Latest Highlight


မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေကို အကြမ်းဖက်နေတဲ့ အကြောင်းနဲ့ သူတို့ရဲ့ဒုက္ခတွေကို အပြည်ပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက အာရုဏ်ပြုလာသော်လည်း၎င်းတို့ဟာကမ္ဘာ့အင်အားလွန်ဆွဲနေတဲ့ ကြားမှာ ဓါးစာခံတွေဖြစ်နေရတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ရိုက်ခပ်စေတဲ့ ဒီလိုအခြေအနေမျိုးကို တိတ်ဆိတ်မနေသင့်ဘူးလို့လည်းဆိုကြပါတယ်။

"မြန်မာနိုင်ငံမှာရှိတဲ့ ဒီမွတ်စလင်တွေဟာ ကြီးမားတဲ့ အင်အားနောက်ကိုလိုက်နေတဲ့ နည်းဗြူဟာတွေရဲ့ ဓါးစာခံတွေပါ" လို့ အန်ခရ အခြေပြု အပြည်ပြည်ဆိုင်ရာ နည်းဗြူဟာ သုတေသန အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပညာရှင် Selçuk Çolakoğlu က ဆန်းဒေး ဇမာန်း သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ မြန်မာ့ပြဿနာကလည်း အပြည်ပြည်ပြည်ဆိုင်ရာ အရေးကိစ္စတွေနဲ့ စပ်ဆက်နေပါတယ်လို့ ထက်လောင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရဲ့ ပထမမီးပွားကတော့ ဂျွန်လအတွင်းမှာ ရိုဟင်ဂျာ သုံးဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဆွဲဆိုချက်ကနေအစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယခုအကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့ မွတ်စလင်အများစုနေထိုင်ဒေသမှာ ဗုဒ္ဓဘာသာ အစွန်းရောက်တွေက မွတ်စလင်တွေကို သတ်ဖြတ်တာကနေ ကြီးထွားလာခဲ့ပါတယ်။

"ဒီ ပဋိပက္ခအတွက် ဘယ်လိုဖြေရှင်းချက်တွေထွက်လာမယ်ဆိုတာ တော့ မသိသေးပါဘူး။ ဒီကိစ္စကိုတော့ ကုလသမဂ္ဂရဲ့ ဆွေးနွေးဝိုင်းပေါ်မှာ တင်သင့်ပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရအပေါ်မှာ တရုပ်က စိုးမိုးနေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အဖြေရှာပေးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာအစိုးရက တရုပ်နဲ့ ဆက်ဆံရေးတော်တော် ကောင်းနေတာ အနှစ် ၂၀ လောက်ရှိပြီ။ ဒါကြောင့် တခြားနိုင်ငံတွေအတွက်တော့ ဒီဒေသတဝိုက်ကို ထိန်းချုပ်ဖို့အတွက် တရုပ်နဲ့ ဆက်ဆံရေးကောင်းနေတဲ့ မြန်မာနိုင်ငံကလည်း တော်တော်လေး အရေးပါ ပါတယ်။ အိန္ဒိယ သမုဒ္ဒရာအတွင်း ချယ်လှယ်နိုင်ဖို့အတွက် တရုပ်နဲ့ အမေရိကနိုင်ငံတို့ အာဏာ အကြီးအကျယ်လွန်ဆွဲနေကြတယ်။ လက်တလော အမေရိကန်နိုင်ငံက တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဟာ တရုပ်-မြန်မာဆက်ဆံရေးကို ထိုးခွင်းလိုက်သလိုပါဘဲ။" လို့ Çolakoğlu ကဆိုပါတယ်။

မြန်မာနိုင်ငံမှာအမြတ်ထုတ်ဖို့ပြင်ဆင်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကသူတို့ရဲ့တစ်ကိုယ်ရေမူဝါဒတွေကြောင့် အခုလို မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အထူးတလှယ်ပြောဆိုမနေဘဲ တိတ်ဆိတ်နေကြတာဖြစ်တယ်လို့ တူရကီ လူမှုအထောက်အကူပြုဖောင်ဒေးရှင်းမှ Sait Demir ကလည်း Çolakoğlu ရဲ့အမြင်အတိုင်း တွေးမြင်မိပါကြောင်း ဆန်းဒေး ဇမာန်းသတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ ”မြန်မာနိုင်ငံက သဘာဝ သယံဇာတ တွေပေါများတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ပါတ်သက်ပြီး တရုပ်နဲ့ အမေရိကနိုင်ငံအကြားမှာလည်း အင်အားပြိုင်ဆိုင်တဲ့မူဝါဒတွေရှိနေရတာပါ။ " လို့ Demir ပြောပါတယ်။ ဒီအင်အားကြီး နှစ်နိုင်ငံလုံးကလည်း မြန်မာအစိုးရကို ထောက်ခံနေကြတာပါ လို့ထက်လောင်းဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရဆိုရင် လူဦးရေ ၇၅ သန်းလောက်ရှိတဲ့ နိုင်ငံမှာ ၄ ရာခိုင်နှုန်းလောက်က မွတ်စလင်တွေဖြစ်ပြီး ၈၉ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာကိုင်းရိုင်းသူတွေ၊ အရာရှိတွေနဲ့ အမျိုးသားရေးအစွန်းရောက် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေက မွတ်စလင်တွေကို နိုင်ငံသား အဖြစ် မမြင်ကြပါဘူး။ ဒါကြောင့် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေရတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မြန်မာအစိုးရကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဗုဒ္ဓဘာသာကြီးစိုးတဲ့နိုင်ငံအဖြစ်ရပ်တည်ဖို့အတွက် ရိုဟင်ဂျာဆန့်ကျင်ရေး ပေါ်လစီတွေကို အစဉ်တစိုက်ကျင့်သုံးနေခဲ့ကြပါတယ်။ ဒီလိုဘဲ အခြားဘာသာဝင်တွေ လူမျိုးစုတွေဟာလည်း ဗုဒ္ဓဘာသာ ရေစီးကြောင်းထဲ ပျော်ဝင်စေပါတယ်။ ဒါမှမဟုတ်ရင်တော့ ပြောင်းရွေ့ကြရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွင်းမှာ လူနည်းစုတွေရဲ့ လွမ်းမိုးမှုတွေ ချုပ်ငြိမ်းအောင်ရည်ရွယ်တဲ့ မူဝါဒတွေဖြစ်ပါတယ် လို့ Çolakoğlu ပြောပါတယ်။ ဒီကိစ္စမှာ လူမျိုးရေးနဲ့ ဘာသာရေး ရောထွေးနေတယ်ဆိုတာကိုလည်း ထက်လောက်ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်ကတော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ်မှာ ပါဝင်ဖြေရှင်းပေးသင့်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိပြဿဟာ လူမျိုးချင်း ပဋိပက္ခဖြစ်ရုံသက်သက်မှဟုတ်ဘဲ နိုင်ငံတော် အစိုးရကိုယ်တိုင်က မွတ်စလင်တွေကို သုတ်သင်ရှင်းလင်းဖို့ စီမံကိန်းတွေနဲ့ လုပ်ဆောင်နေတယ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Demir ပြောဆိုခဲ့သလိုဘဲ ဦးထွန်းခင်ကလည်း မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဖြစ်ရတဲ့ ပြဿနအတွင်း ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ စစ်တပ်ကလည်း ဗုဒ္ဓဘာသာဝင်တွေဘက်လိုက်ပြီး မွတ်စလင်တွေကို နှိပ်ကွတ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
"မြန်မာအစိုးရ က သွေးခွဲအုပ်ချုပ်ရေးမူဝါဒကို ကျင့်သုံးနေတယ်" လို့ Demir ကဆိုပါတယ်။

တူရကီနိုင်ငံက မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး တိတ်ဆိတ်မနေကြဖို့ ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပါတ်သက်ပြီး[တူရကီ] နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoğlu က အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ [အိုအိုင်စီ] အထွေထွေအတွင်းရေးမှုချုပ် Ekmeleddin İhsanoğlu နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni တို့နဲ့ ပြီးခဲ့တဲ့ အပါတ်ကတွေ့ဆုံခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို တူရကီနိုင်ငံ က အနီးကပ်စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံအရေးအပြောင်းအလဲတွေကို အစဉ်တစိုက်ထောက်ခံခဲ့ကြောင်း တူရကီ သံအမှတ်တဦးက ဆန်းဒေး ဇမာန်း သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ယင်းသံအမှတ်က " တူရကီနိုင်ငံက အခုဆိုရင် အခြေအနေတွေနဲ့ ပါတ်သက်ပြီး လေ့လာစုံစမ်းနေပါတယ်။ အစ္စလာမ်ပူးပေါင်းရေးအဖွဲ့နဲ့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်နဲ့ အဆက်အသွယ်ရှိနေပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ ရော ဘင်္ဂလာဒေ့ရှ်အာဏာပိုင်တွေနဲ့ ပါ အဆက်အသွယ်ရှိပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ အနေအထားကို ရှေ့ဆက်တိုးဖို့ရာအတွက် အိုအိုင်စီ အထွေထွေအတွင်းရေးမှူးချုပ် İhsanoğlu ဟာ ဂျွန်လပိုင်းလောက်က တရုပ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်မှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာ့နိုင်ငံရဲ့ အခြေအနေတွေကိုလည်း လေ့လာစောင့်ကြည့်ဖို့နဲ့ လိုအပ်တာတွေ လုပ်ဆောင်သွားဖို့အတွက် တရုပ် အာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အဓိကရုဏ်း ကို ထိန်းသိမ်းဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေကို ကြေငြာခဲ့ပြီး စစ်တပ်တွေကို စေလွတ်ခဲ့ပါတယ်။

ဒီအရေးပေါ်အခြေအနေကြေငြာချက်ဟာ ဗုဒ္ဓဘာသာဝင်တွေက ယင်းအရေးပေါ်အခြေအနေကို မလိုက်နာဘဲ ဆက်လက် ဖိနှိပ်မှုတွေလုပ်ဆောင်နေတာကြောင့် ရိုဟင်ဂျာလူမျိုးတွေရဲ့နေထိုင်မှုဘဝကို ပိုမိုနှစ်နာစေတာဖြစ်လို့ အခုလိုအခြေအနေမျိုးကို "လူမျိုးရေးနဲ့ ဘာသာရေး ကိုအခြေခံတဲ့ လူမျိုးစု သုတ်သင်ရှင်းလုပ်ရေးလုပ်နေတာပါ" လို့ ဆိုလိုရခြင်းဖြစ်ကြောင်း အာရကန် ရိုဟင်ဂျာ ယူနီယံ ဥက္ကဌ ဝါကာ ဥဒင်က ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေအပေါ် လွတ်လပ်စွာသွားလာမှု၊ မြေယာပိုင်ဆိုင်မှု၊ နဲ့ ပညာရေးနဲ့ပြည်သူ့ဝန်ဆောင်မှု အခွင့်အလမ်းတွေကို မြန်မာအစိုးရကပိတ်ပင်ထားပြီး ဆယ်ရာစုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ထားတဲ့အတွက် ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံမဲ့ဖြစ်နေကြရတာပါ။ မြန်မာအစိုးရက အခြေအနေမှန်တွေကို လေ့လာစေဖို့အတွက် သတင်းမီဒီယာဌာနတွေကိုလည်း လွတ်လွတ်လပ်လပ်ဝင်ခွင့်မပေးထားပါဘူး။

" အပြင်လူတွေ ရခိုင်ပြည်နယ်ကိုဝင်ခွင့်မပြုပါဘူး။ ယူအန် ဝန်ထမ်းတွေကိုတောင်မှ မြန်မာအစိုးရကဖမ်းထားလိုက်သေးတယ်။" လို့ Demir ကဆိုပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Melissa Fleming ကလည်း ယူအန် ဝန်ထမ်း နဲ့ လူမှုလုပ်သား ၁၀ ဦး မြန်မာပြည်မှာ အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky ကလည်း အခုလို ယူအန် ဝန်ထမ်းတွေကို ဖမ်းဆီးထားတဲ့ သတင်းက မှန်ကန်ကြောင်းနဲ့ လက်ရှိခြေအနေတွေကို လေ့လာစုံစမ်းနေကြောင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေ သေဆုံးကြတဲ့ အရေအတွက်ကလည်း မသဲမကွဲဖြစ်နေပါသေးတယ်။

အဓိကရုဏ်းတွေဖြစ်ပွားရာဒေသအတွင်း ဝင်ခွင့်ရှိတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောပုံအရဆိုရင် အသေအပျောက်နှုန်းဟာ မြန်မာအစိုးရကြေငြာခဲ့သလောက်မနည်းသလို လှုပ်ရှားသူတွေပြောသလောက်လည်းမများပါဘူး လို့ပြောပါတယ်။

