November 16, 2025

News @ RB

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ကမ္ဘာ့ အင်အားလွန်ဆွဲနေသည့် ကြားမှ ရိုဟင်ဂျာမွတ်စလင်များ ဓါးစာခံဖြစ်ရ


မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေကို အကြမ်းဖက်နေတဲ့ အကြောင်းနဲ့ သူတို့ရဲ့ဒုက္ခတွေကို အပြည်ပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက အာရုဏ်ပြုလာသော်လည်း၎င်းတို့ဟာကမ္ဘာ့အင်အားလွန်ဆွဲနေတဲ့ ကြားမှာ ဓါးစာခံတွေဖြစ်နေရတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ရိုက်ခပ်စေတဲ့ ဒီလိုအခြေအနေမျိုးကို တိတ်ဆိတ်မနေသင့်ဘူးလို့လည်းဆိုကြပါတယ်။

"မြန်မာနိုင်ငံမှာရှိတဲ့ ဒီမွတ်စလင်တွေဟာ ကြီးမားတဲ့ အင်အားနောက်ကိုလိုက်နေတဲ့ နည်းဗြူဟာတွေရဲ့ ဓါးစာခံတွေပါ" လို့ အန်ခရ အခြေပြု အပြည်ပြည်ဆိုင်ရာ နည်းဗြူဟာ သုတေသန အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပညာရှင် Selçuk Çolakoğlu က ဆန်းဒေး ဇမာန်း သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ မြန်မာ့ပြဿနာကလည်း အပြည်ပြည်ပြည်ဆိုင်ရာ အရေးကိစ္စတွေနဲ့ စပ်ဆက်နေပါတယ်လို့ ထက်လောင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရဲ့ ပထမမီးပွားကတော့ ဂျွန်လအတွင်းမှာ ရိုဟင်ဂျာ သုံးဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဆွဲဆိုချက်ကနေအစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယခုအကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့ မွတ်စလင်အများစုနေထိုင်ဒေသမှာ ဗုဒ္ဓဘာသာ အစွန်းရောက်တွေက မွတ်စလင်တွေကို သတ်ဖြတ်တာကနေ ကြီးထွားလာခဲ့ပါတယ်။

"ဒီ ပဋိပက္ခအတွက် ဘယ်လိုဖြေရှင်းချက်တွေထွက်လာမယ်ဆိုတာ တော့ မသိသေးပါဘူး။ ဒီကိစ္စကိုတော့ ကုလသမဂ္ဂရဲ့ ဆွေးနွေးဝိုင်းပေါ်မှာ တင်သင့်ပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရအပေါ်မှာ တရုပ်က စိုးမိုးနေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အဖြေရှာပေးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာအစိုးရက တရုပ်နဲ့ ဆက်ဆံရေးတော်တော် ကောင်းနေတာ အနှစ် ၂၀ လောက်ရှိပြီ။ ဒါကြောင့် တခြားနိုင်ငံတွေအတွက်တော့ ဒီဒေသတဝိုက်ကို ထိန်းချုပ်ဖို့အတွက် တရုပ်နဲ့ ဆက်ဆံရေးကောင်းနေတဲ့ မြန်မာနိုင်ငံကလည်း တော်တော်လေး အရေးပါ ပါတယ်။ အိန္ဒိယ သမုဒ္ဒရာအတွင်း ချယ်လှယ်နိုင်ဖို့အတွက် တရုပ်နဲ့ အမေရိကနိုင်ငံတို့ အာဏာ အကြီးအကျယ်လွန်ဆွဲနေကြတယ်။ လက်တလော အမေရိကန်နိုင်ငံက တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဟာ တရုပ်-မြန်မာဆက်ဆံရေးကို ထိုးခွင်းလိုက်သလိုပါဘဲ။" လို့ Çolakoğlu ကဆိုပါတယ်။

