ဦးအောင်ကြီး ဆိုတာ ဘယ်သူလဲ

ဆန်တပြည် ၁၅ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်၊ ဆန်တပြည် ၁၅ ပြား အောင်ကြီးလာမှ စား

၈လေးလုံး လူထုတိုက်ပွဲ ကြီးဖြစ်လာတဲ့အခါမှာ ဒေါသထွက်နေတဲ့လူထုကြီးကဆန်တပြည် ၁၅ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်၊ ဆန်တပြည် ၁၅ ပြား အောင်ကြီးလာမှ စားလို့ လဲကြွေးကြော်ခဲ့ကြတယ်။အောင်ကြီးဆိုတာဘယ်သူလဲ။ အောင်ကြီးဆို ဗိုလ်မှုးချုပ်ဟောင်းတဦးဖြစ်တယ်။ သူလဲနေ၀င်းလိုပဲ မြန်မာပြည်ပေါက်တရုပ်တဦးဖြစ်တယ်။ ၁၉၆၂ ခုနစ် စစ်တပ်က အာ - ဏာကိုသိမ်းလိုက်စဉ်မှာ သူဟာ ဒုတိယခေါင်းဆောင်တဦးဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီး မကြာမှီမှာ

အောင်ကြီးကို နေ၀င်းက ကန်ထုတ်ခဲ့တယ်။ မဆလ ခေတ် မှာ နိင်ငံတော်ရဲ့ စီးပွားရေးဟာ တခါးပိတ်စီးပွားရေးစနစ်ဖြစ်တယ်။ ပြည်သူလူထုက နိင်ငံတကာနဲ့  ကုန်သွယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခွင့်မရှိဘူး။ ကန့် သတ်ချုပ်ချယ်မှုတွေသိပ်များတယ်။ စစ်တပ်က ပြုတ်လာတဲ့ အောင်ကြီးဟာ ၁၉၈၀ ၀န်းကျင်မှာ လဘက်ရည်ဆိုင်တွေဖွင့်တယ်။လဘက်ရည်နဲ့ ကိတ်မှုန့် ရောင်းတယ်။ သူဆိုင်တွေက အောင်မြင့်လာတယ်။ 


နေ၀င်းက စစ်ဗိုလ်ချုပ်တွေရဲ့ သောက်ကျင့်အတိုင်း သူတို့ အချင်းအချင်းဆိုရင် ပြန်ကြည့်လေ့ရှိကြတယ်။ 
အောင်ကြီးဆိုင်အတွက်လိုအပ်တဲ့ဂျုံ တွေကို နေ၀င်းဆီက ဈေးချိုချိုနဲ့ ရတယ်။ ဒီတော့အောင်ကြီးက အောင်မြင်လာတယ်။ လူတွေက မဆလပါတီကိုအယုံအကြည်ကင်းမဲ့နေတယ်။ ခေါင်းဆောင်မျှော်နေတယ်။ ဒီအချိန်မှာ စီးပွားရေးအရ အောင်မြင်လာတဲ့ အောင်ကြီးကိုလူတွေက ခေါင်ဆောင်ကြီးလိုထင်လာတယ်။ ၁၉၈၅- ၈၇ ခုနစ်တွေမှာ မဆလ က ငွေကြေးဖေါင်းပွလာမှုကို ထိမ်း ချုပ်ခြင်တဲ့အတွက် ငွေစကူတွေကို တရားမ၀င်ကြေညာလိုက်တယ်။ ဘဏ်ဏာရေး အကြပ်ဆိုက်မှု -  Financial Crisis  - ဖြစ်လာတယ်။ 
( အခုလည်း ဘဏာ ရေးအကြပ်ဆိုက်မှုဖြစ်နေတာကိုသတိပြုပါ။) 

