

ဒီသတင်းဌာနဟာ ရခိုင်လူသတ်မှုအတွက် အဓိက ပထမ တာဝန်ရှိပြီး ဒီလူသတ်မှုအ တွက် တာဝန်ယူရမှာဖြစ်ပါတယ်။ ဒီအချက်ကို မှေးမှိန်သွားစေလို့ မဖြစ်ပါဘူး။ ဘာ ကြောင့်လဲဆိုရင် သတင်းမီဒီယာတခုရဲ့  ပါဝါကိုကိုင်ထားပြီး တာဝန်ယူမှုနဲ့ သတင်းမီ ဒီ ယာကျင့်ဝတ်မရှိလို့ အပြစ်မဲ့ ပြည်သူ ၁၁ ဦး အသက်ပေးခဲ့ရတာပါ။ ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုမှာ ရေဒီယို အော်ပ ရေတာ ကိုင်ပြီး လူသတ်စိတ်ကြွအောင် မှိုင်းတိုက်ပေးခဲ့ တဲ့ ဟူတူလူမျိုး စစ်ရာဇ၀တ်ကောင်တွေရဲ့  လုပ်ရပ်နဲ့ အလား သဏ္ဍာန်အတူတူပါပဲ။

နိရဉ္စရာသတင်းဌာနက ဘယ်လို လူသတ်မုန်းတီးစိတ် မှိုင်းတိုက်ခဲ့လည်းဆိုတာ သုံးသပ် ပြပါမယ်။ နိရဉ္စရာမှာ တင်ပြခဲ့တဲ့ သတင်း ၄ ပုဒ်ဟာ လူသတ်စိတ်ကြွစေတဲ့ သတင်းတွေ ပါ။ ဓားသွားကို သွေးပေးခဲ့တဲ့ ကလောင်သွား တွေပါပဲ။ အဓိကချပြသွားတဲ့ အိုင်ဒီယာ တွေကတော့

(၁) အစ္စလာမ်ဘာသာဝင်၊ မွတ်စလင်မ်၊ ကုလား ၃ ယောက် ရခိုင်အမျိုးသမီးတယောက် (၁၆ နှစ်လို့ မှားယွင်းစွာ ဖော်ပြခဲ့) ကို အဓမ္မပြုကျင့်ပြီး ရက် ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အချက်

(၂) မွတ်စလင်မ်တွေဟာ အဲ့ဒီရပ်ရွာမှာ သောင်းကျန်းနေပြီး ရပ်ရွာလူထုကို ခြောက်လှန့် နှောင့်ယှက်နေပေမဲ့ အစိုးရက ဘာမှမလုပ်ပေးတဲ့အချက်ကို ဦးတည်ပြီး

ကုလား၊ မွတ်စလင်မ်၊ အစ္စလာမ်ဘာသာဝင်ဆိုတဲ့ စကားလုံးတွေ ရောထွေးသုံးပြီး ရခိုင်အမျိုးသမီးကို မတရား ရက်ရက်စက်စက်လုပ်သွားတယ်ဆိုပြီး ထပ်ကာထပ်ကာ တင်ပြခဲ့တဲ့အတွက် ရခိုင်လူထုကို ပိုပြီး စိတ်ဆိုးစေ တယ်။ လူမျိုးခြား ဘာသာခြားတွေက ငါတို့ ကို အဲ့ဒီလို စော်ကားနေတယ်ဆိုတဲ့ ဒေါသတွေကို ဆွပေးခဲ့တယ်။ ဒေါသထွက်နေတဲ့ ရခိုင်ပြည်သူတွေဟာ နိရဉ္စရာရောချသလိုပဲ ရိုဟင်ဂျာ၊ ဘင်္ဂလီ၊ မြန်မာမွတ်စလင်မ်၊ ကုလား၊ တိုင်းရင်း သား အစ္စလာမ်ဘာသာဝင် ဘာမှမခွဲခြားတော့ပဲ ကားပေါ်မှာပါလာတဲ့ မွတ်စလင်မ် မှန်သမျှ ဆွဲချပြီး ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ပါတော့တယ်။ (နိရဉ္စရာသတင်းထုတ်ပြန်ပုံကို ပူးတွဲ ကဏ္ဍတွင်ရှုပါ။)

မီဒီယာကျင့်ဝတ်ဖောက်ပြီး သတင်းဖုံးတာလား တိုက်ဆိုင်တာလားတော့မသိပါ၊ မွတ်စလင်မ်တွေ အသတ်ခံရတဲ့ နေ့ မှာပဲ တောင်ကုတ်ကာ ကားချော်လို့  လူ ၈ ယောက်သေတယ်ဆိုပြီး ဖော်ပြခဲ့တယ်။ နောက်ပိုင်း သတင်းတွေ တက်လာမှ ဒီသတင်းပြန်ဖော်ပြတယ်။ ရခိုင်အမျိုးသမီးကိစ္စမှာ ဘာသာရေးကို တငင်ငင်ဖော်ပြခဲ့ပေမဲ့ မွတ်စ လင်မ် အသတ်ခံရတဲ့သတင်းမှာတော့ ဗုဒ္ဓဘာသာတွေကို စုဖွဲ့ ပြီး ရိုက်သတ်တယ်ဆိုပြီး မပြောတာက မသိနားမ လည်လို့  အစ္စလာမ်ဘာသာကို ထည့်ရေးမိတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေး မုန်းတီးစိတ်ဆွပေးတယ် ဆိုတာ ထင်ရှားနေပါတယ်။

ပိုပြီးတော့မှ ထူးခြားတာက နိရဉ္စရာသတင်းဌာန ၀ဘ်ဆိုဒ်ဟာ ၂၀၀၅ ကတည်းက ရခိုင်အမျိုးသမီးကေ့စ်နဲ့မှ လူဝင်ကြည့်မှုအများဆုံးဆိုပြီး အောင်ပွဲခံခဲ့ ပါတယ်။ ရခိုင်ပြည်နယ်မှာ မုဒိန်းမှု၊ လူသတ်မှု၊ အဓမ္မလုပ်အား ပေးမှု၊ မြေသိမ်းမှု ပေါင်းစုံဖြစ်နေပေမဲ့ ခုလို အဓမ္မမှုတခုကို ခုတုံးလုပ်ပြီး လူမျိုးရေးဘာ သာရေးတွေရောပြီး နာမည်ကြီး အောင် အမြတ်ထုတ်သွားတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့် တကယ်တန်းတော့ ဒီလူသတ်မှုကို မှိုင်းတိုက်ပေးခဲ့တာကတော့ နိရဉ္စရာသတင်းဌာနဖြစ်တဲ့အတွက် အဲ့ဒီသတင်းဌာနမှာ အပြည့်အ၀ တာဝန် ရှိပါတယ်။ ဒီကိစ္စအတွက် နိရဉ္စရာက တနေ့ တချိန်မှာ တာဝန်ယူပေးရမှာဖြစ်ပါတယ်။

ပူးတွဲ -

နိရဉ္စရာသတင်းတင်ပြပုံ (ဒန်ငြာရှိန်းဆောင်းပါးမှ-)

ရခိုင်သတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

- ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

- မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

- ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

- တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသောမွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

- သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

- တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

- အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

- မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

- အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

- မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

- အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

- စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း



ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ”ပါသတင်းမှာ

- ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

Source : MMSY



ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ သတင်း စာ ထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသား အချို့နှင့် ပတ်သတ်လို့ မကျေနပ် သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရ ဘက် က ပြန် လည် ပြင် ဆင် ပေးသွား ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံး အနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုေ တာ့ ဆွေးနွေးနေ ဆဲ လို့ ပြောပါ တယ်၊ ဒီအကြောင်း ကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊

ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့  ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊

ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊

“သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။”

ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။

“တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ”

အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊

“ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ.. ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့ အသိပေးတာတွေ လုပ်ပါတယ်”

ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့ ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိုးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)


မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။

ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ 

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့ လည်း တော်တော်ဆိုးပါတယ်။

ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကိုအခြေခံပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority အစုများတဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီ လိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။

အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။

ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။

ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-

”More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”

The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

(ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ကတော့ ပြည်နယ်အ တွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။

အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

သတင်းကို အခုလို အစချီဖော်ပြထားပါတယ် -

The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.

(ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ -

Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

“We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.

“We all are living here together. We, as well as the government, have the duty to control it,” he told AFP.

(ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

“ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ်မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။

ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါတယ်။

အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။

သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။

အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက

“အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။

၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။

၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။

ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။

နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။

ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။

ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

- ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

- မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

- ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

- တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

- သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

- တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

- အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

- မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

- အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

- မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

- အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

- စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း



ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

ပါသတင်းမှာ

- ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီသတင်းမှာ

- အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

- ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့်

ရေးသားထားပါတယ်။

ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ်ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင် မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။

ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။

နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများအတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။

ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။

စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။

နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

Source : MMSY






မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ (၅.၆.၂၀၁၂) ညနေ ၅ နာရီတွင် မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။

ပန်ကြားလွှာအပြည့်အစုံမှာ-


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ

“(၅.၆.၂၀၁၂) ရက်နေ့ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံသားပြည်သူများ အကြားတွင် သဘောထားကွဲလွဲလျက် ရှိပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းကြီး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ တင်ပြပြီး တရား ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းအစ္စလာမ်အဖွဲ့အစည်း ၅ခု၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ချက်ကို ဗလီများသို့ လိုက်လံဖြန့်ဝေလျက်ရှိကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ မော်လ၀ီအဖွဲ့ဌာနချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်စိုးက ပြောသည်။

Source : MMSY



















ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။

စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။


__________________________________________________________________


တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို



မွန်းလွဲ ၁နာရီ ၅၈ မိနစ်၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ရန်ကုန်မြို့ ဆူးလေ ဆွန်နီဂျာမေးလ် ဗလီရှေ့တွင် လူ ၅၀၀ ခန့်စုဝေး တောင်းဆိုလျှက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက စုဝေးနေသည့် လူအုပ်အား စိတ်ရှည်သည်းခံကြရန် လူမျိုးဘာသာရေး ခွဲခြားဆက်ဆံခံရမှုများအတွက် ထောင်ထဲတွင် နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းစွာ သည်းခံဖို့၊ စိတ်ရှည်ဖို့ ဖျောင်းဖျပြောဆိုသွားသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် ကိုမြအေးမှာ ပြန်သွားပြီဖြစ်ကာ လူအင်အား ၅၀၀ ခန့်ထိရှိလာပြီး ဆန္ဒထုတ်ဖေါ်သည့် ဆိုင်းဘုတ်ငယ်များ၊ တောင်ကုတ်တွင် အသတ်ခံရသည့် ဓါတ်ပုံများအား ကိုင်ဆောင်၍ ပြသလျှက်ရှိသည်ဟု သိရသည်။

အစိုးရ အနေဖြင့် ယနေ့ထုတ် သတင်းစာနှင့် ရုပ်သံများတွင် ယခင်ရက်များက ရခိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတင်းဖေါ်ပြထားကာ အရေးယူစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ။

________________________________________________________________
ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို

ကိုကြည်လွင်၊ကိုမြအေး၊မမီးမီး၊ကိုစိုးထွန်းတို့အားတွေ့ရစဉ်။

မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။

ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

YPI

Photo credit : The voice weekly 
News : Myanmar Popular News & YPI
********************************************************************************

ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ





ယနေ့ ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အစ္စလမ် ဘာသာဝင်တချို့(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည်    ၁၀ ဦးသတ်ဖြတ်ခံရခြင်းနှင့်ရခိုင်အမျိုးသမီးလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများနှင့်ပတ်သက်ပြီးတရားဥ ပဒေအရအရေးယူ ဆောင်ရွက်ပေးရန်ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။

ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့်အမှုအခင်းအားအစိုးရသတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသောအသုံး အနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။

အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌“သံတွဲမှရန်ကုန်သို့ မောင်းနှင်လာသောရိုးမသစ္စာခရီး သည်တင်မှန်လုံယာဉ်ပေါ်မှမွတ်ဆလင်ကုလား၁၀ဦးအသတ်ခံရ”ဟူ၍သတင်း ခေါင်းစဉ်၌   ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။

အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။

မေလ ၂၈ ရက်ကလည်းရခိုင်ပြည်နယ်ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုသပြေချောင်း ကျေးရွာနေ အသက်၂၇ နှစ်ရှိမသီတာထွေးကိုလူငယ်၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်၍လက်ဝတ်လက်စား ရွှေထည်ပစ္စည်း များယူဆောင်သွားသည့်အမှု ဖြစ်ပွားခဲ့ပြီးယင်းအမှုနှင့်ပတ်သက်၍လည်းယခုဆန္ဒပြသူများကတရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း   ဖြစ်သည်။

ဧရာဝတီ

******************************************************************************

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္ဈိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက်ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန်အတွက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
isaland2
ရန်ကုန်မြို့၊ ဆူလေဘုရားအနီး ဘင်္ဂါလီ စွန်နီ ဂျာမေ့ ဗလီတွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီ ဝန်းကျင်တွင် ဆန္ဒပြနေကြသည့် အစ္စလာမ်ဘာသာဝင်များအား ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး က လာရောက်အားပေး ထိန်းသိမ်းနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက်မလာခင်က အခြေအနေ တော်တော်တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင်ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က
ဝေဖန်ပြောဆိုလိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။


(မဇ္ဈိမ)
**************************************************************************

ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်


ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီးရှိ ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင် တချို့ ယခု ဆန္ဒဖော်ထုတ် လျှက်ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁၀ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။



ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂



သို့ 

အယ်ဒီတာ၊

နိရဉ္စရာ သတင်းဌာန



နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့်
ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုညတွင်းချင်း ဖမ်းမိ

ခေါင်းစဉ်ပါ သတင်း နှစ်ပုဒ်သည် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ သည့်အတွက် Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ဖြစ်၍ မိမိတို့  အထူးကန့် ကွက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေးဘာသာရေးကိစ္စအသွင်ဖြင့် ရေးသားဖော်ပြထားသည့်အတွက် မီဒီယာကျင့်ဝတ် ချိုးဖောက်ခြင်းဖြစ်သည်။

ရာဇ၀တ်မှုကျူးလွန်သူများသည် လူမျိုးတိုင်းဘာသာတိုင်းတွင်ရှိသည်။ နစ်နာသူများသည်လည်း လူမျိုးတိုင်း ဘာသာတိုင်းတွင်ရှိသည်။ လူမျိုးဘာ သာခြားကို ကျူးလွန်သကဲ့သို့  လူမျိုးတူဘာသာတူချင်း ကျူးလွန်ခြင်းလည်းရှိသည်။

ဗမာစစ်တပ်က တိုင်းရင်းသား အမျိုးသမီးများအား မတရားပြုကျင့်သောအခါ ဗမာဗုဒ္ဓဘာသာက ကျူးလွန်သည်ဟု ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ကြပါ။ ထိုနည်းတူ ၂၀၁၀ ဇန်န၀ါရီလတွင် မုဒိန်းပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးအမှုကို သတင်းပို့ ရာတွင် ကျူးလွန်သူ၏ လူမျိုးနှင့် ဘာသာကို မဖော်ပြခဲ့ဘဲ နစက ၀န်ထမ်းဟုသာ ဖော်ပြကြသည်။

