တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သမ္မတကြီးအပါအ၀င် လွှတ်တော်တစ်ခုလုံး နှင့် ပြည်သူများသိစေရန်တင်ပြလိုက်ရပါတယ်။
မိသားစုအရေးလက်အောက်တွင်တာဝန်ထမ်းဆောင်နေသောအရာရှိများအနေဖြင့်မိမိတို့၏မိသားစုအရေး
ကိစ္စများရှိသဖြင့်-၄-၅နှစ်နေမှ ခွင့်တစ်ကြိမ်တောင်းခံလျှင်ပင် ဦးစီးချုပ်ကတော်ထံ ၁၀ပုံး-ပုံး၂၀ထက် မနည်းသောငွေကြေးဖြင့် သွားရောက် တောင်းခံမှခွင့်ပြုပေးပါသည်။ သူမထံ စဉ်ဆက်မပျက်လစဉ် ၁၀ပုံး-ပုံး၂၀ထက်မနည်းဆက်ကြေး ပေးနေသူများကိုတော့ ကြိုက်သလိုခွင့်ပြု အခြေအနေဖန်တီးပေးပါသည်။ လက်အောက် အရာရှိများအနေဖြင့် မိမိဘာသာမိသားစုကြောင့် (သို့) ဈေးကွက် အပြောင်း အလဲကြောင့် ရှေးကငွေအနည်းငယ်ဖြင့် စုဆောင်းထားသော မြေ၊အိမ်များဈေးတက်ပြီး ချမ်းသာ လာသူများကိုလည်း မုဒိတာမပွားနိုင်ဘဲ ၄င်းအိမ်သို့ဆက်ကြေးမပေးလျှင် အာဏာကိုအသုံးချပြီး အလွန်ခက်ခဲသော နေရာဌာန၊ ပြဿနာအဖြစ်နိုင်ဆုံးနေရာများကိုပို့ပြီးဒုက္ခရောက်အောင်လုပ်ပါသည်။ ဦးစီးချုပ် ဖြစ်သူကလည်းမိန်းမပြောသည့်အတိုင်းအကုန်လိုက်လုပ်နေသည်မှာထင်ရှားနေပါသည်။
ဒေါ်ခင်အေးမြင့်သည် စစ်သူနာပြုတစ်ဦး ဖြစ်ခဲ့ဘူး သဖြင့် ယခုရေတပ်တွင် စစ်သူနာပြုများကိုယူထားသော အရာရှိများကို အရည်အချင်းရှိရှိ မရှိရှိ ဆီ၊သဘောင်္များနှင့်ဆိုင်သောနေရာများတွင်ရှိပြီးသူများကို အကြောင်းရှာ ဖယ်ထုတ်ပြီး ၄င်းတို့ကိုနေရာပေးနေပါသည်။ ၄င်းအနီးနေ ဗိုလ်မှူးထက်လျှံဖြိုး ဆိုသူ၏ဇနီးမှာလည်းစစ်သူနာပြုဖြစ်ပြီး ဒေါ်ခင်အေးမြင့်အားကိုးဖြင့်မိမိထက်စီနီယာ အရာ၇ှိကြီးများနှင့် ဇနီးများကိုပင် ရိုင်းပြစွာမတူသလို ဆက်ဆံတက်သူဖြစ်ပါသည်။ ၄င်း၏စစ်သူနာပြုသင်တန်းဆင်း ဇနီးများရှိသူ အရာရှိတိုင်းကို ပင်လယ်ပြင်နှင့် ပြည်သူဘဏ္ဍာငွေမှ၇သလောက်စာရင်းလိမ်၊ ဆက်ကြေးကောက် လုပ်နိုင်သော နေရာများကိုပို့ပေးထားပြီး ၄င်းအရာရှိများကလည်းရသမျှအကုန်လုပ်ကာ သဘောင်္ပြင်ဆင်ရေး၊ တပ်ဖွံ့ဖြိုးရေးနှင့် လက်အောက်ငယ်သား ရဲဘော်များအတွက် မဟုတ်ဘဲ မိမိအိပ်ထဲနှင့်ဦးစီးချုပ်အိမ်အတွက်ပို့ပေးခြင်းဖြင့် ရေတပ်ကိုခုတုံးလုပ်စားနေကြပါတယ်။ရေတပ်မှာရှိတဲ့အရာ