"သေဆုံးသူအရေအတွက်ကတွေ မသေးကွဲပါဘူး။ အမျိုးမျိုးတော့ ပြောနေကြတာပေါ့။ မွတ်စလင်တွေရဲ့ အလောင်းတွေကို လိုက်ရှာဖို့ကလည်း မလွယ်ကူလှဘူး။ ၁၅၀၀ လောက်ပျောက်ဆုံးနေတယ်လို့ ပြောတာဘဲ" Demir ကဆိုပါတယ်။

အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံမှ မွတ်စလင်တွေ ထွက်ပြေးတိမ်းရှောင်နေရပေမယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ သူတို့နိုင်ငံအတွင်းမှာ ဒုက္ခသည့်အဖြစ်အကူအညီတောင်းဖို့အရေး နယ်စပ်တံခါးမှာတောင့် စောင့်ခွင့်မပေးပါဘူး။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေလာမှာကို တားဆီးနေပေမယ့် သူ့တို့နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာ ၁သိန်းခွဲလောက်ရှိတယ်။" လို့ Demir ကပြောပါတယ်။ ရိုဟင်ဂျာအရေးကိစ္စကြောင့်ဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြားဆက်ဆံရေးကလည်း တင်းမာလာနေပါတယ်။

ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံသားလည်းမရဘူး။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူမျိုးစုတစ်စုနေနဲ့လည်း အသိအမှတ်မပြုဘူး။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေအနေနဲ့ဘဲသက်မှတ်ကြပါတယ်။ ဒါကြောင့် သူတို့မှာ အိမ်ယာ ပိုင်ဆိုင်ခွင့်တွေ အလုပ်လုပ်ခွင့်တွေကိုလည်း ပိတ်ပင်ထားပါတယ်။ တချို့ မွတ်စလင် ရွာတွေမှာဆိုရင် လျှပ်စစ်မီးတောင်မရှိပါဘူး။ လို့ Demir ပြောပါတယ်။



ဒေသခံသတင်းတွေကနေ လွန်ခဲ့ တဲ့ တနင်္လာနေ့လောက်မှာတော့ အခြေအနေတွေငြိမ်သက်သွားပြီလို့ဆိုပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ၉ နှစ်လောက် အတွေ့အကြုံရှိတဲ့ Demir အနေနဲ့ကတော့ ဒီလို ငြိမ်သက်သွားပြီးဆိုတာ မယုံကြည်ကြောင်းပြောဆိုပါတယ်။ ပဋိပက္ခ္ခဖြစ်တဲ့နေရာမှာ အကြမ်းဖက်လုပ်ဆောင်ဖို့အတွက် မြန်မာအစိုးရက စစ်တပ်တွေ စေတင်စေလွတ်နေပြီဖြစ်ပါတယ် လို့ ပြောပါတယ်။

၂၂၊၇၊၂၀၁၂ ရက်နေ့ Sunday's Zaman သတင်းတွင် ရေးသားဖော်ပြခဲ့သော Experts: Rohingya Muslims in Myanmar victims of global power struggle ကို ဘာသာပြန်ရေးသားဖေါ်ပြရခြင်းဖြစ်ပါသည်။

Translate by O'Laie Manzu


မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးတွင်အကြီးမားဆုံးအဖွဲ့အစည်းဖြစ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွန်ခဲ့သည့်ကြာသပတေးနေ့ ဇွန်လ (၇) ရက် တွင်မြန်မာနိုင်ငံအနောက်ပိုင်းတွင်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လတ်တလောအကြမ်းဖက်မှုနှင့်ပတ်သက်၍ပြောကြားသွားကြောင်းဧရာဝတီသတင်ဌာနမှရေးသားဖော်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအထွေထွေရေးမှူးဦးဌေးဦးမှပြောဆိုရာတွင် - ကျွန်တော်တို့အနေနဲ့ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကို လူမှုရေးအရ၊ ဥပဒေအရလုံးဝလက်မခံနိုင်ဘူး၊ ပြစ်မှုကျူးလွန်သူတွေအားလုံးကိုမွတ်စလင်၊ ဗမာမခွဲခြားပဲအရေးယူမယ်၊ ဒီပြဿနာပိုပြီးမကြီးစေရဘူး - ဟုပြောကြားခဲ့သည်။

ဦးဌေးဦးမှဧရာဝတီသတင်းဌာနအယ်ဒီတာဦးအောင်ဇော်သို့လွန်ခဲ့သောကြာသပတေးနေ့တွင်နေပြည်တော် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင်ကျင်းပခဲ့သောအစည်းအဝေး၌ သက်ဆိုင်ရာမှထိုအရေးအခင်းတွင်ပါဝင်ခဲ့သူများအားလုံးကို အမြန်ဆုံးတရားဥပေဒဖြင့်အရေးယူရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

မေလ (၂၈) ရက်နေ့တွင်ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကျောက်နီမော်ကျေးရွာတွင် ရခိုင်အမျိုးသမီးတယောက်အား မွတ်စလင်သုံးဦးမှမုဒိန်းကျင့်၍သတ်ဖြတ်ခဲ့ကြောင်းစွပ်စွဲချက်ထွက်ဆိုပြီးနောက် ဇွန်လ (၃) ရက်နေ့တွင်အကြမ်းဖက်သမား တစ်စုမှ မွတ်စလင် (၁၀) ဦးကိုအကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ နှစ်ရက်အကြာတွင်ရန်ကုန်မြို့တွင်မွတ်စလင်များမှ ငြိမ်းချမ်းစွာစုဝေး၍အဖြစ်အပျက်နှစ်ခုလုံးအားတရားဥပဒေအရပြင်းထန်စွာအရေးယူပေးပါရန်တောင်းဆို
ခဲ့ကြသည်။

ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍တိုင်းပြည်တွင်ကွဲပြားခြားနားသောဘာသာဝင်များနှင့်တိုင်းရင်းသားလူမျိုးများနှင့်အတူမွတ်စလင်နှင့်တရုတ်ပါရှိနေသည့်အတွက်လွတ်လပ်စွာယုံကြည်ရာကိုကိုးကွယ်နိုင်ကြောင်းဦးဌေးဦးမှပြောကြားခဲ့ သည်။

ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ ၎င်းကပြောကြားရာတွင်နိုင်ငံမဲ့သူများမည်သည့်နိုင်ငံတွင်မှမရှိသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်လာသူများကိုဂရုစိုက်စွာစီစစ်၍နိုင်ငံသားအဖြစ်အသိအမှတ်ပြုသင့်ကြောင်းပြောဆိုသည်။
နိုင်ငံသားရသင့်သူအနေနဲ့နိုင်ငံသားရပိုင်ခွင့်ဆုံးရှုံးတာမကောင်းဘူး၊ ကျွန်တော်တို့အနေနဲ့ဂရုတစိုက်နဲ့စီစစ်ပြီးမြန်မာနိုင်ငံ သားဖြစ်ပိုင်ခွင့်ရှိတဲ့သူတွေကိုရဲရဲဝံ့ဝံ့နဲ့နိုင်ငံသားအဖြစ်လက်ခံရမှာပါ -ဦးဌေးဦးပြောကြားကြောင်းရေးသားထားသည်။

ရိုဟင်ဂျာများသည်မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင်အများဆုံးနေထိုင်ကြပြီး၊ နိုင်ငံသားအဖြစ်မှငြင်းပယ်ခံထားရသည့်အပြင် အမျိုးမျိုးသောခွဲခြားဆက်ဆံမှုများကိုပါခံနေရသူများဖြစ်သည်။

ဇွန်လ (၆) ရက်နေ့တွင်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကိုစုံစမ်းစစ်ဆေးရန် ၁၂ ဦးပါဝင်သောကော်မီတီ ကိုဖွဲ့စည်းပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့ပြီး၊ ဇွန်လ (၃၀) ရက်နေ့နောက်ဆုံးထား၍နိုင်ငံတော်သမ္မတ ထံသို့အစီရင်ခံစာတင်သွင်းရန်ရက်သတ်မှတ်ခဲ့ကြောင်းဖော်ပြခဲ့သည်။


ဧရာဝတီသတင်းဌာနတွင် YAN PAI ဇွန်လ (၈) ရက်နေ့တွင်ရေးသားခဲ့သော Arakan Violence is Unacceptab​le: USDP ကိုကိုးကား၍ရေးသားတင်ပြပါသည်။

RB News Desk

ရခိုင်ပြည်နယ်သို.ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများ

ယခုတလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ အဖွဲ့အစည်းအသီးသီး၊ သတင်းဌာနအသီးသီးတို့က သူဖက် ကိုယ့်ဖက် လိုရာဆွဲ၍ ပြောဆိုရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်းကြား၌ စစ်ပွဲဖြစ်ပွားလျှင် တဖက်၏ ဆုံးရှုံးပျက်စီးမှုကို ချဲ့ကား၍ ပြောဆိုကြသော်လည်း၊ လူမျိုးနှစ်စုအကြား သို့မဟုတ် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားလျှင်မူ ကိုယ့်ဖက်မှ ဆုံးရှုံးမှုကိုသာ အလေးထားပြောဆိုလေ့ရှိကြသည်။ ဤသည်မှာ ပတ်ဝန်းကျင်၏ သနားကြင်နာမှုကို အခြေပြုသော ထောက်ခံမှုရယူလိုခြင်းနှင့် တဖက်သားကို မုန်းတီးစေလို၍ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံး၌ အမှန်တရား ပေါ်လာစမြဲပင်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သမျှနှင့် ပတ်သတ်၍ ပြည်တွင်းပြည်ပ မီဒီယာအချို့က မီး ပိုတောက်လောင်လာအောင် ရေးသားဖော်ပြခဲ့ သကဲ့သို့ အချို့မီဒီယာများကလည်း သမာသမတ်ကျကျ ရေးသားဖော်ပြ ခဲ့ကြသည်ကိုတွေ့ရသည်။ အချို့မီဒီယာများက သတင်းမှန်ရယူရန် ခက်ခဲ၍ မဖော်ပြနိုင်ကြသလို၊ အချို့မီဒီယာများက ထိုအချက်ကို အခွင့်အကောင်းယူ၍ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခကြီးထွားလာအောင်၊ တမင်ဖန်တီးခဲ့သည်။ မည်သို့ပင် ပြောဆိုရေးသားနေသည်ဖြစ်စေ၊ အကျိုးအကြောင်းဆီလျှော်စွာ ယုတ္တိ၊ ယုတ္တာရှိရှိ ရေးသားဖို့ လိုသည်။ မီဒီယာတချို့၏ ဘက်လိုက်ရေးသားမှုကြောင့် ဗုဒ္ဓဘာသာ အများစုဖြစ်သော မြန်မာနိုင်ငံတွင် မွတ်စလင်မုန်းတီးရေး စိတ်ဓါတ်များ ပေါ်ပေါက်စေခဲ့သည်။ ဘက်ဆွဲခြင်းသည် မိမိတစ်ဦးခြင်း၏ လွတ်လပ်သော ရွေးချယ်မှု တစ်ရပ်သာဖြစ်၍ အပြစ်တင်စရာမရှိ။ သို့ရာတွင် သတင်းမီဒီယာများအနေဖြင့် ထိုသို့ဘက်ဆွဲ ရေးသားခြင်းကို မီဒီယာကျင့်ဝတ်အရ ကြည့်မည်ဆိုလျှင် လုံးဝခွင့်မလွှတ်နိုင်သော ပြစ်မှုကြီးတစ်ခုပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်တွင်းမီဒီယာနှင့် နိုင်ငံခြားအခြေစိုက် မြန်မာ့မီဒီယာ အချို့တို့သည် ကမ္ဘာ့အလည်မှာ မီဒီယာကျင့်ဝတ်အရ ရင့်ကျက်မှု အားနည်းသည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

သတင်း မီဒီယာလုပ်ငန်းသည် လက်လွှတ်စပယ်လုပ်၍ ရသော လုပ်ငန်းတစ်ခုမဟုတ်ပေ။ သတင်း “ထူးလျှင်၊ ဦးလျှင် ပြီးရော” ဆိုသောသဘောဖြင့် ရေးသားဖော်ပြကြမည်ဆိုလျှင် စာဖတ်သူများနှင့် သတင်းရေးသားသူ နှစ်ဦးစလုံး ဒုက္ခရောက်ကြမည်မှာ သေချာနေသည်။ သတင်းတစ်ပုဒ်ရေးမည်ဆိုလျှင် ထိုသတင်း၏ နောက်ခံအကြောင်းရင်းကို သိရှိဖို့ လိုအပ်သည်။ ထိုသတင်းသည် မည်မျှမှန်ကန်မှု ရှိသည်မရှိသည်ကို နောက်ခံအကြောင်းရင်းနှင့် ချိန်ထိုးကြည့်မှသာ သတင်းမှန် ထွက်ပေါ်လာနိုင်သည်။ ရခိုင်ပြည်နယ်အကြောင်းရေးမည်ဆိုလျှင်လည်း ဦးစွာ ရခိုင်ပြည်နယ်အကြောင်း နောက်ခံအကြောင်းရင်းကို သေချာလေ့လာဖို့ လိုပေလိမ့်မည်။

