၁။ အပြစ်ကင်းမဲ့သော ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို ရမ်းဗြဲမြို့နယ်၌ အစ္စလာမ်ဘာသာ ကိုးကွယ်သော လူငယ်သုံးဦးက ၂၀၁၂ခု မေလ(၂၈)ရက်တွင် ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်လိုက်သည့် သတင်းဆိုးတစ်ရပ်ကို ကြေကွဲဖွယ်ရာ ကြားသိရပါသည်။
၂။ တစ်ဖန် သံတွဲ-ရန်ကုန်ခရီးသည်တင်ကားပေါ်ရှိ အမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့ ခရီးသွား အစ္စလာမ်ဘာ သာဝင်(၁၀)ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦးကို ၂၀၁၂ခု ဇွန်လ(၃)ရက်နေ့တွင် တောင်ကုတ်မြို့နေ ရခိုင်လူမျိုးအချို့က ကားပေါ်မှဆွဲချပြီး ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်သတ်လိုက်သည့် သတင်းဆိုးတစ်ရပ်ကိုလည်း ကြေကွဲဖွယ်ရာ ထပ်မံကြား သိရပါသည်။
၃။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က တရားဥပဒေစိုးမိုးရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးအလေးပေး ဆောင်ရွက်နေသော ယခုကဲ့သို့ တိုင်းပြည်တည်ဆောက်ရေး ကာလမျိုးတွင် ပြစ်မှုကျူးလွန်သူကို ကျူးလွန်သည့်ပြစ်မှုအလျောက် ထိရောက်စွာ အရေးယူရေးဖြစ်ရမည့်အစား တစ်နိုင်ငံလုံးသို့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ပြန့်နှံ့လာမည့်အလားအလာများ ပိုမိုကြီးထွားလာသည်ကို စိုးရိမ်ဖွယ် ရာ တွေ့မြင် လာရသည်။
၎။ ထို့ကြောင့် မလိုလားအပ်သော ပြသနာများ ပိုမို မကြီးထွားလာရေးအပြင်၊ အလားတူပြသနာများ နောက်နောင် မဖြစ်ပေါ်လာစေရေးအတွက် မိမိနည်း မိမိဟန်ဖြင့် သီးခြားဖြေရှင်းနေကြမည့်အစား မြန်မာမွတ်စလင် ခေါင်းဆောင်များနှင့် ရခိုင်အမျိုးသား ခေါင်းဆောင်များ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံညှိနှိုင်း ပူးတွဲလုပ်ဆောင်ကြရန် အရေးတကြီး လို အပ်နေပြီဖြစ် သည်။
၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်များအပါအဝင် အခြားဘာသာစုံ၊ လူမျိုးစုံ အဖွဲ့အစည်းပေါင်းစုံကလည်း ဆရာတော်၊ သံဃာတော်များ၏ ဦးဆောင်မှုကိုခံယူ၍ နိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုတစ်ရပ် ဖြစ်ထွန်းလာအောင် လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း အလေးအနက် တိုက်တွန်းလိုက်သည်။
မြန်မာမွတ်စလင် အစည်းအရုံး
ဇွန်လ(၄)ရက်၊ ၂၀၁၂
သက်ဆိုင်ရာ မိမိတို့ ၏ သားတပည့် များအား သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက တင်းတင်းကြပ်ကြပ် ဆုံးမပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ငယ်စဉ်ကာလ မဆုံးမက မိဘတလည် ရန်သူမည်၏ ဆိုသကဲ့ သို့  မိဘကိုပင် ပြန်လည် ရန်ရှာတတ်ကြသော လူတမျိုးတစား ခေတ်အဆက်ဆက် ရှိခဲ့ သည် မို့  လူဆိုးများကို လူဆိုးများဟု မြင်ပေးကြစေချင်ပါသည်။ လူမျိုးဘာသာ တံဆိပ် မကပ်စေချင်ပါ။
သေဆုံးသွားသူများအတွက် အလွန်အင်မတန် စိတ်ထိခိုက်ရပါသည်။ မိမိ၏ ညီမလေး၊ မိမိ၏မိသားစုဝင်၊ သို့ မဟုတ် မိမိကိုယ်တိုင် ဟူသော အတွေး ဖြင့် အလွန် တုန်လှုပ်မိပါသည်။
ပြစ်မှုကျူးလွန်သူများ နောင်တရကြပါစေဟု ဆုတောင်းပါသည်။
မိမိအတွက်မူ ......ဆိုသည့် အခေါ်အဝေါ်မှာ နှင်းဆီကဲ့ သို့ ၊ စပယ် ကဲ့ သို့  ခေါ်ဝေါ်စရာ တခုမျသာဖြစ်ပြီး မည်သည့်နှိမ့်ချလိုသည့် ရည်ရွယ်ချက်မှ ပါဝင်ခြင်းမရှိပါ။ ဟို...မလေးက ချစ်စရာလေး။ ချောတယ် .. စသည်ဖြင့် ပြောမိဘူးပါသည်။ နစ်နာစေလိုသော စိတ်ဖြင့် မဟုတ်ပါ။
အထူးတဆန်းဖြစ်မိပါသည်။