August 19, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပါတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများ အား အောက် ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ် သင်ပြီး နေအိမ် သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ လူများက ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လူသတ်မှု သတင်းကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးဝင်းမောင်က ကျောက်နီမော် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ရာ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ချက် အမှတ် (ပ)၂၃/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၈၂ လူသတ်မှု၊ လုယက်မှုအရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ တရားခံများအား အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုးနှင့် အဖွဲ့သည် မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိပြီး ဆက်စပ် သတင်းဖော်ထုတ်ခဲ့ရာ မင်္သကာသူများ ဖြစ်ကြတဲ့ ထက်ထက်(ခ)ယော်ရှီး၊ (ဘ)ဦး ကျော်သောင်း၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်နေ ရော့ပီး (ဘ)ဆွေရွစ်တမောက်၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် သာယာရပ်နေ ခိုချီး (ဘ)အကွက်ချေ ဘင်္ဂါလီအစ္စလာမ်၊ တို့သုံးဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး ဖော်ထုတ်ချက်အရ သေဆုံးသူ မသီတာထွေးမှာ သပြေချောင်း ကျေးရွာမှ ကျောက်နီမော် ကျေးရွာသို့ စက်ချုပ် သင်ရန် နေ့စဉ် သွားရောက်သည်ကို ထက်ထက်(ခ) ယော်ရှီးက တွေ့မိပြီး မိန်းမယူရန် လိုအပ်သည့် ငွေရရှိရေး အတွက် မသီတာထွေး ၀တ်ဆင်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများကို ရယူလိုသဖြင့် ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးအား ခေါ်ဆောင်ကာ အခင်းဖြစ် နေရာအနီးရှိ ကုက္ကိုလ်ပင်မှ စောင့်နေခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေ့တွင် မသီတာထွေး တစ်ဦးတည်း ပြန်လာစဉ် ဓားဖြင့်ထောက်၍ တော စပ်ထဲသို့ ပွေ့ဖက် ခေါ်ယူပြီး သားမယား အဖြစ် တစ်ယောက်တစ်ကြိမ်စီ ပြုကျင့်ကာ လည်ပင်းအား ဓားဖြင့် လှီးဖြတ်ခဲ့ကြကြောင်း၊ ၄င်း ၀တ်ဆင်ထားသည့် အမ်စီရွှေဆွဲကြိုး အပါအ၀င် ရွှေထည်ပစ္စည်း ငါးမျိုးအား ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိပါတယ်။ ဖြစ်စဉ်အပေါ် အခြေခံ၍ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရေး အတွက်လည်းကောင်း၊ တရားခံများအပေါ် မကျေနပ်သူ ရွာသူရွာသားများက ၀ိုင်းဝန်းရန်ပြု လာနိုင်သောကြောင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့က စောင့်ကြည့်ပြီး မေလ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တရားခံသုံးဦးအား ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုး ဦးစီးအဖွဲ့ဖြင့် ကျောက်ဖြူ အကျဉ်းထောင်သို့ ချုပ်နှောင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှာ ရခိုင်လူမျိုး စုစုပေါင်း ၁၀၀ခန့်သည် ကျောက်နီမော် ရဲစခန်းအနီးသို့ ရောက်ရှိလာပြီး ဖမ်းဆီးထားသော ထက်ထက်(ခ)ယော်ရှီး ပါသုံးဦးတို့ အား ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ကြရာ ရဲစခန်းတွင် မရှိကြောင်းနှင့် ကျောက်ဖြူထောင်သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း၊ သို့သော် လူစုက မကျေနပ်သဖြင့် ရဲစခန်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားလာရာ ကျောက်နီမော် ရဲစခန်းမှ သေနတ် ငါးချက် ခြောက်လှန့် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ ဒါ့အပြင် အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ဦးခန့်သည် ရမ်းဗြဲမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း၊ မွန်းလွှဲပိုင်းတွင် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှုး တို့သည်လည်း ရွာသူရွာသားများနှင့် ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် ညနေပိုင်းတွင် ရမ်းဗြဲုမြို့သို့ ရောက်ရှိခဲ့ပြီး ဆူပူအုံကြွမှု မဖြစ်စေရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါ့အပြင် မေလ ၃၀ ရက် ညနေ ၄ နာရီတွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရမ္မာဝတီခန်းမမှာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘကြည်တို့က ဆူပူအုံကြွမှု မဖြစ်စေရေးအတွက် ရှင်းလင်း ပြောကြားခဲ့သဖြင့် ကျောက်နီမော် ကျေးရွာမှ ရွာသူရွာသားများသည် အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်တွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ ရမ်းဗြဲမြို့မှ ရေယာဉ်နှစ်စီးဖြင့် ကျောက်နီမော် ကျေးရွာသို့ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ကျောက်နီမော် ရွာသူရွာသား များထံသို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ခင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မသီတာထွေး နာရေးအတွက် အလှူငွေ ကျပ် ၆ သိန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က သင်္ကန်းငါးစုံနဲ့ ငွေကျပ် တစ်သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မေလ ၃၁ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော အဖွဲ့သည် ကွယ်လွန်သူ မသီတာထွေး၏ အသုဘအား လိုက်ပါပို့ဆောင် ခဲ့ပြီး ကျောက်နီမော် ရွာသူရွာသားများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဇွန်လ ၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ထွက်ခွာခဲ့ပြီး ရိပ်သာ၌ မသီတာထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် လူငယ်အဖွဲနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တရားခံများအား အချိန်မဆွဲဘဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမှာ ဖြစ်ကြောင်း၊ တရားစီရင်ရာ၌ တရားရုံးမှာ လူအုပ်စုများ မဖြစ်စေရန်အတွက် ၀ိုင်းဝန်းထိန်းသိမ်း ပေးကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ တရားခံသုံးဦးအား စနစ်တကျ စစ်ဆေး ဖော်ထုတ်လျက် တရားဥပဒေ နှင့်အညီ ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိ လူစည်ကားတဲ့ နေရာများမှာ လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်း ကျေးရွာနေ မသီတာထွေးအား ရက်စက်စွာ အစော်ကားခံရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှုများ ကို တောင်ကုတ်မြို့ ပေါ်နေ ပြည် သူများသိစေရန် "အသိပေးနှိုး ဆော်ခြင်း" ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိ တအဖွဲ့ (တောင် ကုတ်မြို့) အ မည်ဖြင့် စာများဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ယင်းသို့စာများ ဖြန့်ဝေခဲ့ပြီးနောက် ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ် သည် တောင်ကုတ်မြို့ အေးရိပ်ငြိမ် ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင် အချ ပြု လုပ်ရန် ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင်ကုလား လူမျိုးများ ပါလာကြောင်း သတင်းပြန့် သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊ ထိုသို့လူအုပ်စု ၀ိုင်းအုံလာသဖြင့် ဂိတ်မှူးက အဆိုပါ မော်တော်ယာဉ်အား အမြန်ထွက်ခွာစေခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ် နောက်သို့ ဆိုင်ကယ်ဖြင့် လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့အတွင်း သို့ ပြန် လည် မောင်းနှင် ရန် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ သံတွဲ-တောင်ကုတ် ကားလမ်း ဆုံ (တောင် ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့ ရောက်ရှိစဉ် အသင့်စောင့်နေသည့် လူ ၃၀၀ ခန့်အုပ်စုက ပိတ်ဆို့တားဆီးကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် မွတ်ဆလင် ကုလားလူမျိုးများအား အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား လူမျိုး ၁၀ ဦးသေ ဆုံးခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ် ပွားရာ နေ ရာသို့ တောင် ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများတွင် ဘာသာရေးကိစ္စဖြင့် သံတွဲမြို့သို့ ရောက်ရှိခဲ့ရာမှ သက်ဆိုင်ရာ မြို့များသို့ ပြန်ကြသူများ ပါဝင်ပြီး တောင်တွင်းကြီးမြို့မှ ၆ ဦး၊ မြောင်းမြမြို့မှ ၂ ဦးနှင့် သံတွဲမြို့မှ ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား သံတွဲမြို့ မွတ်ဆလင် သင်္ချိုင်း၌ ဒီကနေ့ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တရား ဥပဒေ နှင့် အညီ ဖြစ်စေရေး အတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေမှာ ရပ်ရွာတည်ငြိမ် အေးချမ်းရေး အတွက် တာဝန်ရှိသူများက မြို့မိမြို့ဖများနှင့် ပူးပေါင်းထိန်း သိမ်း ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀မိနစ်မှာ အောင်ကျော်စိုး(စိစစ်ဆဲ)ပါ သုံးဦးနှင့် ဦးအောင်သန်းဝေ ၄၅ နှစ် (အဘ) ဦးစိန်လှ (အကွက် ၆၊ စက်ရုံစုရပ်ကွက်၊ စစ်တွေမြို့)တို့ ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်ရာမှ စကားအချေအတင်ဖြစ်ကြရာမှ အောင်သန်းဝေမှ အသင့်ပါလာတဲ့ ဓားနဲ့ခြိမ်းခြောက် ထွက်ပြေး သွားေ ကြာင်း၊ အောင်ကျော်စိုးပါ သုံးဦးနဲ့ အဖွဲ့မှာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်း ခဲ့ပါတယ်။ အဆိုပါ ည ၇ နာရီခွဲတွင် အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြနှင့် အမျိုးသမီး ၁၀ ဦးတို့ အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း ပျောက်ဆုံးနေကြောင်း အကြောင်းကြားစဉ် ရဲစခန်းမှာ လူအင်အား ၅၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ၂၀၀ ဦးခန့်အထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် ည ၇ နာရီ ၄၅ မိနစ်တွင် ဦးအောင်မြကျော် (စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ)ရောက်ရှိလာပြီး ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး၊ ၎င်းအား မိမိတို့ ရှာဖွေသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် လူစုကွဲ ပြီး အောင် သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြတို့ ရဲစခန်းမှ ပြန်လည်ထွက်ခွာ သွားကြပါတယ်။ တဖန် ည ၉ နာရီမှာ အမှတ်(၁) ရဲစခန်းရှေ့မှာ လူ ၃၀၀ ခန့် ပြန်လည်စုဝေး ရောက်ရှိလာကြပြန်ရာ ဦးအောင်မြကျော် က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လူစုခွဲကြရန် ပြောဆိုပြီး ထွက်ခွာသွားခဲ့ ပါတယ်။ အဲဒီနောက် ည ၁၁ နာရီကျော်မှာ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊ ဦးကျော်သိန်း (ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး)တို့ ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်း သို့ ခေါ်ယူလာပြီး လူစုခွဲကြရန် ပြောဆိုခဲ့သော်လည်း လူစုမကွဲဘဲ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲစခန်း အဆောက်အဦ အမိုးပေါက်ပြဲခြင်း၊ အိမ်ထောင် သည်လိုင်း အမိုးပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်နှစ်စီးရှေ့လေကာ မှန်များ ကွဲကြေ ပျက်စီးခဲ့ခြင်း များ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီး ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ လူစုလူဝေးက စခန်းအ၀င်ဝ တံခါးမကြီး အား ဖျက်ဆီးပြီး ရဲစခန်းသို့ဝင်ရန် ကြိုးစားလာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေး ခြောက်လှန့်ပစ်ခတ် ခဲ့ပါတယ်။ သို့သော် လူစုကွဲမသွားဘဲ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရဲစခန်းအ၀င် မီးအားရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား ဖျက်ဆီးဝင်ရောက်ဖို့ ထပ်မံကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ် လူစုခွဲခဲ့ရာ ထိုလူစုမှာ ရဲစခန်း ဘေးဘယ်ညာသို့ ပြန်နှံ့ သွားခဲ့ပါတယ်။ သို့သော်လည်း စခန်းပတ်ဝန်းကျင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန်လ ၄ ရက် နေ့ နံနက် ၁ နာရီတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက အဓိကရုဏ်း လက်နက်နှင့် မီးခိုးဗုံး အသုံးပြု၍ လူစုခွဲခဲ့ရပါတယ်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့် ဦးဥတ္တမလမ်းဆုံရာ ရိုးမဘဏ်ရှေ့ရှိ (PCO) အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တွင် အရပ်သား ၁၂ ဦး ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေး လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲ၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့ မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှား မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များအား မည်သို့မျှ လက်သင့်ခံ၍ မရနိုင်ပါ။ သို့ပါ၍ အဆိုပါဖြစ်စဉ်အပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည့်အပြင် တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်"
ဟူ၍ဖြစ်ပါသည်။ 
 Source :Eleven Media Group

  1. ကျော်ဆန်း မင်း အရပ်ပုသလောက် ဥာဏ်တိုပြီး လူညံ့ကွာ။ မင်းအရှက်မရှိတာဘဲ ၊ ဒီကရေစီနှင့်ကလိမ်ကကျစ် မင်းကျော်ဆန်းနှင့်မတန် သွားလိုက်တော့ သဘောပေါက်။ နာမည်ပျက်ကောင် ၀န်ကြီးဆက်လုပ်ချင်သေးရဲ့လား။

  2. မင်းတို့ ရခိုင်တွေ ကိုလည်းသီးခံပေါင်းများပြီ၊ သွေးကြောင်ရခိုင်တွေ ။ သတိထားဘင်္ဂလားမှာရှိတဲ့ မင်းတို့ ရခိုင် တွေသေဖို့ပြင်ထား။ မင်းတို့ရခိုင်မ၏ စောက်ပက် ထဲဘယ်လိုတုတ်ထည့်မလဲ။ ဘီလူးမျိုးရိုး ရခိုင်တွေ ၊ မင်းတို့ကောင် တွေ ၁၉၄၂ ခုနှစ်မှာ မွတ်ဆလင်ကို သတ်ခဲ့ တာ မမေ့သေးဝေး။ ရခိုင်ပြည်ထဲကို ခိုးဝင်ဖို့ နောက် မစဉ်းစားနဲ့ မြန်မာပိုင်နက်ထဲဝင်တာနဲ့ အစိုးရဖမ်းဖမ်း မ ဖမ်းဖမ်း ငါတို့တော့ဖမ်းပြီး သတ်မယ်။ ထွေး ............

Write A Comment

Rohingya Exodus