အကြမ်းအားဖြင့်ပြောရလျှင် ရခိုင်ပြည်နယ်သည် ရခိုင်ကမ်းရိုးတန်းတလျှောက် တောင်မြောက်သေးသွယ်ရှည်လျားသော ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်။ ရှေးရခိုင်ဘုရင်များလက်ထက်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရခိုင်ပြည်နယ် နေရာအနှံ့ ပျံ့နှံ့စွာ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။

၁၉၄၂ တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် မွတ်စလင်အများစုမှာ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စုဝေးနေထိုင်ကြပြီး ရခိုင်လူမျိုးများမှာ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စုဝေး နေထိုင်ကြသည်။ ၁၉၇၅ ခုနှစ် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းအဆင့်မှ ရခိုင်ပြည်နယ်အဆင့်သို့ သတ်မှတ်လိုက်ပြီးနောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားထုအတွင်းတွင် ကျဉ်းမြောင်းသော လူမျိုးရေး ခွဲခြားရေးစိတ်ဓါတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ “ရခိုင်ပြည်နယ်သည် ရခိုင်အမျိုးသားများအတွက်သာ ဖြစ်ရမည်၊” ၊ “ရခိုင်အမျိုးသားဟူသည် ရာနှုန်းပြည့် ဗုဒ္ဓဘာသာ ဖြစ်ကြသည်။” ဟု ကြွေးကြော်လာခဲ့သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော အခြားလူမျိုးများ ဖြစ်ကြသော ရိုဟင်ဂျာ၊ ကမန်၊ ဟိန္ဒူ (ကုလားအခေါ်ခံရသူများ) တို့အတွက် ကြီးမားသောအန္တရာယ်ကြီး စတင်တော့သည်။ “ရခိုင်ပြည်နယ်တွင် ရခိုင်များသာ နေထိုင်ရမည်ဟူသော လူမျိုးကြီးဝါဒနှင့်အညီ” ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွမြို့၊ အမ်းမြို့၊ တောင်ဂုတ်မြို့တို့တွင် ခေတ်အဆက်ဆက်က နေထိုင်လာခဲ့သော အစ္စလာမ်ဘာသာဝင် မွတ်စလင်များကို အကြမ်းဖက်နှင်ထုတ်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်ပြီးနှစ်များတွင် အဆိုပါမြို့နယ်များအား “မွတ်စလင် ကင်းရှင်းဇုံ” အဖြစ် ရခိုင်တို့က ကျေညာခဲ့သည်။ အခြားသော မြို့နယ်များမှလည်း မွတ်စလင်များကို နှင်ထုတ်နိုင်ရေးအတွက် အခွင့်အလမ်း၊ အခါအခွင့် စောင့်မျှော်လာခဲ့ကြသည်။

သို့ရာတွင် ထိုခေတ်က မြန်မာနိုင်ငံအစိုးရသည် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ရသည့်အတွက် ရခိုင်လူမျိုးများက နိုင်ငံတော်၏ ထောက်ခံမှုကို မရရှိခဲ့ချေ။ ၁၉၈၈ ခု နောက်ပိုင်း န.၀.တ အစိုးရ လက်ထက်ရောက်ရှိလာသော အခါ န.၀.တ ခေါင်းဆောင်များထဲတွင် မွတ်စလင်မုန်းတီးရေးသမားများ ပါဝင်လာသည်။ သို့သော် န.၀.တ ခေါင်းဆောင်များက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို အဓိကထားဆောင်ရွက်နေခဲ့ရ၍ မွတ်စလင် နှိမ်နှင်းရေးကိစ္စကို တမဟုတ်ခြင်း မဆောင်ရွက်နိုင်ခဲ့ပေ။ တဖြည်းဖြည်းဖြင့်သာ မွတ်စလင်ရှင်းလင်းသုတ်သင်ရေး အစီအစဉ်ကို စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။ န.၀.တ အနေဖြင့် အခြားတဖက်တွင် အပြည်ပြည်ဆိုင်ရာနိုင်ငံများနှင့် ဒီမိုကရေစီအရေးနှင့် ပတ်သတ်၍ ပြဿနာပေါင်းများစွာ ရင်ဆိုင်ဖြေရှင်းနေရသောကြောင့် မွတ်စလင် နှိမ်နှင်းရေးကိစ္စကို အလွယ်တကူ မဆောင်ရွက်နိုင်ခဲ့ပါ။ ထို့ကြောင့် ရခိုင်အမျိုးသားခေါင်းဆောင်များကလည်း န.၀.တ ခေါင်းဆောင်များ၏ မူဝါဒနှင့်အညီ ရခိုင်ပြည်ရှိ မွတ်စလင်များကို တဖြည်းဖြည်းချင်း သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ရခိုင်အမျိုးသားခေါင်းဆောင်များက ရခိုင်ပြည်ရှိ မွတ်စလင်များကို တဆင့်ပြီးတဆင့် သုတ်သင်ရှင်းလင်းရန် အချက် (၁၂) ချက်ပါသော စီမံကိန်းတစ်ခုကို န.၀.တ ခေါင်းဆောင်များထံ တင်သွင်းခဲ့သည်။

ထိုစာတွင် ပါသောအချက်များအနက် အချို့မှာ

(၁) ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များအား နိုင်ငံခြားသားသူပုန်ဟု သတ်မှတ်ပြီး နိုင်ငံသားကဒ်ပြားလုံးဝ ထုတ်ပေးခြင်း မပြုရန်

(၂) လူဦးရေ တိုးနှုန်းမရှိစေရန် မင်္ဂလာဆောင်ခွင့်ကို တဖြည်းဖြည်း ကန့်သတ်ထိန်းချုပ်ရန်၊ လူဦးရေ လျှော့သွားစေရန် နည်းမျိုးစုံဖြင့် ရက်စက်ဖိနှိပ်ရန်

(၃) ပြည်မနှင့် တခြားမြို့နယ်များမှ ဗုဒ္ဓဘာသာဝင်များကို ခေါ်ယူလျှက် ရွာများတည်ဆောက်ပေးပြီး ဘင်္ဂါလီလူဦးရေထက် များပြားအောင် ဆောင်ရွက်ရန်

(၄) တစ်ရွာမှ တစ်ရွာသို့လည်းကောင်း တစ်မြို့မှတစ်မြို့သို့ လည်းကောင်း နိုင်ငံခြားသား သွားလာခွင့်ပုံစံ (၄) ဖြင့် ခရီးသွားခွင့်ပြုပြီး ရခိုင်ပြည်နယ် ပြင်ပသို့ ခရီးသွားခွင့်ကို လုံးဝ ပိတ်ပင်ထားရန်

(၅) အဆင့်မြင့်ပညာ သင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ထားရန်

(၆) အစိုးရ အမှုထမ်းခန့်ထားခြင်းကို လုံးဝ မပြုရန်

(၇) မြေ၊ ဆိုင်ခန်းနှင့် တိုက်အိမ်များကို ပိုင်ဆိုင်ခွင့်မပြုရ၊လက်ရှိပိုင်ဆိုင်လျှက်ရှိသော ဆိုင်ခန်းနှင့် တိုက်အိမ်များကို နိုင်ငံတော်ပိုင်သိမ်းယူပြီး ဗုဒ္ဓဘာသာဝင်များအား ဝေငှပေးရန်

(၈) ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ၊ နေအိမ်များ ဆောက်လုပ်ခြင်း မွမ်းမံခြင်း ပြင်ဆင်ခြင်းများ ပိတ်ပင်ထားရန်

(၉) တရားရုံးများတွင် ရခိုင်နှင့် မွတ်စလင်အမှုဖြစ်ပါက ရခိုင်အမျိုးသားကို အနိုင်ပေးရန်၊ မွတ်စလင်အချင်းချင်း ဖြစ်ပါက ချမ်းသာသူကို အနိုင်ပေးရန် ဆင်းရဲသူ စိတ်ပျက်၊ စိတ်ဓါတ်ကျပြီး တိုင်းပြည်မှ ထွက်သွားစေရန်

(၁၀) ကမ္ဘာ့မွတ်စလင်နိုင်ငံများ အရိပ်မကျအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မပြုလုပ်ပဲ တဖြည်းဖြည်း ကုန်ဆုံးသွားအောင် ဆောင်ရွက်ရန်



ဤစီမံကိန်းလွှာပါ အချက်အားလုံးကို န.၀.တ၊ န.အ.ဖ အစိုးရ လက်ထက်တွင် တစ်ခုချင်းဆီ အကောင်အထည် ဖော်လာခဲ့သည်။

သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွက် မင်္ဂလာသတင်းကောင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတအကြား အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်အရ နိုင်ငံတော်အခြေအနေသည် ဒီမိုကရေစီ စနစ်ထွန်းကားရေး ဆီသို့ ဦးတည်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတကလည်း တစ်ဆင့်ပြီးတစ်ဆင့် ဒီမိုကရေစီအပြောင်းအလည်းများ လုပ်ဆောင်လာခဲ့သည်။ ဤနည်းအတိုင်း ဆက်သွားလျှင် မဝေးတော့သော အနာဂတ်တွင် မြန်မာနိုင်ငံတော်ကြီးသည် လူတိုင်းလူတိုင်း၏ မွေးရာပါ အခွင့်အရေးကို အာမခံပေးသော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်လာမည် ဖြစ်သည်။ ဤတွင် ရခိုင်အမျိုးသားများ၏ မွတ်စလင် သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည့်အရေး ဝေးလေတော့သည်။ ထို့အတွက် ဒီမိုကရေစီနိုင်ငံတော်ကြီး မဖြစ်လာမီ ကြိုတင်စီစဉ်ရတော့မည်ဟု ရခိုင်ခေါင်းဆောင်များက တွက်ဆထားသည်။ ထို့အချိန်တွင် ရခိုင်အမျိုးသမီးတစ်ဦး မုဒိန်းကျင့် ရက်စက်စွာ သတ်ဖြတ်ခံရမှုသည် တမဟုတ်ချင်း မီးတောက်လောင်နိုင်သော အချက်ဖြစ်လာခဲ့သည်။ မုဒိန်းမှု လူသတ်မှုတို့သည် နိုင်ငံတိုင်း ခေတ်တိုင်း လူမျိုးတိုင်းတို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်သည်။ တရားခံများကို ဖမ်းဆီး၍ ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေးသည်ပင် အရေးအကြီးဆုံးဖြစ်သည်။ ဤအမှုတစ်ခုတို့ကိုမီ၍ နောက်ထပ် မုဒိန်းမှုများ လူသတ်ဖြတ်မှုများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်မှုကို မည်သည့်လူအဖွဲ့အစည်းမျိုးကမျှ ထောက်ခံအားပေးလိမ့်မည် မဟုတ်ချေ။ သို့သော် ဤအမှုဖြစ်ပေါ်ပြီးနောက် ရခိုင်ခေါင်းဆောင်တို့သည် ရခိုင်ပြည်နယ်တစ်ခုလုံး၌ အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် “အမျိုးသား ကာကွယ်စောင့်ရှောက်ရေး” ဟူသော ကြွေးကြော်သံဖြင့် ၀ါဒဖြန့်စာ လှုံ့ဆော်စာများ ဝေငှ ဖြန့်ဝေခဲ့သည်။ မြန်မာမွတ်စလင် ၈ ဦးကို သတ်ဖြတ်ပြီး တောင်ဂုတ်မြို့တွင် ရခိုင်-မွတ်စလင် အဓိကရုဏ်းကို စတင်လောတော့သည်။ ပြီးနောက် မောင်းတောမြို့တွင် န.တ.လ ရွာများကို မွတ်စလင်တို့က မီးရှို့သည်။ (န.တ.လ ရွာဆိုသည်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ ခေါ်ယူတင်သွင်းလာသော ဗုဒ္ဓဘာသာဝင် ဘင်္ဂလီရခိုင်များနှင့် မြန်မာပြည်အနှံ့မှ ခေါ်ယူလာသော တခြားလူမျိုးများအား မွတ်စလင်များထံမှ သိမ်းယူထားသော မြေတွင် ဆောက်လုပ်ထားသော ရွာများကို ဆိုလိုသည်။ ) ရာနှင့်ချီသော ရခိုင်လူမျိုးများ အိုးမဲ့ အိမ်မဲ့ဘ၀ ရောက်ခဲ့ရသည်။

