
အမှန်တရား တခုပေါ်လာဖို့ဆိုတာ အမှန်တရား ကိုပဲအခြေခံပြီး ဆွေးနွေးဖို့လိုတယ်။ အမှန်တရား ဆိုတာ ကလည်: သက်သေသာဓက အထာက်အထား နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး မှ ပြတ်သားတဲ့အဖြေထွက်မှာဖြစ်တယ်။ အမှန်တရားကို ရှာဖွေသူတိုင်းဟာ မိမိရဲ့ဆန္ဒ နဲ့ အတ္တ ကို ဘောင်ခတ်နိုင်ရတယ်။ အမျိုးသားရေး စိတ်ဓါတ် ရှိတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ အစွန်းမရောက် ဖို့တော့လိုတယ်။ မိမိ လိုရာ ကိုပဲတဖက်သတ် အတင်းဖိ ပြော လို့ တော့ ဘယ်တော့ မှ ညှိနှိုင်းလို့ရမှာမဟုတ်ဘူး။
ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်၊ အိမ်ထောင်ပြုခွင့်၊ ပညာသင်ကြားခွင့် နှင့် အခြား အခြေခံ လူ့အခွင့်အရေး တွေကိုပိတ်ပင်ထားတာ ဆယ်စုနှစ်ခုထက်မနည်းတော့ဘူး။ ရခိုင်အရေးကိုတခါမှ မကြားဖူးတဲ့ သူတွေကတော့ အလိမ်ခံရမှာပဲ။ အမျိုးထိရင် အားလုံးနာတတ်သူတွေပါပဲလေ။ ဒါကို အခွင့်ကောင်းယူပြီး ပြဿနာ ကိုမကြီး ကြီးအောင် ဖန်တီး နေတာ ဘယ်သူလဲဆိုတာ အားလုံး သိသင့်ပြီ။ လူဦးရေ သန်းခြောက် ဆယ်လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ မုဒိန်းမှု နဲ့လူသတ်မှု ဆိုတာမဆန်းပါဘူး။ သတင်းစာ တွေနဲ့ မှုခင်း ဂျာနယ်တွေမှာ လည်းအဲဒီလိုအမှုတွေအကြောင်းပလူပျံနေတာပဲ။ ထောင်ထဲမှာ လည်း အဲဒီလိုတရားခံတွေက အများကြီး။ ဘာဖြစ်လို့ မသီတာထွေး ကိစ္စကျမှ ဒီလောက်တောင် မျိုးဖြုတ် လူသတ်ပွဲကြီးဖြစ်နေရတာလဲ ဆိုတော့ ဒေါ်စုပြော သလို တယောက်ယောက် ကပဲ တမင်တကာဖန်တီးနေတာလား။
အနောက်နိုင်ငံသတင်းဌာနတွေကို ယခုတလော အရမ်းဆဲနေကြတယ်။ အဲဒီသတင်း ဋ္ဌာနတွေ ဟာ သတင်းကိုလုပ်ကြံဖန်တီး ပြီး ပြောလို့မရဘူး။ ကိုယ်ကသူ တို့အမှားကို သက်သေနှင့် တကွ ထောက်ပြနိုင်ရင် သူတို့်တွေပြ ဿနာ တက်သွားမှာ။ စစ်အစိုးရကို တော်လှန်တုန်းက အဲဒီ မီဒီယာတွေကိုပဲ အားကိုးလာခဲ့တယ်မဟုတ်လား။ အခုကျတော့ ကိုယ့်အကြိုက်လိုက်မပြောတာနဲ့ သူတို့တွေ အလိမ်ဖြစ်သွားရောလား။ လွယ်ပါတယ်။ အဲဒီ မီဒီယာတွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ လွတ်လပ်စွာသွားလာခွင့် နှင့် သတင်းယူခွင့်ပေးလိုက်ပါ။ စဉ်းစားစရာက ဘာဖြစ်လို့ အစိုးရက ဒီမီဒီယာတွေကို ရခိုင်ပြည်နယ်ကိုပေးမသွားလဲ။ ဒါနဲ့ ထူးထူးဆန်းဆန်း မွတ်စလင် အဖွဲ့တချို့ကို ရခိုင်သွားခွင့်ပြုလိုက်တယ်။ လေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ တနေရာခေါ်သွားပြ ပြီး မွတ်ဆလင် တွေအားလုံးအေးအေးဆေးဆေးရှိပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ညတောင်အိပ်ဖို့မပေးဘူး ချက်ချင်းပြန်ခိုင်းလိုက်တယ်။ ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အစိုးရက တခုခု မဟုတ်တာလုပ်ထားပုံရတယ်။
