Latest Highlight




နိုင်ငံသားတွေက တယောက်ကိုတယောက် အရမ်းမနာလိုဖြစ်နေတယ်။ တခြားနိုင်ငံ သားတွေလဲ မနာလိုစိတ်ရှိတာဘဲ၊ ဒါပေမဲ့ဗမာတွေမှာ နဲနဲပိုတယ်လို့ ပြောရမယ်၊ ဒါကလဲ ကိုယ့်ကိုကိုယ် ယုံကြယ်မှု နည်းလို့ဖြစ်တာပါ။ ဒီလိုဖြစ်တော့ ဘယ်သူ့က ကိုယ်ထက်သာ သွားမလဲ ဆိုဒါ အမြဲကြည့်နေတယ်။ ကိုယ့်ကိုကိုယ် ကြွားနေတဲ့ စိတ်ရှိနေတယ်…………စသဖြင့် ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်း စုကြည် ကပြောသွား ပါတယ်။

ဒေါ်စုဟာ အင်မတန် ရိုးသား မွန်မြတ် တည်ကြည်ဖြောင့်မတ်တဲ့ ခေါင်းဆောင်တဦးပီပီ၊ နှလုံးရည်နဲ့ စစ်အာဏာရှင်အစိုးရကို အနိုင်ယူလိုက်ပါပြီ။ ဘာဘဲဖြစ်ဖြစ် ဒီမိုကရေစီ စတင် လျှောက်လှမ်းနေပြီလို့ အများက လက်ခံနေရတာ တွေ့ရပါတယ်။ ဒီလို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရုံနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အပြည့်အ၀ ရမယ်လို့တော့ သတ်မှတ်လို့မရနိုင်ပါ၊ ပယောဂ အမျိုးမျိုးဝင်နေတဲ့ စစ်အဏာရှင်တွေဟာ ဒီမိုကရေစီရဲ့ အရိပ်ကို ခိုနေတာ လောလောဆယ် တွေ့ရပါတယ်။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ် စုံစုံလင်လင် နားမလည်သေးတဲ့ ပြည်သူ့ဘက်က အရေခြုံ စစ်ဗိုလ်ချုပ်တွေလဲ ရှိပါသေးတယ်။


2011 ခု၊ အောက်တိုဘာ (21) ရက်နေ့က RFA မှ ထုတ်လွှင့်သွားတဲ့ အမေးအဖြေ ကဏ္ဍတခုမှာ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး ဦးတင်ဦးက ရိုဟင်ဂျာ အကြောင်း ပြောလာတော့ မိမိတို့နိုင်ငံသားဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ စွပ်စွဲလိုက်ပြန်ပြီ၊ ရိုဟင်ဂျာ တွေလဲ ပြည်သူ ပြည်သားတွေပဲ။ ဘာဖြစ်လို့ ပြည်သူ ဘက်က ရပ်တည်မပေးတာလဲ။ ဒီမိုကရေစီ နိုင်ငံမှာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ပြည်သူ့အစိုးရပါပဲ။ ဒီမိုကရေစီ နိုင်ငံတော်ကို အာဏာရှင် စစ် စစ်နဲ့ ထုထောင်လို့ မရပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မနာလိုစိတ်ကို မျိုသိပ်မထားနိုင်တာ အံ့သြလောက်ပါရဲ့။ ပါးစပ်က ဒီမိုကရေစီ ဆိုပေမဲ့ ရင်ထဲမှာ ဦးနေ၀င်းရဲ့ စစ်အာဏာအကြွင်းအကျန်က ရှိနေသေးတယ်။ ဒါဟာ အဏာရှင် ဦးနေ၀င်းရဲ့ ပြုစု ပျိုးထောင်မှု အောက်မှာ ကြီးပြင်းလာတာကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မပေးနိုင်ဒါ ဖြစ်ပါလိမ့်မယ်။ 

ဘာဘဲဖြစ်ဖြစ်၊ ဘဂါင်္လီဆိုတဲ့ နုတ်ထွက်စကားကို ရိုဟင်ဂျာဆိုပြီး ပြင်စေချင်ပါတယ်။ ဘင်္ဂလီဆိုတာ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေကို ခေါ်ဒါပါ။ ကျမတို့ ရိုဟင်ဂျာတွေ မြန်မာပြည်ကို ချစ်တယ်၊ မြန်မာနိုင်ငံ အပေါ် သစ္စာရှိတယ်၊ မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုကိုကြိုက်နှစ်သက်တယ်။ မြန်မာပြည်ဖွား ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား စစ်စစ်ဆိုဒါ ယုံမှား သံသယမရှိစေချင်ပါ။ 

ရိုဟင်ဂျာလူမျိုးဟာ ရခိုင်ပြည်နယ်မှာ ရှေးခေတ် အဆက်ဆက်က နေထိုင်လာခဲ့ အိစ္စလာမ် ဘာသာဝင်များဖြစ်ကြပြီး၊ ရခိုင်လူမျိုးများနဲ့အတူ ယှဉ်တွဲနေထိုင်လာခဲ့ပါ တယ်။ ကျမတို့ ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံခြားသား အလျဉ်းမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1000 ကျော် ကတည်းကနေထိုင်လာခဲ့ရာ၊ 17 ရာစုသို့ ရောက်တဲ့အခါ ရခိုင်ပြည်ရဲ့ နန်းတွင်း နန်းပြင် မူဆလင်တွေရဲ့ သြဇာ အာဏာတိကမ္မ ကြီးမားကြောင်း၊ သမိုင်း အထောက်အထား ခိုင်လုံစွာရှိပါတယ်။ 1784 ခုနှစ်၊ မတိုင်မှီကပင် ရခိုင်ပြည်တွင် မူရင်းတိုင်းပြည်အဖြစ် နေထိုင်လာခဲ့သူများပီပီ၊ 1947 ခုနှစ်၊ အခြေခံ ဥပဒေ ပုဒ်မ ၁၁(က)(ခ) နဲ့ (ဂ)အရ၊ နိုင်ငံသားအဖြစ်သို့လည်းကောင်း၊ 1948 ခုနှစ်၊ နိုင်ငံသား အက်ဥပဒေ ၃(၁) အရ၊ တိုင်းရင်းသားလူမျိုးတမျိုးတွင် အကျုံးဝင်ပြီး တိုင်းရင်းသားများ အဖြစ်မှတ်ယူသူများဖြစ်ကြောင်း ထင်ရှားပါတယ်။ 

1954 ခုနှစ်၊ စကတင်ဘာ(25)ရက်နေ့ ည 8 နာရီအချိန်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုသည် မြန်မာအသံလွှင့်ဦးစီးဌာနမှ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်တဲ့ ရိုဟင်ဂျာ လူမျိုးများဟာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများဖြစ်ကြောင်း အသံလွှင့်မိန့်ကြားခဲ့ပါတယ်။ တဖန် 1959 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်၊ 4 ရက်နေ့၌ ဘူးသီးတောင်၊ မောင်းတောမြို့မှာကျင်းပခဲ့တဲ့ လူထုအစည်းအဝေးမှာ ရိုဟင်ဂျာလူမျိုးများဟာ တခြားတိုင်းရင်းသားများနဲ့ နည်းတူ သစ္စာ သမာဓိနဲ့ ပြည့်စုံတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ သူတို့ဟာ တကယ့် မြန်မာ နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ကိုစတေးခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ စွန်းစွန်းစားစား ပါဝင်လှုပ်ရှား လွတ်လပ်ရေး အရယူခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းပါ။ ဗမာစစ်စစ်ဖြစ်ပါတယ်။ 

အာဏာရူး မဆလ ဦးနေ၀င်းအစိုးရဟာ အဲဒီလို တိုင်းရင်းသားအဖြစ် သတ်မှတ်လိုက်တဲ့ ရိုဟင်ဂျာ လူမျိုးများတွေကို တချို့သော အစွန်းရောက်ဝါဒီများရဲ့ မဟုတ်မမှန် တိုင်ကြားချက်အပေါ် မဆင်ခြင် လေ့လာမှုမရှိပဲ၊ ဦးနေ၀င်း အစိုးရဟာ စနစ်တကျ စီမံကိန်းချမှတ်ကာ 1978 ခုနှစ်၊ နဂါးမင်းစီမံချက်ဖြင့် ရိုဟင်ဂျာလူမျိုးများ ကိုတဖက်နိုင်ငံသို့ မောင်းထုတ် ခဲ့ပါတယ်။ ဒါပေမဲ့ မောင်းထုတ်ရင်လဲ တဖန် ဦးနေ၀င်း အစိုးရက ဟံင်္သာစီမံချက်ဖြင့်ရိုဟင်ဂျာတွေကို မိမိတို့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခေါ်ယူ လက်ခံနေရာ ချထားခဲ့တာဟာ တကမ္ဘာလုံးအသိပါ။ 

တဖန် မဆလ အမွှေစားအမွှေခံ စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက် အာဏာပိုင် အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်ချုပ်ချယ် ရက်စက် မှုကြောင့် တခြားနယ်စပ်တိုင်းရင်းသား လူမျိုးတွေလို တဖက်နိုင်ငံသို့ ခိုလှုံနေရာမှ စစ်အစိုးရက တဖက်နိုင်ငံမှ ရိုဟင်ဂျာလူမျိုး တချို့တ၀က်ကို မြန်မာနိုင်ငံသား အထောက် အထားခိုင်လှုံမှုဖြင့် ပြန်လည် ခေါ်ယူလာပြီး တချို့တ၀က်တဖက်နိုင်ငံမှာ နိုင်ငံမဲ့ဘ၀ရောက်နေပါတယ်။ ဒီလို ဒုက္ခရောက် နေကြတဲ့ ကျမတို့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာမှုမရှိကြပေမဲ့၊ မြန်မာ မိန်းကလေးတွေကို မျှော့စာကျွေးတဲ့ တရုတ်တွေအကြောင်းကြားရင် ကျမမျက်ရည် ကျမိပါတယ်။ ဒီလို ရက်စက်သူတွေဟာ မင်းမှုနေပါ တယ်။ ဒုက္ခရောက်တဲ့ လူတွေဟာ ဒုက္ခပင်လယ်ဝေနေကြပါတယ်။ ဒါကြောင့် လူလိုအဓိပ္ပါယ်ရှိကြတဲ့ လူသားဆန်တဲ့စိတ်မွှေးကြရင် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကိုခံစားနိုင်ရန် အားလုံးစုပေါင်းညီညာ သာယာဝပြောတဲ့ နိုင်ငံတော်ကို ထူထောင်နိုင်မယ်ဆိုရင် အားလုံးသူတွေ ပျော်ရွှင်နေနိုင်ကြရမှာပါ။ 

