Latest Highlight




မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း
ALL BURMA STUDESNTS’ UNION
တက္ကသိုလ်ဝင်း
ရန်ကုန်မြို့။
University Estate
Rangoon 6-2-1937
အစီရင်ခံပါသည် ကိုစိန်ခိုခင်ဗျာ
ပေးပို့လိုက်သောစာကို ရရှိပါ၏။ မိတ်ဆွေသည် မူစလင်လူမျိုး ဖြစ်ငြားသော်လည်း မျိုးချစ်စိတ်ရှိသည်ကို သိရ၍ အထူးဝမ်းသာပါ၏။ စင်စစ်သော်ကား ဘာသာတရားနှင့် မျိုးချစ်စိတ်သည် အလျဉ်းမသက်ဆိုင်။ ငွေအသိန်းအသန်းကြွယ်ဝ၍ ဘုရားတကာ ကျောင်းတကာ အမည်ခံလျက်ရှိသော ဧရာမလူကြီးများပင် ဖြစ်လင့်ကစား မျိုးချစ်စိတ်မရှိက (၀ါ)ကိုယ်ကောင်းကြံက အချည်းနှီးသာတည်း။ မိတ်ဆွေ သမဂ္ဂအသင်းတည်ထောင်ချင်သည်ဟုပြောသဖြင့် ၀မ်းသာပါ၏။
(၁) မည်သည့်အလုပ်မဆို လူနည်းသည်များသည်မှာ ပဓာဏမဟုတ်၊ လူငါးယောက်ရှိလျင် ငါးယောက်နှင့်ပင် အရင်စ၍တည်ထောင်ပါ။ အလုပ်ကျနစွာလုပ်၍ပြပါ။ နောင် လူကြိုက်များလာပါမည်။
(၂) အသင်းတည်ထောင်သောအခါ ၀ါးခယ်မကျောင်းသားများအသင်းဟု အမည်တပ်၍တည်ထောင်ပါ။ အခြားကျောင်းများရှိလျင် အင်္ဂလိပ်စာသင်ကျောင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၄င်းကျောင်းများမှ စိတ်ရှိသူမျာနှင့် တိုင်ပင်၍အသင်းတည်ထောင်ပါ။ အသင်းမှာ နိုင်ငံရေး ၀င်ရောက်စွက်ဖက်ရန်မဟုတ်၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက်သာ ဖြစ်သည်။ ဘယ်ပါတီမှ အားမပေးနှင့်၊ ဘယ်ပါတီကိုမှ မချီးမြှောက်နှင့်။ အမျိုးသားနေ့၊ ဦးဝိစာရနေ့များတွင်ကား အောင်ပွဲများ ကျင်းပနိုင်သည်။ ကျင်းပရန်လည်း တိုက်တွန်းသည်။ စကားပြောဟောပွဲ၊ စကားအခြေအတင်ပွဲ၊ သတင်းစာမဂ္ဂဇင်းများကိုဖတ်ခြင်း၊ စာအုပ်ကောင်းများ စုဆောင်း၍ဖတ်ခြင်း၊ချွေတာရေးကျောင်းသားများ ငွေစုသော အလေံအထ ဖြစ်စေခြင်း၊ တိုင်းရင်းဖြစ်အထည်များဝတ်ဆင်ရေး၊ တောဒေသဗဟုသုတဖြစ်ဖွယ်ရယ အရပ်များကို သွားရောက်ကြည့်ရှုမှတ်သားခြင်း အစရှိသည့်လုပ်ငန်းများကို ငွေအင်အားရှိသလို ကြည့်လုပ်။ ငွေရအောင် အသင်းဆက်ကြေးငွေကိုအများသဘောတူသော နှုန်းအတိုင်း ကောက်ခံပါ။ အသင်းထူထောင်ရန်အတွက် အချို့သြဇာရှိသော လူကြီးများနှင့် တိုင်ပင်၍ ဘုရားကျောင်းဇရပ်တစ်ခုခုမှာဖြစ်စေ အစီးအဝေးလုပ်၊ ၄င်းအစီးအဝေးတွင် ကျောင်းသားများကိုသာ အမှုဆောင်အဖြစ် တင်မြှောက်၍ အလုပ်ဆက်လုပ်ပါလေ။ အလုပ်လုပ်ရန်အတွက် အင်္ဂလိပ်လို ရေးသားထားသော စည်းမျဉ်းဥပဒေကို ပို့လိုက်ပါသည်။ အကယ်၍ နားမလည်လျင် မိတ်ဆွေတို့မြို့တွင်ရှိသော နားလည်သူ တစ်ဦးဦးအား မေးမြန်းပါ။ အသင်းထောင်၍ မည်သူမျှ အပြစ်မရနိုင်။
ယခုအခါ မိတ်ဆွေတို့မှာ စာမေးပွဲ နီးလာပြီ ဖြစ်၍ စာမေးပွဲအောင်ရန်လည်းကြိုးစားကြပါ။ အောင်ပါစေဟူ၍လည်း ဆုတောင်းပါသည်။
အောင်ဆန်း
(စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း ဖော်ပြပါသည်။)



ဗိုလ်ချုပ်အောင်ဆန်း(ထိုစဉ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း)က ၀ါးခယ်မမြို့နေ သခင်စိန်ခို ခေါ် ဖလာဟွတ်ဒီန်(၁၉၂၀-၂၀၀၂)ထံသို့ ပေးစာ။ မူရင်းစာ လက်ရေးမူအား တပ်မတော် မော်ကွန်းတိုက်တွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။
သခင်စိန်ခိုသည် ဆရာဦးမင်းနိုင် (စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင်)၏ ဘကြီး တော်စပ်ပါသည်။
သခင်စိန်ခိုအကြောင်း သီးခြားထပ်မံ တင်ပြပါဦးမည်။
ကိုးကား-အစ္စလာမ့်သုတ မဂ္ဂဇင်းတစ်အုပ်တွင် ဖော်ပြထားသည်ကို မိတ္တူဆွဲမှတ်တမ်းတင်ခဲ့သည်အား ပြန်လည်ဝေမျှပါသည်။ ဆရာဝါးခယ်မမောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်တွင်လည်း ဖော်ပြထားပါသည်။

credit here
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာတာမွေသုသာန်သို့ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ် ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။



ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။ ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။

အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။ ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။



 Credit  : Ko Myoe  ဒီဇိုင်း ကိုမျိုး 
Rohingya Exodus