November 16, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ရသေ့တောင်မြို့တွင် အဓိကရုန်းဘယ်သူဖန်တီးခဲ့သလဲ။


၁၄-၀၆-၂၀၁၂  ရက်နေ့
၁။        ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ပန်းကိုင်းကျေးရွာ အုပ်စုမှ ဆောပြင်ရွာကို (၁၄.၆.၂၀၁၂)နေ့ည (၉း၀၀)နာရီအချိန်တွင် လောင်ချောင်း နယ်မြေအတွင်းရှိ RNDP ပါတီမှ ပြည်နယ် လွတ်တော် ကိုယ်စား လှယ်ဥိးသိန်းမောင် ဦးဆောင်ပြီး စတင်မီးရှို့ခဲ့ပါသည်။ အိမ်ခြေ(၂၂၅)လုံး ဗလီ(၂)လုံးလည်း လုံးဝဖျက်ဆီးသွားပါတယ်။၎င်းမြို့နယ်လောင်ချောင်းနယ်မြေအတွင်း ဇီးကုန်း တန်းကျေး ရွာအုပ်စုမှ ကူတီချောင်းရွာ ရှိအိမ်ခြေ (၄၈)လုံး ရွာလုံးကျွတ်မီးရှို့ခံရပြီး ဗလီ(၁) လုံးဖျက် ဆီးသွားပြီး ယနေ့ထိ ကယ် ဆယ်ရေး ပြုလုပ်ခြင်းမရှိပါ။

၂။  ရသေ့တောင်မြို့နယ် ကူတောင်နယ်မြေအတွင်းတွင် ရွာ(၂၄)ရွာ ရှိပြီး ၄င်းတို့အနက်မှ မွတ်စလင်မ်ရွာ(၂)ရွာရှိပါသည်။ကျန်(၂၂)ရွာမှာရခိုင်တိုင်းရင်းသားများနေထိုင်သည့်ရွာများဖြစ်ပါသည်။
၎င်း(ရခိုင်ရွာ) (၂၂)ရွာများသည်(၂၅.၆.၂၀၁၂)နေ့တွင် မွတ်စလင်မ်ရွာ နှစ်ရွာကို အကြမ်းဖက်မီးရှို့ရန် စုဝေး တိုင်ပင်ကြပါသည်။ယင်းရွာများအနက်မ မြင့်ခချောင်းရွာ(ရခိုင်ရွာ)နှင့် ရွှေလောင်းတောင်ရွာ (ရခိုင်ရွာ)တို့ ဧ။် ကန့်ကွက်မှုကြောင့် အစည်းအဝေး မအောင်မြင်ခဲ့ပါ။
၁၆-၀၆-၂၀၁၂ ရက်နေ့
(၁၆.၆.၂၀၁၂)နေ့တွင် ကူတောင်ရွာတွင် ဒုတိယအကြိမ်(၁၇.၆.၂၀၁၂)နေ့တွင် ကူတောင်တွင် ဒုတိယ အကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အထက်ပါ ရွာ နှစ်ရွာ ဧ။်ကန့်ကွက် မှုကြောင့် အစည်းဝေး မအောင်မြင်ခဲ့ပါ။

၁၇-၀၆-၂၀၁၂ ရက်နေ့
တတိယ အကြိမ်(၁၇.၆.၂၀၁၂)နေ့တွင် ကံပြင်ရွာတွင် စတင်အစည်းအဝေးပြုလုပ်သော်လည်း အထက်ပါရွာ နှစ်ရွာ ဧ။် ကန့်ကွက်မှုကြောင့် အစည်းဝေး အထ မမြောက်ခဲ့ပါ။