လူဖြစ်ပြီး လူဖြစ်ရှုံးနေတာ ကျမတို့မြန်မာနိုင်ငံသားတွေမဟုတ်လား၊ အဲဒီလို အယူသည်း အမှားတွေ ကို စွှန့်လွှတ်ပြီး၊ အမှန်ကို လက်ခံ ကြပါ။ လူအချင်းချင်း အမုန်းတရားကို မျက်ကွယ်ပြုပြီး ချစ်ခင်စွာပြည်သူတရပ်လုံး အတူလက်တွဲ ချီတက်ကြပါစို့။ 

ဒေါ်ခင်လှ



မိခင်ကွယ်လွန်သွားခဲ့တာဆယ်နှစ်တင်းတင်းပြည့်သွားပါပြီ။မိခင်ရဲ့ရင်ထဲကပဲ့တင်သံတွေကကျမကိုအမြဲလွှမ်းမိုးနေခဲ့ပါတယ်။မိခင်က သာမန်အိမ်ရှင်မ တစ်ဦးပါ။ အတန်းပညာ မသင်ကြားခဲ့ပေမဲ့သားသမီးကိုး ယောက်ကို အတန်းပညာသာမက ဘာသာရေး၊လူမှုရေးဖက်မှာလဲ အရည်အချင်းပြည့်မီအောင် ပြုစုပျိုးထောင် ပေးခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးခရီးစဉ်အကြောင်း သူမနားလည်သမျှ ကျမတို့ကို နားရည်ဝအောင် ပြောပြခဲ့ပါတယ်။ သူမရဲ့မိခင်နဲ့ ပတ်သတ်ပြီး ပြောပြဒါကတော့ သူမရဲ့မိခင်ကို မမှတ်မိတဲ့အကြောင်း၊ သူမရဲ့မိခင်ကို အိမ်မက်ထဲမှာ မြင်ရပါစေကြောင်း သူမအမြဲဆုတောင်းတယ်လို့ ပြောပြပါတယ်။ ဒါပေမဲ့သူမမှာ သမီးခြောက်ယောက် ရှိတဲ့အတွက် သူမရဲ့မိခင်ကို မြင်ရသလို ခံစားရတယ်လို့ လဲတခါတခါ ပြောပါတယ်။မိဘရဲ့အရိပ်၊မိဘရဲ့တန်ဖိုးကြီးမားပုံကိုလဲနားလည်သ ဘောပေါက်အောင် ပြောပြလေ့ရှိပါတယ်။ ဆုံးပါးသွားတဲ့သူမရဲ့မိခင်ရုပ်လွှာကိုစွဲလန်းခဲ့တဲ့ကျမမိခင်ဟာအလွန်သနားစရာကေင်းပါတယ်။

မိခင်ဟာခင်ပွန်းသည်ရဲ့ နောက်ဆုံးထွက်သက်အထိ ဇနီးကောင်းတစ်ဦးအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။မိခင်ဟာအောင်မြင်တဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။ အသက်ကိုးဆယ်နှစ်နှစ်အရွယ်တွင် ဆုံးပါးသွားပါတယ်။ ဒါပေမဲ့သူမရဲ့ နောက်ဆုံးဘ၀ခရီးမှာ သောကတွေရင်ဝယ်ပိုက်ခဲ့ရပါတယ်။ ကျမရဲ့ဖခင်ဆုံးပါးသွားပြီး နောက်ပိုင်းမိခင်ဟာ ရခိုင်ရိုးမကိုကျော်ပြီး ကျမရှိရာသို့ ရောက်လာခဲ့ပါတယ်။ မိခင်ကဆေးကုသဖို့လာခဲ့ဒါပါ။မိခင်ရောက်လာပြီးနှိုင်ငံရေးအခြေအနေပြောင်းလဲသွားပါတယ်။ရိုဟင်ဂျာတွေကိုရခိုင်ရိုးမကို ကျော်ဖြတ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ မိခင်ခမျာအိမ်ပြန်ရ ခက်သွားပါတယ်။ မိခင်ရဲ့ အိမ်၊မိခင်ရဲ့သားသမီးတွေကို ပြန်တွေ့ဖို့မဖြစ်နိုင်တော့ပါ ။

မိခင်ဟာနေ့စဉ်နဲ့အမျှ ပူဆွေး သောက ရောက်နေခဲ့ပါတယ်။ ရိုးမရဲ့တစ်ဘက်က သားသမီးတွေ၊ဆွေမျိုးသားချင်း တွေ… စတဲ့ရိုဟင်ဂျာတွေ တနေရာမှတနေရာသို့ လွတ်လပ်စွာ ခရီး သွား လာ ခွင့်မရှိ၊ လွတ်လပ်စွာ သွားလာပြီး ဆေးကုသခွင့်မရှိ၊ အရွယ်ရောက်သူတိုင်း အိမ်ထောင်ပြုခွင့်မရှိ၊ အဆင့်မြင့်ပညာသင်ကြားခွင့်မရှိ ၊ဒါတင်မကသေးပါ ခွဲခြား ဆက်ဆံခြင်း တွေလဲနေရာတိုင်းမှာ တွေ့ရပါတယ်။ ဒီလိုခက်ခဲတဲ့လူနေမှုဘ၀နဲ့အသက်ရှင်နေရတဲ့သားသမီး ရိုဟင်ဂျာသွေးချင်း သားချင်းတွေအတွက် မိခင်က ရတက်မအေးခဲ့ပါ။ ဒါနဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မိခင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့ ရိုဟင်ဂျာတွေရဲ.အခွင့်အရေးတွေလဲ ပြန်လည်ရရှိလိမ့်မယ်လို့ မျှော်လင့်ချက်များစွာ ထားခဲ့ပါတယ်။

