Latest Highlight


၅၈ ခုသောအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍အင်္ဂါနေ့တွင် မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးများအပေါ်မတရားဖိနှိပ်ရန်အစိုးရအဖွဲ့ အစည်းများစတင်၍အစပျိုးပေးခဲ့ကြောင်းကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေကိုဆန့်ကျင်၍ရိုဟင်ဂျာများထွက်ပြေး
တိမ်းရှောင်လာသည်ကိုခိုလှုံခွင့် မပေးခဲ့ကြောင်းရေးသားထားသည်။ အဖွဲ့အစည်းများပူးပေါင်းထားသည့်အဆိုပါအဖွဲ့ကို Refugees International, The Arakan Project, The Equal Rights Trust တို့မှဦးဆောင်ပြီး မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရများထံလိုအပ်သည့်ဆောင်ရွက်ရမည့်အချက်အလက် များကိုအဖွဲ့မှပေးပို့ခဲ့ပြီးဖြစ်သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံတွင်နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည်မတရားဖိနှိပ်မှုနှင့်ခွဲခြားဆက်ဆံမှုများကိုဆယ်စုနှစ်များစွာခံနေရ ကြောင်း၊ ယခုလည်းအခြားသောအကျပ်အတည်းရင်ဆိုင်နေရကြောင်း၊ ရိုဟင်ဂျာများအတွက်ကာကွယ်ပေးရန်အမြန်ဆုံးစဉ်းစားပေးရန်လို အပ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခ၏နောက်ကွယ်တွင်နိုင်ငံတော်အစိုးရမှပါဝင်ပတ်သက်နေကြောင်းတို့ပါဝင်သည်။

အကြမ်းဖက်မှုကြီးသည်ဇွန်လ (၃) ရက်နေ့မှစတင်ခဲ့ပြီး၊ စစ်တွေနှင့်မောင်းတောမြို့များတွင်ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာအများအပြားသည် အကြမ်းဖက်မှုကြီး၏ဒုက္ခသည်များဖြစ်နေလျက်ရှိပြီး၊ မတရားဖိနှိပ်ခံရမည်ကိုကြောက်ရွှံ့၍နေအိမ်မှထွက်၍မရကြောင်း၊ နေရာထိုင်ရေး အတွက်အခြေခံလိုအပ်ချက်များရရှိရန်ပိတ်ပင်ခံထားရကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများနှင့်ဒုက္ခသည်စခန်းများတွင်မနေထိုင်သူများမှာ အမြန်ဆုံးလူမှုရေးအထောက်အကူများရရှိရန်လိုအပ်နေကြောင်း၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင်လည်းအိုးမဲ့အိမ်မဲ့ဖြစ်သွားသူများကို မိမိတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ခွင့်ပေးမည့်အစီအစဉ်ကိုမတွေ့မြင်ရကြောင်း၊ အခြေအနေမှာထိုသူများကိုအိုးမဲ့အိမ်မဲ့ဘ၀သို့ တွန်းပို့နေသည်ဟုထင်မြင်ရကြောင်း - အဆိုပါကြေညာချက်တွင်ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေများကိုဆန့်ကျင်၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအကြမ်းဖက်မှုကြီးနှင့်မတရားဖိနှိပ်မှုများကို ရှောင်ရှားရန်ထွက်ပြေးလာသူများကို နယ်စပ်ဂိတ်များကိုပိတ်၍လက်မခံသည့်အပြင်ပြန်လည်၍တွန်းပို့ခဲ့ကြောင်း၊ ထိုကဲ့သို့ပြန်လည်တွန်းပို့ ခဲ့ရသောရိုဟင်ဂျာများသည်မိမိတို့၏လွတ်လပ်ခွင့်နှင့်အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံနေရသောမြန်မာနိုင်ငံသို့ပြန်လည်တွန်းပို့ခံရခြင်း ဖြစ်သည့်အပြင်အသက်အန္တရာယ်စိုးရိမ်ရသောရေနက်ပိုင်သို့လုံခြုံမှုမရှိသောစက်လှေများဖြင့်တွန်းပို့ခံရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံတို့သည် နိုင်ငံသား၊ နိုင်ငံမဲ့၊ ဒုက္ခသည်ခွဲခြားခြင်းမရှိပဲ ဥပဒေအရအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ ထည့်သွင်း ရေးသားထားသည်။

ထိုအဖွဲ့မှ မြန်မာအစိုးနှင့်ရခိုင်ပြည်နယ်အစိုးရသို့ ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှမတရားဖိနှိပ်ရက်စက် နေခြင်းများရပ်တန့်ရန်၊ ဒုက္ခသည်များကိုလူမှုရေးအကူအညီပေးနေသည်များကိုမတားဆီးပဲခွင့်ပြုပေးရန်၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင် ဒုက္ခသည်များကိုမိမိတို့၏နေရပ်သို့ပြန်လည်နေထိုင်ခွင့်ပြုရန်၊ အိုးမဲ့အိမ်မဲ့အခြေအနေများဆက်လက်ဖြစ်ပွားနေရန်တွန်းပို့သည်အခြေအနေ များကိုရှောင်ရှားရန်တို့ကိုတောင်းဆိုလိုက်သည်။ နိုင်ငံတကာမှစုံစမ်းရေးကော်မရှင်များမှလည်းဖြစ်ပွားခဲ့သည့်ပဋိပက္ခနှင့်အကြမ်းဖက်မှုကြီးကို စုံစမ်းလေ့လာရန်တောင်းဆိုသည်။

ယခုဖြစ်ပေါ်နေသောအကျပ်အတည်းကိုအသုံးပြု၍ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောအသိုင်းအ၀ိုင်းများအတွင်းပြဿနာများကိုဖြေရှင်း ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကိုဦးတည်၍ဆွေးနွေးမှုများစတင်ရန်လိုအပ်ကြောင်းနှင့်ရိုဟင်ဂျာများနှင့်ပတ်သက်၍ လက်ရှိချမှတ်ထားသောမူဝါဒများကိုဖော်ပြရန်လိုအပ်ကြောင်းတို့ကိုမြန်မာအစိုးရအားတိုက်တွန်းလိုက်ကြောင်းသိရှိရပါသည်။

ကြေညာချက်ကိုအောက်ပါအဖွဲ့အစည်းများမှလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။


1. Act for Peace (Australia)
2. Actions Birmanie Belgium
3. Altsean-Burma
4. Asia Pacific Refugee Rights Network
5. Burma Campaign UK
6. Burmese Rohingya Association in Japan
7. Burmese Rohingya Community in Denmark
8. Burmese Rohingya Organisation UK
9. Catholic Tokyo International Center
10. Christian Coalition for Refugee and Migrant Workers, Japan
11. Christian Solidarity Worldwide
12. Church World Service - Immigration and Refugee Program
13. Civil Development Organization, Iraq
14. Dalit NGO Federation (DNF)
15. Equal Rights Trust
16. ESCR-Asia Pakistan
17. Euro-Burma Office
18. Fahamu Refugee Programme
19. Health Equity Initiatives, Kuala Lumpur
20. Human Rights and Genocide Clinic, Cardozo School of Law
21. Imparsial (Indonesia)
22. Info Birmanie
23. INFORM Documentation Centre, Sri Lanka
24. International Detention Coalition
25. International Observatory on Statelessness
26. Japan Association for Refugees
27. Japan Evangelical Lutheran Association
28. Jesuit Refugee Service
29. Jesuit Refugee Service Asia Pacific
30. Jesuit Social Center, Japan
31. Lawyers for Human Rights (South Africa)
32. Migrant Forum in Asia
33. Minority Rights Group International
34. Organization for Defending Victims of Violence
35. Partnership for Pastoralists Development Association(PAPDA)
36. People's Forum on Burma(Japan)
37. Philippine Alliance of Human Rights Advocates
38. Physicians for Human Rights
39. Praxis
40. Project Maje
41. Rafiq Japan
42. Rebirth Society
43. Refugee Council USA
44. Refugees International
45. RefugePoint
46. Restless Beings
47. Rohingya Society in Malaysia (RSM)
48. Society for Threatened Peoples / Germany
49. South East Asian Committee for Advocacy (SEACA)
50. Stateless Network
51. Sudan Peace Humanitarian Organisation
52. Swedish Burma Committee
53. Tenaganita
54. The Arakan Project
55. The May 18 Memorial Foundation
56. The Refuge Pnan
57. United to End Genocide
58. WOREC Nepal