ထို န.တ.လ ရွာ မီးရှို့မှုသည် မည်သို့မျှ လက်ခံနိုင်စရာ မရှိသော ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်သည်။ ပြီးနောက် မောင်းတောင်မြို့နယ်တွင် ရခိုင်အမျိုးသား အများစုပါဝင်သော ပြည်သူ့ရဲ၊ လုံထိန်း၊ စစ်တပ်၊ နစကနှင့် စရဖ စသော လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ရခိုင်အမျိုးသားများနှင့် ပူးပေါင်းကာ မွတ်စလင်ရွာများ၊ အိမ်များ၊ ဆိုင်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်မှုများ စတင်ပြုလုပ်လာခဲ့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများသည် အခြေအနေကို အခွင့်ကောင်းယူ၍ မွတ်စလင်များ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ အလောင်းများကို ဖျောက်ဖျက်ပစ်ကြသည်။ ရွာများကို ၀ိုင်းရံ၍ ရာနဲ့ချီသော မွတ်စလင်များအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာခဲ့သည်။ ထိုအတောအတွင်း နိုင်ငံတော်က လက်နက် တပ်ဆင်ပေးထားသော ရခိုင်ပြည်သူ့စစ် အဖွဲ့ဝင်များကလည်း မွတ်စလင်ရွာများအား တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ စစ်သားဟန်ဆောင်၍ လုယက်မှုများ ပြုလုပ်ခဲ့သည်။ မွတ်စလင်များက ၀ိုင်းဝန်း ဖမ်းဆီးပြီး စစ်တပ်သို့ လွှဲအပ်ခဲ့သည်။ စစ်တပ်မှ သူတို့အပေါ် အရေးယူမှုများ မလုပ်ခဲ့ပေ။

မောင်းတောမြို့နယ်တွင် စစ်တပ်နှင့်လုံခြုံရေးတပ်များ အင်အားအလွန်ပင်ရှိနေသည့်အတွက် ရခိုင်များဘက်မှ အသက်ဆုံးရှုံးမှုများ အလွန်ပင်နည်းပါးသည်။ န.တ.လ ရွာများ မီးရှို့ခံရသည့်အတွက် များစွာသော ရခိုင်တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်မှာ အမှန်ပင်။ မောင်းတောမြို့နယ်အတွင်း ပဋိပက္ခအပြီးတွင် ရိုဟင်ဂျာတိုင်းရင်းသားများအပေါ်တွင် ကျူးလွန်ခဲ့သော လုယက်မှုများ၊ မုဒိန်းကျင့်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ စစ်တပ်၊ ပြည့်သူ့ရဲ၊ န.စ.က နှင့် စ.ရ.ဖ တို့အပေါ်တွင် လုံးလုံးလျားလျား တာဝန်ရှိသည်။ မောင်းတောမြို့ကို န.စ.က မှ နယ်မြေ ကိုးခု ခွဲထားပြီး ကိုင်တွယ်ခဲ့ရာ နယ်မြေတစ်ခုအတွင်း တာဝန်ကျသော န.စ.က တို့၏ လုပ်ရပ်ကို ကြည့်လျှင် ထိုဒေသမှ မွတ်စလင်များကို “လူမျိုးတုန်းသတ်ဖြတ်မှု အစီအစဉ်တစ်ခု” ဖြင့် ကျကျနန စီမံဆောင်ရွက်နေသည်မှာ သေချာပေသည်။ လုယက်မှုနှင့် ငွေညှစ်မှုတို့ကြောင့် န.စ.က နှင့် ရဲတို့က နေ့ချင်းညချင်း သိန်းပေါင်းရာနှင့် ချီ၍ ရှာလျှက်ရှိသည်။ ဤအကြောင်းအရာအားလုံးကို ကွင်းဆင်းလေ့လာပြီးမှ ယုံကြည်စေလိုပါသည်။ ဤသည်မှာ ဖြစ်ရပ်မှန် ပင်ဖြစ်သသည်။

စစ်တွေမြို့ပေါ် အခြေအနေကိုကြည့်လျှင် မြို့နယ်စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ပိုက်သည်ရွာ၊ မီးဇံရွာ၊ ပါဒလိတ်ချိတ်ရွာ၊ ရိုဟင်ဂျာရွာခေါ် ဈေးဟောင်းမောလိပ်ရွာ၊ စံပြရွာ (အနောက်စံပြ + အရှေ့စံပြ)၊ နာဇီရွာ၊ ပလုတ်တောင်ရွာ၊ ဘုမေရွာ စသော မွတ်စလင်ရွာများ လုံးဝ မီးရှို့ဖျက်ဆီး ခံခဲ့ရကာ ရွာသူရွာသားများလည်း သေသူသေ ပျောက်သူပျောက်သွားကြသည်။ ပိုက်သည်ရွာမှ မွတ်စလင်အချို့သည် ငါးဖမ်းစက်လှေများဖြင့် အသက်လုကာ စစ်တွေ တစ်ဖက်ကမ်း ဆင်တက်မော်ရွာသို့ ရောက်ရှိသွားကြသည်။ အချို့စက်လှေများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း ထိုမှ နှင်ထုတ်ခံရပြန်သဖြင့် သူတို့၏ ကံကြမ္မာကို ယခုအထိ မသိရချေ။ ပင်လင်ပြင်တွင် လူသေအလောင်းများ ပြန့်ကျဲစွာ မျောနေကြသသည်ဟု မျက်မြင်သူများ၏ အပြောအရ သိရသည်။ အဆိုပါရွာများရှိ ဗလီအားလုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါရွာများသို့ ယခုအချိန်အထိ မည်သည့် မွတ်စလင်မျှ ပြန်ဝင်ခွင့် မရခဲ့ချေ။

စစ်တွေမြို့လယ်တွင် တည်ရှိသော မောလိပ်ရွာနှင့် အင်ဘာလာ မွတ်စလင်ရွာနှစ်ရွာမှာ အသေအပျောက် အပျက်အဆီး အနည်းငယ်ဖြင့် ကျန်နေသေးသော်လည်း ထိုရွာများမှ မွတ်စလင်များ အပြင်မထွက်ရဲကြ၊ ထွက်လျှင်အသက်ဘေး ရှိသည်။ ရခိုင်များက ထိုရွာများကို ၀န်းရံပိတ်ဆို့ထားကြ၍ စားနပ်ရိက္ခာလမ်းကြောင်းလည်း ဖြတ်တောက်ခံ နေရသည်။ ရခိုင်ခေါင်းဆောင်များက မွတ်စလင်များအား မိမိတို့၏နေအိမ်မှ ဘာပစ္စည်းမှ မယူပဲ၊ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်သွားလျှင် လုံခြုံစွာ သွားခွင့်ပေးမည်ဟု တောင်းဆိုလာသည်။ သို့သော် မွတ်စလင်များကမူ မိမိ၏ အိမ်၌ပင် နေ၍ အသေခံခြင်းကို ပို၍ မြတ်နိုးကြသည်။

စစ်တွေ ဆင်ခြေဖုံးဖြစ်သော သဲချောင်းရွာနှင့် သက္ကေပြင်ရွာတို့မှာ မွတ်စလင်ဒုက္ခသည် သုံးသောင်းခန့် စုဝေးရောက်ရှိ လာကြသည်။ ရွာသူရွာသားများက ယာယီဒုက္ခသည်စခန်းဖွင့်၍ မရှိမဲ့ ရှိမဲ့ဖြင့် ကျွေးမွေးနေရသည်။ စစ်တွေမြို့နှင့် အဆက်အသွယ်ဖြတ်တောက်ခံရ၍ မည်သည့် စားနပ်ရိက္ခာမျှ မရကြချေ။ စစ်တွေမြို့တွင် မွတ်စလင်များသည် လူအနည်းစုများ ဖြစ်ကြ၍ ရခိုင်လူမျိုး လူများစုများက လေးဖက်လေးရံမှ ၀င်ရောက်တိုက်ခိုက်သည့်အပြင် တခြားမြို့နယ်များမှ လူသန်လူစွမ်းများကို ခေါ်ယူကာ တိုက်ခိုက်ခဲ့သဖြင့် မွတ်စလင်များ မရှုမလှ ခံခဲ့ရသည်။ မွတ်စလင်အလောင်းများကို ဖျောက်ဖျက်သည်။ မီးရှို့ထားသော အလောင်းများကိုလည်း တွေ့ရသည်။

ရခိုင်ဘက်မှ သေဆုံးမှုနှင့် ပတ်သတ်၍ ပြောရလျှင် စစ်တွေမြို့နယ်တွင် မရှိသလောက်ဖြစ်သည်။ ဘက်လိုက်၍ ပြောနေသည်သာ မဟုတ်၊ လူများစု ရခိုင်များက ရဲ၊ စစ်တပ်၊ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများ အားလုံး၏ အကူအညီကို ရယူကာ အင်အားအလုံးအရင်းဖြင့် မွတ်စလင်တို့ကို တိုက်ခိုက်သည်သာ ဖြစ်၍ သူတို့ဘက်တွင် အကျအဆုံးများ ရှိသည်ဆိုသည်မှာ သဘာဝမကျနိုင်ပေ။ မည်သည့်ရွာမှလည်း မီးမရှို့ ခံခဲ့ရပေ။ မည်သည့် ဘုန်းကြီးကျောင်းမျှလည်း မီးမလောင် ခံရပေ။ မွတ်စလင်ရွာများနှင့် ကပ်လျှက်ရှိသော ရခိုင်အိမ်အချို့သည်သာ မွတ်စလင်အိမ်များနှင့်အတူ မီးထဲပါသွားသည်ကလွဲ၍ တခြားမည်သည့် ရခိုင်ရွာများ၊ ရခိုင်အိမ်များ မီးမလောင်ခဲ့ပါ။ လက်တွေ့ကွင်းဆင်း၍ လေ့လာနိုင်ပါသည်။

သို့ဖြစ်လျှင် စစ်တွေမြို့ပေါ်တွင် ရခိုင်ဒုက္ခသည်များ သောင်းနှင့်ချီ၍ ရှိသွားပြီဟု သတင်းများတွင် ဖော်ပြနေသည်မှာ ဤဒုက္ခသည်များ ဘယ်ကလာသနည်း။ ဘယ်ရခိုင်ရွာများ မီးလောင်ခံခဲ့ရသနည်း။ အဘယ်ဘုန်းကြီးကျောင်း မီးရှို့ခံခဲ့ရသနည်း။ သတင်းဌာန အားလုံးကို မေးချင်ပါသည်။ စစ်တွေမြို့မှ ရခိုင်ဒုက္ခသည်များ ဆိုသည်မှာ ဘင်္ဂလားဒေရှ့်မှ မ.ဆ.လ ခေတ် ကတည်းက စ၍ မြန်မာနိုင်ငံဘက်သို့ ခိုးဝင်လာသော အနောက်သား ဘင်္ဂလီရခိုင်များသည် စစ်တွေဘောလုံးကွင်းအနီးရှိ တိုးချဲ့ရပ်ကွက်နှင့် မင်းဂံရွာများတွင် တဲကလေးများထိုးကာ ဆင်းဆင်းရဲရဲနေထိုင်လာခဲ့သည်။ ရခိုင်ခေါင်းဆောင်များသည် ထိုအနောက်သား ဘင်္ဂလီရခိုင်များနှင့် အခြားဆင်းရဲသားရခိုင်များကို ခေါ်ဆောင်လာကာ ဒုက္ခသည် စာရင်းသွင်းထားခြင်း ဖြစ်သည်။ ရန်ကုန်မှလာသော ကယ်ဆယ်ရေးအထောက်အပံ့ ပစ္စည်းများလည်း သူတို့ဆီပင် ရောက်ရှိသွားပြီး မွတ်စလင်ရွာများသို့ မရောက်ပေ။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်အစိုးရသည်လည်းကောင်း၊ စစ်တပ်သည်လည်းကောင်း၊ ပြည်သူ့ရဲများသည်လည်းကောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများသည် လည်းကောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် လည်းကောင်း အုပ်ချုပ်ရေး ယန္တယားတစ်ခုလုံးသည် လည်းကောင်း၊ ရခိုင်လူများစု ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြ၍ သူတို့၏ ကြံရည်ဖန်ရည် အစွမ်းအစ အားလုံးကို လိမ္မာပါးနပ်စွာ သတင်းဌာန မီဒီယာများပါ မကျန် ထိထိမိမိ အသုံးချသွားခြင်းကြောင့် ဖြစ်သည်။