၁၈-၀၆-၂၀၁၂ ရက်နေ့
 (၁၈.၆.၂၀၁၂)နေ့တွင် မြို့မနယ်မြေရှိ လေးကန်ရွာသို့ မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်မြင့်ကြည်၏ အကြံ ဥာဏ်အားပေးမှုရယူပြီး ကူတောင်ရွာမှ (၁)ကျောင်းဆရာဦးရွှေသန်းမောင်(၂)ဦးသံလုံးအောင်(၃) ဦးမောင်ကျော်ဝင်း (၄)ဦးသံဂွေး(ရဲပြုတ်)၊ ဥဂွါရွာမှဦးသိန်းမောင်(ရ.ယ.က)စာရေး ၊ဦးဘအေး၊ ကံပြင်ရွာမှ  ဦးမောင်လှတို့ ပူးပေါင်းပြီးအထက်ပါကန့်ကွက်သော ရွာ(၂)ရွာကိုချန်လှပ်ခဲ့ပြီး လေးကန်ရွာ တွင် အစည်းအ ဝေးပြုလုပ်ခဲ့ရာ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ပြု လုပ်ပြီးနံနက်(၁၂း၀၀) အချိန်တွင် အတည်ပြု ခဲ့ပြီးနောက် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး မွတ်စလင်မ်ရွာ တို့ကို အကြမ်း ဖက်မီးရှို့ ရန်ဆုံးဖြတ် ခဲ့သည်ကို ကူတောင်ရွာမှ မွတ်စလင်မ်များနှင့် ခင်မင်ရင်းနှီးမှုရှိသူ ကူတောင်ရွာမှ ရခိုင်အမျိုးသား အချို့က အတိအကျ သတင်းကိုပေးထားပြီး ကန့်ကွက်သော ရွာနှစ်ရွာ မှာလည်း အတိအကျ သတင်းများပေး ပို့ထား ပါသည်။

၁၉-၀၆-၂၀၁၂ ရက်နေ့
ယင်းသတင်းမှာ (၁၉.၆.၂၀၁၂)နေ့တွင် အနောက်ပြင်ရွာ ကိုစတင်မီးရှို့ရန်နှင့် ညောင်ပင်ကြီး မွတ်စလင်မ်ရွာကိုတစ်ဖန်မီးရှို့ရန်သတင်းအတိအကျရရှိပြီးနောက် အနောက်ပြင် ကျေးရွာမှ အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ဝင်း မှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇေ၀ဏလှိုင် သို့ ဖုန်းဖြင့် သတင်းပေးပို့ ထားပြီး မဖြစ်စေရပါဟု ဖြေကြားခဲ့ပါသည်။မြို့နယ်ရဲတပ်ဖွဲ့မှုး ဦး အောင်မြင့် ကြည် သို့သတင်းပေးပို့ခဲ့ သော်လည်းမသိဟန်ဆောင်ခဲ့ပါသည်။ (၅၃၆ ၊၅၃၇ ၊၅၃၈) တပ်ရင်းမှုးများသို့ သတင်းပေးပို့ခဲ့သော် လည်း မြို့နယ်အုပ်ချုပ်ရေးမှုး အမိန့်ရရှိပါက ချက်ချင်း လာပါမည်ဟု ကျွန်တော်တို့ သတင်းရ ရှိထားပြီးဖြစ်ပါသည်။သို့သော်လည်းမြို့နယ်အုပ်ချုပ်ရေးမှုးက အမိန့်မပေးပါ သဖြင့် အချိန်မှီ လုံထိန်းရဲတပ်ဖွဲ့များ မလာရောက်နိုင်ပါသဖြင့်(၁၉.၆.၂၀၁၂)နေ့၊ နံနက်(၇း၃၀)ခန့် အချိန်တွင် ကူတောင်ရွာ(ရခိုင်) ဘက်မှ လူအင်အား(၂၀၀၀)ခန့်နှင့်အတူ ကူတောင်ရဲကင်းမှုးဒုရဲအုပ် ဦးသက်ဦး လိုက်ပါလာပြီး ဥဂါရွာဘက်မှ လူအင်အား(၁၀၀၀) ခန့်လာရောက်ပြီး အနောက်ပြင်ရွာဟ။် မြောက်ဘက်နှင့် အရှေ့ဘက်တို့ကို စတင်ပြီးမီးရှို့ခဲ့ပါသည် ။မြို့နယ်အုပ်ချုပ်ရေးမှုးထံသို့ အကြိမ်ကြိမ် ဖုန်း ဆက်ခဲ့သော် လည်း လုံခြုံရေး တပ်ဖွဲ့များစေလွတ်ပါမည်ဟု ပြောဆိုပြီး လုံခြုံရေးမပို့ပေး သော ကြောင့် ၄င်းရွာမှ မွတ်စလင် ရွာသားများသည် ကြောက်လှန့်ပြီး အနောက်က်သို့ထွက်ပြီးနောက် လယ်ကွင်း ဘက်သို့ စုဝေးနေ ချိန်တွင် ဒုရဲအုပ်ဦးသက်ဦးမှ-