ယနေ့ထုတ် Mizzima သတင်းဌာနမှ 58 civil groups issue statement on Arakan State violence သတင်းကိုကိုးကား၍ရေးသားတင်ပြ ပါသည်။

RB News Desk
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိက ရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော လွှတ်တော်ကော်မရှင် အခန်းအနား တရပ် တွင် ဦးရွှေမန်း စကားပြောနေစဉ်။

ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့ လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။

"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး တဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ှSources Here:
မကြာမီကဖြစ်ပွားခဲ့သောစစ်တွေမြို့အဓိကရုဏ်း၌ အိမ်ခြေပေါင်း ၆၀၀၀ ကျော်နှင့် ဗလီ (၃၅) လုံးဖျက်ဆီး ခံခဲ့ရပါသည်။ ရခိုင်ပြည်နယ်အစိုးရမှ သတင်းစာရှင်းလင်းပွဲတွင် အိမ်ခြေ ၂၅၂၈ လုံးသာဖော်ပြခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ၏ အိမ်ခြေ ၁၃၃၆ လုံးဟုပြောကြားခဲ့သော်လည်း အမှန်တကယ်မှာ ၆၀၀၀ ကျော်ရှိသည်ဟု ပြည်တွင်းမှသတင်းပေးပို့သည်။ အဆိုပါ သတင်းစာရှင်း လင်းပွဲတွင်အစ္စလာမ် ဘာသာ ၀င်များ၏ ဗလီ (၇) လုံးသာအဖျက်ဆီးခံခဲ့ရသည်ဟု အစိုးရတာဝန်ရှိသူ များမှာပြောကြားခဲ့သည်။ အမှန်အားဖြင့် ဗလီ (၃၅) လုံးနှင့် သင်္ချိုင်း တစ်ခုဖျက်ဆီး ခံခဲ့ရသည်။ 

ဖျက်ဆီးခံရသည့်ရွာများမှာအိမ်ခြေများစာရင်း

· နာဇီရွာ - အိမ်ခြေ ၃၆၀၀ ခန့် 

· အောင်ဘာလာရွာ - အိမ်ခြေ ၁၀၀ ခန့် 

· ဈေးဟောင်းမောလိပ် - အိမ်ခြေ ၆၀၀ ခန့် 

· ပလုပ်တောင် - အိမ်ခြေ ၂၀၀ ခန့် 

· မကျည်းမြိုင် - အိမ်ခြေ ၈၀ ခန့် 

· စံပြရပ်ကွက် - အိမ်ခြေ ၃၀၀ ခန့် 

· ပိုက်သည်ရွာ - အိမ်ခြေ ၉၀၀ ခန့် 

· သံတော်လီ - အိမ်ခြေ ၃၀၀ ခန့် 

· ဘုမေရွာ - အိမ်ခြေ ၁၀၀ ခန့် 

· ကျောင်းကြီးလမ်း - အိမ်ခြေ ၁၅၀ ခန့် 

ဖျက်ဆီးခံရသည့်ဗလီများစာရင်း

· နာဇီရွာ - ၁၆ လုံး 

· အောင်ဘာလာရွာ - ၂ လုံး 

· ဈေးဟောင်းမောလိပ် - ၁ လုံး 

· ပလုပ်တောင် - ၁ လုံး 

· မကျည်းမြိုင် - ၁ လုံး 

· စံပြရပ်ကွက် - ၃ လုံး 

· ပိုက်သည်ရွာ - ၅ လုံး 

· သံတော်လီ - ၂ လုံး 

· ဘုမေရွာ - ၃ လုံး 

· ကျောင်းကြီးလမ်း - ၁ လုံး 

နာဇီရွာမှဖျက်ဆီးခံခဲ့ရသောဗလီ (၁၆) လုံးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ 

1. နာဇီအကွက် (၈) - ဗလီ + မဒ္ဒရာဆာ 

2. ၀ါးတန်းဗလီ 

3. မာရ်ကာဇ်ဗလီ 

4. သင်္ချိုင်းဗလီ + မဒ္ဒရာဆာ 

5. ချန်ဒေါ်ရီရွာဗလီ 

6. မကျည်းမြိုင်ဗလီ 

7. ကမန်ရွာဗလီ + မဒ္ဒရာဆာ 

8. ခါနာအီနုစ်ရွာဗလီ 

9. နယာဖာရာဗလီ 

10. သာလ်ဂချားဖာရာဗလီ 

11. သင်္ချိုင်းရွာဗလီ 

12. ကမန်ရွာ(တွင်း) ဗလီ 

13. သင်္ချိုင်းရွာအ၀င်ဗလီ 

14. ဒရမ်ဖာရာဗလီ 

15. ကုန်းတန်းဗလီ + မဒ္ဒရာဆာကြီး 

16. ကျောက်တော်၊ မနီဂါးရွာဗလီဟောင်းကြီး 


Rohingya Blogger News Desk 






ယနေ့ဖြစ်ပေါ်နေသော ရခိုင်ပြည်၏ လက်ရှိအခြေအနေကို လေ့လာပါက ပြည်တွင်းမီဒီယာ တိုင်းအားလုံး လိုလိုမှာ ဘာသာရေးခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုဖြင့် ဖေါ်ပြရေးသားနေသည်ကို တဘက်သတ်တွေ့ ရှိရမည် ဖြစ်ပါသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် နေထိုင်ကြသော လူမျိုးများဖြစ်သည့် ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်ရန် အာဏာပိုင်များက ရခိုင်လူမျိုးများနှင့် ပူးပေါင်းပါဝင်နေသည်ကိုတွေ့ရှိရပါသည်။

မီဒီယာများ၏ဖေါ်ပြချက်များမှာ သူတို့အခေါ် ဘင်္ဂါလီကုလားများကသာ ရွာကိုမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း များပြုလုပ်နေသည်ဟု အမြဲလိုလိုဓါတ်ပုံနှင့်တကွတွေ့မြင်ရပါမည်။

ယခုဗွီဒီ ယိုကို ကြည့်ရှုပါက အစိုးရလုံထိန်းတပ်နှင့် ရခိုင်အမျိုးသားတို့ ပူးပေါင်းကြံစည်နေ သည်ကို တွေ့ရှိရ မည်ဖြစ်ပါသည်။

‘  မြန်မာ တွေအားလုံးအတွက် ဝမ်းသာ စရာ သတင်းလေး တစ်ပုဒ် ပါ.....
ဘယ်သတင်းဌာ နက မှ တက်တဲ့ သတင်းတော့ မဟုတ်ဘူး အဲ့လိုပြောလိုက်လို့ ကိုယ့်ဘာ သာ ကို စိတ်ကူးနဲ့ လျှောက်ရေးထားတာလဲ မဟုတ်ဘူး မောင်းတောက သူငယ်ချင်းတစ်ယောက်နဲ့ အဆက် အသွယ် ရပီ ကျန်တဲ့သူတွေလဲ ကျွန်တော့လို ဝမ်းသာစေချင်တာနဲ့ တင်ပေးလိုက်တာပါ.......
နစက က မနေ့ညကနေ မနက်ထိ သတ်လိုက်တာ ကုလား အားလုံးပေါင်း
.... ၁၅၀ လောက် ဖြစ်ပါတယ်ရခိုင်အမျိုးသမီးတွေ တောင် ဓါးကိုင်ပီတော့ ကုလားကိုလည်လှီး သတ်ချင်နေ တယ်လို့ ကြားပါတယ်