ဤအချက်ကို လက်မခံချင်သူများအား ကိုယ်တိုင်ကွင်းဆင်း၍ ဘက်လိုက်မှုကင်းရှင်းစွာ လူသားဝါဒကိုသာ အခြေခံလျှက် လေ့လာမည်ဆိုပါက အဖြစ်မှန်ကို ကိုယ်တွေ့လက်တွေ့ မြင်ရပေမည် ဖြစ်သည်။

ဤသို့တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှု စွပ်စွဲမှုတို့ဖြင့် ရခိုင်ပြည်နယ်သည် အဘယ်ဖက်သို့ ဦးတည်သွားနေ သနည်း။ အနာဂတ် နောင်လာနောင်သားမျိုးဆက်သစ်များအား မည်သည့်အမွေများ ပေးချင်ကြသနည်း။ ဤမေးခွန်းများကို ရခိုင်ပြည်နယ်သူ ပြည်နယ်သားတိုင်း စဉ်းစားသင့်ပေသည်။ သို့လျှင် ဤပြဿနာ အေးသွားအောင် မည်သို့ ကြံဆောင်ရမည်နည်း။ ဤပြဿနာ၏ ရေရှည်တည်တံ့ခိုင်မြဲသော အဖြေကို မည်သည့်နိုင်ငံ အစိုးရများသည် လည်းကောင်း မြန်မာနိုင်ငံအစိုးရသည်လည်းကောင်း ကောင်းစွာဖြေရှင်းနိုင်မည်ဟု မယူဆပါ။ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးများနှင့် မွတ်စလင်လူမျိုးများ တစ်ဦးနှင့်တစ်ဦး နဖူးတွေ့ဒူးတွေ့ မျက်နှာဆုံညီ စားပွဲဝိုင်းထိုင်လျှက် တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့်သာ ရေရည်တည်တံ့ ခိုင်မြဲသော ဖြေရှင်းချက်အဖြေ ထွက်လာနိုင်မည်ဟု အလေးအနက် ယုံကြည်မိပါသည်။

တောင်ဘာဇာအောင်မြေ
လွန်ခဲ့သောနွေဦးအချိန်မြန်မာနိုင်ငံ၌ဒီမိုကရေစီပန်းပွင့်နေမှုဖြင့်ကမ္ဘာကိုဖမ်းစားခဲ့သည်။ သို့သော်ယခု သုံးလ အကြာတွင်ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော် အမတ်အဖြစ်ရွေးချယ် ခံရပြီး တစ်လ အကြာတွင်အော်စလိုမြို့သို့ ၁၉၉၁ နိုဗယ်ငြိမ်းချမ်းရေး ဆုကို အချိန်နှောင်း၍ လက်ခံရန်သွား သည့်အချိန်တွင်မြန်မာနိုင်ငံ၌ခေါင်းလောင်းသံမြည်နေပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်ဖြစ်သော ရခိုင်ပြည်နယ်၏ရွာများတွင် ဇွန်လ၌ရိုဟင်ဂျာ ဟုခေါ်သောမွတ်စလင် များကိုလူမျိုးရေးဘာသာရေး ခွဲခြားဖိနှိပ် သတ်ဖြတ်မှုများစတင်ခဲ့သည်။ ဤသည်မှာမြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု ကာလ၏ရုပ်ဆိုးသော လက္ခဏာဖြစ်ပြီး ပန်းပွင့်မြင်နေရသော်လည်း ပန်း၏နိမိတ်မ ကောင်းခြင်းဖြစ်သည်။

ရိုဟင်ဂျာများကိုရက်စက်မှုသည်ယခုမှမဟုတ်ပေ။ ထိုသူများသည်ဗုဒ္ဓဘာ သာအများစုနေထိုင်သော နယ်မြေတွင်နှိပ်စက်ညှင်းပန်းခြင်း၊ လျစ်လျူရှုခံရခြင်း၊ ဖိနှိပ်ခံရခြင်းတို့ကို ၁၉၄၈ လွတ်လပ်ရေးသည့် အချိန်မှ စ၍ကြုံတွေ့နေရသည်။ အခြေခံဥပဒေများသည်ထိုသူများကို နိုင်ငံသားဖြစ်ရန် အခွင့်အရေးများ ကိုပိတ်ပင်ထားပြီး၊ ထိုသို့ဖြစ်ရခြင်းမှာထိုသူတို့၏ဘိုးဘွားဘီဘင်များသည် ၁၉ ရာစု၌ဗြိတိန်ကိုလိုနီလက် အောက် မှမြန်မာနိုင်ငံဟုဖြစ်လာသည့်အချိန်တွင်မနေထိုင်ခဲ့ခြင်းကြောင့်ဟုဆိုသည်။ (ရိုဟင် ဂျာပြဿ နာတွင် အချေအတင်အငြင်းခုံနေမှုတစ်ခု) ယခုအချိန်တွင်စစ်အာဏာရှင် စနစ်ကြီးပြိုကွဲရန် အစပြုနေသော် လည်း ရိုဟင်ဂျာများအတွက်ပြောင်းလဲရန်တစ်စုံတစ်ရာသင်္ကေတမမြင်ရပေ။ မြန်မာများ သည် ထိုသူများကို ဇာတ်လမ်းဆင်ရန်ကြိုးစားနေကြပါသည်။

ယခုဖြစ်ပွားသောအကြမ်းဖက်မှုကြီးကိုလိုက်ရှာလျှင်ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကိုမေလနှောင်းပိုင်းတွင်အဓမ္မကျင့်၍သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပြီး၊ ထိုအတွက်မွတ်စလင်သုံးဦးကိုရဲများမှဖမ်း ဆီးကြောင်း အစီရင်ခံခဲ့ သည်။ ထိုကိစ္စနောက်ပိုင်းတွင် ဆူပူသောင်းကျန်းသောလူအုပ်မှ ရိုဟင်ဂျာများနှင့် အခြားသော မွတ်စလင်များကိုတိုက်ခိုက်သတ်ဖြတ်ခဲ့ရာ လူပေါင်းများစွာသေကြေခဲ့သည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တို့မှသိရှိရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များဦးဆောင်၍ မွတ်စလင်များကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး ခြင်း၊ ထောင်ပေါင်း များစွာသော အိမ်များ ဖျက်ဆီးခြင်း တို့ပြုလုပ်ခဲ့ပြီး၊ ရိုဟင်ဂျာများဘက်မှ အကြီးအကျယ်ပျက်ဆီးဆုံး ရှုံးခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ရိုဟင်ဂျာများ မှကြိုးစား၍ နတ်မြစ်ကိုဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ် သို့ သွား ရာလမ်းတွင် လူအချို့သေဆုံးခဲ့ရသည်။ 

မြန်မာမီဒီယာများမှအဓိကရုဏ်းဖြစ်ပွားရာအစောပိုင်းတွင်ရိုဟင်ဂျာများကိုအကြမ်းဖက်သမားများ၊ သစ္စာဖောက် များ အဖြစ်ဇာတ် လမ်းဆင်၍ ကိုးကားပြခဲ့သည်။ ဇွန်လအလယ်ပိုင်းတွင် အစိုးရမှအဓိက ရုဏ်းကြီးရပ်တန့်ရန်အကြောင်းပြပြီး ဒေသတွင်းအရေးပေါ်အခြေအနေကြေညာ ခဲ့သည်။ သို့သော်ထို အခြေအနေအား နယ်စပ်လုံခြုံရေး တပ်ဖွဲ့များကိုအိမ်များမီးရှို့ရန်၊ လူများသတ်ရန်နှင့်ရိုဟင်ဂျာ များ ကိုနေအိမ် များ ဖယ်ရှား ပြီးရွာမှာနှင်ထုတ်ရန်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် သမ္မတသိန်းစိန် မှ ရိုဟင်ဂျာများကိုနိုင်ငံအတွင်းနှင်ထုတ်၍သော်လည်း ကောင်း (သို့မဟုတ်) ကုလသမ ဂ္ဂမှပြန် လည်နေ ရာချထားခြင်းဖြင့်သော် လည်းကောင်းမြန်မာနိုင်ငံတွင်ဖြစ် ပွားနေသော ကပ်ဆိုက်နေသော  ကာလကို  အဆုံးသတ်နိုင်မည်ဟု ကုလသမဂ္ဂကို အကြံပြုခဲ့သော်လည်း ကုလသမဂ္ဂမှ လျင်မြန်စွာ ပယ်ချခဲ့သည်။

ဤသည်မှာလူမျိုးရေးဂိုဏ်းဂဏခွဲ၍ဖြစ်ပွားသောအကြမ်းဖက်မှုမဟုတ်၊ နိုင်ငံတော်မှထောက်ခံအားပေး ခဲ့သော လူမျိုးတုန်းသတ်ဖြတ်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှရပ်တန့်ရန် မြန်မာခေါင်းဆောင်များ သို့ဖိအား မပေးကြပေ။ ဒေါ်အောင်ဆန်းစုကြည်မှ လည်းတစုံ တရာပြောကြားခြင်း မရှိခဲ့ပေ။

ဇွန်လအလယ်ပိုင်းတွင်ကျွန်ုပ်သည်စာနယ်ဇင်းသမားများနှင့်အတူနယ်စပ်မြို့သို့သွားရောက်၍ ဘ င်္ဂ လားဒေ့ရှ် ရှိ ရွာများ တွင်လှေစီး၍ရောက်လာ ကြသောရိုဟင်ဂျာများ ၏တုန်လှုပ်ဖွယ်ဇာတ်လမ်း များကို သိခဲ့ ရသည်။ ထိုသူတို့ပြောကြားရာတွင် ရဟတ်ယာဉ်မှပစ်ခွင်းသည်ကိုကြုံခဲ့ရပြီး လှေခြောက်စင်းမှ သုံးစင်းပျောက်ဆုံးခဲ့သည်။ ခရီးစဉ်လေးရက် အတွင်း ကလေးအချို့ရေနစ်ခဲ့ပြီး အချို့မှာ ဆာလောင် မှုကြောင့်သေဆုံးခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်သို့ရောက် သည့်မိသား စုများမှမြန်မာနိုင်ငံ သို့ပြန် လည်၍နှင် ထုတ်ခြင်းခံရသည်ဟုပြောသည်။ မိဘများနှင့်ကွဲသွားသော ကလေးများသည်ရွာများ အတွင်းရှိအိမ်များ သို့သွားရောက်၍အကာအကွယ်ယူကြပြီး၊ အချို့ကလေးများမှာဆာလောင်မှုအပြည့်ဖြင့်တနေရာ ရာတွင် ပုန်းအောင်း နေခြင်း (သို့မဟုတ်) ဒုစရိုက်ဂိုဏ်းများ၏သားကောင်များဖြစ်သွားကြသည်။ နယ်စပ်လုံခြုံရေး များမှမွေးကင်းစကလေးကို တွေ့ရသောအခါ၊ ဆေးဝါးကုသပေးပြီးနောက်ကလေးငယ်ကို ယာယီကာ ကွယ်ပေးသည့် အနေဖြင့်နယ်မြေခံ ငါးဖမ်းသမားနှင့်ထားခဲ့သည်။

အဘယ်ကြောင့်ဤဖိနှိပ်သတ်ဖြတ်မှုသည်နိုင်ငံတကာကိုဒေါသမဖြစ်စေခဲ့သနည်း။ အမေရိ ကန်ပြည်ထောင် စု၊ ဥရောပသမဂ္ဂနှင့်ကနေဒါနိုင်ငံတို့ သည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို လက်ခံ လိုက်ပြီးနောက် မြန်မာနိုင်ငံသည်ရင်းနှီးမြှပ်နှံရန်ပန်းတိုင်တစ်ခုဖြစ်လာသည်။ ၁၉၈၈ ခုနှစ်မှ စတင်ခဲ့သော စီးပွားရေးပိတ်ဆို့မှုများကိုရုပ်သိမ်းခဲ့သည်။ (ထိုပိတ်ဆို့မှုသည် တရုတ်၊အိန္ဒိယ၊တောင် ကိုးရီယား ထိုင်း စင်္ကာပူနိုင်ငံ များနှင့်နိုင်ငံမျိုးစုံ ပါဝင်သောရေနံကုမ္ပဏီများကိုမြန်မာနိုင်ငံနှင့်စီးပွားရေးလုပ် ကိုင်ခြင်းများ ကိုမတား ဆီးနိုင်ခဲ့ပေ။) လွန်ခဲ့သောနှစ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ်တွင်ပထမအဆင့်အနေဖြင့်ဒီမိုကရေစီစနစ်ကျင့် သုံးရေး၊ နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲရေး အတွက်လိုအပ် မည့်အခြေအနေများ ၊ တိုင်းရင်းသားပြဿနာ များကိုအဆုံးသတ်ရန်တို့ကိုချမှတ်ခဲ့သည်။ 