ရှိထဲက ရာခိုင်နှုန်းအနည်းငယ်သော အရာရှိများနှင့် ဦးစီးချုပ်မိသားစုကတော့ ၄င်းတို့မိသားစုအရေးဆို အချိန်တိုင်းအခွင့်ရလုပ်ဆောင်နေပါတယ်။သမီးမင်္ဂလာဆောင်ဆိုရင်လည်း နိုင်ငံကြော်မင်းသားနှင့်မင်းသမီး မင်္ဂလာဆောင်ထက်ကြီးကျယ်အောင်လုပ်ခဲ့ပါတယ်၊သူတို့ရဲ့သားသမီးကိစ္စဆိုဖျားနာတာကအစသူတို့ရန်ကုန် ဆင်းလာတာပါ။ ခက်ခဲတဲ့နေရာတွေမှာရောက်နေတဲ့ အရာရှိတွေ (အထူးသဖြင့် အိမ်ကို ဆက်ကြေး မပေးနိုင်သူတွေ)အတွက်တော့ တစ်နှစ်နေလို့တစ်ခါ မိသားစုအရေး အလွန်အရေးကြီးရင်တောင် ခွင့်မရကြပါဘူး၊ တောထဲကရန်ကုန်မတက်ရပါဘူး။ တပ်ချုပ်ကြီးပြောတဲ့ တပ်မိသားစု welfare ဆိုတာအဲဒါကိုပြောနေသလို ရေတပ်မှာတော့ဖြစ်နေပါတယ်၊ နောင်လာနောက်သားတွေအတွက် ပေးတဲ့ message ကလည်း မင်းတို့တပ်အတွက်အလုပ်လုပ်ပြီး ရဲဘော်တွေချစ်နေတာရဖို့ထက် မဟုတ်တာအကုန်လုပ် ပိုက်ဆံရသလောက်ရှာပြီး ငါ့သားဇော်ကြီးနဲ့ဆက်သွယ် ငါ့အိမ်ကိုပူဇော်မှ ဆိုတာဖြစ်နေပါတယဒီတော့တကယ်တမ်း ဝေးလံတဲ့နေရာတွေမှာ ကာလရှည်တာဝန်ထမ်းဆောင်ရသူများ စိတ်ဓါတ်တွေပျက်ကုန်ပါပြီ။ နာဂစ်ဖြစ်တုန်းက သဘောင်္နစ်တဲ့ အထဲပါသွားတဲ့ ဗိုလ်ကြီးရဲ့ဇနီးက ဒေါ်ခင်အေးမြင့်နဲ့တွေ့ချင်လို့ခွင့်တောင်းတာ မရှိဘူးဘဲငြင်းပြီး ရှောင်တယ်-ကလေးမကခေါင်းဆောင်ကနှစ်သိမ့်တာခံချင်တာပါ၊ အခု၃နှစ်လောက်ကြာပြီးမှ ကောင်မလေးက အလှပြင်ဆိုင်မှာအလုပ်လုပ်နေတာပြန်တွေ့တော့ ဒေါ်ခင်အေးမြင့်ကမေးတယ်တဲ့ ယောကျာင်္းရှာပေးရမလား လို့တဲ့ ကဲဘယ်လိုမျိုး စိတ်ဓါတ်ရှိတဲ့မိန်းမက တပ်မတော်မှာဦးဆောင်နေတဲ့သူ တစ်ဦးရဲ့မိန်းမပါတဲ့လဲ၊ ထိုကလေးမ ဒေါသတွေထွက်တာ လူကြီးမိန်းမမို့လို့ပြန်မပြောလိုက်တာလို့ သိရပါတယ်။ သူသာကိုယ်ချင်းစာတတ်ရင်သူတို့ ငယ်စဉ်ကလည်း အထက်လူကြီးကြောင့်ခံစားရတာတွေရှိခဲ့တာဘဲ၊ သူကိုယ်တိုင်လဲ ယောင်္ကျားလစာနဲ့မလောက်လို့ ဆေးရုံဖိုကြီးမှာကလေးတွေလူတန်းစေ့အောင်ရှာကျွေးခဲ့ရ တာကို အခု လက်အောက် ငယ်သားတွေရဲ့ဇနီးတွေ အလုပ်လုပ်တာ မကြိုက်ဘူးဆိုဘဲ မှတ် သားလောက်ပါတယ်။