နောက်ထပ် သတိထားမိတာက တက်လာလိုက်တဲ့ သတင်းတွေကလည်း တဖက်သတ်၊ ရယ်စရာ ကောင်းတာက အခုဘဲ ဘင်္ဂလီတွေလက်နက် တွေနဲ့ ကျူးကျော် ဝင်ရောက် လာပြီတဲ့။ ဒါဟာ ဆိုက်ကိုသုံးပြီး ပြည်သူတွေကို လှည့်စားသွားတာ။ ဘာလို့လဲဆိုတော့ တိုင်းပြည်ကိုထိပါးလာပြီဆိုရင် လူတိုင်း တသံထဲဖြစ်သွားပြီး မျိုးချစ်စိတ်ဓါတ် တက်ကြွ လာတယ်လေ။ နှစ်ဖက်စလုံးကို အရှိန်မြင့်တင်ပေးပြီး အခြား တဖက်မှာ လုပ်ချင်သလို လုပ်သွား တာတွေ့ရတယ်။ နည်းနည်း စဉ်းစားကြည့်ကြပါ။ ဘယ်သူက ကိုယ့်တိုင်းပြည် ကိုလက် လွှတ်ပြီး မြန်မာပြည်လို အဖက်ဖက်က ပိတ်ဆို့ ထားတဲ့ တိုင်းပြည်ကို လာချင်ကြ မလဲ။ ရိုဟင်ဂျာတွေ မိုဘိုင်းဖုန်းတောင် ကိုင်ပိုင်ခွင့် မရှိတာ။
အမှန်တကယ်တော့ ဒီပြဿနာကို ဖန်တီးဖို့ မသီတာထွေး နဲ့ တောင်ကုတ် က အကြမ်းဖက်မှုကြီး ကိုဖန်တီးခဲ့တာ။ ဒါတွေရဲ့ နောက်ကွယ်မှာ တဦးဦးက ကြိုးကိုင်နေ တယ်ဆိုတာ ပေါ်လွင်နေတယ်လေ။ အဖြေမှန်လိုချင်ရင် ကိုယ့်ကိုကိုယ် နှစ်ဖက်စလုံးက ထားပြီးစဉ်းစားကြည့်ကြပါ။အမုန်းတရားနဲ့တော့အဖြေမှန်ထွက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလား နိုင်ငံသားလား ဆိုတာ တဦးဦးက ကိုယ်ထင်ရာ လျှောက်ပြောလို့ မရဘူး။ တိုင်းရင်းသားလားဆိုတာ ကမ္ဘအဆင့်မှီသမိုင်းပညာရှင်တွေနဲ့ တိုင်းရင်းသားရေးရာ ကျွမ်းကျင် သူတွေကလေ့လာ စီစစ် ပြီးမှ လွတ်တော်မှာ ဆုံးဖြတ်ရမှာလေ။ နိုင်ငံသားလားဆိုတာကိုလည်း နိုင်ငံတကာအဆင့်မှီ ဥပဒေရှိရမှာဖြစ်ပြီး ပညာရှင် တွေနဲ့ လေ့လာစီစစ်ပြီးမှ ဆုံးဖြတ်ရမှာလေ။ ဒါပေမဲ့ ရိုဟင်ဂျာတွေ လူသားတွေလား ဆိုတာတော့ လူစိတ်ရှိပြီး လူ့အခွင့်အရေးကို နားလည်တဲ့ သူတွေက ကောင်းကောင်းဆုံးဖြတ်တတ်ပါလိမ့်မယ်။ အကယ်၍ မြန်မာမီဒီယာများစွပ်စွဲနေသလို ဘင်္ဂလီတွေဆိုရင် ဘာ့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒီလူတွေကိုပြန်ပြီး သေတွင်းထဲတွန်းပို့လိုက်တာလဲ။ သိထားဖို့က ဘင်္ဂလားဒေ့ရှ် ကဒီမိုကရေစီနိုင်ငံနော်။ အာဏာရှင်တိုင်းပြည်မဟုတ်ဘူး။ ကျုပ်တို့ဆီကလို လုပ်ချင်သလိုလုပ်လို့မရဘူး။