ရိုဟင်ဂျာများ၏အတိဒုက္ခများသည်နိုင်ငံမဲ့ခြင်း၊ နိုင်ငံသားဖြစ်မှုငြင်းပယ်ခံရခြင်းတို့ကြောင့်ဖြစ်ပြီး ဤသည် အတွက်မြန်မာနိုင်ငံတွင်တာဝန်ရှိ သည်။ မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေး ကာလကို ထိန်းချုပ်လျက်ရှိသောစစ်အရာရှိကြီးကဲ့သို့ သြဇာအာဏာမရှိသော်ငြားလည်း၊ အနောက်နိုင်ငံများ တွင် တက်ရောက်ခဲ့သောအခမ်းအနားများ၌မေးမြန်းရာတွင်ရှောင်တိမ်းသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မရှောင်တိမ်းသင့်ပေ။ သူမအနေနှင့်သူမ၏အသံ၊ ဂုဏ်သတင်းများကို အသုံးပြု ၍နိုင်ငံ သားဖြစ် ခွင့် လူသားများ၏အခြေခံအခွင့်အရေးဖြစ်ကြောင်း ပြောဆိုသင့်သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် အစ္စလာ မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu မှသူမထံသို့ အကြမ်းဖက်မှုကြီးအဆုံးသတ်ရန်အတွက်ကူညီပေးရန်မေတ္တာရပ်ခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့်ပို၍လုပ်ပေးနိုင်သည်မှာသေချာသည်။ ၎င်း၏မြန်မာနိုင်ငံနှင့်မြစ်နယ်နိမိတ်သည် ကာကွယ်ထားခြင်းမရှိသော ကြောင့်ထောင်ပေါင်းများစွာသောရိုဟင်ဂျာများသည်ညအချိန်တွင်ရေကူး၍ (သို့မဟုတ်) လှေခတ်၍လာကြသည်။ ယခုတရားဝင် (သို့မဟုတ်) တရားမ၀င်နေထိုင်ကြသောဒုက္ခသည်များ သည်ယခင် ကထိုကဲ့သို့ရောက်ရှိခဲ့သော်ငြားလည်း ယခုနှစ်တွင်စုပြုံအောတိုက်ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် လက်ခံရန်တွန့်ဆုတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့တွင်လည်းထိုစိုးရိမ်မှုကြောင့် ရိုဟင်ဂျာဆန့်ကျင်ရေးများဖြစ်လာ ခဲ့သည်။ အစပိုင်းတွင်ဘင်္ဂလားဒေ့ရှ် အစိုးရမှဒုက္ခသည်များကို အကူအညီလုံးဝမပေးပဲဖိအားပေး၍နှင်ထုတ်ခဲ့သည်။ ရွာသားအချို့ကိုဒုက္ခသည် များကိုနေထိုင် ရန်ပေးခဲ့သောကြောင့်အစိုးရမှဖမ်းဆီးအရေးယူပြီးနောက်ပိုင်းတွင် ဒုက္ခသည်များကိုနှင် မထုတ်မှီလူမှုရေး အကူအညီများပေးခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့်နိုင်ငံ တကာမှတိုက် တွန်းနေ သကဲ့သို့ဒုက္ခ သည်များ ကိုယခင်နှစ်များတွင်နေထိုင်ခွင့်ပေးသကဲ့သို့ပေးသင့် သည်။ 

မြန်မာနိုင်ငံသို့ကမ္ဘာမှမီးမောင်းထိုးပြသင့်သည်မိမိတို့၏ကိုယ်ပိုင်မြေများတွင်ရာစုနှစ်များစွာနေထိုင်ခဲ့ကြသော်လည်း ပုတ်ခတ်ဝေဖန်ခံရသည့် အပြင်မောင်းထုတ်ခြင်းခံရပြီး၊ ထောင်ပေါင်းများစွာသောနိုင်ငံမဲ့အမျိုးသား အမျိုးသမီးများသည် မြစ်ချောင်းများပေါ်တွင်မျောနေကြသည်။ အလောင်းများ ကမ်းခြေများ တွင်ရှိနေ သည်ကို မျက်ကွယ်ပြုထားသောဒီမိုကရေစီနိုင်ငံကိုစိတ်အားထက်သန်စွာမကြိုဆိုသင့်ပေ။ 

စာရေးသူ Moshahida Sultana Ritu သည် ဒါကာတက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်သည်။ ဤဆောင်းပါး ကို ဇူလိုင်လ (၁၃) ရက် နယူးယောက်တိုင်းမ်သတင်းစာ စာမျက်နှာ အေ ၂၃ တွင်ပုံနိုပ် ထုတ်ဝေသည်။

New York Times သတင်းစာတွင် Moshahida Sutana Ritu ရေးသားသော Ethnic Cleansing in Myanmar ကိုဆီလျော်အောင် ဘာသာပြန်သည်။ အဓိပ္ပာယ်လွှဲမှားမှုရှိလျှင် ဘာသာပြန်သူ၏ အားနည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။

မေယုနဒီ


မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ယနေ့ ၂၀၁၂ -ခုနှစ် တွင် နှစ်ပေါင်း (၆၄)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော် လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖနှင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဆိုပြီး ခေတ် အ မျိုး မျိုးပြောင်းလဲခဲ့ပြီးဖြစ်သည်။

လွတ်လပ်ရေးတိုက်ပွဲတွင် လူမျိုးစုံ၊ ဘာသာစုံမှ ပုဂ္ဂိုလ်များ အသက်စတေးကာ လွတ်လပ်ရေးကို အရယူခဲ့ သည်။  ကမ္ဘာ့နိုင်ငံ အများစုသည် ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်လပ်ရေးရရှိပြီးနောက် ၄င်းတို့၏ နိုင်ငံ များ  အနှေးနှင့်အမြန်ဆိုသလို တိုးတက်ပြောင်းလဲခဲ့သော်လည်ဲး နှစ်ပေါင်း(၆၄)နှစ်တိုင် ရှည်လျားသော သက် တမ်းရှိ မြန်မာနိုင် ငံသည် ခေတ်မှီ နိုင်ငံတော်ပန်းတိုင်သို့ရောက်ရှိရန် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ နောက်ဆုံးတွင် ကပ်၍ တာထွက်လျက်ရှိနေပါသည်။

ဤကဲ့သို့ အခြေအနေမျိုးရောက်ရှိစေရန် အဓိက အခြေခံအကြောင်းတရားသည် ဗမာကြီးစိုးရေးဝါဒကို ခေတ် အ ဆက်ဆက် အာဏာရှင် ခေါင်းဆောင်များ ကိုင်စွဲထားခြင်းကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျေညာခြင်းကို ခံခဲ့ရပါသည်။ အကျိုးဆက် အားဖြင့် တိုင်းရင်းသားအားလုံး ဒုတိယံမိ ကိုလိုနီခေတ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ရှည်ကြာစွာ ပြည်တွင်းစစ်မီးများဖြင့် သံသရာ ၀ဲဂယက်ထဲတွင် လည်မြဲလည်နေဆဲဖြစ်သည်။

ဤကိုလိုနီခေတ်တွင် သားကောင်ဖြစ်နေရသူများ ကချင်၊က၇င်၊ချင်း၊မွန် အစရှိသော တိုင်းရင်း သားများ နည်းတူ အဆိုးရွားဆုံး ခံနေရ သူများမှာ ရိုဟင်ဂျာများဟုခေါ်သော တိုင်းရင်းသားနှင့်နိုင်ငံသား အခွင့် အရေြး ငင်းပယ်ခံနေရသော လူသားတစ်ရပ်ပင် ဖြစ်သည်။၁၈၂၄- ခုနှစ်တွင် ဗြိတိသျှနယ် ချဲ့အင်္ဂလိပ် တို့ရခိုင်ဒေသကို သိမ်းယူချိန်တွင် ရခိုင်ပြည်၏ လူဦးရေသည် ရခိုင်(၆၀၀၀၀)၊ မွတ်စလင်(၃၀၀၀၀) နှင့် အခြား(၁၀၀၀၀)ဟု ဗြိတိသျှတပ်မှူး ရောဘတ်ဆန်၏ ၁၈၂၅-ခုနှစ် ဇူလိုင်(၂၁)ရက်နေ့ ရန္တပိုစာချုပ် ချုပ်ဆိုသော အစီရင်ခံစာနောက်ပိုင်းတွင် သမိုင်းမှတ်တမ်းများအရသိရပါသည်။ သို့သော် ယနေ့အချိန်တွင် ရခိုင်ပြည်၌ ရခိုင်လူမျိုးဦးရေသည် (၃)သန်းခွဲ ၊ တစ်နိုင်ငံလုံးတွင် (၅)သန်း အထိရှိနေသော်လည်း ရိုဟင်ဂျာ မွတ်စလင်ဦးရေ တစ်သန်းမပြည့်သေးပါ ။ ကိန်းဂဏန်းအားဖြင့် ရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာအချိုးအ ဆ သည် (၂း ၁) ၊ တစ်နည်းအားဖြင့် ရိုဟင်ဂျာလူဦးရေ (၂)သန်းခွဲအထိရှိနိုင်သည်ဟု ဆိုသော်လည်း အခြား ရိုဟင်ဂျာလူဦးရေသည် အဘယ်သို့ ရောက်ရှိနေပါသနည်း။

ရခိုင်မင်းနိုင်ငံတော်တွင် အေဒီ-၁၄၃၀-ခုနှစ် နရမိတ်လှ(မင်းစောမွန်)ဘုရင်လက်ထက်ကတည်းက မွတ်စ လင်မ် နန်းရင်းဝန်များ မင်းမှု ထမ်းများ၊ စစ်သူကြီးဝလိဒ်ခန်း နှင့် စစ်သူကြီး ဆီဒိက်ခန်း နောက်လိုက် (၄)သောင်းကျော်သော ရဲမက်များ ရှိနေခဲ့ပါသည်။ ၁၇၈၄-ခုနှစ် အင်းဝဘုရင်ဘိုးတော်ဘုရား ရခိုင်မင်းနေပြည်တော် ကို သိမ်း ယူချိန်မှ ၁၈၂၄-ခုနှစ်အထိ နှစ်ပေါင်းလေးဆယ်အတွင်း ရခိုင်ဒေသတွင် ရခိုင်လူမျိုး နှင့် မွတ်စလင်ဦးရေ (၂)သိန်းကျော်အထိ အသတ်ခံခဲ့ရသည်။ ထက်ဝက်ကျော်သော လူဦးရေသည် စစ်တစ်ကောင်းဒေသသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။(ရခိုင်ရာဇ၀င်သစ်ကျမ်း-ဒုထိယတွဲ)

ရခိုင်သမိုင်းခေတ်အဆက်ဆက်ကို ပြန်လေ့လာလျှင် ရခိုင်ဘုရင်ထီးနန်းကို တိုင်းတစ်ပါးသား၏လက်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ သူမှာ မွတ်စလင်များ ယခုအခေါ် ရိုဟင်ဂျာများသာဖြစ်သည်။သို့သော်လည်း ရိုဟင်ဂျာများသည် ဘုရင်မင်းဘာကြီး လက်ထက်တွင် နှိပ်ကွပ် ခံရမှု၊ ဗမာဘုရင် ဘိုးတော် ဘုရားမောင်ဝိုင်း၏ နှိပ်စက်ညှင်းပမ်းမှု၊ ၁၉၄၂-ခုနှစ် လူမျိုးရေး အဓိကရုဏ်း၊ ဦးနေ၀င်းလက်ထက် နဂါးမင်း စစ်ဆင်ရေး၊ န၀တလက်ထက် ပြည်သာယာစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကြောင့် အခြားနိုင်ငံများသို့ထွက်ပြေးခိုလှုံခဲ့ရပြီး ၊ ယနေ့ အထိတိုင် ထွက်ပြေးခိုလှုံနေရဆဲဖြစ်သည်။

အထူးသဖြင့် ၁၉၆၂- ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ အခွင့်အရေးအား လုံးကို ရိုက်ချိုးလိုက်ပြီး ရခိုင်နှင့် ရိုဟင်ဂျာများကြားတွင် (Divide and Rule) ကိုလိုနီနယ်ချဲ့များ၏ဆိုးမွေ သွေးခွဲအုပ်ချုပ်မှုကို ကျင့်သုံးခဲ့သည်။ မြန်မာ့အသံမှ ထုတ်လွှင့်နေသော ရိုဟင်ဂျာများ၏ တိုင်းရင်းသား ဘာာသာစကားအစီအစဉ်များကို ရပ်တန့်စေရုံမက ရိုဟင်ဂျာသမိုင်းများကို အစအန ဖျောက်ဖျက်ခဲ့သည်။ ရိုဟင်ဂျာများကို ပထမဦးစွာ အုပ်ချုပ်ရေးယန္တ၇ားမှ ဆွဲထုတ်၍ နောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်စလင်များအား မည်သည့် ရာထူး၊ အုပ်ချုပ်မှုအာဏာတွင်မျှ ပါဝင်ပတ်သက်ခြင်းမှ တားမြစ်ခံခဲ့ရသည်။