ကျမတို့ငယ်ငယ်တုန်းက မိခင်က ဒုတိယတမ္ဘာစစ်ကြောင့် ပြေးလွှားခဲ့ရတဲ့အကြောင်း၊ လူမျိုးရေးအဓိကရုန်းဖြစ်လို့ပြေးခဲ့ရပုံ၊ ဂျပန်တွေအကြောင်းတို့ကို ပုံပြင်ဆန်ဆန် ပြောပြခဲ့ပါ သေးတယ်။ သခင်အောင်ဆန်းရဲ့ လွတ်လပ်ရေးခရီးစဉ်တွေလဲ မိခင်ဆီက ကြားဖူးပါသေးတယ်။ သခင်နုရဲ့ ကျေးဇူး ကြီးမားပုံ၊ ရိုဟင်ဂျာတွေ တိုင်းရင်းသားအဖြစ်မားမား မတ်မတ် ရပ်တည်ခဲ့ပုံတို့ကိုလဲ အကျယ်တ၀င့် ပြောပြဖူးပါတယ်။ အဲဒီကနေကျမရင်ထဲစိမ့်ဝင်လာခဲ့တာပါ။

အခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်တွေကို မြင်ရတဲ့အခါတိုင်း မိခင်ကိုပိုပြီးသတိရပါတယ်။ မိခင်သာရှိခဲ့ယင် သိပ်ပျော်မှာ သေချာပါတယ်။ ဒါပေမဲ့..မိခင်ဟာ သားသမီးတွေကိုလဲ မြင်ခွင့်မရခဲ့ပါ။ လွမ်းစိတ်တွေရင်မှာ သိမ်းဆည်းပြီး လူ့လောကကြီးကို ကျောခိုင်းသွားပါပြီ။ မိခင်ရဲ့ကြီးမားတဲ့ ဆန္ဒကို ဘယ်တော့မှ ဖြည်ဆည်းလို့ မရတော့ပါ။ တရားမျှတတဲ့ နိုင်ငံတော်ကြီးမှာ လူတန်စားမခွဲ၊ အသားအရောင်မခွဲ၊ လူမျိုးမခွဲ၊ဘာသာမခွဲဘဲ အားလုံးပျော်ရွှင်စွာ နေနိုင်ကြပါစေ….မိခင်တိုင်းမိခင်တိုင်း …..သားသမီးနဲ့ ဝေးနေရတဲ့ ဒုက္ခ ၊မိမိချစ်တဲ့ နိုင်ငံတော်နဲ့ဝေးနေရတဲ့ ဒုက္ခ..မတရားတဲ့ နိုင်ငံတော်အစိုးရရဲ့ ဒုက္ခ… စတဲ့ ဒုက္ခ အပေါင်းမှ ကင်းဝေးကြပါစေ။ ပျော်ရွှင်တဲ့မိသားစုဘ၀ကိုလဲ ပိုင်ဆိုင်နိုင်ကြပါစေ။ မိခင်များ.........ကျန်းမာကြပါစေ။။



ဒေါ်ခင်လှ။
အဆိုးမြင်ဝါဒီ၊ အစွန်းရောက်ဝါဒီ ရခိုင်တွေရဲ့ စာတွေကို ဖတ်ရပါတယ်။ယုတ်ညံ့တဲ့ လူတွေဟာ အဆိုးမြင်ဝါဒီ အစွန်းရောက်ဝါဒီ အဖြစ်နဲ့အသက်ရှင်ရပ်တည်ကြပါတယ်။ သူတို့လို အစွန်းရောက်တွေကြောင့် ဆူပူမှုတွေအကြမ်းဖက်မှုတွေ..စတဲ့အနိဌာရုံတွေ ဖြစ်ပေါ်နေဒါပါ။ မြင့်မြတ်တဲ့သူတွေက လူသားတွေကို အကျိုးပြုရင်း အသက်ရှင် ရပ် တည် တတ်ကြ ပါတယ်။ 

အခု ရေပန်းစား နေတဲ့ ရိုဟင်ဂျာ အရေးမှာလဲ လူမျိုရေး မုန်တီးသူတွေ အစွန်းရောက် မျက်ကန်း မျိုးချစ်တွေက အမျိုးမျိုးထင် ကြေးပေးပြီး ရိုဟင်ဂျာတွေကို စော်ကား နေ ကြပါတယ်။ 