(၁)       ဦးကာလူကြီး ဧ။်သား ဦးယာကွတ်ကို သေနတ်ဖြင့်ပစ်သတ်သဖြင့် သေဆုံးခဲ့ရပါသည်။
(၂)   ဦးနာဂူဧ။် သားဖြစ်သူ လာလူးအား ကူတောင်ရွာမှ ဦးသိန်းဂွေးက တူမီးသေနတ်ဖြင့်   ပစ်သတ် ၍သေဆုံး ခဲ့ရပါသည်။
(၃)      ကျောင်းဆရာ ဦးရွှေသန်းမောင်မှ ဦးဒိလ်မာမောတ်ဧ။် သမီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး မဘူရီဘီအား ဓါးဖြင့်ခုတ်သတ် သဖြင့်သေဆုံးခဲ့ရပါသည်။
၎င်းဖြစ်ရပ်ကို ရွာသားများမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီးနောက် မိမိကိုယ်ကို ကာကွယ်သောအနေဖြင့် ရုန်းရင်းဆန်ခေတ်ဖြစ်သွားခဲ့ပြီး အနောက်ပြင်ရွာမှ မွတ်စလင်မ် အိမ်ခြေ(၅၈)လုံး လောင်ကျွမ်ပြကျခဲ့ပြီး ရခိုင်အမျိုးသားဘက်မှ ကျောင်းဆရာ တစ်ဦး၊(ရ.ယ.က) စာရေးတစ်ဥိးနှင့်အတူ စုစုပေါင်း(၁၁) ဦးသေဆုံးသွားပြီး၊(၅၃၈) တပ်ရင်းမှတပ်သား(၃၀)ခန့် ရောက်ရှိလာပြီးအခြေအေနကို ထိန်သိမ်းခဲ့ပါသည်။ယင်းနေ့ ညနေပိုင်းအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဇေ၀ဏလှိုင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်မြင့်ကြည်တို့နှင့်အတူ RNDP ပါတီမှ မြို့နယ်တာဝန်ခံ ဦးကိုကိုမောင်၊ကူတောင်ရွာမှ ရခိုင်အမျိုးသားအချို့လာရောက်ပြီး အနောက်ပြင်ရွာရှိ အမျိုးသားများကို စုဆောင်းပြီး ၄င်းတို့ စိတ်ကြိုက်ရိုက်နှက်ပြီးနောက် ဒဏ်ရာ အနာတရရအောင်ပြုလုပ်ပြီး စာသင်ကျောင်းတွင် ဖမ်းဆီးချုပ်နှောင် ထားပါသည်။

၂၀-၀၆-၂၀၁၂ ရက်နေ့

 (၂၀.၆.၂၀၁၂) နေ့တွင်မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့က ဆရာဝန် နှစ်ဦးခေါ်ဆောင် လာပြီး အနောက်ပြင်ရွာမှမွတ်စလင်မ်အလောင်း သုံးလောင်းအနက် အမျိုးသားအလောင်းနှစ်လောင်းကို ခွဲစိပ်ခဲ့ပြီး ၄င်းတို့ ကိုယ်မှ ရရှိသော ကျဉ်ဆံများကို ကျည်ဆံများကို ဆရာဝန်မှ တစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးမှုးထံသို့ အပ်နှံခဲ့ပါသည်။ယင်းနေ့တွင် အလောင်းမျာကို သင်္ဂြိုဟ်ခွင့်ပေးခဲ့ပါသဖြင့် ကျန်ရှိသောရွာသားများ သင်္ဂြိုဟ်ပြီးအပြန်မှာ မြို့နယ်အုပ်ချုပ်ရေးမှုး၊မြို့နယ်ရဲတပ်ဖွဲ့မှုး၊မြို့နယ် ရဲကင်းမှုး တို့က ဒုတိယအကြိမ်း အမျိုးသားများကို ထပ်မံဖမ်းဆီးပြီး စသင်ကျောင်းတွင် ချုပ်နှောင်ထားပါ သည်။ယင်းနေ့ ညတွင် အမျိုးသား၊အမျိုးသမီးများကို မတရားရိုက်နှက်ပြီး ရွာတွင် အမျိုးသား ၊အမျိုးသမီးများ ဒဏ်ရာ ၏မရရှိသူသလောက် ဖြစ်သွားခဲ့ပါသည်။ဗလီအတွင်းသို့ ၀င်ပြီး ကျမ်းမြတ် ကုရ်အာန်များအား မီးရှို့ ဖျက်ဆီးခြင်း၊ကျင်ကြီး ကျင်ငယ်များစွန်ခြင်းစသဖြင့် ပြုလုပ်ခဲ့ပါသည်။ တစ်ညလုံး ဗလီထဲတွင် အရက်သေစာသောက်ပြီး အမျိုးမျိုးသောင်း ကျန်းခဲ့ပါသည်။

