Latest Highlight

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကိုအမြဲတစေစောင့်ကြည့်ရန်ခန့်အပ်ခြင်းခံထားရသူ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကွန်တားနားသည် ရခိုင်ပြည် နယ်မောင်းတောမြို့နှင့်စစ်တွေမြို့သို့ ယမန်နေ့  ဇူလိုင်လ (၃၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍သွားရောက်စုံစမ်းခြင်းပြုလုပ်ခဲ့သည်။ 

ကွန်တားနားအားစာနယ်ဇင်းသမားများမှ လေ့လာတွေ့ရှိချက်များအပေါ်မေးခွန်းများမေးခဲ့ရာ ဖြေကြားရန်ငြင်းပယ်ခဲ့သည် ဟုအေပီသတင်းဌာနကဖော်ပြထားသည်။ 

ဒေသခံများမှတဆင့်သတင်းများအရ ဇူလိုင်လ (၃၁) ရက်နေ့တွင်မောင်းတောမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက် ရှိလာပြီး မောင်းတောမြို့တွင်ရိုဟင်ဂျာလူမျိုး (၅) ဦးမှ မစ္စတာကွန် တား နားနှင့်တွေ့ဆုံခွင့်ရခဲ့ကြောင်းသိရှိရသည်။ မစ္စတာကွန်တားနားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်ခံရသူများစာရင်းအတိအကျနှင့် အဖမ်းခံရသူများနှင့် မုဒိန်းကျင့်ခံရသူများစာရင်းအတိအကျကိုမေးမြန်းသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀န်းရံ ထားသောကြောင့်  တွေ့ဆုံသူများမှာပွင့်ပွင့်လင်းလင်းပြောခွင့်မရခဲ့ပေ။ တွေ့ဆုံရန်အချိန်ကိုလည်း ဆယ်မိနစ်သာ သတ်မှတ်ခဲ့သောကြောင့် သေဆုံးသူနှင့်အဖမ်းဆီးခံရသူများစာရင်းကို အစိုးရထံမှ ရ ယူ ရန်ပြောကြားခဲ့ပြီး၊ မိမိတို့မှာစားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာကိုပြင်းပြင်းထန် ထန်ရင် ဆိုင်နေရကြောင်းသာပြောဆိုခဲ့သည်။ 

မစ္စတာသောမတ်စ်ကွန်တားနားမောင်းတောမြို့သို့ရောက်သည့်အချိန်တွင် ရခိုင်လူမျိုး ၂၀၀ ခန့်မှဆန္ဒပြခဲ့ကြောင်း ဒီဗွီဘီ သတင်းဌာနကဖော်ပြခဲ့သည်။ 

ဇူလိုင်လ (၃၁) ရက်နေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့တမ်ဘီကျေးရွာအုပ်စု၌ လယ်ကွင်းကိုဖြတ်၍ သွားနေသောရိုဟင်ဂျာ မိသားစုတစ်စုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှဖမ်းဆီး၍ ဖခင်ဖြစ်သူ အားသစ်ပင် တွင်ကြိုးတုတ်ထားပြီး ကျန်သည့်မိသားစုဝင် များအားမြေပေါ်တွင် လဲလျောင်းခိုင်းထားခဲ့သည်။ အဆိုပါမိသားစုအားအကြမ်းဖက်သမားများအားစွပ်စွဲပြီး ဖခင်ဖြစ်သူ၏ လက်မောင်းကိုသေ နတ်နှင့်ပစ် ခတ်ရာ၊ မိသားစုဝင်သုံးဦးမှဝင်ဆွဲရန်ကြိုးစားခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူ၏နဖူးတည့်တည့် ကိုပစ်ခတ်ခဲ့ပြီး သားအကြီးကိုပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး ထိုနေရာတွင်ပွဲ ချင်းပြီးသေ ဆုံးခဲ့သည်။ သားအငယ် ၏၀မ်းဗိုက်ကိုပစ်ခတ်ခဲ့ပြီး၊ မိခင်ဖြစ်သူ ကိုလည်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ ကျန်သည့်သားအငယ်နှင့်မိခင်ဖြစ်သူ နှင့်ပတ်သက်၍ ဆက်လက်စုံ စမ်းလျက်ရှိပါသည်။ 

RB News Desk
Rohingya Exodus