မြန်မာနိုင်ငံမှာအမြတ်ထုတ်ဖို့ပြင်ဆင်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကသူတို့ရဲ့တစ်ကိုယ်ရေမူဝါဒတွေကြောင့် အခုလို မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အထူးတလှယ်ပြောဆိုမနေဘဲ တိတ်ဆိတ်နေကြတာဖြစ်တယ်လို့ တူရကီ လူမှုအထောက်အကူပြုဖောင်ဒေးရှင်းမှ Sait Demir ကလည်း Çolakoğlu ရဲ့အမြင်အတိုင်း တွေးမြင်မိပါကြောင်း ဆန်းဒေး ဇမာန်းသတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ ”မြန်မာနိုင်ငံက သဘာဝ သယံဇာတ တွေပေါများတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ပါတ်သက်ပြီး တရုပ်နဲ့ အမေရိကနိုင်ငံအကြားမှာလည်း အင်အားပြိုင်ဆိုင်တဲ့မူဝါဒတွေရှိနေရတာပါ။ " လို့ Demir ပြောပါတယ်။ ဒီအင်အားကြီး နှစ်နိုင်ငံလုံးကလည်း မြန်မာအစိုးရကို ထောက်ခံနေကြတာပါ လို့ထက်လောင်းဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရဆိုရင် လူဦးရေ ၇၅ သန်းလောက်ရှိတဲ့ နိုင်ငံမှာ ၄ ရာခိုင်နှုန်းလောက်က မွတ်စလင်တွေဖြစ်ပြီး ၈၉ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာကိုင်းရိုင်းသူတွေ၊ အရာရှိတွေနဲ့ အမျိုးသားရေးအစွန်းရောက် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေက မွတ်စလင်တွေကို နိုင်ငံသား အဖြစ် မမြင်ကြပါဘူး။ ဒါကြောင့် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေရတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မြန်မာအစိုးရကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဗုဒ္ဓဘာသာကြီးစိုးတဲ့နိုင်ငံအဖြစ်ရပ်တည်ဖို့အတွက် ရိုဟင်ဂျာဆန့်ကျင်ရေး ပေါ်လစီတွေကို အစဉ်တစိုက်ကျင့်သုံးနေခဲ့ကြပါတယ်။ ဒီလိုဘဲ အခြားဘာသာဝင်တွေ လူမျိုးစုတွေဟာလည်း ဗုဒ္ဓဘာသာ ရေစီးကြောင်းထဲ ပျော်ဝင်စေပါတယ်။ ဒါမှမဟုတ်ရင်တော့ ပြောင်းရွေ့ကြရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွင်းမှာ လူနည်းစုတွေရဲ့ လွမ်းမိုးမှုတွေ ချုပ်ငြိမ်းအောင်ရည်ရွယ်တဲ့ မူဝါဒတွေဖြစ်ပါတယ် လို့ Çolakoğlu ပြောပါတယ်။ ဒီကိစ္စမှာ လူမျိုးရေးနဲ့ ဘာသာရေး ရောထွေးနေတယ်ဆိုတာကိုလည်း ထက်လောက်ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်ကတော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ်မှာ ပါဝင်ဖြေရှင်းပေးသင့်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိပြဿဟာ လူမျိုးချင်း ပဋိပက္ခဖြစ်ရုံသက်သက်မှဟုတ်ဘဲ နိုင်ငံတော် အစိုးရကိုယ်တိုင်က မွတ်စလင်တွေကို သုတ်သင်ရှင်းလင်းဖို့ စီမံကိန်းတွေနဲ့ လုပ်ဆောင်နေတယ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Demir ပြောဆိုခဲ့သလိုဘဲ ဦးထွန်းခင်ကလည်း မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဖြစ်ရတဲ့ ပြဿနအတွင်း ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ စစ်တပ်ကလည်း ဗုဒ္ဓဘာသာဝင်တွေဘက်လိုက်ပြီး မွတ်စလင်တွေကို နှိပ်ကွတ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
"မြန်မာအစိုးရ က သွေးခွဲအုပ်ချုပ်ရေးမူဝါဒကို ကျင့်သုံးနေတယ်" လို့ Demir ကဆိုပါတယ်။