၂၁-၀၆-၂၀၁၂ ရက်နေ့
(၂၁.၆.၂၀၁၂)နေ့နံနက်ပိုင်းတွင် စာသင်ကျောင်းအတွင်းသို့ (၁၃)နှစ်အရွယ်မှ အသက် (၇၀) အရွယ်ထိ အမျိုးသား(၁၇၇)ဦး၊အသက်(၆၀) ကျော် အဘွားအို (၁)ဦးတို့အားဖမ်းဆီး ဖမ်းဆီး ထားပြီး(၂၁.၆.၂၀၁၂)နေ့တွင် အချို့အိမ်များသို့ ၀င်ရောက်ပြီး ဓါး၊တုတ်ယူဆောင်လာပြီး ကူတောင်ရွာ မှ ဦးသံဂွေးတို့ ယူလာသော တူမီးသေနတ်ကိုလည်း လူ(၂၂)ရှေ့မှောက်တွင်ချပြီး ဓါတ်ပုံရိုက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်၊အမှန်စင်စစ် ၄င်းလက်နက်နှင့် တူမီးသေနတ်မှာ ရခိုင်များယူ ဆောင်လာခြင်းဖြစ်ပြီး မွတ်စလင်မ်များရှေ့မှောက်တွင်ထားပြီးမှ ပုံတွေရိုက်ခဲ့ခြင်းဖြစ်ပါသည်။

၂၂-၀၆-၂၀၁၂ ရက်နေ့
(၂၂.၆.၁၂)နေ့တွင် အိမ်အချို့တွင် ရခိုင်များအသင့်ယူဆောင်လာသော ဓါး၊တုတ်များကို မွတ်စလင်မ်အမျိုးသား(၃၁)ဦးရှေ့မှာ ချထားပြီးဓါတ်ပုံတွေ ရိုက်ပြီး ၄င်မွတ်စလင်မ် များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ညနေပိုင်းတွင်အမျိုးသား(၁၂၄)ဦးနှင့်အမျိုးသမီးတစ်ဦးတို့ အား ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါသည်။(၁၉.၆.၁၂)နေံတွင် ပေါင်းဇားမွတ်စလင်မ်ရွာရှိ အိမ်ခြေ(၂၇၅)လုံးနှင့် ဗလီတစ်လုံးတို့အား ရွာလုံးကျွတ်မီးရှို့ခဲ့ပါသည်။

၂၃-၀၆-၂၀၁၂ ရက်နေ့
(၂၃.၆.၁၂)နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့် ကူတောင်ရဲကင်မှုးတို့နှင့်အတူ ရခိုင်အမျိုးသားအချို့ကို ရွာသို့ခေါ်ဆောင်လာပြီး မွတ်စလင်မ်တွေ ပိုင်တဲ့ ကျွဲ၊နွား အကောင်(၁၅၀၀)ကျော်ခန့်ကို သိမ်းလိုက်ပြီး ကူတောင်ရွာမှ ဦးကျားဗိုလ်၊ဦးသံလုံးအောင်၊ဥဂါရွာမှ ဦးမောင်လှသိန်း၊ရွှေလောင်းတောင်ရွာမှ ဦးပေါက်တို့ သားအဖနှစ်ဦးသို့၎င်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးမှရောင်းချခဲ့ပါသည်။ရွာတွင်းတွင် တစ်အိမ်တက် တစ်အိမ်ဆင်းပြီး အမျိုးသား၊အမျိုးသမီးများကိုထပ်မံ ဖမ်းဆီးပါမည်ဟု ခြိမ်းခြောက်ပြီးနောက် ရသမျရွှေများကိုယူဆောင်သွားပါသည်။သတင်းများ ပေါက်ကြားသွားမည် ကိုစိုးရိမ်ပြီးရွာရှိ တယ်လီဖုန်း အမှတ်(0949586315)ကို သိမ်းဆည်းသွားပါသည်။