ရာဇ၀တ်မှုသည် ကျူးလွန်သူများနှင့်သာဆိုင်ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူရမည် ဖြစ်သည်။ သို့ ရှိရာ လူမျိုး၊ ဘာသာနှင့် ပူးတွဲဖော်ပြခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြသနာများပေါ်ပေါက်စေရန် တွန်းအားပေးရာရောက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေး ဘာသာရေး သတင်း အသွင်ရောက်စေသည့် အထက်ပါ သတင်းနှစ် ပုဒ်အား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့်၊ နောက် နောင်တွင်လည်း ရာဇ၀တ်မှု ကျူးလွန်သူများအား လူမျိုးရေး၊ ဘာသာရေးတို့ ဖြင့် ယှဉ်တွဲခြင်းမပြုရန် လေးစားစွာ တိုက်တွန်းအကြောင်း ကြားအပ်သည်။



MMSY Media (news.mmsy.info)

မြန်မာမွတ်စလင်မ်သတင်း (myanmarmuslim.net)

ဆက်သွယ်ရန် - news@mmsy.org



မိတ္တူ




အယ်ဒီတာနှင့် တာဝန်ရှိသူများ

- ဘီဘီစီ (မြန်မာပိုင်း) - မဇ္ဈိမ

- ဘီအိုအေ (မြန်မာပိုင်း) - မြန်မာတိုင်မ်း

- အာအက်အေ (မြန်မာပိုင်း) - Eleven Media

- ဒီဗွီဘီ - The Voice

- ဧရာဝတီ – 7 Days News

Source here


မြတ်ဦး



အမျိုးသမီးများကိုစော်ကားမှုအား လူမျိုးဘာသာအခြေခံဖြင့်လုံ့ ဆော်တင်ပြခြင်းသည် တရားဥပဒေစိုးမိုးရေးလား၊ စနစ်ဆိုးသက်ဆိုးရှည်ရေးလား။

မြန်မာအစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း ဘာသာရေး ပြသနာများဖန်တီးကာ နိုင်ငံရေး အာရုဏ်လွဲပေးလျက်ရှိ သည်။ ပြည်သူများက အစိုးရကို ဆန့် ကျင်လာပြီဆိုလျှင် မငြိမ်မသက်ဖြစ်လာပြီဆိုလျှင် ဘာသာရေးပြသနာ မီးထွန်းရှာကာ အာရုဏ်လွဲပေးလျက်ရှိ ရာ ယခုအချိန်တွင် မြန်မာအစိုးရသည် ပြည်သူများ လျှပ်စစ်မီးရရှိရေးဆန္̕ဓပြမှုများ အပြင် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နေမှုများအပေါ် အခဲ မကျေမှုများနှင့် ပတ်သက်ပြီး အကျပ်တွေ့ နေဟန်ရှိသည်။ သို့ ရှိရာ လူမျိုးရေး ဘာသာရေး ပြသနာများ အစပေးလာမည်ကို အထူးသတိထားရန်လို သည်။

အစိုးရ လုပ်ထုံးလုပ်နည်းတခုမှာ မြန်မာအမျိုးသမီးများအား ကုလားများ စော်ကားသွားသည်ဆိုသည့် သတင်းဖြန့် ကာ အစပျိုးပေးတတ်သဖြင့် ယခု သမယတွင် ဤကဲ့သို့  အဖြစ်များကို အထူးဂရုပြုရမည်။ ဂရုပြုရမည့် နည်းလမ်းတွင် ရာဇ၀တ်မှုပေါ်လာပါက ရာဇ၀တ်မှုကို ရာဇ၀တ်မှုကဲ့သို့ သာ သတင်း များတွင်ဖော်ပြဆွေးနွေးရမည်။ လူမျိုးရေး ဘာသာရေးများ ဆွဲချိတ်၍ ပြည်သူများအား လှုံ့ဆော်၍ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်လာပါက အစိုးရ ထောင်ချောင်မိသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဆွဲချသူများလည်းဖြစ်ပေမည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏ ၂၀၀၇ ခုနှစ် ဆောင်းပါးဖြင့် ပြန်လည် ဆွေးနွေးတင်ပြလိုသည်။


Photo: thejuriexpert.com

အမျိုးသမီးများအား မတရားပြုကျင့်မှုသည် လူမျိုးတူ ဘာသာတူများအချင်းချင်းအတွင်း၌ဖြစ်တတ်သကဲ့သို့ လူမျိုးမတူ၊ ဘာသာမတူသူများမှပြုကျင့် သည်လည်းဖြစ်တတ်သည်။ ဘာသာလူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီးတဦးဦး သို့ မဟုတ် တစ်စုကိုမတရားပြုကျင့်သည်ဆိုလျှင် ထိုပြု ကျင့်မှုမှာ ရာဇဝတ်မှုဖြစ်၍ ရာဇဝတ်ဥပဒေများအရ အရေးယူရမည်။ ထိုပြစ်မှုများကို ကိုယ်ကျင့်တရား အလွန်ယုတ်ညံ့သူများကသာ ကျူးလွန်တတ်ကြ သည်။

ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ အစိုးရက အရေးမယူဘဲ လျစ်လျူရှုနေလျှင် အစိုးရအားတိုက်တွန်းနိုးဆော်ရပေ မည်။ သို့ ရာတွင် မြန်မာသတင်းများတွင် ရာဇ၀တ်မှုများကို ဘာသာလူမျိုးများဖြင့် ဖော်ပြလေ့ရှိသည်ကို သတိပြုမိသည်။

ဒီလူမျိုး ဒီဘာသာဝင်တွေက ဒီလိုမတရားပြုကျင့်နေပါသည်လို့  ဖော်ပြခြင်းသည် လျော်ကန်မှုမရှိပေ။ တလွှဲဆံပင်ကောင်းရာကျသည်။ အမျိုးသမီးများ အား မတရားပြုကျင့်ခြင်းသည် ကျူးလွန်သူလူတစ်ဦးတစ်ယောက်နှင့်သာဆိုင်သည့် ကိစ္စဖြစ်သည်။ လူတစ်မျိုးလုံးနှင့်မဆိုင်၊ သူကိုးကွယ်သည့်ဘာသာ နှင့်လည်း မသက်ဆိုင်ပေ။ သူ့ ပြစ်မှုကြောင့် လူမျိုးရေး ဘာသာရေး ပြသနာများလည်း မဖြစ်သင့်ပါ။ ကျူးလွန်သူကိုသာ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူရမည်။

မြန်မာနိုင်ငံအတွင်းတွင် ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူလေ့ရှိသည်မှာငြင်းကွယ်၍မရပါ။ မြန်မာပြည်တွင် ဗမာလူမျိုးသည် လူများစုဖြစ်သည်။ အ စိုးရဝန်ထမ်းများမှာလည်း ဗမာအများစုဖြစ်သည်။ သို့သော် အမျိုးသမီးများကို မတော်မတရားကျူးလွန်သူသည် ဗမာဖြစ်နေပါက ဗမာလူမျိုးဖြစ်သည်ဆို ကာ လူမျိုးပေါ်အခြေခံ၍ အရေးမယူပါ။ လူမျိုးအခြေခံရအလည်း လျစ်လျူမရှုပါ။ ထို့ကြောင့် လူမျိုးအမည် ဘာသာအမည်ကိုင်ပြောခြင်းသည် ရာဇဝတ်မှု အား လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီသို့ ဦး တည့်ပေးရာရောက်ပါသည်။ တကမ္ဘာလုံးက ဝိုင်းတိုက်နေသည့် Racism ကျူးလွန်ခြင်းဖြစ်သည်။