ရခိုင်ပြည်နယ်အနောက်ဘက် မောင်တောမြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ရဲ့ အကြမ်းဘက်ဆူပှုကြောင့် ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားပါတယ်။ လူနေအိမ် တချို့လည်း ပျက်စီး မီးလောင် သွားခဲ့ပါ တယ်။ ပြည်နယ် ကွပ်ကဲရေးရုံးက VOA ကို ပြော ပချက် အရဆိုရင် အခုတော့ အခြေအနေကို ထိန်းထားနိုင်ပြီလို့ ဆိုပါတယ်။ ဒီကနေ့ မောင်တောမြို့မှာ ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေ ကို စုံစမ်း ထား တဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇွန်လ ၈ ရက်၊ သောကြာနေ့ နေ့လည်က မောင်တောမှာဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေက ဒီကနေ့ ညနေပိုင်းထိသတင်းကတော့ သေဆုံးတဦး ဒဏ်ရာရသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။ ဒီပြဿနာတွေ အတွင်း နေအိမ်နဲ့တည်းခိုခန်းအပြင် ဗီဒိုယိုရုံတွေအပါအ၀င် ၁၈ အိမ်လောက် မီးလောင်ပျက်စီးတာတွေ လည်း ဖြစ်ခဲ့ပါတယ်။ အခု ညနေပိုင်းမှာတော့ နောက်ထပ် ဒီလို ပြဿနာတွေ ထပ် မဖြစ်ရအောင် ဒေသဆိုင်ရာ လုံခြုံရေးတွေက ထိန်းထားတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကိုတော့ ရခိုင်ပြည်နယ်ကွပ်ကဲရေးရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောပါတယ်။

“အခုနောက်ပိုင်း အခြေအနေကတော့ ကောင်းသွားပြီလို့ သိရပါတယ်။ ကျနော်တို့ဆီမှာ တိုင်းရင်းသားက ဆရာဝန် ဓားထိုးခံရတဲ့သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ သူကတော့ ဝမ်းဗိုက်မှာ အထိုးခံရတယ်၊ ဆေးရုံမှာ ဆေးကုသဆဲရှိတယ်။ အဲလောက်ပဲ သိပါတယ်ခင်ဗျ။ လောလောဆယ် သတင်းရတာတော့ ဒေါက်တာခင်မောင်လတ်ရယ်၊ သူ့အမျိုးသမီးရယ်နဲ့ စုစုပေါင်း လေးယောက် ဒဏ်ရာရထားတာတော့ ရှိတယ်။ တိုင်းရင်းသားထဲက ဓားထိုးဒဏ်ရာနဲ့ ဆုံးသွားတာ တယောက်ပဲ ရှိပါသေးတယ်။ အခုတော့ အခြေအနေ ထိန်းထားနိုင်ပါပြီခင်ဗျ။”
ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး တိုက်ခိုက်မှုတွေအထိ ဖြစ်နေတဲ့ ဒီအခြေအနေတွေကိုထိန်းနိုင်ဖို့ လုံခြုံရေး အဖွဲ့တွေ က သေနတ်ကို မိုးပေါ်ထောင် ပစ်တာနဲ့ မီးသတ်ပိုက်သုံးပြီး လူစုခွဲထားတွေ လုပ်ခဲ့ပေမဲ့ လူစုလူဝေး ထဲ သေနတ်နဲ့ပစ်တာမျိုး၊ သေနတ်ဒဏ်ရာရသွားတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ဆီမှာ ပစ်တယ်၊ ခတ်တယ်ဆိုတာတော့ မရှိသေးပါဘူး။ တခုတော့ရှိတာပေါ့။ လူစုကွဲအောင်လို့ မီးသတ်ကားနဲ့ရေပက်တာတို့၊ မိုးပေါ်ထောင်ဖောက်တာတို့ အဲလောက်တော့ ရှိတာပေါ့။ အိမ်မီးလောင် တာတွေ ငြိမ်းတာလေ။ အဲလောက်တော့ ရှိပါတယ်။ လူထုကို တည့်တည့်ပစ်ခတ်တာတော့ မရှိပါဘူးဗျ။ တယောက်နဲ့တယောက် ခုတ်ကြ၊ ဖြတ်ကြတာ ဒဏ်ရာရတဲ့လူလည်း ရှိပါတယ်။ သူတို့ဘက်က ဒဏ်ရာ ရတာတော့ ကျနော်တို့မှာ မသိနိုင်သေးဘူးဗျ။”

ရခိုင်ပြည်နယ်ကွပ်ကဲရေရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မောင်တောက နောက်ဆုံး အခြေအနေတွေ ပြောပြခဲ့တာပါ။ ဒီပြဿနာဟာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ အခြေအနေပေါ် အခြေခံပြီး သောကြာနေ့မို့ ဗလီဘုရားကျောင်းကနေ ၀တ်ပြုပြီး ဆင်းလာကြတဲ့ မူဆလင်တချို့ရဲ့ မကျေနပ်မှုတွေက စခဲ့တာဖြစ်တယ်လို့လည်း ပြောပါတတယ်။

ကျမနပ်ဖြစ်နေကြတဲ့ မူဆလင်တချို့ဟာ ရခိုင်တိုင်းရင်းသားတွေပိုင်တဲ့ အိမ်တွေ၊ ဆိုင်တွေကို စပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်ဖျက်ဆီးတာခံလိုက်ရတဲ့ မောင်တော United တည်းခိုခန်းပိုင်ရှင် ဦးစံရွှေကလည်း ပြောပြပါတယ်။

“၁၂ နာရီခွဲလောက်မှာ ဆုတောင်းပွဲကအပြန်မှာ သွားဖြစ်တယ်။ လူအုပ်ကြီးကများတော့လည်း သွေးက နည်းနည်းပါးပါး ကြွလာတယ် ထင်ပါတယ်။ အဲဒါနဲ့ လမ်းကနေပြီးတော့မှ ဆီတွေ၊ ခဲတွေနဲ့ ပထမ United တည်းခိုခန်းကို စပြီးတော့ ခဲနဲ့ထုတာပေါ့။ ပြီးတာနဲ့ တည်းခိုခန်း ပိုင်ရှင်အိမ်ကို ထုတယ်။ လူအုပ်က များလာတော့ လမ်းမှာအပြည့်ပေါ့လေ- ကျနော်တို့အိမ်ရော တဆက်တည်းဆိုတော့ အိမ်ရော ပါသွားတာပေါ့။ အဲဒီကမှတဆင့် ဒီဘက် ဗိုလ်မှူးရွာမှာ ဒီဘက်က သဇင်တည်းခိုခန်းကို မီးရှို့တယ်။ ပြီးတာနဲ့ ဘေးနားကအိမ်ကို ဖျက်ဆီးတယ်။