၂၄-၀၆-၂၀၁၂ ရက်နေ့
(၂၄.၆.၁၂)နေ့တွင် သရက်ပြင်ရွာမှာလည်း မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇေ၀ဏလှိုင်နှင့် လောင်းချောင်းနယ်မြေရဲကင်းမှုး တို့ပူးပေါင်းပြီး ရွာသားများထံမှ ရှိသော ရွှေ၊ငွေများကို သိမ်းယူပြီးကျွဲ၊နွား(၆၅၀)ခန့်ကိုသိမ်းယူပြီးပတ်ဝန်းကျင်ရွာများသို့ရောင်းချခဲ့ပါသည်။ယင်းသတင်းများပေါက်ကြားမည်ကိုစိုးရိမ်ပြီးရွာရှိတယ်လီဖုန်းအမှတ်(0949675337)ကိုသိမ်းဆည်းသွာပါသည်။အမျိုးသား၊အမျိုးသမီးများကိုလည်း မတရားရိုက်နှက်ပြီး ဒဏ်ရာရအောင်ပြုလုပ်ခဲ့ပါသည်။(၂၄.၆.၁၂)နေ့တွင် အနောက်ပြင်ရွာတွင် မတရားဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်းတိုကြောင့် အနောက်ပြင်ရွာသားအချို့သည် အာကာတောင်ကျေးရွာသို့ တိမ်းရှောင်နေထိုင်ခဲ့ရာ အာ ကာတောင်ကျေးရွာ မှရဲတပ်ဖွဲ့နှင့်လုံထိန်းတပ်ဖွဲ့ တို့က အနောက်ပြင်ရွာသား(၁၁)ဦးကို သတ်ဖြတ်ပြီး မေယုဖြစ်ထဲသို့ ပစ်ချခဲ့ပါသည်။