Racism သည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တရားမျှတ ရေးတို့ကို အဟန့်အတားဖြစ်စေသည်။ Anthropology (မနုသဗေဒ) (သို့ ) Political Psychology (နိုင်ငံရေး စိတ်ပညာ) ရှုထောင့်မှကြည့်လျှင် လူမျိုးတစ်မျိုး (သို့မဟုတ်) ဘာသာတစ်ခု အား မုန်းတီးသည့်စိတ်ဖန်တီးခြင်းသည် ထိုလူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းကိုသာ မုန်းတီးစေသည်သာမက၊ အခြားလူမျိုးများနှင့် ဘာသာများအ ကြားတွင်ပါ မုန်းတီးစိတ်ကိုဖန်တီးတတ် သည့်သဘာဝရှိသည်။ အဘယ်အကြောင့်ဆိုသော် ဖန်တီးပေးလိုက်သောစိတ်သည် “လူမျိုးမုန်းတီးစိတ်” ဖြစ် သည့်အတွက် မည်သည့်လူမျိုးအပေါ်တွင်မဆို ထိုစိတ်ကျရောက် တတ်သည်။ ထိုစိတ်သည် မိမိနှင့် မတူသည့်အုပ်စုတိုင်း (differences) အား စိမ်းကားသည့်စိတ်၊ မရင်းနှီးသည့်စိတ်၊ ရွံမုန်းသည့်စိတ်၊ မယုံကြည် ချင်သည့်စိတ်၊ မုန်းတီးစိတ် ၊ နှင့် မပူးပေါင်းဖယ် ခွာလိုသည့်စိတ် များကိုဖန်တီးပေး သည်။


Photo: Glocal Prov

လူ့အဖွဲ့အစည်းထဲတွင် ထိုမုန်းတီးစိတ်များ ကိန်းအောင်းလာသည့်အခါ တိုင်းရင်းသားများ၊ ပြည်သူများကြားတွင် ညီညွတ်မှု နှင့် ရင်းနှီးနားလည်မှု၊ သည်းခံတတ်မှုတို့ ကို ဖျက်ဆီးစေတတ်ပါသည်။

ဘာသာရေးမုန်းတီးမှုကိုဖန်တီးခြင်းသည် ဖိနှိပ်သူများအာဏာတည်မြဲရေး အတွက် အရေးပါသည့်  မဟာဗျူဟာအား အထောက် အကူပြုရာရောက်စေ သည်။ မြန်မာစစ်အစိုးရ ဆက်ဆက်တွင် ဘာသာရေးမုန်းတီးမှုဖန်တီး၍ အမြင်ကျဉ်း အစွန်းရောက်သူများ၏စိတ်တွင်း၌ မွတ်စလင်၊ ခရစ်ယာန်နှင့် တရုတ်မုန်းတီးရေးစိတ်ကို Reserve အဖြစ် သိုမှီးထားသည်။ နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း (သို့မဟုတ်) အစိုးရ၏ အာဏာကို ထိပါး မည့် နိုင်ငံရေးမငြိမ်သက်မှုပေါ်လာတိုင်း ထိုသိုမှီးထားပေးသော ဘာသာရေးမုန်းတီး စိတ်ကိုထုတ်သုံးကာ ပြည်သူများ၏ နိုင်ငံရေးအာရုံကို ဘာသာရေး ပဋိပက္ခဖက်သို့ အာရုံလွဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု အားကျဆင်း သွားစေခဲ့သည်။ ဥပမာများ အမြောက်အများ ရှိပြီးဖြစ် သည်။ ၁၉၈ရ ငွေသိမ်းနောက်ပိုင်း ကုလား-ဗမာ အဓိကရုဏ်းများ၊ ဒီပဲယင်းအပြီး ဘာသာရေးအဓိကရုန်း ဖန်တီးပေးခဲ့ခြင်းများမှာ သာဓကများဖြစ်သည်။ ယခုအခါ လျှပ်စစ်မီးဆန္ခပြနေမှုများနှင့် ပတ်သက်၍ အစိုးရအကျပ်ရိုက်နေပုံထောက်၍ သတိထားသင့်သည်။

နိဂုံးချုပ်ရလျှင် မိမိတို့၏တိုက်တွန်းနိုးဆော်ချက်၊ အသိပေးကြေညာချက်များသည် တိုင်းပြည် ငြိမ်းချမ်းတော့မည့်ဆဲဆဲတွင် လှည့်ဖျားခံလိုက်ရပြီး အစိုးရအလိုကျ နိုင်ငံရေးအာရုံလွဲပေးသည့်အဖြစ်မှ အထူးသတိပြု ရှောင်ရှားရမည်။ ရာဇ၀တ်မှုများ ကြုံလာပါက ရာဇ၀တ်မှုမဖြစ်သာ တင်ပြပြောဆိုပြီး လူမျိုးဘာသာများချိတ်ဆွဲတင်ပြပြောဆိုခြင်းဖြင့် လူမျိုးဘာသာပြသနာမသွင်သို့ မရောက်စေရန် အထူးဂရုပြုရမည်။

မှတ်ချက်။ ဤဆောင်းပါးပါအချက်နှင့် အမြင်များသည် စာရေးသူ၏ အမြင်များသာဖြစ်သည်။

credit: MMSY


မေလ ၁၊ ၂၀၁၂


ငါတို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တိုင်းကျိုး ပြည်ကျိုးကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့သူများဖြစ်၏။

ငါတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်များတွင်သာမက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပွဲသိမ်းလွတ်လပ်ရေး တိုက်ပွဲကြီးတွင်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူများဖြစ်၏။

ငါတို့သည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင်လည်း ဆက်လက်ပေးဆပ် ရုန်းကန်နေသူများဖြစ်၏။

ငါတို့သည် မြန်မာ့လူ့ဘောင်၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားစသော နယ်ပယ်အသီးသီးတွင် သမိုင်းမှတ်တိုင် စိုက်ထူခဲ့၊ စိုက်ထူဆဲသူများဖြစ်၏။

ငါတို့သည် ဒို့ဗမာအစည်းအရုံးကြီး၏ ပထမဆုံး ထုတ်ပြန်သော ၁၉၃၀ခု၊ မေလ(၃၀)ရက်နေ့ ကြေညာစာတမ်းပါ “အို - - - ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက် တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော” ဟူသည့် ဗမာ့လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို မတွန့်မဆုတ် ရဲရဲတောက် အလျှင်အမြန် တုန့်ပြန်ခဲ့သူများဖြစ်၏။

ငါတို့သည် မြန်မာ့ရာဇဝင်သမိုင်းတွင် ဖယ်ချန်ထား၍ မရသော မော်ကွန်းထိုးထိုက်သည့် အင်အားစုတစ်ရပ် ဖြစ်သည်နှင့်အညီ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ၁၉၄၆ခုနှစ် ဖေဖေါ်ဝါရီလ(၁၇)တွင် စတင်ကျင်းပသော နောင်ဖြစ်ထွန်းလာမည့် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး အခြေခံမူများချမှတ်သည့် အဖွဲ့အစည်းပေါင်းစုံပါဝင်သော ဖဆပလ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဆုံးဖြတ်ချက်အမှတ်(၆)အရ ဗမာမွတ်စလင်များကို မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အတိအလင်း တရားဝင် အသိအမှတ်ပြုခဲ့ရသူများဖြစ်၏။