လူတိုင်း လူတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုများ ကို ဖေါ်ထုတ်ပိုင်ခွင့် ကိုယ်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မိမိလူမျိုးစု အမည်ကို မိမိတို့ လူမျိုးတို့ ကိုယ်တိုင် ကြိုက်နှစ်သက်ရာ ရွေးချယ်ခွင့် ရှိတယ်လို့ ကမ္ဘာ့လူ့.အခွင့် အရေးကျေညာစာတမ်းမှာ အတိအလင်း ဖေါ်ပြထားပါတယ်။ မြန်မာ့သမိုင်းမှာ အထင်အရှား သာဓကအဖြစ် ဖေါ်ပြရယင် တလိုင်းမှမွန်၊ တောင်သူမှပအိုစ့်၊ ကရင်နီမှကယား၊ ရှမ်းတရုပ်မှ ကိုးကန့်၊ မောဂ်မှရက္ခသျှ ၊ ရက္ခသျှမှရက္ခိုင်၊ ရက္ခိုင်မှရခိုင် ဆိုပြီးပြောင်း လဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 

ကျွန်မတို့ ရိုဟင်ဂျာတွေမှာလဲ လူသားအဖြစ် ရပ်တည်ခွင့်ရှိပါတယ်။လူသားတို့ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရအောင် ယူဖို့ ကျွန်မတို့တာဝန်ပါ။ ဘယ်သူမှတားဆီး ပိတ်ပင်လိုမရပါ။ ရခိုင်တွေက ရိုဟင်ဂျာ ဆိုဒါမကြားဘူးလို့ပြောရင် မောဂ်မှရက္ခသျှ ၊ ရက္ခသျှမှရက္ခိုင်၊ မကြားဘူးလို့ပြော ရင်ကော ဘာဖြစ်မလဲ။ စဉ်းစားကြည့်နိုင်ပါတယ်။ 

ယခု ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ လေကြောင်းခရီးနဲ့ ဖြစ်ဖြစ် ၊ရေကြောင်းခရီးနဲ့ဖြစ်ဖြစ်၊ ပြည်မကို ခရီးသွား လာခွင့် မရှိ။ ကုန်းလမ်း ခရီးနဲလဲ သွားလာခွင့်မရှိပါ၊ ဘင်္ဂလားဒေရှ့်ကိုလဲအလွယ်တကူသွားလာခွင့်မရှိပါ။ 

ရခိုင်ပြည်အတွင်းမှာပင် တစ်နေရာမှ တစ်နေရာသို့ လွတ်လပ်စွာသွား လာခွင့်မရှိပါ။ အရွယ်ရောက် သူများ အိမ်ထောင်ပြုခွင့်မရှိ။ ပညာသင် ကြားခွင့်မရှိ။ ဆေးကု သ ခွင့် မရှိ။….စတဲ့အခွင့်အရေးများ ဆုံးရှုံးနေ သည်ကို ပြန်လည် ရရှိအောင် ကြိုးစားဖို့ကျွန်မတို့ရိုဟင် ဂျာတွေရဲ့တာဝန်ဖြစ်ပါတယ်။ 

ကျွန်မတို့ရိုဟင်ဂျာတွေဟာ ရှေးခေတ်အဆက်ဆက်ကတည်းက ရခိုင်လူမျိုးများနဲ့ အတူအေးအတူပူအမျှနေခဲ့ကြဒါ သမိုင်းအမှန်က သက်သေရှိပါတယ်။ 

အခုမှ ဘဂါင်္လီဆိုပြီး မောင်းထုတ်လို့ မရဘူးဆိုတာ နားလည် စေချင်ပါတယ်။ ကမ္ဘာစစ်ကြီးရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့အဓိကရုဏ်းကို မေ့မရ နိုင်ဘဲ လူမျိုးရေး မုန်တီးစိတ်ကို ပြန်လည်နိုးဆွ ပေးနေသော သက်ကြီးသမိုင်းပညာရှင်များကို အစွန်းရောက် ပညာရှင်များဟု သတ်မှတ်ရပါမယ်။ ရိုဟင်ဂျာတွေကိုမျိုးတုံး အောင် လုပ်မယ်လို့ ခြိမ်းခြောက်နေတဲ့ နာဇီခင်မောင်စောရဲ့ အကြမ်းဖက်ချင်သော ဆန္ဒကို ရပ်တန့်ကရပ်ပါဟု သတိပေးလိုက်ပါတယ်။ ဘယ်သူတွေဘာဘဲပြောပြောကျွန်မရိုဟင် ဂျာတွေရဲ့ အခွင့်အရေးကို ရအောင် ယူရမှာပါ။ ကျွန်မတို့လို ချင်ဒါ လူမျိုးရေး မုန်တီး မှုမဟုတ်ပါ။ 

ရိုဟင်ဂျာတွေကို ဘင်္ဂါလီအဖြစ် ပြောင်းလဲ ခေါ်ဆိုဒါကိုလုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုဒါ အတိအလင်း ပြောကြားလိုပါတယ်။ ရခိုင်တွေက မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ကြားမှာခွပြိး တိုင်းရင်းသား အဖြစ်အခွင့် အရေးအားလုံး ရယူကြပြီး အလွယ်တကူသွားလာ ခွင့်ရရှိထားပါတယ်။ 

ရိုဟင်ဂျာတွေကို ကျတော့ ဘောင်ခတ်ထားပြီး တိရိစ္ဆာန်လောက်တောင် တန်ဖိုးမထားဘဲ အကြောင်းအမျိုးမျိုး ဖန်တီးပြီး နှိပ်စက် နေကြပါတယ်။ ထိုကဲ့သို့လူလူချင်း နှိပ်စက်မှုတွေကို လဲရပ်တန့်ကရပ်တန့် ပေးကြပါရန်နှင့် လူလူချင်း တန်ဖိုးထား ဆက်ဆံပြောဆိုကြပါရန် တိုက်တွန်း လိုက်ပါတယ်။ လူ့အခွင့်အရေးကို လေးစားကြပါရန်နှင်.ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည် နေနိုင်သော လူမျိုးအဖြစ် ကြိုးစားကြပါစို့။ 