ရာထူးနေရာများ-ဒုဗိုလ်မှူးကြီးနိုင်မင်းကျော်ကိုလည်း စီမံG-1 နေရာကိုပေး နိုင်ငံတော်ကချပေးတဲ့ ဆီတွေစီမံစာရင်းလိမ်စေပေါ့၊ ဒီတော့နိုင်မင်းကျော်နဲ့သူမိန်းမကလည်း လက်ခမောင်းခတ် မိမိထက်စီနီယာများပင် သူတို့ကို အရိုအသေပေးရမလို မတူသလိုမတန်သလို ဆက်ဆံပေါ့၊ ဒုဗိုလ်မှူးကြီးကျော်ရွှေထွန်းဆိုတာကိုက တာဝန် G-1 အဖြစ်ထား ဒေါ်ခင်အေးမြင့်က သူ့အိမ်ကိုဆက်ကြေးပေးသူကို နေရာဌာနရာထူးတင်ခိုင်းပေါ့၊ ပြီးမှ ဦးစီးချုပ်က မကျေနပ်လို့မေးသူရှိရင် ဒီကောင်တွေ ငါခရီးသွားနေတုန်း ဘယ်လိုလုပ်လိုက်တာလဲဆိုပြီး မသိချင်ရောင်ဆောင်၊ သူမသိဘဲ ရာထူးနေရာတွေ အပြောင်းအရွှေ့တွေလုပ်လို့ရပါ့မလားအရပ်ကတို့ရေ။ အခုဆိုလည်းကြည့် NTC တက်ဖို့ ရေတပ်မှာ လက်အောက် ငယ်သားတွေကကြီုက်တဲ့လူတွေ ဘာပြစ်မှုမှလည်း မရှိဘဲ ပေးစရာနေရာ တွေရှိတာကို တမင်ချန်ထားပြီး လုပ်ချင်သလိုလုပ် ပြီးတော့မှ ကကထူးက လုပ်တာဆိုပြီး လွှဲချလိုက်တာ လွယ်လွယ်လေးပေါ့။ လူတွေအပြစ်မကင်းတာ မှန်တယ်၊ အပြစ်ကဘယ်လောက်ကြီးလဲ၊ ဘယ်သူကိုထိခိုက်တာလဲ-တပ်မတော်ကြီးကိုထိသွားလားဆိုတာမဟုတ်ဘဲ၊ ဘာမှမကြီးကျယ်တာတွေကိုတော့ အပြစ်လို့ပြောတယ်၊ ဒီလိုဆို အခု NTC တက်ဖို့ ပါသွားတဲ့ ကျော်ကျော်ဦးဆိုတဲ့လူဆိုရင် ကကထောက်မှာ Q-1 ဆိုတာလုပ်နေတာအိုသေတော့မှာ သူကိုတော့ ဗိုလ်မှူးကြီးမပါပါအောင်အတင်းကို-၃ကြိမ်၃ခါဆွဲတင်တယ်၊ ကျော်ကျော်ဦးမိန်းမက ဆံပင်အနီရောင်ဆိုးဘောင်းဘီတို ၀တ်ပြီးလမ်းသလားနေတာ တပ်ရဲ့စည်းကော်ဆိုတာ လာချင်မှလာတာ ကိစ္စမဟုတ်ဘူး၊ ဦးစီးချုပ်ရဲ့ ရန်ကုန်က-၃ထပ်တိုက်ကြီးဆောက်တာခလုတ်နှိပ်ပေးတယ်လေ၊ လစဉ်ဆက်ကြေး ပို့တယ်လေ၊ အခြားအရာရှိတွေ ရဲ့မိန်းမတွေက အမျိုးသားလစာမလုံလောက်လို့ မိမိပညာနဲ့ လုပ်ငန်းခွင်ဝင် စီးပွားေ၇းလုပ် သားသမီးတွေ လူတန်းစေ့ဖို့လုပ်နေတဲ့ ကြားကတတ်နိုင်သလောက် သူတို့ယောင်္ကျားတွေရှိတဲ့အဝေးကိုသွားချည်လာလှည့်နဲ့ တပ်အလုပ်တွေ လုပ်နိုင် သလောက်အားဖြည့်တာ အမှား အနည်းငယ်ရှိတာနဲ့ အပြစ်ဖြစ်တယ်၊ တပ်မတော်မှာ တာဝန်ခန့်ထားတာ ယောင်္ကျားကိုပါ၊ မိန်းမတွေကပါရမီ ဖြည့်ဖက် ဖြစ်ရမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတော် ဒေါ်ခင်ကြည်လိုလား အခုခေတ်ဖြစ်နေသလို ဦးစီးချုပ်အိမ်မှာအ၀တ်ခေါက် ငွေပို့သူ့အိမ်ကိစ္စ လုပ်ပေးလားဆိုတာသိချင်ပါတယ်။ နောက်လာ နောက်သားတွေ အတွက် ပေးတဲ့message ကတော့ ယောကျာင်္းရာထူးတက်ချင်ရင် ဦးစီးချုပ်ကတော်ဆီမှာ ဖင်ဘူးတောင်း သွားထောင်၊ ယောကျာင်္းကို မဟုတ်တာအကုန်လုပ်ဖို့တိုက်တွန်း တပ်ကို ဟန်ပြထုံးသုတ်လုပ်၊ ဦးစီးချုပ်အိမ်ဆက်သ ဘာလို့လဲဆိုတော့ အဲဒီလိုမလုပ်ရင် ရဲဘော်ကဘဲချစ်မှာ ရာထူးမရဘူး တပ်ပြုပြင်တာ လူကြီးတွေအမြင်ကောင်း အောင် လုပ်ရင်ရပြီ ရှာသမျှငွေကိုယ့်အိပ်ထဲရယ် ဦးစီးချုပ်ရယ်ခွဲပေးလိုက်။ တကယ်ပြောတာ-ရေတပ်မှာ ရဲဘော်တွေလဲပြဿနာမရှာ၊ ပျော်အောင်လုပ်ပေးတယ်၊ အရာရှိငယ်တွေကိုလည်း မျှတတယ်၊ သူနဲ့နေတဲ့လူကြီးတိုင်းလဲအမှတ်တွေရအောင်သူဘဲလုပ်ရတာ၊ သူ့မိန်းမကလည်း ဘယ်သူကို မှအဆင့်အတန်းမခွဲဘူး၊ သူတို့ရာထူးမရဘူး၊ လူတိုင်း စိတ်မကောင်းကြဘူး၊ ဒါတောင်အဲဒီလူက သူ့တို့ကိုရာထူး တစ်နေရာတော့ပေးမှာပါလို့ထင်နေတုန်း၊ သူတို့ဘာမှမဟုတ်တာ မလုပ်ထားဘူး၊ သူတို့တာဝန်သူကျေတယ်၊ လူကြီးတွေကဒီလိုမဟုတ်ဘူးလို့ထင်နေတယ်၊ ဒီလူတွေတော်ပေမယ့် ရိုးလွန်းတော့အတယ်လို့ ပြောရတော့မယ်၊သူတို့ကိုကျော်ပြီး နိုင်မင်းကျော်တို့ ကျော်ရွှေထွန်းတို့ရသွားမှာ၊ ခင်များအလုပ်မှာတော်တာဘာလုပ်မှာလဲခင်များဘာမှမပေးဘဲနဲ့၊သူလိုဖြစ်တာသူတစ်ယောက်ထဲမဟုတ်ဘူး၊ ယခင်တပ်ကထွက်သွားသူတွေမှာကော ယခုလက်ရှိ ရာထူး အတိုးမခံရသူတွေထဲမှာပါ အများကြီးဘဲ ကဲအရပ်ကတို့ဘယ်လိုလုပ်မလဲတပ်တွင်းစည်းရုံးရေးလို့ပြောတယ်၊ထိပ်ဆုံးကစပြီးမျှတမှုမရှိဘဲ သွေးခွဲအုပ် ချုပ်တယ်၊ ဘယ်လိုစည်းရုံးရေး လုပ်မှာလဲ၊ သေချာတာက မယုံရင် အခု NLD ကို တစ်နိုင်ငံလုံးမဲရွေးခိုင်း တပ်တွေရှိတဲ့နေရာတိုင်း လွပ်လပ်စွာမဲပေးခိုင်း NLD နိုင်လိမ့်မယ် ဘာလို့လဲ သူဘာမှလုပ်မပေးနိုင်ပေမဲ့ အခုလက်ရှိ အာဏာရှင်လိုဖြစ်နေတာကို အခွင့်ထူးခံရတဲ့ ၂၀%ကသာပျော်နေတာ ကျန်တာတွေက ရင်ထဲမှာနာနေကြပြီ၊အမြန်ပြင်ဖို့အချိန်ရပါသေးတယ်။တပ်ကနေအချိန်မကျသေးဘဲထွက်သွားရသူတွေဆိုလည်း ဒီဦးစီးချုပ်လက်ထက်မှာအလွန်ဒုက္ခရောက်ပါတယ်၊ဘာမှကိုပြန်မကြည့်ပေးတာပါ၊သူတို့မှာပြစ်မှုအကြီးကြီး တွေရှိတာလဲမဟုတ်၊ ရာထူးတိုးမပေးချင်တာ အောက်က အငယ်ကို နေရာပေးချင်တာနဲ့ စိတ်ဓါတ်ကျအောင် လုပ်တယ်၊ ဟိုးရှေးက ဦးစီးချုပ်တွေဆိုရင် ကိုယ့်ဆီမှာ သူရာထူးတက်ဖို့နေရာမရှိရင် ဘာလုပ်ချင်လဲမေးတယ်၊ အရပ်ဖက်ပြောင်းချင်ရင်၊ သင့်တော်မဲ့ဝန်ကြီးဌာနကို ချိတ်ပြီး သူနဲ့ဘယ်လိုနေရာဆို ကိုက်ညီမယ်ဆိုတာ စဉ်စားပေးတယ်၊ အခုဦးစီးချုပ်က ခွေးသေ၀က်သေ လွှင့်ပစ်သလို ပစ်လိုက်တာ ကိုယ့်ဘာသာရှာစားဘဲ၊ ငယ်စဉ်ကဒီအိမ်ကိုဝင်နေကျမို့ အိမ်သွားပြီးနေစရာအိမ်မရှိ ကလေးကျောင်းစရိတ် လိုနေတာကို သွားပြောပြတာတောင် မုန့်ဖိုးတစ်သောင်း နှစ်သောင်းပေးလိုက်တယ် နောက်တစ်ခါတွေ့တော့ဘူး၊ သူမ၀တ်တဲ့သူ့ကို လာကန်တော့တဲ့ ချိတ်လုံခြည်တစ်ထည်တောင်သိန်းချီပါတယ်၊ အဲဒီလိုလက်အောက်ငယ်သားများကို တရားမျှတစွာကြည့်ရှုနေလို့ ရေတပ်ကြီးပျက်သထက်ပျက်တော့မှာဘာမှမလုပ်ကြတော့ဘူးလား။
ကျုပ်မှာ ဒီဦးစီးချုပ် ရဲ့ အိမ်ကို ဘယ်သဘောင်္က လစဉ် ဘယ်လောက် ဘယ်သူကဘာတွေလုပ်ပေးတယ်၊ အလားလာရှိတဲ့ ဌာနချုပ်တွေမှာ မြေတွေကို ဦးဥာဏ်ထွန်း အမည်နဲ့ယူထားတယ်ဆိုတာ စာရင်းလုပ်ထားတယ်၊နိုင်ငံတကာစစ်တရားရုံးပါ ဒီကိစ္စတွေ ဘာသာပြန် တင်ပြပေးနိုင်ဖို့ ပြင်ထားပါတယ်။ သူနေရာပေးထားတဲ့ဌာနချုပ်မှူးတွေက ဘယ်လောက် မှန်ကန်ခဲ့ကြသူတွေ ဆိုတာလည်း တင်ပြချင် ပါတယ်သဘောင်္ကဆီ-၃၀၀၀ ရောင်းယူပြီးသင်တန်းတက်ခဲ့တဲ့သူနဲ့ယိုးဒယားငါးဖမ်းလှေတွေကို ရောင်းစားပြစ်ပြီး