ငါတို့သည် မနေ့တနေ့ကမှ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပမှ ဝင်ရောက်လာသူများ မဟုတ်။ နယ်စပ်ဖြတ်ကျော် တရားမဝင် ခိုးဝင် နေထိုင်သူများလည်း မဟုတ်။ အမှန်စင်စစ် ငါတို့သည်ကား အမိဖက်မှ သော်လည်းကောင်း၊ အဖဖက်မှ သော်လည်းကောင်း၊ အမိအဖနှစ်ပါးလုံးမှ သော်လည်းကောင်း၊ တိုင်းရင်းသားစစ်စစ်များမှ ပေါက်ဖွားဆင်းသက်လာကြသော တိုင်းရင်းသားများသာဖြစ်၏။ အခြားသူများ အမိနိုင်ငံကို ချစ်သကဲ့သို့ ငါတို့ ချစ်၏။ အခြားသူများ အမိနိုင်ငံအတွက် အသက်စွန့်သကဲ့သို့ ငါတို့ စွန့်၏။ ငါတို့တွင် ချစ်ရန်၊ သေရန်၊ ကာကွယ်ရန်၊ အကျိုးပြုရန် အမိမြန်မာနိုင်ငံမှအပ အခြားမရှိ။ ထို့ကြောင့် ငါတို့ကို ခိုးဝင် ခုန်ချလာသူ ရေမျောကမ်းတင် နိုင်ငံမဲ့များသဖွယ်၎င်း၊ ဒုတိယတန်းစား နိုင်ငံသားဖြစ်သော ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြု ခံရသူများသဖွယ်၎င်း ခွဲခြားနှိမ့်ချ ဆက်ဆံနေမှုမှန်သမျှ ငါတို့လက်မခံ။

ငါတို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မြန်မာမွတ်စလင် အစုအဖွဲ့အဖြစ် တည်ရှိနေသော်ငြားလည်း စင်စစ်သော်ကား ငါတို့သည် မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကမန်၊ ပသျှူး၊ ပသီစသည့် တိုင်းရင်းသားများဖြစ်သည့်အလျောက် တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူလူထုကြီး၏ အကျိုးစီးပွါးသည် ငါတို့၏ အကျိုးစီးပွါးဖြစ်ပြီး ငါတို့၏ အကျိုးစီးပွါးသည်လည်း တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူလူထုကြီး၏ အကျိုးစီးပွါးနှင့် ထပ်တူဖြစ်သည်ဟု အစဉ်အဆက် ခိုင်မြဲစွာ ယုံကြည်သူများဖြစ်၏။
အို - - - မြန်မာမွတ်စလင်အပေါင်းတို့

ကိုးကွယ်ယုံကြည်မှုတွင်သာ မတူခြားနားမှုရှိသော တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူလူထုကြီးသည် အမှန်စင်စစ် ငါတို့နှင့် သေအတူ၊ ရှင်မကွာ၊ အေးအတူ၊ ပူအမျှ၊ ကံကြမ္မာချင်း စည်းနှောင်ထားသော ငါတို့၏ သွေးချင်း ရင်းချာများ ဖြစ်ကြသည် မဟုတ်တုံလော။ ထိုသွေးချင်းများက ငါတို့ကို နားမလည် ငြင်းပယ်မှုများရှိနေလျှင် ငါတို့၏ ချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ သွေးချင်းများ၏ အထင်အမြင်လွဲမှားမှုများကို လုံလောက်ထိရောက်စွာ မချေဖျက်နိုင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ရာ၏။

အို - - - မြန်မာမွတ်စလင်အပေါင်းတို့

အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော အမိနိုင်ငံတော်သစ်ကြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းကာ အလျှင်အမြန် ပြန်လည်နိုးထ စည်ပင် အေးချမ်းသာယာလာရေးသည် ငါတို့၏ တာဝန်များပင် မဟုတ်လော။ တိုင်းကျိုး ပြည်ကျိုးကို မဆုတ်မနစ် တန်းတူရည်တူ တစည်းတလုံး ထမ်းဆောင်ခွင့်ကို ငါတို့ ရလိုကြသည် မဟုတ်လော။ တာဝန်သိသော၊ တာဝန်ကြေသော အမိနိုင်ငံ၏ သားကောင်းများ သမီးကောင်းများ ဖြစ်လိုကြသည် မဟုတ်လော။

အို - - - မြန်မာမွတ်စလင်အပေါင်းတို့

ဗမာ့လွတ်လပ်ရေး ခရီးကြမ်းရှည်ကြီးတွင် ဗမာမွတ်စလင်များ စုစည်းထိရောက်စွာ ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်းချက်အရ အာဇာနည် ဆရာကြီး ဦးရာဇတ်သည် ဗမာမွတ်စလင် အဖွဲ့ပေါင်းစုံပါဝင်သော နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် ကွန်ဂရက်ကြီးကို ၁၉၄၅ခုနှစ်တွင် ပျဉ်းမနားမြို့၌ စည်းရုံးခေါ်ယူကျင်းပခြင်းဖြင့် လွတ်လပ်ရေးတိုက်ပွဲကြီးမှာ ဂုဏ်ပြောင်စွာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲနိုင်ခဲ့သကဲ့သို့ ယနေ့ အမိမြန်မာနိုင်ငံတော်သစ်ကြီး ပြန်လည်ဦးမော့ရေးတွင်လည်း ကျရာနေရာမှ ကျေပွန်စွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန်အလို့ငှာ ငါတို့မြန်မာမွတ်စလင်များ၏ နိုင်ငံလုံးကျွတ် ညီလာခံကြီးကို တည်ဆဲဥပဒေများ၏ ဘောင်အတွင်းမှ ခေါ်ယူကျင်းပကြရန် အရေးတကြီး လိုအပ်နေပြီဖြစ်၏။

ထိုနိုင်ငံလုံးကျွတ် ညီလာခံကြီး ဖြစ်မြောက်ရေးအတွက် မြန်မာမွတ်စလင် အချင်းချင်း ချစ်ကြည်စွာ ဆွေးနွေးတိုင်ပင်ကြလော။ ဆရာတော် သံဃာတော်များအပါအဝင် ဘာသာပေါင်းစုံ ဦးစီးခေါင်းဆောင်များထံ ချဉ်းကပ် လျှောက်ထားကြလော။ ဘာသာပေါင်းစုံ မြန်မာပြည်သူများ၏ ထောက်ခံမှုကို ပန်ကြားကြလော။ တိုင်းပြည်အုပ်ချုပ်သူ အဆင့်ဆင့်၏ သဘောထားကို တောင်းခံကြလော။

ထိုညီလာခံကြီးတွင် ငါတို့မြန်မာမွတ်စလင်များ၏ တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်၊ တိုင်းကျိုး ပြည်ကျိုးဆောင်လိုသော စိတ်ဓါတ်၊ အကြမ်းမဖက် ငြိမ်းချမ်းရေးကို မြတ်နိုးသော စိတ်ဓါတ်၊ အပြန်အလှန် ချစ်ကြည် လေးစားတတ်သော စိတ်ဓါတ်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုစသော လောကပါလတရားများကို ထိမ်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓါတ်များကို မြန်မာသိ၊ ကမ္ဘာသိဖြစ်အောင် ထုတ်ဖေါ်ပြသကြလော့။

မြန်မာမွတ်စလင်တွေ နိုးထကြလော့။ ညီညွတ်ကြလော့။ တာဝန်သိသော၊ တာဝန်ရှိသော၊ မြန်မာ့လူ့ဘောင်တွင် အလေးထား အားကိုးထိုက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သားကောင်း၊ သမီးကောင်းများဖြစ်ကြောင်း သက်သေထူကြလော့။

မြန်မာမွတ်စလင် ညီလာခံဖြစ်မြောက်ရေး နှိုးဆော်သူများ

မှတ်ချက်။ ။ ယာယီ ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့များကို ဦးစွာ မိမိဒေသအလိုက် အချင်းချင်း ညှိနှိုင်းဖွဲ့စည်းကြပြီးနောက် အဆင့်ဆင့်သော ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့များကို နောင်သင့်လျော်သောအချိန်တွင် တရားဝင် ဖိတ်ကြားဖွဲ့စည်းမည်။