ဒေါ်ခင်လှ

(Author) Daw Khin Hla is Retired Senior High School Teacher in Rangoon , Burma.
ဦးသိန်းစိန်အစိုးရသည်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အမည်ပြောင်းလဲခြင်းကိုဦးစားပေးဆောင်ရွက်နေသည်ကိုတွေ.နေရပါသည်။ မကြာသေးမီကကျင်းပ ပြီးစီးခဲ့သော လွတ်တော်အ စည်းအဝေးမှာရိုဟင်ဂျာတွေကိုဘင်္ဂါလီအဖြစ်ပြောင်းလဲခေါ်ဝေါ်လိုက်သည်။
ရိုဟင်ဂျာလူမျိုးသည်ရှေးအစဉ်အဆက်ကတည်းကပင်ရိုဟင်ဂျာအမည်ဖြင့်ရခိုင်လူမျိုးများနှင့်အတူတကွနေထိုင်လာခဲ့သည်မှာငြင်းဘွယ်ရာမရှိပါ။ အစွန်းရောက်အဆိုးမြင်ဝါဒီသမိုင်းလိမ်ဆရာဦးအေးကျော်နှင့်ဦးအေးချမ်းတို့ သည်ရိုဟင်ဂျာများကိုရခိုင်မြေပေါ်မှမောင်းတုတ်ရန်အမြဲကြံစည်နေပါသည်။ယခုအမည်ပြောင်းရာတွင်လည်းသူတို့ပယောဂမကင်းပါ။
ရခိုင်ပြည်အတွင်း လက်ရှိနေထိုင်ကြသော ရိုဟင်ဂျာများသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊လွတ်လပ်စွာခရီးသွား လာခွင့်၊အရွယ်ရောက်သောသူများလက်ထပ်ခွင့်၊ပညာသင်ကြားခွင့်၊အလုပ်အကိုင်ရှာဖွေခွင့်စသောအခွင်အရေးများဆုံးရှုံးနေပါသည်။သူတို့သည် ရခိုင်ပြည်အတွင်း အကျဉ်းချခံနေရသည်ဟု ဆိုပါကမှားမည်မထင်ပါ။ထိုကဲသို့ ဒုက္ခမျိုးစုံခံစားနေရသော၊အင်အားနည်းသောရိုဟင်ဂျာလူနည်းစုကိုအကြမ်းဖက်သမားများဟုစွတ်စွဲနေသည်မှာအလွန်အောက်တန်းကျသည်ဟုဆိုရပါမည်။အစွန်းရောက် ဒေါက်တာအေးကျော်သည် အမျိုးသားရေးစိတ်ဓါတ် တက်ကြွလာအောင်သွေးထိုးစည်းရုံးလှုံ့ဆော်ပြီးရိုဟင်ဂျာမုန်းတီးရေးတရားဟောပြောနေပါသည်။
ပညာရှင်များကဦးဆောင်ပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်နေသည်မှာရိုဟင်ဂျာအတွက်သာမကနိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးကိုပါခြိမ်းခြောက်လာနိုင်ပါသည်။မဆလအစိုးရလမ်းစဉ်ကိုပြန်လည်အသက်သွင်းရန်အလို့ငှါပြည်တွင်းနှင့်ပြည်ပတွင်ဟန်ချက်ညီညီကြိုးပမ်းနေကြပါသည်။
ရိုဟင်ဂျာတို့၏အနာဂတ်လှပရေး၊အေးချမ်းစွာနေထိုင်ရေးအတွက် ရိုဟင်ဂျာတို့သည် စည်းလုံးညီညွတ်ဖို့လို့ပါ သည်။အေးချမ်းသာယာသောနိုင်ငံတော်သို့ချီတက်ရာတွင်ရိုဟင်ဂျာတို့သည်လည်းအုတ်တချပ်၊သဲတပွင့်အဖြစ် ပါဝင်ကြရပါမည်၊။
စစ်မှန်သောဒီမ်ုကရေစီရရှိရေး……..ဒို့အရေး
စည်လုံးညီတ်မှုမပြိုကွဲရေး……….ဒို့မရေး
ဒေါ်ခင်လှ


ယနေ့ကမ္ဘာပေါ်တွင်သဘာဝဘေးဒဏ်၊နိုင်ငံရေးဘေးဒဏ်ကြောင့်လူ့အသက်ပေါင်းများစွာဆုံးရှုံးသွားခြင်း၊ ခိုကိုးရာမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်း၊နိုင်ငံမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်းတို့ကိုရင်ဆိုင်နေပါသည်၊၊
ကျွန်မတို့ရိုဟင်ဂျာလူမျိုးများသည်လည်းနိုင်ငံရေးဘေးဒဏ်ကြောင့်နှစ်ပေါင်းများစွာဒုက္ခမျိုးစုံခံစားနေရ ပါသည်။
မြန်မာ့နိုင်ငံရေးပြောင်းလဲတိုင်းရိုဟင်ဂျာတွေကမြေဇာပင်ဖြစ်ရသည်မှာအစဉ်အလာကဲ့သို့ဖြစ်နေပါသည်။
တရားမျှတမှုမရှိသောနိုင်ငံရေးအဓွန့်ရှည်နေသမျှကာလပတ်လုံး ရိုဟင်ဂျာများသည်နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခမျိုးစုံ ခံစားနေရမှာဧကန်မလွဲပါ၊