ဦးနေ၀င်းလက်ထက်တွင် နိုင်ငံသားအခွင့်အရေးများကို ရိုဟင်ဂျာများ အထိုက်အလျောက် ရရှိခံစား ခဲ့ရသော်လည်း ၁၉၈၂-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကြောင်းပြု၍ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်း န၀တခေတ်မှ စတင်ကာ ရိုဟင်ဂျာမွတ်စလင်မ်များ နိုင်ငံသားဖြစ်ခြင်းမှ ဆိုင်းငံ့ ခံထားခဲ့ရပြီး ယနေ့ဒီမိုကရေစီအသွင် ကူးပြောင်းကာလအချိန်အထိ မည်သည့်ရိုဟင်ဂျာကိုမှ နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့ခြင်း မရှိခဲ့ပါ ။ ၁၉၈၉ -ခုနှစ်တွင် စီမံချက်ဖြင့် အချို့ ထုတ်ပေးခဲ့သော်လည်း ပြန်လည်သိမ်း ယူခြင်းခံခဲ့ရပါသည်။

ဤအခြေအနေမျိုးကို ပြန်လည်သုံးသပ်ရလျှင် ခေတ်အဆက်ဆက် နိုင်ငံ့အာဏာရှင်များသည် ရိုဟင်ဂျာလူမျိုးများအား စနစ်တကျ လူမျိုးရေး သန့် စင်ခြင်းဖြစ်သည် ။သို့ဆိုလျှင် ယခုလက်ရှိ ရခိုင်ပြည်နယ် လူဦးရေထဲတွင် အနောက်ဘင်္ဂလားဖွား ရခိုင်ဗုဒ္ဒဘာသာ သိန်းနဲ့ချီပြီး ခိုးဝင်လာ ခဲ့သူများကို လ၀ကမှ မှတ်ပုံတင်ပေး စိမ့်ဝင်ပြန့်နှံ့ခွင့်ပေးခဲ့သည်များကို အဘယ်သို့ ဆောင်ရွက်မည်နည်း။ ယခုတစ်ဖန် ရိုဟင်ဂျာများအား မျိုးတုံးသန့် စင်ရေးတွင် ခေတ်နောက်ပြန်သွားချင်သူ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မလိုလားသော အစိုးရအဖွဲ့အတွင်း မှ သဘောထားတင်းမာသူအချို့နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့မှ အသစ်တစ်ဖန် ပြသာနာတစ်ရပ်ကို ဖန်တီးပေးကာ မိမိတို့ စိတ်တိုင်းကျ နှိပ်ကွပ်မှုများကို ရခိုင်ဒေသတစ်ဝန်းလုံးတွင် သတင်းအမှောင်ချကာ ပြုလုပ်လျက်ရှိသည်။ ရုပ်ပြအဖြစ် မသီတာထွေးအမှုတွင် လူငယ်သုံးဦးအား မှုဒိမ်းမှု ၊ လုယက်မှု ၊ လူသတ်မှုအဖြစ်ဖန်တီး၍ မိမိတို့၏ ရည်ရွယ်ချက်များကို အကောင်အထောင်ဖော်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသည် မကြာသေးသောလများအတွင်း ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မုန်းတီးသော ဆန္ဒဖော်ထုတ်ပွဲများကို ရခိုင်ဒေသရှိ မြို့နယ်များတွင် ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သည်။ လက်ရှိအစိုးရ အာဏာပိုင်များမှ မသီတာထွေး အမှုတွင် သေဒဏ်ချမှတ်ခြင်းခံနေရသော တရားခံနှစ်ဦးကို နှစ်ဖက်မျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်အတူ သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းပေးခြင်းဖြင့် အစိုးရ၏ တရားမျှတခြင်းကို သက်သေခံရမည်ဖြစ်သည်။ သို့သော်လည်း တရား ခံများသည် မည်သည့်ဆွေမျိုးသားချင်းတစ်ဦးနှင့်မျှ တွေ့ ဆုံခွင့်မရခြင်း ၊၄င်းတို့ဘက်မှ တစ်ဦးတစ်ယောက်မှ လိုက်ပါဆောင်ရွက်ခွင့်မရခြင်း ၊ တရားမျှတမှု ရှိသယောင် သရုပ်ပြအစိုးရရှေ့နေတစ်ဦး ထည့်သွင်းပေးခြင်းဖြင့် အမှုကို တစ်ဖက်သက် စီရင်ချက်ချမှတ်ခြင်းခံခဲ့ရပါသည် ။ အကယ်၍ မျှတသော စုံစမ်းစစ်ဆေးရေးမှ စစ်ဆေးပြီး အမှန်တစ်ကယ် ပြစ်မှုကျူးလွန်သူများအဖြစ် ထင်ရှားလျှင် သေဒဏ်ထက် ပိုမိုပြင်းထန် သော စီရင်ချက် ချသင့်ပါသည် ။

လူမျိုးတုန်းသန့်စင်ရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများသည် နောက်ဆက်တွဲအဖြစ် တောင်ကုတ်မြို့ တွင် စာရွက်များဝေငှ ၀ါဒဖြန့်ကာ လူထုအား ဒေါသတကြီးဆူပူလာစေရန် ဖန်တီးခဲ့ပြီး သံတွဲမြို့မှ ထွက်လာသော ခ၇ီးသည်တင်ဘတ်စ်ကားပေါ်မှ ခ၇ီးသည် စာရင်း အား မလျော်သြဇာသုံး ရယူခဲ့ကာ ကြိုတင်ကြံစည်ထားသူများက တောင်ကုတ်မြို့တွင် လူများစည်းရုံးကာ တောင်ကုတ်လမ်းဆုံတွင် လူ(၃၀၀) ခန့်အထိ ရောက်ရှိစောင့်ဆိုင်းနေခဲ့သည် ။ခရီးသည်တင် ဘက်စ်ကား တောင်ကုတ် သို့ရောက်လာသောအခါ အတင်းအကျပ် ရပ်တန့်စေခဲ့ပြီး ကြိုတင်သတင်းရရှိထားသော ယာဉ်ပေါ်ပါ အပြစ်မဲ့မွတ်စလင် (၁၀)ဦးအား ယာဉ်ပေါ်မှဆွဲချကာ ၀ိုင်းဝန်းအကြမ်းဖက် ဦးနှောက်ပွင့်ထွက်ကာ မျက်နှာအစိပ်အပိုင်းများ မမှတ်မိလောက်အောင် ရက်ရက်စက်စက်ခုတ်ထစ် ၊ ရိုက်နှက်ကျူးလွန်မှုဖြင့် အစွန်းရောက် ရခိုင်လူမျိုးများ၏ ယဉ် ကျေးမှုကို သရုပ်ဖော်ခဲ့သည် ။( မှတ်ချက်။ ။ ယဉ်ကျေးသိမ်မွေ့ သောရခိုင်လူမျိုးများခြွင်းချက်ဖြစ်သည် ။ ရခိုင်ဒေသတွင် ရခိုင်နှင့် ရိုဟင်ဂျာ ဒွန်တွဲ၍ ငြိမ်းချမ်းေ၇း လိုလားသော ရခိုင်လူမျိုးနှင့် ခေါင်းဆောင်များရှိပါသည်။) ဤကဲ့သို့သော အခြေအနေများတွင် မွတ်စလင် ဘာသာဝင် များသည် ရခိုင်ဒေသတစ်ဝန်းလုံးတွင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသော သာသနာ့ အာဇာနည်များအတွက် စုပေါင်း၍ ဆုတောင်းမေတ္တာပို့ ခဲ့ ပါသည် ။ ရိုဟင်ဂျာအများစုရှိသောမောင်တောမြို့ တွင်လည်း ဇွန် (၈)ရက် စုပေါင်း ဆုတောင်းပွဲတွင် ရခိုင်လူငယ်များမှ ခဲလုံးများဖြင့် ပစ်ပေါက် နှောင့်ယှက်ခြင်းမှ စတင်၍ လုံထိန်းများမှ ရိုဟင်ဂျာလူအုပ်အတွင်း သေနတ်ပစ်ဖောက်ခြင်းမှ အခြေပြုကာ ရိုဟင်ဂျာလူငယ်များမှ ဒေါသပေါက် ကွဲ ရုန်းရင်းဆန်ခတ်အသွင်ရောက်စေ၍ အာဏာပိုင်များနှင့် အလိုတူသူများ၏ ထောင်ထားသော ကျော့ကွင်းထဲသို့  ဆွဲသွင်းခံခဲ့ရသည်။

ရုန်းရင်းဆန်ခတ်မှုများကို အလျင်အမြန် ဖြိုခွင်းတတ်သော အာဏာပိုင်များသည် ယခုအချိန်တွင် ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတင်ခြင်း အားဖြင့် မိမိတို့လိုအပ်သောအချိန်အထိ ပြသနာများအား ဆွဲဆန့်ထားခဲ့ကာ အဓိကရုဏ်းအသွင်ကူးပြောင်းစေခဲ့ပြီး မီဒီယာများနှင့် နိုင်ငံတကာသို့ ဖြစ်စဉ်များအား လိမ်ညာဖွင့်ဟခဲ့သည်။

ယနေ့ ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးယန္တရားတွင် လုပ်ကိုင်နေသော အမှုထမ်း (၉၅)ရာခိုင်နှုန်းသည် ရခိုင်လူမျိုး အမျိုးသားများ ဖြစ်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်တစ်ကွ ၀န်ကြီးနေရာ အများစုသည် ရခိုင်လူမျိုးများပင်ဖြစ်သည်။ ဗမာနှင့် ချင်းလူမျိုးအချို့သာ ရခိုင် ဒေသတွင် တာဝန်ထမ်းဆောင်နေသည်။ ယုတ်စွအဆုံး ရဲတပ်သား ၊ တပ်ရင်းစစ်သားများတွင်ပင်လျှင် ရိုဟင်ဂျာလူမျိုး တစ်ဦးတစ်ယောက်မျှ မပါဝင်နိုင်အောင် စည်းစနစ်တစ်ကျ ဦးနေ၀င်း အစိုးရ၊ န၀တ၊ နအဖခေတ်အထိ စီမံဆောင်ရွက်ခဲ့သည်။ စဉ်းစားစရာ အချက်မှာ အကယ်၍ အဓိကရုဏ်းဖြစ်နိုင်ခြေရှိခဲ့လျှင် ၁၉၈၈-ခုနှစ် အစိုးရ ယန္တရား ပြိုကွဲနေသော အချိန်တွင် ဖြစ်သင့်သည်ဟု ယူဆမိပါသည်။ “၈၈” အရေး အခင်းတွင် နိုင်ငံတစ်ဝန်းလုံး အစိုးရသြဇာအာဏာ သက်ရောက်မှု မရှိချိန်တွင် ရိုဟင်ဂျာအများစုနေထိုင်သော မောင်တောမြို့တွင် ရိုဟင်ဂျာ မော်လ၀ီနှင့် ရခိုင်ဘုန်းတော်ကြီးများသည် အတူတစ်ကွ စင်မြင့်ပေါ်တွင် တရားဟော၍ ဒေသတွင်း စည်းလုံးမှုနှင့် အေးချမ်းမှုကို အဓိက ထားကာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့သော သမိုင်းအထောက်အထားများကို မည်သူတစ်ဦးတစ်ယောက်မျှပင် ငြင်းပယ်နိုင်မည် မဟုတ်ပါ ။