နောက်ပြီးတော့ ဗိုလ်မှူးရွာအတွင်းမှာရှိတဲ့အိမ် ၇ လုံးလောက် မီးရှို့ပစ်တယ်။ ကျနော်ထင်တာ ကတော့ တောင်ကုတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ မကျေမနပ်ဖြစ်တာ ထင်ပါတယ်။ ဒေသခံတွေ ကကျတော့ စိုးရိမ်တာပေါ့။ တိုင်းရင်းသား ဒေသခံတွေက လူနည်းစု ၃၀၀ ကျော်လောက်ပဲ ရှိတာကို။ အခု ရဲတပ်ရင်း (၂) ကနေပြီးတော့မှ လုံခြုံရေးအင်အား ၁၅၀ လောက်နဲ့ နေရာ သုံးနေရာခွဲပြီး နေရာချ ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖြစ်တဲ့အချိန်ကတော့ သူတို့က မရှိဘူးလေ။ နေရာက လှမ်းနေတော့လည်း အချိန်မမီဘူးပေါ့။ အဲဒါ မီးရှို့တဲ့အချိန်မှာလည်းပဲ ဘာမှတော့ လုပ်လို့ မရဘူးပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီဘက်မှာ ညနေ သုံးနာရီကျော်ကျော်လောက်မှာကျတော့ အနားမှာရှိတဲ့ ရခိုင်ရွာမှာလည်း ရခိုင်အိမ် ၄ လုံး ဗွီဒီယို ရုံတရုံ မီးရှို့ပစ်တယ်။”

ဒါကတော့ မောင်တောမြို့ခံ ဦးစံရွှေက ပြောပြခဲ့တာပါ။ အခုညပိုင်း နောက်ဆုံးအထိတော့ အခြေအနေတွေ ဟာ တည်ငြိမ်နေပြီဖြစ်ပြီး မောင်တော မြို့တ၀ိုက်မှာတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ ကျောက်နီမော်ရွာမှာ မလ ၂၈ ရက်နေ့က မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မပြုကျင့်ပြီးတော့ အကြမ်းဘက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူတစုက အကြမ်းဘက် တားဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ် ပါလာတဲ့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အထိ နောက်ဆက်တွဲဖြစ်ခဲ့ပြီးတဲ့နောက် အခုတကြိမ် မောင်တော မှာ ပြဿနာတွေ ထပ်ဖြစ်ခဲ့တာပါ။ အစိုးရကတော့ ရခိုင်ပြည်နယ်ထဲ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ရဲ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင် ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

နောက်ဆုံးရတဲ့ သတင်းအရ မောင်တောနဲ့ ဗူးသီးတောင် မြို့ပေါ်ရပ်ကွက်တွေမှာ ပုဒ်မ ၁၄၄၊ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။


VOA Burmese
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယနေ့နေ့လည်ခင်းက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း ယနေ့ည ၉ နာရီ ၁၀ မိနစ်က နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် အထူး သတင်းထုတ်ပြန် လိုက်သည်။ အလားတူ ဘူးသီးတောင် မြို့နယ်တွင်လည်း ညမထွက်ရအမိန့် ထုတ်ပြန်သွားရန် ရှိကြောင်း ထုတ်ပြန်သည်။



ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်းတော၊ ဘူးသီးတောင် ဒေသများတွင် ပြည်သူများ၏ အသက်ဘေး အန္တရာယ် လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နစခ တပ်ဖွဲ့ဝင်များက တစ်ညလုံး ကင်းလှည့်ခြင်း၊ တပ်မတော် သားများက အသင့် အနေထားဖြင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်ခြင်း စသည် တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မောင်းတော ဒေသအတွင်း လူအနည်းစု ဖြစ်သော ရခိုင်လူမျိုးများမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ရခိုင်လူမျိုး အများစု တည်ရှိသော နေရာများတွင် နေထိုင်လျက်ရှိကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

***********************************************************************

မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။

***********************************************************************
ရခိုင်ပြည်နယ် မောင်တောဒေသတွင် လုံခြုံရေးအင်အားနည်းနေပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းမရှိသေးသည့်အပေါ် လူနည်းစုဒေသခံများ စိုးရိမ်လျက်ရှိကြောင်း ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(မောင်တော) ဥက္ကဋ္ဌက ပြောသည်။

ယင်းဒေသတွင် ရခိုင်လူမျိုး နှစ်သောင်းကျော်၊ ဗမာနှင့် အခြားတိုင်းရင်းသား နှစ်သောင်းခန့်နှင့် ဘင်္ဂါလီ လေးသိန်းခြောက်သောင်းခန့ရှိသည်ဟု ၎င်းက ဆိုသည်။

“လုံထိန်း၊ စစ်တပ်နဲ့ ရဲက နှစ်ရာလောက်ပဲရှိတာ။ အခုလောလောဆယ် ရွာနှစ်ရွာစီက အိမ် လေးအိမ်စီ မီးရှို့ခံထားရပြီးပြီ။ ရခိုင်လူမျိုး ဆယ်ယောက် ဒဏ်ရာရထားတယ်။ လုံခြုံရေးထပ်တောင်းထားတယ်။ ရောက်မလာသေးဘူး။ ဒီညအတွက် စိတ်ပူနေကြတယ်” ဟု ၎င်းက ဆိုသည်။
*************************************************************************

စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ

ဇွန်လ ၈ ၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။

*****************************************************************



ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဗလီရှေ့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် စုဝေးလျှက်ရှိသည့် လူစုလူဝေး အားလူစုခွဲစေရန် ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး မျိုးအောင် နှင့်အဖွဲ့က မေတ္တာရပ်ခံ လျှက်ရှိရာ ညနေ ၄ နာရီခွဲဝန်းကျင်၌ ရာဂဏန်းမျှသာ ကျန်ရှိတော့သည်ကိုတွေ့ရသည်။



ညနေ ၄ နာရီကျော်တွင် အဓိကရုဏ်းနှိမ်နှင်းရေး လုံထိန်းရဲကားများလည်း မြို့တော်ခန်းမနှင့် ဆူးလေစေ တီတ၀ိုက်သို့ ရောက်ရှိလာသည်ကိုတွေ့ရသည်။ လုံထိန်းရဲကား ၆ စီးထက်မနည်း ရောက်ရှိလာပြီး မြို့တော်ခန်းမရှေ့တွင် ရပ်နားထားသည်ကိုတွေ့ရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင်များကိစ္စကို စုံစမ်းအရေးယူပေးရန် တို့ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားပြီးမကြာမီ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ရောက်ရှိလာပြီး ဆန္ဒပြလုအုပ်ကို စိတ်ရှည်သည်းခံကြဖို့ အမုန်းတရားအပေါ် အခြေမခံ ကြဖို့ ပြောဆိုခဲ့သည်။

အစ္စလာမ်ဘာသာဝင် ဆန္ဒပြသူများအပြင် အခြားလူထုပရိတ်သတ်လည်း တဖြည်းဖြည်းများပြား လာ သည့်နောက် ရဲတပ်ဖွဲ့ဝင်များက လူစုလူဝေးအား လူစုခွဲပေးရန် မေတ္တာရပ်ခံပြီး အခြေအနေကို ထိန်းသိမ်း လျှက်ရှိသည်။

ဆူးလေစေတီ၏ ၀င်ပေါက် အချို့ကို ပိတ်ထားပြီး ဆူးလေစေတီအ၀ိုင်းပတ်သည့် ကားလမ်းကိုလည်း ယာဉ်ကြောတကြောသာ ဖွင့်ထားပေးကာ ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားစေတီဘက်သို့ ဆင်းသည့် ယာဉ်ကြောကိုလည်း ပိတ်ဆို့ထားသည်။

ရန်ကုန်မြို့တွင်း၌ လူအများ ပုံမှန်သွားလာလျှက်ရှိကြပြီး ဆူးလေလမ်းမတ၀ိုက် လမ်းဘေးဈေးသည် များကိုသာ လုံခြုံရေး အကြောင်းကြောင့် ရှင်းလင်းထားသည်ကို တွေ့ရသည်။
ဇွန်လ ၅ ၊ ၂၀၁၂ -YPI

*********************************************************************************
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
Radio Free Asia-2012-06-05
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေး ချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။


အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။


ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။


"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"


ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။


ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။


" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"


ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြော သာဖွင့် ပေးထား ပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီး မှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။


သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

RFA.