ရိုဟင်ဂျာတို့သည်မြန်မာနိုင်ငံတွင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် နေထိုင်ကြသူများဖြစ်ပါသည်။ နိုင်ငံသားအခွင့်အရေးများလည်းရရှိခံစားခဲ့ပါသည်။ မြေနိမ့်ရာလှံစိုက်ဆိုသကဲ့သို့လူနည်းစုများဖြစ်သော ရိုဟင် ဂျာများကိုသာဘဂါင်္လီဟုခေါ်ဆိုသမုတ်ပြီး၊ အမျိုးမျိုးအနိုင်ကျင့်နေပါသည်၊၊ လူသားစစ်စစ်ဖြစ်ပါလျက် လူ့အခွင့် အရေးဆုံးရှုံးနေသည်မှာ ရင်နာစရာကောင်းလှပါသည်၊၊ ရိုဟင်ဂျာတို့နေထိုင်ရာဒေသသည် ဘင်္ဂလားဒေ့ရှ့်ု နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောကြောင့် ဘင်္ဂါလီဟုသတ်မှတ်ရမည်ဆိုပါက တခြားနယ်စပ်မှာနေထိုင်သောလူမျိုးအာလုံးကိုမည်သို့သတ်မှတ်ခေါ်ဝေါ်မည်နည်း။ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း နယ်စပ်တလျှောက်နေထိုင်သောသူများစွာရှိပါသည်၊၊နယ်စပ်တွင်နေထိုင်သောကြောင့်တဖက်နိုင်ငံသားဟုစွပ်စွဲ
နေသည်မှာ ယုတ္တိ မရှိပါ၊
ကျွန်မတို့ ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံတော်အပေါ်သစ္စာရှိပြီး၊ နိုင်ငံတာဝန်ကိုလည်းထမ်းဆောင်ခွင့်ရရှိခဲ့ပါ သည်။ မန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးမရှိပါ၊မကြားဘူးပါဟုပြောဆိုနေခြင်းမှာလိမ်လည်လှည့်ဖျားနေခြင်းသာ ဖြစ်ပါသည်။၁၉၆၁ခုနှစ်မေလ(၁၅)ရက်နေ့မှစ၍ရိုဟင်ဂျာလူမျိုးစုကိုလူနည်းစုတခုအဖြစ်အသိအမှတ်ပြုလျက် ရိုဟင်ဂျာဘာသာကိုမြန်မာ့အသံမှတပတ်လျင်(၃)ကြိမ်မှန်မှန်အသံလွှင့်ခဲ့သည်ကိုထောက်ရှုလျှင်မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။
နိုင်ငံတော်၏မူဝါဒ၊ သဘောတရားပြောင်းလဲသွားသည်နှင့် တပြိုင်နက်ရိုဟင်ဂျာတို့အခွင့်အရေးများ ဆုံးရှုံးသွား ပါသည်၊၊ ရိုဟင်ဂျာလူမျိုးများအား မောင်းထုတ်ရေးစီမံချက်အဖြစ် နဂါးမင်းစီမံချက်ကို ရည်ရွယ်ချက် ကောင်းကောင်း ဖြင့်အကွက်ဆင်ကာတဖက်နိုင်ငံသို့ထွက်ပြေးသွားအောင်လုပ်ဆောင်ခဲ့ပါသည်။ ယင်းစီမံချက် အောင်မြင်ရေးအတွက်ကြိုတင်စီမံမှုများအဖြစ်အထောက်အထားမြောက်များစွာတွေ့ရှိနိုင်ပါသည်။ထိုစီမံချက်၏အဓိကရည်ရွယ်မှာရိုဟင်ဂျာတို့အားနိုင်ငံမဲ့ဘဝရောက်ရှိရေးပင်ဖြစ်ပါသည်။
ရိုဟင်ဂျာများမှာနိုင်ငံမဲ့ဘဝသို့ရောက်ရှိခြင်းနှင့်အတူ သဘာဝဘေးဒဏ်နိုင်ငံသားမဟုတ်သောကြောင့် အနိုင် ကျင့်စော်ကားမှုဒဏ်၊စားဝတ်နေရေးဒဏ်စသည့်ဒဏ်အမျိုးမျိုးဖြင့်အလူးအလဲခံစားနေရပါသည်၊၊နိုင်ငံမဲ့ဘဝဖြင့် ဘယ်လောက်ကြာကြာနေရမည်နည်း၊။
အမှန်တရားကိုမြတ်နိုးသောလူလူချင်းညှာတာတောက်ထားပြီးစစ်မှန်သောဒီမိုကရေစီကိုလိုလားတောင့်တနေ
သောဒီမိုကရေစီအင်အားစုများသည်ရိုဟင်ဂျာအရေးကိုပါဝင်ကူညီပေးမည်ဟုကျွန်မတို့ယုံကြည်ပါသည်၊၊
ဆုံးရှုံးမှုသည်အောင်မြင်မှုအတွကအင်အားတစ်ရပ်ဖြစ်ကြောင့်ရိုဟငဂျာများသည်လည်းဆက်လက်ကြိုးစားရီးမှာဖြစ်ပါသည်။ အောင်ပွဲဆိုသည်မှာလူသားတို့အတွက်သာဖြစ်ပါသည်၊၊
 