တူရကီနိုင်ငံက မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး တိတ်ဆိတ်မနေကြဖို့ ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပါတ်သက်ပြီး[တူရကီ] နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoğlu က အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ [အိုအိုင်စီ] အထွေထွေအတွင်းရေးမှုချုပ် Ekmeleddin İhsanoğlu နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni တို့နဲ့ ပြီးခဲ့တဲ့ အပါတ်ကတွေ့ဆုံခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို တူရကီနိုင်ငံ က အနီးကပ်စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံအရေးအပြောင်းအလဲတွေကို အစဉ်တစိုက်ထောက်ခံခဲ့ကြောင်း တူရကီ သံအမှတ်တဦးက ဆန်းဒေး ဇမာန်း သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ယင်းသံအမှတ်က " တူရကီနိုင်ငံက အခုဆိုရင် အခြေအနေတွေနဲ့ ပါတ်သက်ပြီး လေ့လာစုံစမ်းနေပါတယ်။ အစ္စလာမ်ပူးပေါင်းရေးအဖွဲ့နဲ့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်နဲ့ အဆက်အသွယ်ရှိနေပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ ရော ဘင်္ဂလာဒေ့ရှ်အာဏာပိုင်တွေနဲ့ ပါ အဆက်အသွယ်ရှိပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ အနေအထားကို ရှေ့ဆက်တိုးဖို့ရာအတွက် အိုအိုင်စီ အထွေထွေအတွင်းရေးမှူးချုပ် İhsanoğlu ဟာ ဂျွန်လပိုင်းလောက်က တရုပ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်မှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာ့နိုင်ငံရဲ့ အခြေအနေတွေကိုလည်း လေ့လာစောင့်ကြည့်ဖို့နဲ့ လိုအပ်တာတွေ လုပ်ဆောင်သွားဖို့အတွက် တရုပ် အာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အဓိကရုဏ်း ကို ထိန်းသိမ်းဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေကို ကြေငြာခဲ့ပြီး စစ်တပ်တွေကို စေလွတ်ခဲ့ပါတယ်။

ဒီအရေးပေါ်အခြေအနေကြေငြာချက်ဟာ ဗုဒ္ဓဘာသာဝင်တွေက ယင်းအရေးပေါ်အခြေအနေကို မလိုက်နာဘဲ ဆက်လက် ဖိနှိပ်မှုတွေလုပ်ဆောင်နေတာကြောင့် ရိုဟင်ဂျာလူမျိုးတွေရဲ့နေထိုင်မှုဘဝကို ပိုမိုနှစ်နာစေတာဖြစ်လို့ အခုလိုအခြေအနေမျိုးကို "လူမျိုးရေးနဲ့ ဘာသာရေး ကိုအခြေခံတဲ့ လူမျိုးစု သုတ်သင်ရှင်းလုပ်ရေးလုပ်နေတာပါ" လို့ ဆိုလိုရခြင်းဖြစ်ကြောင်း အာရကန် ရိုဟင်ဂျာ ယူနီယံ ဥက္ကဌ ဝါကာ ဥဒင်က ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေအပေါ် လွတ်လပ်စွာသွားလာမှု၊ မြေယာပိုင်ဆိုင်မှု၊ နဲ့ ပညာရေးနဲ့ပြည်သူ့ဝန်ဆောင်မှု အခွင့်အလမ်းတွေကို မြန်မာအစိုးရကပိတ်ပင်ထားပြီး ဆယ်ရာစုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ထားတဲ့အတွက် ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံမဲ့ဖြစ်နေကြရတာပါ။ မြန်မာအစိုးရက အခြေအနေမှန်တွေကို လေ့လာစေဖို့အတွက် သတင်းမီဒီယာဌာနတွေကိုလည်း လွတ်လွတ်လပ်လပ်ဝင်ခွင့်မပေးထားပါဘူး။

" အပြင်လူတွေ ရခိုင်ပြည်နယ်ကိုဝင်ခွင့်မပြုပါဘူး။ ယူအန် ဝန်ထမ်းတွေကိုတောင်မှ မြန်မာအစိုးရကဖမ်းထားလိုက်သေးတယ်။" လို့ Demir ကဆိုပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Melissa Fleming ကလည်း ယူအန် ဝန်ထမ်း နဲ့ လူမှုလုပ်သား ၁၀ ဦး မြန်မာပြည်မှာ အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky ကလည်း အခုလို ယူအန် ဝန်ထမ်းတွေကို ဖမ်းဆီးထားတဲ့ သတင်းက မှန်ကန်ကြောင်းနဲ့ လက်ရှိခြေအနေတွေကို လေ့လာစုံစမ်းနေကြောင်းပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေ သေဆုံးကြတဲ့ အရေအတွက်ကလည်း မသဲမကွဲဖြစ်နေပါသေးတယ်။