************************************************************************
ရန်ကုန် မူစလင်တချို့ ဆန္ဒပြ
VOA-By ကျော်ကျော်သိန်း

ရန်ကုန်မြို့မှာ ဇွန်လ ၅ ရက်၊ အင်္ဂါနေ့ နေ့လယ်ပိုင်းက အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြ တာကြောင့်ရယ်၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့တွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တရားဥပဒေ အရ စုံစမ်းစစ်ဆေးပြီး အပြစ်ပေး အရေးယူဖို့ရယ် တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ ရက်နေ့တုန်းကတော့ ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီးက အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် VOA ရုံးခွဲကနေ မေးမြန်း စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

---à ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေပိုင်းက တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အကြမ်းဖက် သတ်ဖြတ် ခံခဲ့ရပြီးတဲ့နောက် ဒီကနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ မေလ ၂၈ ရက်နေ့က ရမ်းဗြဲ မြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ် ၃ ယောက်က အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက် တဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ တောင်ကုတ်က အကြမ်းဖက် သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ သတင်း ခေါင်းစဉ်ပါ အသုံးအနှုန်း အပေါ် ရန်ကုန်မြို့ခံ အစ္စလာမ်ဘာသာဝင်တွေ မကျေမနပ်ဖြစ်ခဲ့ကြ တာပါ။ ဆန္ဒပြသူတွေက တရားဥပဒေ စိုးမိုးရေးဆိုတဲ့စာတမ်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြရာနေရာဆီသွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး က ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ သတင်းစာအသုံးအနှုန်းမှာ မူစလင်ကုလားဆိုပြီး သုံးတာကိုဗျာ။ အဲဒါက နိုင်ငံတော် လ၀က ရဲ့ စည်းမျဉ်းဥပဒေမှာလည်း အဲလို အသုံးမျိုး ရှိမှ မရှိတာဗျ။ ခု သုံးတဲ့ အသုံးအနှုန်းက တမင်တကာ ချိုးဖဲ့ ချိုးနှိမ်ပြီး သုံးတဲ့အပေါ်မှာတော့ မကျေမနပ် ဖြစ် ကြတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာက အစ္စလာမ် ဘာသာဝင် ၁၀ယောက် အသတ်ခံလိုက်ရတဲ့ကိစ္စကိုလည်း ဥပဒေ ကြောင်း အရ အရေးယူပေး ဖို့ပေါ့ဗျာ။ နောက်တခါ ဒီ ရခိုင်အမျိုးသမီးလေးကို မတရားကျင့်ပြီး စော်ကားသွားတဲ့ဟာကိုလည်း တိတိ ကျကျ အရေးယူဖို့ ဒါကို ပြောတာပါ။”

ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်ဖို့နဲ့ ခံစားမှုတွေကို ရှေ့တန်းတင်ပြီး လုပ်ကြမယ် ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင် မှာမဟုတ်တဲ့အတွက် ဆန္ဒပြတာကို ရုပ်သိမ်းပေးဖို့ သွားရောက် မေတ္တာ ရပ်ခံခဲ့ပါတယ်လို့ ကိုမြအေးကပြောပါတယ်။

“အမုန်းတရားတွေကို ရှေ့တန်းတင်ပြီး ဒီပြဿနာတွေကို ဖြေရှင်းကြမယ်ဆိုရင် အမှန်တရားတခုကို ကျနော်တို့ ရနိုင်မှာ မဟုတ် ဘူးလေ၊ အဲဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဆန္ဒပြတဲ့ဟာကို ရုပ်သိမ်းပေးဖို့ကို ကျနော်သွားပြီး မေတ္တာရပ်ခံတာပါ။”

ဇွန်လ ၄ ရက်နေ့မှာ တောင်ကုတ်က အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့ တနေ့တည်းမှာပဲ ပြည်ထောင်စု အစိုးရအဖွဲ့ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်ဟာ သမ္မတရဲ့ညွှန်ကြားချက်အရ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ရန်ကုန် မြို့မှာ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့ပါ တယ်။ တွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တဦးက သာသနာရေးဝန်ကြီး ပြောဆိုသွားတာတွေကို ဗွီအိုအေကို ပြန်ရှင်းပြပါတယ်။

“သူ့ပြောကြားချက်အရဆိုရင် သမ္မတကြီးက ဒီကိစ္စနဲ့ပတ်သက်လို့ အင်မတန်မှ စိတ်မကောင်းဖြစ်ပါတယ်၊ ဒါကြောင့် သူ့ကို နေပြည်တော်က ၃နာရီမှာ ချက်ချင်း ရန်ကုန်ကို စေလွှတ်ပါတယ်၊ ကျနော်တို့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများအားလုံးနဲ့ တခြားဘာသာရေးအသင်းအဖွဲ့များကို ခေါ်ပြီးတော့၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းပြပြီးတော့ သမ္မတကြီးက စိတ်မကောင်း ဖြစ် တယ်ဆိုတဲ့အကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့ စုံစမ်းဖော်ထုတ်သွားမယ် ဆိုတဲ့ အကြောင်း၊ နောက် နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးဖို့ အကြောင်းတွေကို မှာကြား သွားပါတယ်။ အေးချမ်းသာယာရေးအတွက်ကတော့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို၊ အစ္စလာမ်အဖွဲ့အစည်းမှာလည်း တာဝန်ရှိတယ်လေ၊ အဲဒီအတွက်ကတော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဖျက်အမှောက်ဖြစ်တာကိုတော့ လက်မခံဘူး လေ။ ဒီတော့ ကျနော်တို့ ဒါကို ထိန်းသိမ်းမှာပါ။ အဓိကကတော့ ကျနော်တို့က ကိုယ့်ဘာသာဝင်တွေကို အဓိကထားပြီး ထိန်းသိမ်းသွား မှာပါ”

စစ်တွေမြို့မှာလည်း ဇွန်လ ၄ ရက် ညပိုင်းက အကြမ်းဖက်မှုဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ကာကွယ်နိုင် ခဲ့ပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့ထိ၊ အကြမ်းဖက်ဖြစ်ရပ်တွေကို တရားဥပဒေနဲ့အညီ ပြေလည် စွာ ဖြေရှင်းနိုင်တဲ့ အချိန်ထိ ရပ်မိရပ်ဖတွေနဲ့ တာဝန် ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအစီအမံတွေလုပ်သွားဖို့ စီစဉ်ထားတယ်လို့ စစ်တွေမှာရှိနေတဲ့ ရခိုင်ပြည်နယ်၊ အမှတ် (၁) မဲဆန္ဒ နယ်မြေရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

“မနေ့ညက အစ္စလာမ်ဘာသာဝင်တွေ နေတဲ့ နေရာတွေကို လုံခြုံရေးနည်းနည်း ထားပါတယ်။ ဗုဒ္ဓ ဘာသာဝင်တွေနေတဲ့နေရာနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေတဲ့နေရာ အစပ်လေးတွေကို ချထားပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဘက်က ဒီဘက်ကို တခုခု ကိုယ်ထိလက်ရောက် လုပ်မယ့် သဘောလေးတွေ၊ တွေ့တဲ့အခါကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေက ကြိုတင်ပြီး တားဆီးနိုင်တဲ့ သဘောလေးတွေ ရှိတာပေါ့၊ အဲလိုမျိုး ထိစပ်တဲ့ ရပ်ကွက်လေးတွေ ရှိတယ်၊ အဲဒါတွေကိုတော့ ဒီကနေ့ ကျနော်တို့ အစည်းအဝေး လုပ်ကြတာ ရှိပါတယ်။ လုံခြုံရေးအရ ရှာဖွေတာတို့ တားဆီးကာကွယ်တာတို့ ဘာတို့ ရပ်မိ ရပ်ဖတွေနဲ့ လုပ်နိုင်အောင်ဆိုပြီးတော့ ညှိနှိုင်းနေကြတာ ရှိပါ တယ်။ စနစ်တကျကတော့ လုံခြုံရေးဖွဲ့စည်းတာတွေ လုပ်သွားမှာပါ”

ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေထဲမှာတော့ ကျောက်နီမော်ရွာသူ မသီတာထွေးကို သတ်ဖြတ် မှု ကျူးလွန်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိတယ် လို့ ရေးထားသလို တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အသတ်ခံရတဲ့ဖြစ်ရပ်ကိုလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါကတော့ ဇွန်လ ၅ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြတာကြောင့် ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဒီကနေ့ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး၊ VOA ဘန်ကောက်ရုံးခွဲကနေ ကိုကျော်ကျော်သိန်း ပြောပြခဲ့တာပါ။

နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမ အနီး တ၀ိုက်က လမ်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ညနေပိုင်းမှာ ပိတ်ပစ်ခဲ့ပြီးတော့ လူ အသွား အလာတွေ ကိုလည်း ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ပြဿနာ မကြီးထွားစေဖို့နဲ့ ခရီးသွားအများပြည်သူ အနှောင့်အယှက် မဖြစ်စေဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒုတိယရဲမှူးကြီး သက်လွင် ကို ကိုးကားပြီး ပြည်တွင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အခု ဒီအသံလွှင့်ချိန် မတိုင်ခင်မှာတော့ ဆန္ဒပြသူတွေ လူစုကွဲ သွားပြီ ဖြစ်ပြီးတော့ အခြေအနေ တည်ငြိမ်သွားပြီး ပိတ်ထားတဲ့လမ်းတွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။






ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရသတင်းစာများ၏ စကားလုံး အသုံးအနှုန်းအား လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်သူများအကြား ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင် ရာ လေ ပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွက် တရားဥပဒေ အတိုင်း ဆောင် ရွက်သွားမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲပြဌာန်းပြီး ဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ အား လက်ခံ၍ မရကြောင်း သတင်းစာများက ဖော်ပြထားသည်။




စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
သို့သော် ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများ၌ “မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှုန်းထားခြင်း အပေါ် ဝေဖန် ခံနေရခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ သတင်းစာ များ၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက် တာအေးမောင်က ပြောသည်။

“အခုဖြစ်ရပ်က အချိန်ကိုက် ဖြစ်နေတယ်၊ လူမျိုး တမျိုးကို ရက်စက်တဲ့ လူမျိုးဖြစ်အောင် လုပ်နေတာလား၊ ရိုဟင်ဂျာကို တိုင်း ရင်းသားတခု ဖြစ်အောင် ဖန်တီးနေတာလား၊ အစိုးရ သတင်းစာတွေက ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် မလုပ်သင့်ဘူး။
သတင်းစာက ရေးတဲ့ အသုံးအနှုန်းတွေကို ကန့်ကွက်ပါတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ သတင်းစာများ အနေဖြင့် ဆင်ခြင်ချိန်ဆ ရေးသင့်ကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ပြဿနာအစစ် အမှန်အား ဖြေရှင်း နိုင်ရေး ကိစ္စသည် အားလုံးတွင် တာဝန်ရှိကြောင်း၊ သမိုင်းကို လိမ်လည်နေကြသည့် ပုဂ္ဂိုလ်များ လည်းရှိကြောင်း၊ အခုပြဿနာ ဖြစ်ပွားရသည့် ရည်ရွယ်ချက် ကို ဖော်ထုတ် ရန်လို အပ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် စစ်တပ် မရှိမဖြစ် လိုအပ်နေသေးသည့် အခြေအနေမျိုး ဖော်ဆောင်လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ယခုဖြစ်ရပ်သည် စဉ်းစား စရာများ ရှိနေ၍ မီဒီယာများ အနေဖြင့် တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။

လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု လုပ်ဆောင်ခြင်း မပြုရန် လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသော်လည်း အစိုးရသတင်းစာ များက လိုက်နာခြင်း မရှိကြောင်း၊ ထိုလုပ်ရပ်သည် နောက်ကြောင်း ပြန်လှည့်လိုသည့် ကိစ္စ ဟုတ်မဟုတ် စဉ်းစားစရာ ဖြစ်စေနိုင်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူများနှင့် တိုင်ပင်၍ ပြန်ကြားရေး ၀န်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူ သင်းက ပြောသည်။
သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာ၌ ရေးသား ထားသည်။

လူမျိုးရေး၊ ဘာသာရေး ထည့်သွင်း ဖော်ပြခဲ့သည့် အတွက် အိန္ဒိယ နိုင်ငံ၌ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် တို့အကြား လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် အသုံးအနှုန်း သတိထားရေး သားရန် အိန္ဒိယ စာနယ်ဇင်း ကောင်စီက အတိအလင်း ထုတ်ပြန်ထားကြောင်း ဦးရဲထွဋ်က ဖော်ပြထားသည်။

ဦးရဲထွဋ်၏ ရေးသားမှုသည် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်များနှင့် ဆန့်ကျင်နေကြောင်းလည်း ဝေဖန်မှု တချို့ ထွက်ပေါ်နေသည်။

အစိုးရ သတင်းစာပါ “မွတ်ဆလင် ကုလား” ဆိုသည့် အသုံးအနှုန်းအတွက် အစိုးရက တောင်းပန်ရန်၊ တရားဥပဒေ စိုးမိုးရန်နှင့် သတ်ဖြတ်ခံရသူများအား တရားဥပဒေ အတိုင်း စီရင်ပေးရန် စာတမ်းများပါသည့် ပိုစတာ ကိုင်ဆောင်ထားသော လူ ၁၅ ဦး ခန့်သည် ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီတခုရှေ့တွင် ယနေ့ နေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရခြင်းသည် ကျောက်နီမော်ဒေသခံ အမျိုးသမီး တဦးအား လူ ၃ ဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့နယ် နာဇီဈေးအတွင်း ကောက်ခံသည့် အခွန်အခ များပြားသောကြောင့် ဦးဆောင်ဆန္ဒပြသူ ဦးအောင်သန်းဝေ အသတ်ဖြတ် ခံရသည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာမှ အာဏာပိုင်များဘက်က သေနတ်ဖောက် ဖြေရှင်းခဲ့မှုအပေါ် မကြေလည်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP) တို့ကလည်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် လုပ် ရပ်များနှင့် ပတ်သတ်၍လည်း ကြေညာချက် ၂ စောင်ကို ယနေ့ ထုန်ပြန်ခဲ့ကြောင်း RNDP ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ကျောက်နီမော်ဒေသ အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုကို ရှုံ့ချတယ်၊ တောင်ကုတ်မှာ လူ ၁၀ ဦးကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်တာလည်း ရှုံ့ချတယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားတဲ့ လူထု အုံကြွတာကို အာဏာပိုင်တွေ ဘက်က လိုအပ် တာထက် သေနတ်ဖောက် ပစ်ခတ်တာမျိုး နောက်တကြိမ် ထပ်မံ မလုပ်မိဖို့၊ ထိန်းသိမ်းပေးဖို့ ကိစ္စတွေ ကြေညာချက်ထဲမှာ ပါဝင်တယ်” ဟု ဦးအောင်မြကျော်က ရှင်းပြသည်။

စစ်တွေမြို့လူထု အုံကြွမှုအတွင်း အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ လူတစုက ရဲစခန်းနှင့်အနီးတ၀ိုက် ကို ခဲနှင့်ပေါက်ခြင်း၊ အနီးရှိ မော်တော်ယာဉ်ကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို လုံးဝရှုံ့ချကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။