ရိုဟင်ဂျာအရေး ….. ဒို့အရေး
 
ဒေါ်ခင်လှ။
ရက်စွဲ။ ။၂၀၁၁ ခုနှစ် စက်တင်္ဘာလ (၁၀) ရက်။

Author Daw Khin Hla is Retired Senior High School Teacher in Rangoon , Burma. She can be reached at dkhksa@gmail.com

အခင်အေးကျော်

နီကောင်းပါယင့်လားအသူကဂေလှပါရေ..အဘူချေကဂေလှပါရေ..ဒေတီးခြင်းကိုအခင်ဘီဘီစီမှာဆိုခစွာကိုအကျွှန်ရို့ကြားလိုက်ရပါရေ၊

ရခိုင်ပြီသားရခိုင်မျိုးချစ်စိတ်အပြည့်ရှိနိန်သူကဇာဖြစ်လို.အမေရိကန်နိုင်ငံသားခံယူလိုက်စွာလည်းစဉ်းစားလို့မရပါ၊နဂိုကပင်ရခိုင်ပြီသားမစစ်လို့ဖြစ်ပါယင့်၊
ရခိုင်စကားပြောဂေ၊အနောက်သားအသံထွက်ဒေ၊ဗမာစကားပြောဂေလေသောဗမာအသံစစ်စစ်မထွက်၊ဇာ ဖြစ်လို့လည်း၊ အခင်ဘင်္ဂလီရခို်င်သားဖြစ်လို့မဟုတ်ပါလား၊အရုပ်ကလည်းဘင်္ဂလီအရုပ်ကံမကောင်းလို့ထင်ပါရေ စိတ်ထားမကောင်းလို့၊ကံမကောင်းစွာပါ၊

လူမျိုးရေးမုန်းတီးစိတ်ကိုဇာဖြစ်လို့ဆွပီးနေစွာပါလည်းရိုဟင်ဂျာနှင့်ရခိုင်အဓိကရုန်းဖြစ်အောင်ဖန်တီးနေစွာလားရခိုင်သားတိတောင်ရခိုင်ပြီကထွက်ပြီးဂေနိန်နေရရေမဟုတ်ပါလား၊

ရိုဟင်ဂျာနှင့်ရခိုင်တိရန်သူကမဟုတ်ပါ၊တမြီတည်းမှာနီလာစွာကဂေါင်းကြာပါဗျာယ်မလား၊
အကျွန်ရို့ကဘင်္ဂလီလုံးဝမဟုတ်ပါရခိုင်ပြီမှာမွှီးဖွားခရေရိုဟင်ဂျာစစ်စစ်ပါရာ၊၊အခင်အေးကျော်ကိုပြောချင်စွာကကမ္ဘာတီနိန်သရွေ့ရိုဟင်ဂျာဆိုစွာဟိနိန်ဖို့ရာ၊စိတ်မ ပူပါဂေ့၊၊


အရက်သမားအေးချမ်းကသူ့ကိုသူတောင်အီးချမ်းမနိန်တတ်လို့အရက်သမားဘဝဖြစ်လားဟစွာမလား ၊ယင့်အတွက်နှင့်ပြောနိန်စွာရိုဟင်ဂျာအကြောင်းမစဉ်းစားပါဂေ့လို့၊သတင်းစာမှာအေး
ချမ်းကအစိုးရပုန်ကန်ဖို့ကြိုးစားနီ


ရေဆိုပြီးဖမ်းထားစွာကိုမြင်လိုက်ပါရေ၊ဓါတ်ပုံပါမြင်ဖူးပါရေ၊၊သမိုင်းဆရာရဲ့ရာဇဝ င်ကောင်းတပုဒ်ပါလား၊၊
အခုကမ္ဘာကြီးကအယင်ပိုင်မရှိ့ပါဗျာယ်၊၊ဒေလောက်တိုးတက်နိန်ရေခေတ်မှာအတီွးှအခေါ်အယူအ ဆတိလည်းတိုးတက်ခေတ်မှီဖို့လိုအပ်ပါရေ၊၊ 

အယင်ကရိုဟင်ဂျာမဟိလို့ပြောရုံနှင့်ရိုဟင်ဂျာတိပျောက်လားဟစွာမဟုတ်၊၊အယင်လည်းဟိခ ရေ၊အခုလည်းရှိုနိန်ရေ..နောက်လည်းရှိနိန်ဖို့ရာ၊


ရိုဟင်ဂျာအရေးအကျွန်ရို့အရေးပါ၊ရိုဟင်ဂျာတာဝန်အကျွန်ရို့ယူနိုင်ပါရေ။ တခြားလူကိုမနာလိုဂေ၊ကိုယ့်မှာလည်းအကျိုးရှိဖို့မဟုတ်ဆိုစွာအခင်ရို့မှာလည်းရှိသ င့်ပါရေ၊၊


မုဒိတာပွားနိုင်ကြပါစေ၊၊

ဒေါ်မေယုခင် (ရခိုင်ပြည်သူ)

Author Daw Khin Hla is Retired Senior High School Teacher in Rangoon , Burma.
----------------------------------------------------------------------------------------

Original letter , please click on image to view larger


Rohingya Exodus