အဓိကရုဏ်းတွေဖြစ်ပွားရာဒေသအတွင်း ဝင်ခွင့်ရှိတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောပုံအရဆိုရင် အသေအပျောက်နှုန်းဟာ မြန်မာအစိုးရကြေငြာခဲ့သလောက်မနည်းသလို လှုပ်ရှားသူတွေပြောသလောက်လည်းမများပါဘူး လို့ပြောပါတယ်။

"သေဆုံးသူအရေအတွက်ကတွေ မသေးကွဲပါဘူး။ အမျိုးမျိုးတော့ ပြောနေကြတာပေါ့။ မွတ်စလင်တွေရဲ့ အလောင်းတွေကို လိုက်ရှာဖို့ကလည်း မလွယ်ကူလှဘူး။ ၁၅၀၀ လောက်ပျောက်ဆုံးနေတယ်လို့ ပြောတာဘဲ" Demir ကဆိုပါတယ်။

အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံမှ မွတ်စလင်တွေ ထွက်ပြေးတိမ်းရှောင်နေရပေမယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ သူတို့နိုင်ငံအတွင်းမှာ ဒုက္ခသည့်အဖြစ်အကူအညီတောင်းဖို့အရေး နယ်စပ်တံခါးမှာတောင့် စောင့်ခွင့်မပေးပါဘူး။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေလာမှာကို တားဆီးနေပေမယ့် သူ့တို့နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာ ၁သိန်းခွဲလောက်ရှိတယ်။" လို့ Demir ကပြောပါတယ်။ ရိုဟင်ဂျာအရေးကိစ္စကြောင့်ဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြားဆက်ဆံရေးကလည်း တင်းမာလာနေပါတယ်။

ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံသားလည်းမရဘူး။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူမျိုးစုတစ်စုနေနဲ့လည်း အသိအမှတ်မပြုဘူး။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေအနေနဲ့ဘဲသက်မှတ်ကြပါတယ်။ ဒါကြောင့် သူတို့မှာ အိမ်ယာ ပိုင်ဆိုင်ခွင့်တွေ အလုပ်လုပ်ခွင့်တွေကိုလည်း ပိတ်ပင်ထားပါတယ်။ တချို့ မွတ်စလင် ရွာတွေမှာဆိုရင် လျှပ်စစ်မီးတောင်မရှိပါဘူး။ လို့ Demir ပြောပါတယ်။



ဒေသခံသတင်းတွေကနေ လွန်ခဲ့ တဲ့ တနင်္လာနေ့လောက်မှာတော့ အခြေအနေတွေငြိမ်သက်သွားပြီလို့ဆိုပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ၉ နှစ်လောက် အတွေ့အကြုံရှိတဲ့ Demir အနေနဲ့ကတော့ ဒီလို ငြိမ်သက်သွားပြီးဆိုတာ မယုံကြည်ကြောင်းပြောဆိုပါတယ်။ ပဋိပက္ခ္ခဖြစ်တဲ့နေရာမှာ အကြမ်းဖက်လုပ်ဆောင်ဖို့အတွက် မြန်မာအစိုးရက စစ်တပ်တွေ စေတင်စေလွတ်နေပြီဖြစ်ပါတယ် လို့ ပြောပါတယ်။

၂၂၊၇၊၂၀၁၂ ရက်နေ့ Sunday's Zaman သတင်းတွင် ရေးသားဖော်ပြခဲ့သော Experts: Rohingya Muslims in Myanmar victims of global power struggle ကို ဘာသာပြန်ရေးသားဖေါ်ပြရခြင်းဖြစ်ပါသည်။

Translate by O'Laie Manzu

Write A Comment

Rohingya Exodus