ဘယ်သူကမီးစရှို့တယ်ဆိုတာအတိအကျမသိရပေမဲ့"ရခိုင်အိမ်"လို့ဆိုပြီးဘာလို့အိမ်ရှေ့ တွေမှာ ချိတ်ထား တာလဲ။ ကိုယ့်ကိုယ်ကို မလိမ်ပဲအမှန် အတိုင်းစဉ်းစားကြည့်ပေါ့။ တောင် ကုတ် မှာ အကြမ်းဖက်မှုကြီးဟာအခုတော့သက်သေထွက်မဲ့လူ မရှိလို့ လူသေမှု လို့ပဲယူဆ ရတော့မယ်တဲ့။ ဒါပဲလား မြန်မာမွတ်ဆလင်တွေ အပေါ်ထားတဲ့ ခင်ဗျားတို့ရဲ့ သဘောထား။ ဒီမိုကရေစီလှုပ်ရှားမှု မှာတော့ အတူတူ အေးအ တူပူအမျှ စစ်ဖိနပ် အောက်ကနေလွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြတယ်။ ဒီမိုကရေစီရဲ့ အငွေ့တောင်မှ မရသေးဘူး ကျုပ်တို့မွတ်ဆလင်တွေကို သူစိမ်းသဖွယ် ရန်သူလိုမျိုး ဆက်ဆံ နေပြီ။ ကျုပ်တို့ ကတော့ဘယ်တော့မှ သစ္စာမဖောက် တသွေးတည်း တသားတည်း မြန်မာတိုင်းရင်း သား အားလုံးနဲ့ အမြဲ ရပ်တည်ခဲ့တယ်။ အစ္စလာမ်ဘာသာဟာ မြန်မာပြည်ကို ရောက်ရှိလာတာ နှစ်ပေါင်းတထောင်ကျော်သွားပါပြီ။ အကယ်လို့ မြန်မာနိုင်ငံကို မွတ်ဆလင်နိုင်ငံ ပြုလုပ်ဖို့အကြံအစည် ရှိခဲ့ရင် အမျိုးပျောက်မှာ စိုးကြောက်လှပါပြီဆိုတဲ့ ဝါဒဖြန့်နေတဲ့ ပုဂ္ဂိုလ်တွေ ပါယနေ့ မွတ်ဆလင် ဖြစ်လောက်ပြီ။ အမှန်တကယ်တော့ ကျွန်တော်တို့ မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာ ညီနောင်များကို ဂေါ်တမ ရဲ့ ဆုံးမစကားကို လိုက်နာတဲ့ ဗုဒ္ဓဘာသာဝင် ကောင်းတွေပဲဖြစ်စေချင်တယ်။ ဘယ်ဘာသာကမှ မကောင်းမူကို မကျူးလွန်ခိုင်းဘူး။
မိမိ ကိုယ်ကျိုးအတွက် ဘာသာတရားတွေကို ခုတုံးလုပ်ပြီး လူသားတွေအပေါ်မှာ အစဉ် မကောင်းကြံစည်နေသူတွေကို ကျွန်တော်တို့ ပူးပေါင်းပြီးတိုက်ရမဲ့အစား သူတို့ရဲ့ အကြိုက် လိုက်မလုပ်မိဖို့လိုပါတယ်။
ကျော်ဝင်း (United Kingdom)
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
MP U Shwe Maung Explained on Amendment 1982 Citizenship Law on 25 July 2012. MP U Shwe Maung explained on amendment of 1982 Citizenship Law...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂ သို့  အယ်ဒီတာ၊ နိရဉ္စရာ သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့် ရမ်းဗြဲတွင် အသက် ၁၆ နှ...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
12/07/2012 Joint press release HUMANITY GONE ...
-
More than 40% of people living in Burma belong to one of the military-ruled nation's different minority groups. The government recognis...
-
By Dr. Maung Zarni Since the first wave of Rohingya genocide in Feb 1978 which expelled nearly 200,000 refugees from all across Wester...
-
လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖို...