၂၅-၀၆-၂၀၁၂ ရက်နေ့
 (၂၅.၆.၁၂)နေ့တွင် အနောက်ပြင်ရွာသို့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှုး၊ကူတောင်ရဲကင်းမှုးနှင့် ရခိုင်အမျိုးသားအချို့အရက်မူးပြီး အနောက်ပြင်ရွာမှ ကျန်ရှိသော အမျိုးသားများကို ဖမ်းဆီးရန် ကြိုးစားခဲ့ရာတွင် လူ(၃)ဦးကိုတွေ့ရှိပြီး(၁) ဦးဒိလ်မာ(ဘ)ဦးအာမက်ဟူစိန် (၂) ဦးစလင်းမ်(ဘ)ဦးဆွေတောရ် (၃)ဦးအဒူဇလီးလ်(ဘ)ဦးဆွေယောဒ်ကာစင်မ် တို့ သုံးဦးအားချုပ်နှောင်ပြီး  မြို့နယ်အုပ်ချုပ်ရေးမှုး၊ရဲကင်းမှုး၊ရခိုင်အမျိုးသားအချို့တု့က အရက်မှုးပြီး ရိုက်နှက်ခဲ့ရာ ထိုသူ သုံးဦးစလုံးသေဆုံးပြီး စာသင်ကျောင်း          ဧ။်အရှေ့ဘက်တွင် ရခိုင်အမျိုးသားများကို တွင်းတူးခိုင်းပြီးညတွင်းချင်း မြုတ်နှံခဲ့သည့်ကိစ္စနှင့် က်သတ်ပြီး တပ်ရင်း(၅၃၈)မှ တပ်ရင်းမှုးနှင့်  အချေအတင်စကားများခဲပါသည်။ယင်းကိစ္စနှင့်ပက်သတ်ပြီး တပ်ရင်း (၅၃၈)မှ တပ်သားများသည် မွတ်စလင်မ်များဘက်မှ ကိုယ်ချင်းစားပြီးပြောပြခဲ့သဖြင့် ရွာသားများ သိရှိခဲ့၇ပါသည်။မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် လ၀ကမှုးတို့က (၁၃.၇.၁၂)နေ့တွင် မိုးပွင်းစစ် ဆင်ရေး အဆင့် (၃)  ဟူ၍ စစ်ဆင်ရေးထွက်ခဲ့ရာတွင် အာကာတောင်ရွာ၊ဆင်ကုန်တန်းရွာများ သို့သွားရောက်ပြီး မတရား ရိုက်နှက်မှု၊ရွာသားများထံမှ ရွှေ၊ငွေများလုယူပြီးပြန်လည်ထွက်ခွါသွားခဲ့ပါသည်။(၁၇.၇.၁၂)နေ့တွင် အနောက်ပြင်ရွာသို့ မို့ပွင်းအဆင့်(၃) စစ်ဆင်ရေးရောက်ရှိလာပြီး စာရင်းလာပေးသော အမျိုးသား၊အမျိုးသမီးများကို ရိုက်နှက်ပြီး အမျိုးသား(၃)ဦးကို ဖမ်းဆီးချုပ်နှောင်ထားပါသည်။(၁)ဦးနူဇူမျာဧ။်သား အွစ်မာန်ဂနီ၊(၂) ဦးအာမိရ်ဟူဆိန်းဧ။်သား နဘီဟူစိန်၊(၃) ဦးရှော်ဘီရာမန်ဧ။်သား ဦးအီမာန်ဟူးဆိန်းတို့ကို ဖမ်းဆီးသွားခဲ့ပြီး ရွာမှ မွတ်စလင်မ်တွေ ပိုင်ဆိုင်သော မော်တော်ဆိုင်ကယ်(၇)စီး၊စက်ဘီး(၂၃) စီးသိမ်းယူသွားပါသည်။(၁၈.၇.၁၂)နေ့တွင် ညောင်ပင်ကြီးမွတ်စလင်မ်ရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှုး၊မြို့နယ် လ၀ကမှုးနှင့် အဖွဲ့သားများရောက်ရှိလာပြီး အမျိုးသား၊အမျိုးသမီးများကို ရိုက်နှက်ပြီး စာရင်ကောက် ခဲ့ပါသည်။ရွာခံ မွတ်စလင်မ်အချို့ကို ခြိမ်းခြောက်ပြီး ရွှေ၊ငွေများ သိမ်းယူသွားပါသည်။မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇေ၀ဏလှိုင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်မြင့်ကြည်တို့မှ ရွှေသား(၁ပိသာ ၈၀ ကျပ်သား) နှင့် ငွေကျပ်(သိန်း ၉၀၀)တို့ကို အချိုးကျ ခွဲဝေယူပြီးခဲ့ပါသည်။ မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်မြင့်ကြည်သည် ယခုအခါ မန္တလေးသို့ပြောင်းရွေ့သွားပါသည်။ဆူပူအကြမ်းဖက်ခဲ့သော အထက်ပါ ရခိုင်အမျိုးသား တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း မရှိသေးပါ။ယခုအချိန်တိ ရသေ့တောင်မြို့နယ်အတွင်း မွတ်စလင်မ်ရွာ (၂၃)ရွာရှိပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အစိုးရမှသော်လည်းကောင်း၊အစိုးရမဟုတ်သော အဖွဲ့အစည်းမျာမှသော်လည်းကောင်း၊အလှုရှင်များမှသော်လည်းကောင်း ကညီူပံ့ပိုးခြင်းမရှိခဲ့ပါ။ ထို့အတွက်ကြောင့် ရသေ့တောင်မြို့နယ်ခံ မွတ်စလင်မ် ဒုက္ခသည်များအတွက် လူသားချင်စာနာတဲ့ အထောက်အကူများလိုအပ်လျက်ရှိပါသည်။ဖမ်းဆီးခေါ်ဆောင်လာသော လီူဥးရေမှာ ၁၇၈ ဦးဖြစ်ပြီး မိန်းကလေးတစ်ဦးသာ ပါဝင်ပါသည်။(၁၈.၇.၁၂)နေ့တွင် စစ်တွေ ခရိုင်တရားရုံးတော်တွင် (ပ ၆/၂၀၁၂) ပုဒ်မ(၃၀၂/၃၄)ဖြင့်စွဲချတင်ပေးရာတွင် (၁၇၂)ဦးဖြစ်ပြီး ကျန်(၆)ဦးပျောက် ဆုံးနေကြောင်းသိရှိရပါသည်။မြန်မာ့သတင်းနှင့် သတင်းစာများတွင် ဖမ်းဆီးထားသူ (၅၃)ဦးသာ ဖော်ပြပြီး တကယ်တမ်းဖမ်း ဆီးခေါ်ဆောင် လာသူမှာ (၁၇၈)ဦးဖြစ်ကြောင်း သို့သော် စစ်တွေ တရာရုံးတွင် ရုံးတင်ခဲ့ သည်မှာ (၁၇၂)ဦးဖြစ်ပြီး ကျန်(၆)ဦးစာရင်းပျောက်ဆုံးနေပါသည်။ ၄င်း(၆)ဦးသည် သေသလားရှင် သလား မသိရသေးပါ။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇေ၀ဏလှိုင်သည် တူမီးသေနတ်ကို ကိုင်ပြီးနောက် မွတ်စလင်မ်များဘက်သို့ချိန်ရွယ်ပြီး သည်သေနတ်သည် သင်တို့ဧ။် အလ္လာဖြစ်သည်ဟုဆိုပြီး ရိုင်းပြစွာ ပြောဆိုခဲ့ပါသည်။

RB News Desk



Write A Comment

Rohingya Exodus