၁။ အမိမြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမှုကြောင့် တိုင်းရင်းသားများပေါင်းစုံ ရဟန်းရှင်လူပြည်သူများက မျှော်လင့်ချက်ထား ဝမ်းသာအားရဖြစ်နေရသော ယခုလို အချိန်အခါမျိုးတွင် ကျောက်ပန်းတောင်း၊ ဆိုင်းတောင်(ကချင်ပြည်နယ်)နှင့် ကံမမြို့များတွင် မြန်မာမွတ်စလင်များ၏ သာသနာရေးဆိုင်ရာ အဆောက်အဦးများနှင့် အိုးအိမ်များကို ဘာသာရေး အဓိကရုဏ်းဆန်ဆန် လူစုလူဝေးဖြင့် ဥပဒေမဲ့ တရားလက်လွတ် အနိုင့်အထက် ဖျက်ဆီးခဲ့ခြင်းများကို မြန်မာမွတ်စလင် အစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

၂။ ရှေးမြန်မာမင်းများခေတ်၊ ဗြိတိသျှအုပ်ချုပ်ရေးခေတ်နှင့် လွတ်လပ်ပြီး မြန်မာနိုင်ငံတော်ခေတ်များတွင် တိုင်းရင်းသားများအဖြစ် တရားဝင် အသိအမှတ်ပြုခံထားသော သမိုင်းအထောက်အထား အထင်အရှားရှိသည့်အပြင် မူလဘူတ မြန်မာ့တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးစာရင်းဝင် မြန်မာမွတ်စလင်များကို ဧည့်သည်များ၊ နိုင်ငံခြားသား ကုလားများအဖြစ်၎င်း၊ မြန်မာပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မှန်သမျှတွင် နိုင်ငံတော်၏ ကိုးကွယ်ရာ ဘာသာတစ်ခုအဖြစ် အစဉ်ထည့်သွင်း အသိအမှတ်ပြုခံရသော အစ္စလာမ်သာသနာကို နိုင်ငံခြားဘာသာ၊ ဧည့်သည်ဘာသာအဖြစ်၎င်း၊ အခြေအမြစ်မဲ့ ဗရမ်းဗတာ ပြောဆိုရေးသား၊ ဝါဒဖြန့်နေခြင်းများကိုလည်း ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

၃။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံသည် အာရှမှာ ဂျပန်ကလွဲလျှင် တိုးတက်ဖွံ့ဖြိုးမှု အလားအလာ အကောင်းဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့သော်လည်း ကိုယ့်နိုင်ငံသားအချင်းချင်း တိုက်ခိုက်နေကြသော အနှစ်(၆၀)ကျော် ပြည်တွင်း ပဋိပက္ခပေါင်းစုံကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ကျဆင်းခဲ့ရသည်။ အဖက်ဖက်မှ အောက်ကျ နောက်ကျဖြစ်နေသော အမိနိုင်ငံတော်ကို ကမ္ဘာ့နိုင်ငံများနှင့် ပြန်လည် ရင်ဘောင်တန်းနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ညီညီညွတ်ညွတ် ထူထောင်ကြရန် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာသည့် ယခုလို ကာလမျိုးတွင်ပင် ဝမ်းနည်းကြေကွဲဖွယ်ရာ အတိတ်က အဖြစ်ဆိုးများကို သင်္ခန်းစာ မယူနိုင်သေးဘဲ ကိုယ့်ပြည်တွင်းရှိ စွမ်းအားစုများ (Resources)ကို အလဟသ ပြုန်းတီးစေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို အသစ်တစ်ဖန် ဖန်တီးနေခြင်းသည် အင်မတန်မှ အမျှော်အမြင် နည်းပါးရာ ကျလှပေသည်။
၃။ ကျွန်ုပ်တို့ တိုင်းရင်းသားမြန်မာမွတ်စလင်များသည် ဗုဒ္ဓဘာသာနှင့် ဆရာတော်၊ သံဃာတော်များကို အထူးလေးစား ကြည်ညိုသူများဖြစ်ကြသကဲ့သို့ မိမိတို့ ယုံကြည်ကိုးကွယ်ရာ အစ္စလာမ်သာသနာကို အေးချမ်းစွာ ကျင့်သုံးနေလိုသူများဖြစ်သည်။ မိမိတို့သည် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးလိုသူ အစွန်းရောက်များ စွပ်စွဲသကဲ့သို့ အစ္စလာမ်သာသနာကို မတော်မတရား လွှမ်းမိုးဖြန့်ချိလိုသူများ မဟုတ်သလို၊ မြန်မာပြည်သူအများစု ကိုးကွယ်သော ဗုဒ္ဓဘာသာ၏ အထူးဝိသေသများကိုလည်း လေးစား အသိအမှတ်ပြုသူများဖြစ်သည်။

၎။ ထို့ကြောင့် တိုင်းပြည်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ အပြန်အလှန် ချစ်ကြည်လေးစားရေးတို့အတွက် ကျွန်ုပ်တို့မြန်မာမွတ်စလင်များသည် ဆရာတော် သံဃာတော်များ၊ ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုများနှင့် ဆတက်ထမ်းပိုးတိုး၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၏။


မြန်မာမွတ်စလင် အစည်းအရုံး
ဧပြီလ (၂၉)၊ ၂၀၁၂

Media Contact; ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org; ဒေါ်မော်လီ +1 306 242 4536 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ် များဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့် ကွက်ကြောင်း ကြေငြာ ချက်ထုတ်ပြန်လိုက် သည်။

 မြန်မာနိုင် ငံလုံးဆိုင် ရာ ရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌ ဆရာတော် အရှင် ပဏ္ဍ၀ံသ မှ လက်မှတ်ရေးထိုး ထုတ်ပြန် မိန့်ကြားတော်မူလိုက် သော ယင်းကြေငြာ ချက် တွင် ဆိုင်းတောင် ကျေးရွာနှင့် ကံမြို့များ၏ ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်များ၊ သံဃာတော် များ၊ သောတုဇနများ၏ ပယောဂသဘောထားများ လုံးဝ ပါဝင်ပတ်သက် မှုမရှိပါကြောင်း၊ ငြိမ်းချမ်းမှုမဟုတ် ၊ ဆူပူမှုအုံကြွမှုသာဖြစ်ကြောင်း ၊ ကျွန်ုပ်တို့ ရဟန်းတော် သံဃာတော်များက မနှစ်သက် လက်ခံနိုင်ခြင်းမရှိကြောင်း ၊ဥပဒေ ချိုးဖောက် ဖြစ်ခြင်းကြောင့် သဘောမတူ ကန့် ကွက်ကြောင်း ပရိသတ်လေး မျိုးတို့အား အသိပေးကြေငြာချက်ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။




Source :မွတ်စလင် သတင်းစဉ်





ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် ဘားမားပို့စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အားရည်စူးလျှက် ကျန်ရစ်သည့် မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်တို့က စုပေါင်းပြီး ယနေ့တွင် ကောင်မှု ကုသိုလ် ပြုခဲ့ကြသည်။

ဘန်ကောက်မြို့ ပချာအူထစ် ၃၃ လမ်းတွင် နေထိုင်ခဲ့သည့် ဦးသက်လွင်ဦးသည် (Burma Post) ဘားမားပို့စ် ဟူသည့် မြန်မာစာဖြင့် သတင်းစာ တစ်စောင်အား ၂၀၀၅ ခုနှစ်တွင် ထည်ထောင် ကာ ၂၀၀၉ ခုနှစ်အထိ လစဉ် ထုတ်ဝေခဲ့သည်။