၁၉၈၈ မတ်လကျောင်းသားလှုပ်ရှားမှုဖြစ်ပွားလာတယ်။ ဒီအချိန်မှာ 
အောင်ကြီးက ၄၈ မျက်နာပါတဲ့ အိပ်ဖွင့်ပေးစာတစောင်ကိုဦးနေ၀င်းထံပေးပို့ ခဲ့တယ်။စာမှာပါတဲ့အနှစ်ချုပ်ကတော့ ဦးနေ၀င်းရဲ့  မဆလ စနစ်မအောင်မြင်ဘူး ဦးနေ၀င်းလူတွေအသုံးမကျဘူး ဆိုတာပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့  သူကတိုက်တွန်းတယ်။ သူကိုလဲ ပြည်တွင်း နိင်ငံရေးအသိုင်းအ၀ိုင်းက အယုံအကြည်မရှိကြဘူး။သူကိုသံသယရှိကြတယ်။ ဗကသများအဖွဲ့ ချုပ်က မတ်လကျောင်းသားလှုပ်ရှားမှုဖြစ်ပွားစဉ်ကထည်းက အောင်ကြီးသည် ငါဒို့ ခေါင်းဆောင်မဟုတ် ငါဒို့ မဟာမိတ်သာဖြစ်သည် လို့  ကြိုတင်စာထုတ်ထားတယ်။

စစ်တပ်အာဏာသိမ်းစဉ်က သူမှာတာဝန်ရှိတာ၊ ကျောင်းသားသမဂကိုဗုံးခွဲ ဖြိုချခဲ့မှုအပေါ်မှာသူမှာလဲ တာဝန်ရှိတာ ။ အောင်ကြီးဟာ  ပေါ်ပြူလာခေါင်းဆောင်တဦးဖြစ်လာပေမဲ့ နိင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ကျောင်းသား တွေ ရဲ့  ယုံကြည်မှုနဲ့ ထောက်ခံမှုကိုမရခဲ့ဘူး။  ပိုဆိုးတာကတော့ 
ဦးအောင်ကြီးကိုနေ၀င်းက ဖမ်းဆီးပြီး ပြန်လွတ်ပေးတဲ့အခါမှာသူက ပုဒမာကွင်းမှာ တရားပွဲကို ပထမဆုံးစလုပ်တယ်။ လူတွေတွေသောင်းနဲ့ ချီပြီးသွားရောက်အားပေးကြတယ်။ ဒါပေမဲ့ သူက စစ်တပ်ကို 
စိတ်နဲ့ တောင်မပြစ်မှားကြနဲ့   လို့  သူမိန့် ခွန်းမှာ ပြောလိုက်တဲ့အခါမှာ လူတွေဒေါသထွက်ပြီး ထပြန်ကြတယ်။ ဦးအောင်ကြီးရဲ့ နိင်ငံရေးထောက်ခံမှု ဟာ ကျဆင်းသွားတယ်။ 

ထိုစဉ်က နိင်ငံရေးလောက မှာအဓိက အင်အားစုကြီးတွေက ဦးနုဦးဆောင်တဲ့  ဒီငြိမ်းအင်အားစုများ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့်နီးစပ်တဲ့ မြေပေါ်နိင်ငံရေးအင်အားစုများ၊ သံဃာများ၊ ကျောင်းသားများ ၊ ဦးတင်ဦး ဦးအောင်ရွေှ့တို့ ဦးဆောင်တဲ့ မျိုးချစ်စစ်သားများဖြစ်တယ်။ ဒီအုပ်စုတွေက စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှာ အောင်ကြီးကို ခေါင်းဆောင်အဖြစ်နဲ့  လက်မခံလိုကြပါဘူး။ ဒါပေမဲ့ အောင်ကြီးကို  ဒေါ်အောင်ဆန်းစုကြည်က သွားရောက်စည်းရုံးခဲ့ပြီး ဒီချုပ်ကိုဖွဲ့ စည်းလိုက်တယ်။ 

အောင်ကြီးကို ခေါင်းဆောင်တင်ခဲ့တယ်။  ၃ လ ၄ လ လောက်အကြာမှာတော့ ဒီချုပ်က နေ အောင်ကြီးကိုထုတ်ပယ်ခံခဲ့ရတယ်။ 

ဒါဆိုရင် ၈လေးလုံး အရေးတော်ပုံကြီးမှာ ဦးအောင်ကြီးရဲ့  အခန်းကဏက ဘာလဲ။ ဘာကိုသူဝေငှမှုပြုလုပ်ခဲ့သလဲလို့ မေးရင်တော့ သူဦးနေ၀င်းကို ဝေဖန်ခဲ့တဲ့ ၄၈ မျက်နှာစာ  က လူထုထဲမှာ 
နိင်ငံရေးနိုးကြားမှု ဖြစ်ခဲ့တယ် လှုံ ဆော်မှုတခုဖြစ်ခဲ့ပါတယ်။ 


Credit : WFWW

0 comments:

Post a Comment