“ဦးအောင်သန်းဝေ အသတ်ခံရတာ တကယ်မဟုတ်ဘူး၊ ပြန်ရောက်နေပါပြီ ဆိုတာကို ရှင်းပြတော့ လူအများစုက ပြန်သွားကြ ပါတယ်။ ဒါပေမယ့် လူတစုက မပြန်ဘဲ ရဲစခန်းကို ခဲနဲ့ ပေါက်တာ၊ နီးရာကားကို ဖျက်ဆီးတာတွေက တဆင့် ထိန်းမရတဲ့ အခြေအနေတွေ ကနေ ပစ်ခတ်တာတွေ ဖြစ်သွားရတယ်။ ဒီ လူတစုရဲ့ လုပ်ရပ်ဟာ အင်မတန် ရုပ်ဆိုးပါတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။

အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။
ဧရာဝတီ

***********************************************************************
ပြန်ကြားရေးဝန်ကြီးဌာန အမှားပြင်ဆင်ချက်ထုတ်ပြန်

၅-၆-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) ကော်လံ(၅)နှင့် (၆) တွင် ဖော်ပြပါရှိသည့် သံတွဲ-ရန်ကုန် ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်စလင်ကုလား (၁၀) ဦးအသတ်ခံရမှု သတင်းနှင့် စပ်လျဉ်း၍ "သံတွဲမှ ရန်ကုန်သို့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၁၀) ဦး အသတ်ခံရ "ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် နှင့် သတင်းစာသားများ၌လည်း "ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ " ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် ဟူ၍ ပြန်ကြားရေးဝန်ကြီးဌာန ၏ အင်တာနက်စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ဖော်ပြလိုက်သည်။







ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများ အား အောက် ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ် သင်ပြီး နေအိမ် သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ လူများက ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လူသတ်မှု သတင်းကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးဝင်းမောင်က ကျောက်နီမော် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ရာ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ချက် အမှတ် (ပ)၂၃/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၈၂ လူသတ်မှု၊ လုယက်မှုအရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ တရားခံများအား အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုးနှင့် အဖွဲ့သည် မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိပြီး ဆက်စပ် သတင်းဖော်ထုတ်ခဲ့ရာ မင်္သကာသူများ ဖြစ်ကြတဲ့ ထက်ထက်(ခ)ယော်ရှီး၊ (ဘ)ဦး ကျော်သောင်း၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်နေ ရော့ပီး (ဘ)ဆွေရွစ်တမောက်၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် သာယာရပ်နေ ခိုချီး (ဘ)အကွက်ချေ ဘင်္ဂါလီအစ္စလာမ်၊ တို့သုံးဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး ဖော်ထုတ်ချက်အရ သေဆုံးသူ မသီတာထွေးမှာ သပြေချောင်း ကျေးရွာမှ ကျောက်နီမော် ကျေးရွာသို့ စက်ချုပ် သင်ရန် နေ့စဉ် သွားရောက်သည်ကို ထက်ထက်(ခ) ယော်ရှီးက တွေ့မိပြီး မိန်းမယူရန် လိုအပ်သည့် ငွေရရှိရေး အတွက် မသီတာထွေး ၀တ်ဆင်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများကို ရယူလိုသဖြင့် ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးအား ခေါ်ဆောင်ကာ အခင်းဖြစ် နေရာအနီးရှိ ကုက္ကိုလ်ပင်မှ စောင့်နေခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေ့တွင် မသီတာထွေး တစ်ဦးတည်း ပြန်လာစဉ် ဓားဖြင့်ထောက်၍ တော စပ်ထဲသို့ ပွေ့ဖက် ခေါ်ယူပြီး သားမယား အဖြစ် တစ်ယောက်တစ်ကြိမ်စီ ပြုကျင့်ကာ လည်ပင်းအား ဓားဖြင့် လှီးဖြတ်ခဲ့ကြကြောင်း၊ ၄င်း ၀တ်ဆင်ထားသည့် အမ်စီရွှေဆွဲကြိုး အပါအ၀င် ရွှေထည်ပစ္စည်း ငါးမျိုးအား ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိပါတယ်။ ဖြစ်စဉ်အပေါ် အခြေခံ၍ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရေး အတွက်လည်းကောင်း၊ တရားခံများအပေါ် မကျေနပ်သူ ရွာသူရွာသားများက ၀ိုင်းဝန်းရန်ပြု လာနိုင်သောကြောင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့က စောင့်ကြည့်ပြီး မေလ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တရားခံသုံးဦးအား ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုး ဦးစီးအဖွဲ့ဖြင့် ကျောက်ဖြူ အကျဉ်းထောင်သို့ ချုပ်နှောင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှာ ရခိုင်လူမျိုး စုစုပေါင်း ၁၀၀ခန့်သည် ကျောက်နီမော် ရဲစခန်းအနီးသို့ ရောက်ရှိလာပြီး ဖမ်းဆီးထားသော ထက်ထက်(ခ)ယော်ရှီး ပါသုံးဦးတို့ အား ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ကြရာ ရဲစခန်းတွင် မရှိကြောင်းနှင့် ကျောက်ဖြူထောင်သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း၊ သို့သော် လူစုက မကျေနပ်သဖြင့် ရဲစခန်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားလာရာ ကျောက်နီမော် ရဲစခန်းမှ သေနတ် ငါးချက် ခြောက်လှန့် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ ဒါ့အပြင် အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ဦးခန့်သည် ရမ်းဗြဲမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း၊ မွန်းလွှဲပိုင်းတွင် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှုး တို့သည်လည်း ရွာသူရွာသားများနှင့် ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် ညနေပိုင်းတွင် ရမ်းဗြဲုမြို့သို့ ရောက်ရှိခဲ့ပြီး ဆူပူအုံကြွမှု မဖြစ်စေရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါ့အပြင် မေလ ၃၀ ရက် ညနေ ၄ နာရီတွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရမ္မာဝတီခန်းမမှာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘကြည်တို့က ဆူပူအုံကြွမှု မဖြစ်စေရေးအတွက် ရှင်းလင်း ပြောကြားခဲ့သဖြင့် ကျောက်နီမော် ကျေးရွာမှ ရွာသူရွာသားများသည် အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်တွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ ရမ်းဗြဲမြို့မှ ရေယာဉ်နှစ်စီးဖြင့် ကျောက်နီမော် ကျေးရွာသို့ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ကျောက်နီမော် ရွာသူရွာသား များထံသို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ခင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မသီတာထွေး နာရေးအတွက် အလှူငွေ ကျပ် ၆ သိန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က သင်္ကန်းငါးစုံနဲ့ ငွေကျပ် တစ်သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မေလ ၃၁ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော အဖွဲ့သည် ကွယ်လွန်သူ မသီတာထွေး၏ အသုဘအား လိုက်ပါပို့ဆောင် ခဲ့ပြီး ကျောက်နီမော် ရွာသူရွာသားများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဇွန်လ ၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ထွက်ခွာခဲ့ပြီး ရိပ်သာ၌ မသီတာထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် လူငယ်အဖွဲနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တရားခံများအား အချိန်မဆွဲဘဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမှာ ဖြစ်ကြောင်း၊ တရားစီရင်ရာ၌ တရားရုံးမှာ လူအုပ်စုများ မဖြစ်စေရန်အတွက် ၀ိုင်းဝန်းထိန်းသိမ်း ပေးကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ တရားခံသုံးဦးအား စနစ်တကျ စစ်ဆေး ဖော်ထုတ်လျက် တရားဥပဒေ နှင့်အညီ ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိ လူစည်ကားတဲ့ နေရာများမှာ လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်း ကျေးရွာနေ မသီတာထွေးအား ရက်စက်စွာ အစော်ကားခံရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှုများ ကို တောင်ကုတ်မြို့ ပေါ်နေ ပြည် သူများသိစေရန် "အသိပေးနှိုး ဆော်ခြင်း" ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိ တအဖွဲ့ (တောင် ကုတ်မြို့) အ မည်ဖြင့် စာများဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ယင်းသို့စာများ ဖြန့်ဝေခဲ့ပြီးနောက် ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ် သည် တောင်ကုတ်မြို့ အေးရိပ်ငြိမ် ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင် အချ ပြု လုပ်ရန် ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင်ကုလား လူမျိုးများ ပါလာကြောင်း သတင်းပြန့် သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊ ထိုသို့လူအုပ်စု ၀ိုင်းအုံလာသဖြင့် ဂိတ်မှူးက အဆိုပါ မော်တော်ယာဉ်အား အမြန်ထွက်ခွာစေခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ် နောက်သို့ ဆိုင်ကယ်ဖြင့် လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့အတွင်း သို့ ပြန် လည် မောင်းနှင် ရန် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ သံတွဲ-တောင်ကုတ် ကားလမ်း ဆုံ (တောင် ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့ ရောက်ရှိစဉ် အသင့်စောင့်နေသည့် လူ ၃၀၀ ခန့်အုပ်စုက ပိတ်ဆို့တားဆီးကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် မွတ်ဆလင် ကုလားလူမျိုးများအား အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား လူမျိုး ၁၀ ဦးသေ ဆုံးခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ် ပွားရာ နေ ရာသို့ တောင် ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများတွင် ဘာသာရေးကိစ္စဖြင့် သံတွဲမြို့သို့ ရောက်ရှိခဲ့ရာမှ သက်ဆိုင်ရာ မြို့များသို့ ပြန်ကြသူများ ပါဝင်ပြီး တောင်တွင်းကြီးမြို့မှ ၆ ဦး၊ မြောင်းမြမြို့မှ ၂ ဦးနှင့် သံတွဲမြို့မှ ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား သံတွဲမြို့ မွတ်ဆလင် သင်္ချိုင်း၌ ဒီကနေ့ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တရား ဥပဒေ နှင့် အညီ ဖြစ်စေရေး အတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေမှာ ရပ်ရွာတည်ငြိမ် အေးချမ်းရေး အတွက် တာဝန်ရှိသူများက မြို့မိမြို့ဖများနှင့် ပူးပေါင်းထိန်း သိမ်း ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀မိနစ်မှာ အောင်ကျော်စိုး(စိစစ်ဆဲ)ပါ သုံးဦးနှင့် ဦးအောင်သန်းဝေ ၄၅ နှစ် (အဘ) ဦးစိန်လှ (အကွက် ၆၊ စက်ရုံစုရပ်ကွက်၊ စစ်တွေမြို့)တို့ ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်ရာမှ စကားအချေအတင်ဖြစ်ကြရာမှ အောင်သန်းဝေမှ အသင့်ပါလာတဲ့ ဓားနဲ့ခြိမ်းခြောက် ထွက်ပြေး သွားေ ကြာင်း၊ အောင်ကျော်စိုးပါ သုံးဦးနဲ့ အဖွဲ့မှာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်း ခဲ့ပါတယ်။ အဆိုပါ ည ၇ နာရီခွဲတွင် အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြနှင့် အမျိုးသမီး ၁၀ ဦးတို့ အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း ပျောက်ဆုံးနေကြောင်း အကြောင်းကြားစဉ် ရဲစခန်းမှာ လူအင်အား ၅၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ၂၀၀ ဦးခန့်အထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် ည ၇ နာရီ ၄၅ မိနစ်တွင် ဦးအောင်မြကျော် (စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ)ရောက်ရှိလာပြီး ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး၊ ၎င်းအား မိမိတို့ ရှာဖွေသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် လူစုကွဲ ပြီး အောင် သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြတို့ ရဲစခန်းမှ ပြန်လည်ထွက်ခွာ သွားကြပါတယ်။ တဖန် ည ၉ နာရီမှာ အမှတ်(၁) ရဲစခန်းရှေ့မှာ လူ ၃၀၀ ခန့် ပြန်လည်စုဝေး ရောက်ရှိလာကြပြန်ရာ ဦးအောင်မြကျော် က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လူစုခွဲကြရန် ပြောဆိုပြီး ထွက်ခွာသွားခဲ့ ပါတယ်။ အဲဒီနောက် ည ၁၁ နာရီကျော်မှာ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊ ဦးကျော်သိန်း (ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး)တို့ ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်း သို့ ခေါ်ယူလာပြီး လူစုခွဲကြရန် ပြောဆိုခဲ့သော်လည်း လူစုမကွဲဘဲ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲစခန်း အဆောက်အဦ အမိုးပေါက်ပြဲခြင်း၊ အိမ်ထောင် သည်လိုင်း အမိုးပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်နှစ်စီးရှေ့လေကာ မှန်များ ကွဲကြေ ပျက်စီးခဲ့ခြင်း များ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီး ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ လူစုလူဝေးက စခန်းအ၀င်ဝ တံခါးမကြီး အား ဖျက်ဆီးပြီး ရဲစခန်းသို့ဝင်ရန် ကြိုးစားလာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေး ခြောက်လှန့်ပစ်ခတ် ခဲ့ပါတယ်။ သို့သော် လူစုကွဲမသွားဘဲ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရဲစခန်းအ၀င် မီးအားရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား ဖျက်ဆီးဝင်ရောက်ဖို့ ထပ်မံကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ် လူစုခွဲခဲ့ရာ ထိုလူစုမှာ ရဲစခန်း ဘေးဘယ်ညာသို့ ပြန်နှံ့ သွားခဲ့ပါတယ်။ သို့သော်လည်း စခန်းပတ်ဝန်းကျင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန်လ ၄ ရက် နေ့ နံနက် ၁ နာရီတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက အဓိကရုဏ်း လက်နက်နှင့် မီးခိုးဗုံး အသုံးပြု၍ လူစုခွဲခဲ့ရပါတယ်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့် ဦးဥတ္တမလမ်းဆုံရာ ရိုးမဘဏ်ရှေ့ရှိ (PCO) အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တွင် အရပ်သား ၁၂ ဦး ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေး လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲ၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့ မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှား မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များအား မည်သို့မျှ လက်သင့်ခံ၍ မရနိုင်ပါ။ သို့ပါ၍ အဆိုပါဖြစ်စဉ်အပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည့်အပြင် တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်"
ဟူ၍ဖြစ်ပါသည်။ 
 Source :Eleven Media Group


ည ၁၂ နာရီခွဲခန့်မှာ ရခိုင်များအမှောင်ကိုဖြတ်၍ မာရ်ကာစ်ဗလီကိုရောက်ရှိလာပြီး ဗလီကိုဖျက်ရန် ကြိုးစားခဲ့သည်။ သို့သော်မွတ်စလင်မ်များနိုးကြားမှုကြောင့် လူစုလူဝေးဖြင့် ရခိုင်များအားမောင်းထုတ်ခဲ့သည်။ ရခိုင်တယောက်အား ၀ိုင်းရိုက်နေသည့်အချိန် ရွာလုံခြုံရေးတာဝန်ယူထားသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အခြေအနေကိုထိန်းသိမ်းခဲ့သည်။ ယခုအခါ လုံခြုံရေးကိုတင်းကျပ် ထားသည် ဟု သတင်းရရှိပါသည်။

ဤသတင်းမှာ ရွာကိုတိုက်ရိုက်ဆက်သွယ်၍ရရှိသည့်သတင်းဖြစ်သည်။
စစ်တွေမြို့..
Rohingya Exodus