ကျန်ရစ်သည့် မိသားစုဝင်များက အစ္စလာမ်ဘာသာ ထုံစံအတိုင်း ဆုတောင်းပွဲပြုလုပ်ကြသကဲ့သို့ မိတ်ဆွေများနှင့် တပည့်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ပါးတို့အား ပင့်ဖိတ်လျှက် အလှူဒါနများ ပြုလုပ်ခဲ့ကြသည်။

ညီဖြစ်သူ ကိုဌေးလွင်ဦး က“အကိုကြီးက ငယ်ငယ်ကတည်းက အများအတွက် အမြဲစဉ်းစားတယ်၊ ပေးဆပ်
တယ်။ သူများအတွက် လုပ်ပေးနေရတာကို သူ့အလုပ်အဖြစ် ခံယူထားသူဖြစ်တယ်။ ဘန်ကောက်မှာ အလုပ် သမား စာသင်ကျောင်းတွေ ပေါ်ပေါက်ရေးအတွက် စတင်ကြိုးစားခဲ့သူလည်းဖြစ်တယ်။ သူနိုင်ငံခြားကိုထွက် ရင် ဘန်ကောက်မှာ လုပ်မယ့်လူမရှိဖြစ်မှာကို သူပူပင်တယ်။ ကိုယ်ကျိုး တစ်ခါမှ မရှာခဲ့ဘူး။ ကျနော်အကိုကြီးကို နှမြောလို့မဆုံးဘူး” ဟုပြောသည်။

ကိုသက်လွင်ဦးသည်၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်အရ အမေရိကန်နိုင်ငံသို့သွားရောက်အခြေချခွင့်ရရှိခဲ့သော်လည်း အများအကျိုးကိုသာလုပ်နေမည်ဟု ဆုံးဖြတ် ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်နေထိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘ၀ လုံခြုံရေး အတွက် အထောက်အထား တစ်ရပ်(ယာယီပတ်စပို့) လုပ်ငန်းစဉ် အကောင်းအထည်ဖေါ် နိုင်ရေး အတွက် ထိုင်းနှင့်မြန်မာ အစိုးရအား ကြိုးစား တင်ပြခဲ့သူ ဖြစ်သည်။ ထိုင်းအစိုးရက သူ့အား ထိုင်းနိုင်ငံသား အဖြစ် ခံယူရန် တရားဝင် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။

လုပ်ဖေါ်ကိုင်ဘက် တစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက် အလွတ်သတင်းထောက် ကိုကျော်သောင်း က “ကျနော်တို့ ပြည်ပကို ရောက်လာတော့ ကလောင် သွေးခွင့်ရခဲ့တာ၊ ပထမဦးဆုံး သတင်းထောက်သင်တန်း တက်ခွင့် ရခဲ့တာ ဘားမားပို့စ် သတင်းစာပဲဖြစ်တယ်။ ကိုသက်လွင် မှာ အတုယူ လေးစားစရာအများကြီးပါ။ အလွန် သည်းခံနိုင်တဲ့ လူဖြစ်တယ်။ လူတိုင်းကို အောင်မြင်စေချင်တယ်။ အထူးသဖြင့်သတင်းစာနဲ့ စာစောင်တွေ ထုတ်ဖို့ အမြဲအားပေးတဲ့သူ ဖြစ်တယ်၊ ကျနော် သတင်းစာ စဉ်ဆက်မပြတ် လုပ်နေတာကို သူအမြဲ အားပေးတယ်” ဟုပြောသည်။
ဦးသက်လွင်ဦးအားဦးပုရေ+ဒေါ်မလေးတို့ကရခိုင်ပြည်နယ်သံတွဲမြို့နယ်ပိန်းတောကြီး ကျေးရွာတွင်
မွေးဖွားခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ဂွမြို့နယ်မှ ဆယ်တန်းစာမေးကို အောင်မြင်ခဲ့သည်။ ထို့နောက် သင်္ချာဘာသာရပ်အား အဝေးသင်တက္ကသိုလ် ပညာရေးဖြင့် ဆက်လက် သင်ယူခဲ့သည်။ ထိုအတောအတွင်း ရခိုင်ပြည်နယ်၊ ရမ်ဗြဲနှင့် ကျောက်နီမော် တို့က ကျောင်းသူ/ကျောင်းသားများ အတွက် စေတနာ့ဝန်ထမ်း ပညာဒါန ပြုခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်လာခဲ့ရာ ဒေသတွင်း ဦးဆောင်မှု အခန်းကပါဝင်လာခဲ့သည်။ စစ်အာဏာသိမ်းပိုက်လိုက်ချိန်တွင်ဘင်္ဂလားဒေ့ခ်ျဘက်သို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဖက်ဒေသ) ကို ဦးဆောင် ဖွဲ့စည်ခဲ့သူလည်းဖြစ်သည်။ ကျောင်းသားတပ်မတော်မှာလည်း ရခိုင်ဘက်တွင် အခြေမချနိုင်၊ အခြားသောအကြောင်းအမျိုးမျိုးတို့ကြောင့် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

၁၉၉၂ ခုမှ ၁၉၉၃ ခုနှစ်များတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် နှင့်ဆပ်သွားကျေးရွာများတွင် ရှိသော အထက်တန်း ကျောင်းသားများအား စေတနာ့ဝန်ထမ်း စာသင်ပြခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာလာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (Muslim Information Center Burma) MICB ကိုထူထောင်လျှက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအား တတ်အားသမျှ ကာကွယ်ပေးခဲ့သည်။ ၂၀၀၁-၂၀၀၂ -၂၀၀၃ ခုနှစ်များအတွက် HRDU ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီအရင်ခံစာများကို ဦးဆောင်
ရေးသားဖေါ်ပြခဲ့သူဖြစ်သည်။

၈၈ တော်လှန်ရေးကျောင်းသား၊ ကျောင်းဆရာ၊ သတင်းစာဆရာနှင့် လူမှုရေးလုပ်ငန်းနယ်ပယ်တို့တွင် အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည့် ဦးသက်လွင်ဦး သည် အဆုတ် ကင်ဆာရောဂါဖြင့်တစ်လခန့် ဘန်ကောက် အင်တာနယ်ရှင်နယ် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့ က ကွယ်လွန်သွားခဲ့သည်။ သူ၏ ဈာပနအား အစ္စလာမ်ဘာသာထုံစံအတိုင်း ၎င်းနေ့ညနေတွင် ဘန်ကောက်မြို့ လန်းစစ်မြို့ နယ်၊ ကက်ယောက်နီမစ် အစ္စလာမ် သုသာန်တွင် မြေချသဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။


နောက်ဆက်တွဲအနေနဲ့ ဦးသက်လွင်မှပြောခဲ့တဲ့စကားတွေကိုသူငယ်ချင်းဖြစ်သူ ကိုကျော်သောင်းမှပြောခဲ့တာလေးကိုပါ ထပ်မံဖြည့်စွက်တင်ပြလိုက်ပါတယ်။

ကျနော့်သူငယ်ချင်းကို ကျနော် တစ်သက်လုံး သတိရနေမှာပါ။ ကျနော့်အတွက် အားတစ်ခု လျှော့သွားခဲ့ပါတယ်။ ကိုသက်လွင် ရင်ထဲက စကားတစ်ခုပြောခဲ့ဖူးတယ်။ 