ချမ်းသာတဲ့သူတွေနဲ့ပါ၊ သေချာချင်ရင် အ၇ပ်ဖက်ထောက်လှမ်းရေးတွေနဲ့ လိုက်စုံစမ်းလိုက်ပါ ဒီစာရေးတဲ့သူကိုရှာပြီး ဖမ်းတာကအနောပေါ်တုတ်ကျ မဟုတ်တာတွေဆက်လုပ်နေတာ အားပေးခြင်း တစ်ခုပါဘဲ။ နမူနာတစ်ခုပြောမယ်-ဒုဗိုလ်မှူးကြီး ခင်ဇော်သိန်းဆိုတာ အခု ရေယာဉ်စု-၃၆ မှာတာ ၀န်ပေးထားပြီးအနီးကပ် ဦးစီးချုပ်အိမ်ကိုလစဉ် ပ့ါပိုးဖို့ထားပေးထားတာ၊သူဆိုဒုဗိုလ်မှူးကြီးဖြစ်ဖို့ အရမ်းနောက်ကျကျန်ခဲ့တာ ဦးစီးချုပ်အိမ်ဆောက်တာ landscaping လုပ်ပေးလိုက်တယ်၊ ဦးစီးချုပ်သားဇော်ကြီးလိုချင်တဲ့ ကားတစ်စီးဝယ်ပေးလိုက်တယ်၊ ဘာမှမဆိုင်ဘဲ အဲဒီအချိန်က ခင်ဇော်သိန်းကို ၅၅၃ရေယာဉ်နဲ့ အောက်ဖက်လို့ခေါ်တဲ့ တနင်္သာရီတိုင်းဖက်လွှတ်ပြီး ငါးဖမ်းလှေတွေကို ဓါးပြတိုက်ခိုင်းပြီး ဒုဗိုလ်မှူးကြီးပေးလိုက်ပြီး အခုရေယာဉ်စု-၃၆မှာ ထားပေးပြီး ဆက်ကြေး ဆက်ကောက်တာပေါ့။
အဲဒီလိုမတရားတွေလုပ် ကြည်းနဲ့လေမှာတောင် သူ့အစဉ်အတိုင်းရာထူးပေးရမယ့်လူတွေကိုတင်ပေးတယ် တကယ်အပြစ်ကြီးကြီးမားမားရှိမှကျန်ခဲ့တာ၊ ရေတပ်ကတော့ အိမ်ကိုအများဆုံးပေးတဲ့သူကို အစဉ်အလာတွေကျော်ပြီး လုပ်နေတယ်၊ အပြစ်မရှိလဲကျန်ခဲ့ဘဲ၊ အလိုက်မသိဘူးဆိုတဲ့ ပုဒ်မကတော်တော်ကြီးတဲ့တပ်မတော်တိုးတက်ရေးနဲ့ဆိုင်တဲ့ပုဒ်မဆိုတော့ ရေလဲသုံးပြီးလုပ်နေတာပါ။ နိုင်ငံရေးပြစ်မှု၊တပ်မတော်ဘဏ္ဍာငွေနဲ့ပစ္စည်းတွေအလွဲသုံးစားလုပ်မှုကတော့ ပြစ်မှုမဖြစ်ဘူးဖြစ်နေတယ်၊ တရားကိုနတ်မစောင့်ဘူး၊ ရေတပ်မှာဦးစီးချုပ်ကတော် စောင့်ပါတယ်။ နောင်တက်လာမဲ့သူတွေကတော့ သူ့ထက်သာမသာကိုစောင့်ကြည့်ရတော့မှာပေါ့။ သူတို့လဲမဟုတ်တာ လုပ်ပေးပြီးတက်လာတာဆိုရင် ကိုယ့်အလှည့်လဲဒါမျိုးလုပ်ပြီး ကိုယ်ပေးထားတာပြန်ရအောင် လုပ်မယ်ဆိုတဲ့ သူတွေဘဲဖြစ်လာမှာပါ။ နမူနာကောင်းတွေခေါင်းဆောင်ကလုပ်ပြတော့နောက်ကလိုက်လုပ်တာပေါ့ မဆန်းပါဘူး။ ကြည်း၊ရေ၊လေ ထဲမှာ ရေတပ်ဟာ စည်းလုံးမှုမရှိဆုံးပါ၊ Senior ကလည်း junior ထဲက လက်အောက်ငယ်သား ချစ်တဲ့သူဆို နှိပ်ကွပ်မယ်၊ junior