စစ်တွေမြို့ဖြစ်စဉ်ကိုကြည့်လျှင် ရခိုင်လူဦးရေ (၆၀)ရာခိုင်နှုန်း ရိုဟင်ဂျာ(၄၀)ရာခိုင်နှုန်းအားဖြင့်ရှိနေ၍ ရခိုင်လူဦးရေ အလေးသာ သော မြို့ တစ်မြို့ ဖြစ်သည်။ ဤကဲ့သို့ အသာစီးသော ရခိုင်လူဦးရေနှင့် အာဏာပိုင်များ အားလုံးနီးပါး ရခိုင်လူမျိုးများကြားတွင် ရိုဟင်ဂျာများ သည် အဘယ်ကဲ့သို့  လူအမြောက်အမြား သတ်ဖြတ်၊ အိမ်ခြေများကို မီးရှို့နိုင်မည်နည်း။ သတ်ဖြတ်ခံရမှုနှင့် အိမ်ခြေများ အဓိကဆုံးရှုံးခံရသူ များမှာ ရိုဟင်ဂျာများပင်ဖြစ်သည်။ စစ်တွေမြို့ ဒုက္ခသည်စခန်းလေးဆယ်ကျော်တွင် ရိုဟင်ဂျာဒုက္ခသည် (၁)သိန်းကျော်အတွက် စခန်း (၂)ခု သာ ဖွင့်လှစ်ပေးထားခဲ့သည်။ အိမ်မီးလောင်ခံရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်လာသော ထောင်ဂဏန်းရှိ ရခိုင်လူမျိုးကယ်ဆယ်ရေး စခန်းများ တွင် အာဏာပိုင်များမှ တွေ့ဆုံအားပေးခြင်း၊ အလှူငွေပေးအပ်ခြင်း၊ အစားအသောက်ရိက္ခာပံ့ပိုးခြင်းနှင့် စေတနာအလှူရှင်များနှင့် ရခိုင်တိုင်း ရင်းသားတိုးတက်ရေးပါတီမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်နိုင်သော်လည်း ရိုဟင်ဂျာကယ်ဆယ်ရေးစခန်းတွင် မည်သူတစ်ဦး တစ်ယောက်မျှသွားရောက်နိုင်ခြင်းမရှိခြင်း ၊ မည်သည့်စာနယ်ဇင်းမီဒီယာတွင်မှ ၄င်းတို့၏ ဘ၀အဖြစ်မှန် ကိုရေးသားမခံရခြင်းဖြင့် အဘက်ဘက်မှ ခွဲခြားဆက် ဆံခံနေရပါသည်။

အပတ်စဉ်ဂျာနယ်များတွင် ရိုက်တာသတင်းနှင့် ပြည်ပမီဒီယာများမှ ဓာတ်ပုံများကို အဓိပ္ပါယ်အမျိုး မျိုးဖွင့်ဆိုကာ ရိုဟင်ဂျာများအား အပြစ်ပုံချခဲ့ပါသည်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင် ၏ အစွန်းရောက်ပြောစကားများကို အကျယ်တစ်ဝင့် ဖော်ပြခြင်း ၊ ရိုဟင်ဂျာများ အပေါ်သို့ မြန်မာပြည်လူထုမှ အမြင်စောင်းအောင် ဘက်လိုက်ရေးသားမှုများရှိခဲ့ပြီး ၊ရှိနေဆဲဖြစ်သည်။ ဂျာနယ်များနှင့်

ရခိုင်အစွန်းရောက်များ၏အဓိက မီးမောင်းထိုး စွပ်စွဲသော အချက်များကို အနှစ်ချုပ်လျှင်…

(၁)ရိုဟင်ဂျာများသည် ဘင်္ဂလီလူမျိုးဖြစ်၍ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ဝင်ရောက်နေထိုင်သူများ၊

(၂)ရိုဟင်ဂျာများသည် အကြမ်းဖက်သမား ၊ အယ်လ်ကိုင်ဒါ နှင့် ဆက်နွယ်လှုပ်ရှားသူများ ၊

(၃) ပဋိပက္ခသည် ရိုဟင်ဂျာအများစုနေရာတွင်ဖြစ်သည်။ ရခိုင်အများစုရှိသောနေရာတွင် အဘယ့်ကြောင့် မဖြစ်သနည်း၊

(၄)ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ ရည်ရွယ်ချက်အတိုင်း ရခိုင်ပြည်ကို အစ္စရေးလ်နိုင်ငံ လိုလုပ်ရမည်။ ခိုးဝင်လာသူများကို တတိယ နိုင်ငံသို့ ပို့ ပေးရမည်။

ထို စွပ်စွဲချက်များအား ပြန်ရှင်းရလျှင်…

(၁)အကယ်၍ ရိုဟင်ဂျာများသည် ဘင်္ဂလီလူမျိုးဖြစ်ခဲ့သော် နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်သေးသော ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင်သုံးခရိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ တိုင်းရင်းသားအဖြစ် ရခိုင်လူမျိုး (၃)သန်းကျော်အနက်မှ သိန်းချီသော ရခိုင် လူမျိုးများအား အစိုးရအဆက်ဆက်လက်ထက်တွင် ရခိုင်ပြည်နယ်တွင် နည်းအမျိုးမျိုးဖြင့်ဝင်ရောက်ပြီး တိုင်းရင်းသားအဖြစ်နှင့် နေထိုင်နိုင် လျှင်အချုပ်အခြာအာဏာတည်ရှိပြီး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ် တည်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိမိလူမျိုးဘာသာတူများကို အဘယ့် ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခွင့်မပေးသနည်။ မိမိတို့နှင့် လူမျိုးမတူ၊ ဘာသာမတူ ရခိုင်လူမျိုးများကို အဘယ့်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကာကွယ်စောင့်ရှောက်ထားပါသနည်း။ မိမိလူမျိုးများ အခြားနိုင်ငံတွင် သတ်ဖြတ်ခံနေရချိန် ၊ ညှင်းပန်းနှိပ်စက်ခံရချိန်တွင် ထွက်ပြေး တိမ်းရှောင်လာသူများအား အဘယ့်ကြောင့် ခိုလှုံခွင့်မပေးပဲ ၊ဘင်္ဂလားဒေ့ရှ်ခရိုင်သုံးခုတွင်ရှိသော ရခိုင်လူမျိုးများ၏ စေတီပုထိုး၊ ကျောင်းကန် များနှင့် အသက်စည်းစိမ်များကို လုံခြုံရေးအပြည့်အ၀ချထား၍ အဘယ့်ကြောင့် ကာကွယ်စောင့်ရှောက်နေပါသနည်း။ ဘင်္ဂလားဒေ့ရှ်အစိုးရတွင်ရခိုင်အမျိုးသမီးဝန်ကြီး တစ်ဦးအပါအ၀င် ရခိုင်ဝန်ကြီး (၃)ဦးအထိ အဘယ့်ကြောင့် ပါဝင်စေခဲ့သနည်း။ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာ တရားကိုင်းရှိုင်းမှုများဖြင့် နှစ်ပေါင်း (၅၀)ကျော် ရိုဟင်ဂျာများ၏ အသက်စည်းစိမ်ဥစ္စာများကို ဖျက်ဆီးနှိပ်ကွပ်၍ ၄င်းတို့၏ လူ့ ယဉ်ကျေးမှုကို ကမ္ဘာသို့ ဖော်ထုတ်ပြသခဲ့သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီလူမျိုးများ သည် ရခိုင်လူမျိုးများ၏ အသက်စည်းစိမ်များကို အကာအကွယ်ပေး ၍ ၄င်းတို့ ၏ ဘာသာတရား ယဉ်ကျေးမှုကို ကမ္ဘာသို့ ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

(၂)ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသော ရိုဟင်ဂျာအဖွဲ့ အစည်းခေါင်းဆောင်များသည် အမေရိကနှင့် ဥရောပ နိုင်ငံများ တစ်လွှားတွင် အဘယ့်ကြောင့် လွတ်လွတ် လပ် လပ်လှုပ်ရှားနိုင်ကြသနည်း။ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သော ကမ္ဘာ့အကြမ်း ဖက်သမား များကို ဦးဆောင်တိုက်ခိုက်နေသော အမေရိကန်ပြည်ထောင်စုသည် RSO-အပါအ၀င် ရိုဟင်ဂျာအဖွဲ့ အစည်းများ အား အဘယ့်ကြောင့် မနှိမ်နင်းသ နည်း။ အဘယ့်ကြောင့် အမေရိကနှင့် ဥရောပနိုင်ငံတစ်လွှားတွင် လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုသနည်း။

(၃)ပဋိပက္ခဖြစ်ပွားမှုသည် ရိုဟင်ဂျာအများစုရှိသောမောင်းတောမြို့ မှလွဲ၍ရခိုင်အများစုနှင့် ရိုဟင်ဂျာအနည်းဆုံးရှိသော စစ်တွေ (၄၀%) ၊ ရသေ့တောင်(၃၅%)၊ ကျောက်တော်(၁၃%)၊ ပေါက်တော(၂%မှ ၅%)၊ မင်းပြား(၅%)၊ မြောက်ဦး(၄%)၊ ရမ်းဗြဲ(၅%) (ရာခိုင်နှုန်းများမှာ ရိုဟင်ဂျာလူဦးရေကိုဆိုလိုသည်)တို့တွင်ပိုမိုဖြစ်ပွား၍လူအသေအပျောက် ပစ္စည်းဆုံးရှုံးမှု အများဆုံးရှိ သည်ကိုမီဒီယာများ အဘယ့်ကြောင့် ဝေဖန်ထောက်ပြမှု မရှိခဲ့ပါသနည်း။ မြင်သာအောင်ပြောရလျှင် အကြမ်းဖက် သူဘင်္ဂါလီနှင့် အကြမ်းဖက်ခံ ရခိုင်တိုင်းရင်းသားဆိုသည့် ပုံစံ ဖော်ဆောင် ရေးသားဝါ ဒဖြန့်ခဲ့သော အဓိက မီဒီယာကြီးနှင့် အွန်လိုင်းဝက်ဘ်ဆိုဒ် အများစုသည် ရခိုင်တိုင်းရင်း သားများအပိုင်သာဖြစ်သည်။

(၄)ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဌဒေါက်တာအေးမောင်(လက်ရှိ ဦးသိန်းစိန်အစိုးရမှ ဖွဲ့ စည်းပေးလိုက်သော အမျိုးသားလွတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာဥက္ကဌ)၏ စကားရပ်များသည် လူမျိုးရေး အစွန်းရောက်သော အပြော များသာဖြစ်ပြီး တိရိစ္ဆာန်ဒေါက်တာဘွဲ့ရရှိသူတစ်ဦးအနေဖြင့် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများကို အထူးလေ့လာရန်လိုအပ်ပြီး၊ မိမိခေါင်း ဆောင်သော ရခိုင်လူမျိုးတစ်ရပ်လုံး၏ အနာဂတ်ကိုသေးသိမ်မှေးမှိန်အောင် ပြုလုပ်မှုကြောင့် သမိုင်းတရားခံအဖြစ် မရောက်လေအောင် အထူး ဂရုပြုရှောင်ရှားရပါလိမ့်မည်။ အစ္စရေးလ်နိုင်ငံဆိုသည်မှာ အခြားလူမျိုးပိုင်နယ်မြေကို အင်အားကြီးနိုင်ငံအချို့အားကိုးဖြင့် သိမ်းပိုက်ရယူထား ကာ မူရင်းလူမျိုးများအား နိုင့်ထက်စီးနင်းပြုလုပ်၍ သူခိုးလူပြန်ဟစ်နေသော နိုင်ငံဖြစ်သည်ကို သမိုင်းသိသောသူများ ငြင်းမရသော အချက် ဖြစ်သည်။

ထို့ ကြောင့် ရိုဟင်ဂျာများသည် ခေတ်အဆက်ဆက် အာဏာရှင်များ၏ ညှင်းပန်းနှိပ်စက်ခံနေ၇မှုကြောင့် ကုလသမဂ္ဂမှ ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးအဖြစ် မှတ်တမ်းတင်ထားသည်။ ရိုဟင်ဂျာလူမျိုးများသည် နှစ်ပေါင်း(၅၀)နီးပါး ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကူးသန်း သွားလာရေး အစရှိသော အရေးများတွင် ကန့်သတ်ချုပ်ချယ် နှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်လည်း ယင်းကဲ့ သို့ ခံစားနေရပြီး ၊ ဒီမိုကရေစီရေး ၊လူ့အခွင့်အရေးအတွက် တောင်းဆိုနေသော နိုင်ငံရေးပါတီအဖွဲ့အစည်းများမှလည်း အာဏာရှင် အစွန်း ရောက်များနည်းတူ ဆက်လက် အားပေးအားမြောက် ပြုလုပ်နေလျှင် ၄င်းရိုဟင်ဂျာအနှိမ်ခံဘ၀များ၏ နောက်ဆုံးထွက်ပေါက်သည် အဘယ် အရာဖြစ်နိုင်မည်နည်း။ ရိုဟင်ဂျာများသည်လည်း ယခုကဲ့သို့  ခံနေရသော အခြေအနေမှလွတ်မြောက်ရန် ကြိုးစားအားထုတ်မှု မှန်သမျှကို လူ့  အခွင့်အရေး အရေခြုံသူများဟုပြောပြော၊ အကြမ်းဖက် သမားများဟုဆိုဆို အစွန်းရောက်သူများဟုခေါ်ခေါ် နောင်တစ်ချိန်တွင် သမိုင်းက ပေးသော အဖြေကို သက်ဆိုင်ရာ နိုင်ငံ့ သေနာပတိများ ၊ လူထုဦးသျှောင်များ ၊လူမျိုးခေါင်းဆောင်များမှ တာဝန်ခံရ မည်ဖြစ်ပါကြောင်း……။



မောင်ရွှေခိုင်
Rohingya Exodus