ကျနော်သတင်းမှာတော့ထည့်မရေးလိုက်ဘူး။ ကျနော် အနော်စိတ်မကောင်းဖြစ်ရတဲ့စကားပါ။
ကိုကျော်သောင်းတဲ့ ၈၈ ဖြစ်ပြီး အနောက်ဖက် တောထဲကိုရောက်တော့ ဗမာကျောင်းသား ရခိုင်ကျောင်းသားတွေက ကျနော့်ကိုလက်မခံချင်ကြဘူး။ ကျနော် ရခိုင်မျိုးနွယ် ကမန်လူမျိုးပါ။ ကျနော် ကုလားမဟုတ်ဘူး။ ဆိုတော့ကုလားစကားလည်းမတတ်ဘူး။ ကျနော် ဘယ်လိုမှ နေလို့ထိုင်လို့ အဆင် မပြေဘူးဗျ။ ဒီလို ရင်ဖွင့်ပြောပြခဲ့ဘူးတယ်။ သူရခိုင်ကိုပြန်မယ်။ လူမှုရေးလုပ်မယ်။ သတင်းစာလုပ်မယ်။ နိုင်ငံခြားပညာသင်လိုသူတွေ အကုန်လွှတ်မယ်။ သံတွဲနယ် ကကျွန်းတွေအကုန်လုံး ဟောင်ကောင်လိုဖြစ်စေရမယ် လို့ ကျိန်းဝါးဖူးတယ်ဗျ။

Source here


[By Shwe Myitmakha Media Group ]
မင်းမင်းလတ်(မြစ်မခ မန္တလေး)



ကချင်ပြည်နယ်၊ စိုင်းတောင် အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ဘာသာအချင်းချင်း ညီညွတ်စွာ နေထိုင်ကြရန် မန္တလေး မစိုးရိမ်ကျောင်းတိုက်က အရှင်ဝီရသူက မိန်းကြားခဲ့သည်။


အဆိုပါဖြစ်ရပ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံအစ္စလာမ့်သာသနာ့ရေးရာကောင်စီက သက်သေခံမှတ်တမ်းမှတ်ရာများကိုစတင်စုဆောင်းနေပြီဖြစ်ကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ အရေးဆိုတိုင်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။



``လူနည်းစု အပေါ်မှာအင်အားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် အနိုင်မကျင့်ဖို့ လိုတယ်။ လူနည်းစုကလည်း လူများစုကို မစော်ကားဖို့လိုတယ် ၊ ဒါက ပထမပိုင်းပေါ့ ၊ အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ အထိကရုဏ်းမီးကတော့ ငြိမ်းတယ်လို့ရှိမှာမဟုတ်ဘူး ´´ ဟု ရှင်ဝီရသူမှ မိန့်ကြားသည်။

မစိုးရိမ်ကျောင်းတိုက်ကအရှင်ဝီရသူမှာ ကျောက်ဆည်လက်ပံဘာသာရေးအရေးအခင်းကြောင့် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည်။

ကချင်ပြည်နယ်စိုင်းတောင်တွင်ဧပြီ၁၂ရက်နေ့ကအစ္စလာမ်ဘာသာဝင်များ၏၀တ်ပြုဆောင်ငယ်အား ဒေသခံရဟန်းသံဃာများနှင့် အရပ်သားများက ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်။

၁၉၉၁ခုနှစ်ကတည်းက ဆောက်လုပ်ထားခဲ့သော ၀တ်ပြုဆောင်ငယ်သည်မှာ အချိန်ကာလကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းမှုများကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာသို့တင်ပြပြီးပြုပြင်နေချိန်တွင် ယခုလို လာရောက် ဖြိုဖျက်ခံခဲ့ရခြင်းဖြစ်သည်။



``တိုင်တွေကချစားနေတယ်၊မကောင်းတော့ဘူး ပြင်မယ်ဆိုပြီးတော့ ပြင်တာ ၊ အဲဒီလို ပြင်တာကိုလက်မှတ်ထိုးပြီးတော့ တိုင်တယ် ၊ မြို့နယ်အုပ်ချုပ်ရေး ကနေပြီးတော့ ပြင်ဆင်မှု ခဏရပ်ထားပေးပါ ဆိုလို့ ရပ်ထားပေးတဲ့အချိန် ခုလိုဖြစ်တာ´´ဟု စိုင်းတောင်ရှိအစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။



ဆိုင်းတောင် ဆိတ်မူရပ်ရှိ ၀တ်ပြုဆောင်ငယ်ဖြိုဖျက်မှုခံနေရချိန်တွင် စစ်တပ်မှ လာရောက်လုံခြုံရေး ပေးထားခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများမှာလည်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။



`` အားလုံးရှိနေတယ် ၊ စစ်တပ်လဲရှိတယ် လ၀က လည်းရှိတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့လည်း ရှိနေတယ် ၊ အကုန်လုံးရှိနေတယ် ၊ သူတို့ရှေ့မှာတင် ဖျက်နေတာပါ ´´ ဟု စိုင်းတောင်ဒေသခံက ပြောသည်။



အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုဆောင်အား ယခုနှစ်အတွင်းတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်တွင် ကျောက်ပန်းတောင်းမြို့မှစတင်ခဲ့ပြီး၊ ရွေးကောက်ပွဲအပြီးတွင် ယခုကဲ့သို့ ကချင်ပြည်နယ် စိုင်းတောင်နှင့် မကွေးတိုင်း၊ ကမ္မမြို့နယ်များတွင်ပါ တောက်လျှောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



မန္တလေးမြို့တွင်လည်း သင်္ကြန်ဈေးပိတ်ရက်မတိုင်မီအတွင်း ဈေးချိုပတ်ဝန်းကျင်နှင့် တက္ကသိုလ် ကျောင်းများတွင် အစ္စလာမ်ဘာသာဝင်များ၏ဈေးဆိုင်များတွင် အရောင်းအ၀ယ်များမပြုလုပ်ရန်

မင်းကွန်း ဆရာတော်ဘုရားမှ မှာကြားခဲ့သည်ဆိုသည့် စာရွက်များကို ဖြန့်ဝေမှုများရှိခဲ့သည်။



`` ဒီစာရွက်ကတော့ သူတဖက်သားအပေါ်ရန်လိုတာကိုမတွေ့ရပါဘူး၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း ရိုင်းပင်းကူညီဖို့ ၊ ကိုယ့်လူမျိုးကိုယ့်ဘာသာဆိုင်ကိုပဲအားပေးဖို့ တိုက်တွန်းထားတဲ့စာဖြစ်တဲ့အတွက်ကြောင့် မလို လားအပ်တဲ့အထိကရုဏ်းမျိုး ၊ တခြားတခြားမှာဖြစ်နေတာမျိုး ၊ နောက်ဒီဘက်ကရန်စတာမျိုး မဟုတ်ဘူးလို့

ဦးဇင်း...အဲ့လို ယူဆပါတယ် ´´ ဟု ရှင်ဝီရသူက ဆက်လက်ပြောကြားသည်။



ယခုလိုဖြစ်ရပ်များသည် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းများတွင် ဖြစ်လေ့ဖြစ်ထရှိခဲ့ပြီး နိုင်ငံရေးမှ ဘာသာရေးသို့လှည့်ပေးသောကစားကွက်တစ်ခုဖြစ်နိုင်ကြောင်းလည်း မြန်မာ့နိုင်ငံရေးလေ့လာသူများက
သုံးသပ်သည်။



မြန်မာပြည်တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြား ပြသာာနာအဓိကရုဏ်းများ
မကြာခဏ ဖြစ်ပွားလေ့ရှိပြီး နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သော ကျောက်ဆည်လက်ပံအရေးအခင်းသည် အကြီးမားဆုံး ဖြစ်ပြီး မိသားစုလိုက် မီးတင်ရှို့ခံရမှုများလည်း ရှိခဲ့ကြောင်းသိရသည်။








Source : (မြစ်မခ)

Rohingya Exodus