တွေကလည်းဦးစီးချုပ်နဲ့ပိုင်တယ်ဆိုရင် senior တွေကို လုံးဝမရိုသေ မိုက်ရိုင်းသေးတယ်၊ ကြောက်လို့ငြိမ်နေကြပြီး အထဲမှာမြုံနေတဲ့အနာတွေဖြစ်နေတာ၊ တစ်ယောက်ကို တစ်ယောက်နင်းချဖို့ဘဲချောင်းနေတယ်၊ဘယ်ရာထူးနေရာက ငွေအများဆုံးဝင်အောင်လုပ်လို့ရတဲ့နေရာလဲ ဆိုပြီးလုဖို့ စောင်နေတယ်၊ ဥပမာ-ရခိုင်ပြည်နယ်လိုမျိုးဘာမှမရတဲ့နေရာဆို အလုပ်လုပ်ခိုင်းဖို့လူတွေကို လွှတ်လိုက်တယ်၊ ရာထူးပေးမယ်ဆို ချန်ထားလိုက်တယ်၊ ဦးစီးချုပ်အနားက အိမ်ကိုပံ့ပိုးသူများ ရခိုင်ပြည်နယ်ဆိုတာ ဘာလဲလို့မေးရမှာပါ၊ မြေပုံထဲမှာမြင်ဘူးတယ်ပေါ့၊ ယခင်ဦးစီးချုပ်များလက်ထက်မှာ ဒါမျိုးအဖြစ်တွေလုံးဝမရှိခဲ့ပါဘူး၊ ဦးစီးချုပ်ဟောင်းများရဲ့ ကတော်များမှားလည်းဒီလိုအမည်မပျက်ကြပါ၊ ယခုလက်ထက်ဟာ ရေတပ်မှာအပျက်စီးဆုံးကာလကိုစတင်တာပါဘဲ၊ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာထက် ဒီထက်ပိုပျက်ဖို့ဘဲ အရှက်မရှိ သူတို့ထိပ်ဆုံးက ပဒေသရာဇ်လို လုပ်ချင်ရာ လုပ်နေတာပါ။
ကျုပ်ကတော့မနေနိုင်လို့ရေးလိုက်တယ်၊ ဒီမိုကရေစီစနစ်ကိုကူးပြောင်းရင်၊ တပ်မတော်မှာလည်း အကျင့်တွေ ပြောင်းရတော့မယ်၊တပ်မတော်ကိုလူတွေ၁၉၉၀နောက်ပိုင်းမှမုန်းကုန်တာဘာကြောင့်လဲ ပြန်စဉ်း စားပါ။တပ်မတော်ဆိုတာနိုင်ငံတစ်ခုမှာရှိသင့်တာမှန်တယ်၊သူကဘယ်နေရာကနေမှာလည်း၊ဘယ်လိုမှန်ကန် သင့်လည်း၊ တပ်ပြင်စည်းရုံးရေးပြောတယ်၊ အရာရှိတွေအရာရှိကတော်တွေက ကိုယ့်ကိုယ်ကို အခြားလူတွေနဲ့ မတူတဲ့လူတန်းစားလို နေတယ်ပြောတယ်၊ ချမ်းသာတာကိုလူတွေဘာမှမပြောဘူး၊ လွန်လွန်ကဲကဲချမ်းသာနေတာ နဲ့ လူတွေကိုတန်းတူ မဆက်ဆံတာကြောင့် လူထုနဲ့ ကွဲသွား ရခြင်းဆိုတာမမြင်သေးဘူးလား။ ကိုယ်ကဘယ်ကလာတာလဲ လူထဲကလာတာဘဲ။ ကိုယ့်ကို အခြား သူတွေဆက်ဆံစေချင်သလို ကိုယ်လည်း အခြားသူတွေကိုပြန်ဆက်ဆံရမှာပေါ့၊ တပ်မှာ အမိန့်ပေးတာမှန်တယ်၊ ရပ်ရွာထဲကလူထုက တပ်မတော်ကမဟုတ်ဘူး သူတို့နဲ့ကဆွေးနွေးပြီး လုပ်ဆောင်ရမှာ။ မြန်မာတပ်မတော် အမှန်တကယ်ပြည်သူချစ်တာခံရမဲ့တပ်မတော်ပြန်ဖြစ်ပါစေ၊ ဒီတိုင်းဆက်သွားရင်တော့ ပြည်သူမုန်းတဲ့ တပ်မတော်ကြီးဖြစ်သွားမှာပါ်။ မိမိလူတွေကို အခြားသူတွေ ဖြစ်အောင်လုပ်တာ သိပ်တော်တဲ့ ခေါင်းဆောင်တွေ အကျင့်အရင်ပြင်ပါ။ ကိုယ့်လူတွေကတောင်ကိုယ့်ကို မုန်းလာပြီဆိုရင် အခြားသူကကိုယ့်ကို ချစ်နိုင်မှာလား။ သူတို့လိပ်ပြာသန့်နေတာအံ့ပါရဲ့။
ဒီစာကိုဒေါ်အောင်ဆန်းစုကြည်လဲဖတ်ဖြစ်မယ်ဆိုရင်၊ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော် ပြန်စုစည်းဖို့ အကြံပြုပေးပါဦး၊ လူတစ်စုကြောင့်တပ်မတော်မှာအခက်တွေ့တာပါ၊ တပ်မတော်ကိုတပ်မတော်လိုဘဲ ချစ်လို့ နေချင်လို့တပ်မတော်သားလုပ်နေသူတွေအများကြီးရှိပါသေးတယ်။ထပ်ပြီးသွေးကွဲတာတွေမဖြစ်စေချင်လို့ပါ။ လူမှန်နေရာမှန်တွေရှိစေဖို့ တပ်မတော်စည်းလုံးရေးကို တကယ်လုပ်နိုင်မဲ့သူတွေခေါင်းဆောင်ဖြစ်ပါစေ။

ရဲရန်အောင်
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
MP U Shwe Maung Explained on Amendment 1982 Citizenship Law on 25 July 2012. MP U Shwe Maung explained on amendment of 1982 Citizenship Law...
-
ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂ သို့  အယ်ဒီတာ၊ နိရဉ္စရာ သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့် ရမ်းဗြဲတွင် အသက် ၁၆ နှ...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
More than 40% of people living in Burma belong to one of the military-ruled nation's different minority groups. The government recognis...
-
လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖို...
-
12/07/2012 Joint press release HUMANITY GONE ...
-
Even if the Rohingyas were not native to what we call Burma today, our birthplace, the inhuman and inhumane treatment of nearly 1 million Ro...
-
ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ...